Saturday, October 1, 2011

အပူရှိန် (သို့) သဘာဝ လူသတ်သမား

ကမ္ဘာ၏ အစိတ်အပိုင်းများစွာတို့တွင် တနှစ်ထက်တနှစ် အပူ (သို့) အပူရှိန်က လွန်ကဲလာနေသည်။ အပူရှိန်သည် ကမ္ဘာပေါ်ရှိ သက်ရှိများကို ပူစေရုံသာမက သဘာဝဘေးအန္တရာယ်များကိုပါ ဖြစ်ပေါ်စေသည်။ အပူရှိန်ကြောင့် မုန်တိုင်းဖြစ်သည်။ အပူရှိန်ကြောင့် ရေကြီးသည်၊ အပူရှိန်ကြောင့် တောမီးလောင်သည်။ သဘာဝဘေးအန္တရာယ် များကြောင့် လူ-ထောင်ပေါင်းများစွာတို့ နှစ်စဉ်သေဆုံးနေကြရကြောင်း သတင်းထုတ်လွှင့်ချက်များအရ သိရသည်။

အပူရှိန်က လူများကို သေဆုံးသည်အထိ ဒုက္ခပေးတတ်သည်။ အမေရိကန် ကျန်းမာရေးဌာနက အပူရှိန်သည် သဘာဝ လူသတ်သမား(Heat May Be Nature's Top Killer)ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်နိုင်ငံတခုတည်းမှာပင် (၁၉၉၇)ခုနှစ်မှ (၁၉၉၉)ခုနှစ်အတွင်း အပူရှိန်ကြောင့် လူပေါင်း (၈၀၀၀) သေဆုံးခဲ့ကြရသည်။

အပူရှိန်သည် ကျန်းမာရေးအပေါ် သက်ရော်ကမှုဖြစ်စေသည်။ နွေကာလ (သို့) ပူပြင်းသောရာသီ နေ့ရက်များတွင် အပူလှိုင်းများကြောင့် ညအချိန်တွင်ပင် (နေ့အချိန်ကဲ့သို့) အပူရှိန်မကျသဖြင့် လူအများ နာဖျားသေကျေကြရသည်။

နွေရာသီမှာ တတ်နိုင်သမျှ အရိပ်ထဲမှာနေပါ။ ရေအေးများများသောက်ပါ။ ကိုလက်လှုပ်ရှားမှု များများမပြုပါနဲ့။ ဤသည်က အပူရှိန်လွန်ကဲမှုကို ကာကွယ်ခြင်းဖြစ်သည်ဟု ဆရာဝန်များက ပြောသည်။

နွေရာသီကာလ အဖြစ်များသောရောဂါမှာ အပူဖိစီးမှုဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှုများခြင်းနှင့် အရောင်ရင့်ကာ ထူထဲသောအဝတ်အစားများ ဝတ်ဆင်မှုက အပူဖိစီးမှုကို ဖြစ်စေသည်။ အပူဖိစီးပါက ခန္ဓာကိုယ်အပူချိန် မြင့်တက်ခြင်း၊ ခန္ဓာကိုယ်မှ ရေနှင့်ဓာတ်ဆားများ ဆုံးရှုံး၊ ကြွက်သားများ နာကျင်ခြင်းတို့ ဖြစ်စေသည်။ ထိုအခါ ရေနှင့် ဓာတ်ဆားကို ခန္ဓာကိုယ်တွင်း ပြန်လည်ဖြည့်တင်းခြင်းဖြင့် ကုသမှု ပြုနိုင်သည်။ 

ကိုယ်ခံအားနည်းသူများ၊ သွေးတိုးဝေဒနာရှင်များသည် အပူဖိစီးမှုဖြစ်လွယ်သည်။ အပူရှိန်သည် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ အယလွန်သူများ၊ ဆီးချိုဝေဒနာရှင်များ ဦးနှောက်နှင့်အာရုံကြော ရော၈ါသည်များ၊ အရက်စွဲသောသူများနှင့် စိတ်ဓာတ်ကျနေသူများအတွက် ပိုမိုဆိုးဆိုးရွားရွား ဖြစ်စေတတ်၍ အထူးသတိထားသင့်သည်။

အပူကြောင့် ကိုယ်လက်နွမ်းနယ်မှုကို ဖြစ်ပေါ်စေသည်။ ချွေးထွက်ခြင်းက ခန္ဓာကိုယ်ခုခံအားကို ပြင်ပအပူဒဏ် ခံနိုင်ရည်ရှိအောင် သဘာဝအတိုင်း အကာအကွယ်ပြုနေခြင်းဖြစ်သည်။ သို့သော် ချွေးထွက်များလျှင်တော့ မကော်ငးပါ။ ချွေးထွက်များမှုက နါမ်းနယ်မှုကို ဖြစ်စေသည်။ အပူကြောင့် နွမ်းနယ်နေသူများမှာ အလွန်အမင်း မောပန်းလာ၏။ ထို့ပြင် နှလုံးခုန်မြန်ခြင်း၊ အသက်ရှူ မဝခြင်း၊ ဖျားနာခြင်း၊ ကိုယ်ခန္ဓာပါ နာကျင်လာ၍ ခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဗိုကနာခငြ်း စသည်တို့ပါ ဖြစ်တတ်သည်။ ဆရာဝန်များက အပူကြောင့် နွမ်းနယ်သူများကို နေရိပ်မှာနေစေ၍ ရေအေးနှင့် ဓာတ်ဆားကို များများသောက်စေခြင်းဖြင့် သက်သာစေသည်။

အပူကြောင့် နွမ်းနယ်မှုမှတဆင့် အပူရှပ်ခြင်းကို ဖြစ်စေသည်။ အပူရှပ်သူ၏ ခန္ဓာကိုယ်အပူရှိန်သည် (၄၀)ဒီဂရီ ဆဲစီးယပ်အထက်င်္တင် ရောက်နေတတ်သည်။ လူနာသည် ချွေးထွက်လွန်ရာက အရေပြားများ ခြောက်သွေ့လာ၏။ ကုစားနည်းက အပူရှပ်သည့်လူနာကို နေရိပ်မှာထားပြီး ချိုင်းကြားနေရာ များကို ဦးစားပေး၍ ရေပတ်တိုက်ပေးခြင်းပင်ဖြစ်သည်။ ထိုအခါ လူနာသည် အပူရှိန် တဖြည်းဖြည်းကျဆင်းသွားပေလိမ့်မည်။

ပညာရှင်များက ကျန်းမာရေးအတွက် ရေသည် အဒိကအရေးပါသည်ဟု ဆိုသည်။ လူ့ခန္ဓာကိုယ်၏ (၆၅)ရာခိုင်နှုန်းမှာ ရေများပင်ဖြစ်သည်။ ရေသည် သွေးလည်ပတ်မှုကို အားကောင်းစေသည်သာမက ဟိုမုန်းနှင့် ခုခံအားပစ္စည်းများကို ခန္ဓာကိုယ်တွင်းသို့ လျင်မြန်လွယ်ကူစွာ စီးဆင်းစေသည်။ ရေသည် ခန္ဓာကိုယ်၏ အပူကို အရေပြားဆီရောက်အောင် သယ်ဆောင်လျက် ချွေးအဖြစ်ရော ဆီးအဖြစ်ပါ
ပြောင်းလဲစွန့်ထုတ်ပေးသည်။ အရွယ်ရောက်သူများအနေဖြင့် တရက်လျှင် ရေ-နှစ်လီတာထက် ပိုသောက်သင့်သည်ဟုဆိုသည်။ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ပြီးလျှင် ရေသောက်ရန် အရေးကြီးသည်။ ရေငတ်မှုလက္ခဏာက ခန္ဓာကိုယ်မှ ရေများဆုံးရှုံးသည်ကို ဖော်ပြသည်။

နွေရာသီတွင် ရေအေးသည် အကောင်းဆုံးဖြစ်သည်။ ရေအေးသည် ရေနွေးထက် ခန္ဓာကိုယ်ကို ပိုမိုအေးမြစေသည်။ သို့သော် အချို၇ည်များကို သောက်သုံးမှု ရှောင်ကြဉ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် သကြားသည် သွေးလည်ပတ်မှုကို နှေးကွေးစေသည်။ နွေရာသီတွင် လက်ဖက်ရည်၊ ကော်ဖီ သောက်သုံးမှု
လျှော့သင့်သည်။ အရက် သောက်ခြင်းကိုတော့ ဆရာဝန်အားလုံးက သတိပေးထားသည်။ အရက်သည် ခန္ဓာကိုယ်ထဲမှ ရေကိုပါ ဆုံးရှုံးစေနိုင်သောကြောင့် ဖြစ်သည်။ 

နွေရာသီတွင် တတ်နိုင်သမျှ အ၇ိပ်အာဝါသအော်ကမှာ နေကြပါ။ မဖြစ်မနေ အပြင်ထွက်ရမည်ဆိုလျှင် နေအပူဒဏ်ကာကွယ်ရန် ခေါင်းဆောင်း၊ ထီး၊ ဦးထုပ် ဆောင်းသွားပါ။ ပါးလွှာချောင်ချိ၍ အလေးချိန်ပေါ့သော၊ အရောင်ဖျော့သော အဝတ်အစားများကို ဝတ်ပါ။ သဘာဝမှရရှိသော အဝတ်အစားများ (ဥပမာ-ချည်ထည်များ)ကို ရွေးချယ်ဝတ်ဆင်ပါ။

အပူစာနှင့် အစာကြေခဲသော အစားအစာများကို ရှောင်ပါ။ အစားအသောက်များကို မီးနှင့်ချက်ပြုတ်ရာတွင် အပူရှိန်နည်းသော နံနက်ပိုင်းနှင့် ညနေခင်းအချိန်တိုပတွင် ချက်ပြုတ်ပါ။ တတ်နိုင်သမျှ စိတ်ရောကိုယ်ပါ အနားယူပါ။ ခန္ဓာကိုယ် လှုပ်ရှားလေလေ အပူချိန်တိုးလေလေ ဖြစ်ပါသည်။


စော်ကဲ(ဝိဇ္ဇာဓရ)
Ref:American Health Magazine.(6/2007)
(ဂမ္ဘီရ ၂၀၁၀-ဇူလိုင်လ)

No comments: