Thursday, October 13, 2011

ဘုရားနဲ့ ကမ္ဘာ

တဆူ သာရ၊ နှစ် မဏ္ဍ၊ ဝရ သုံးဆူသာ။
သာရမဏ္ဍ လေးဆူပြ၊ ပဉ္စ ဘဒ္ဒကာ။
တဆူသော်မှ၊ မပွင့်က၊ သုည ထိုကမ္ဘာ။

(၁) ဘုရားတဆူသာ ပွင့်သောကမ္ဘာသည် သာရကမ္ဘာမည်၏။
(၂) ဘုရားနှစ်ဆူ ပွင့်သောကမ္ဘာသည် မဏ္ဍကမ္ဘာမည်၏။
(၃) ဘုရားသုံးဆူ ပွင့်သောကမ္ဘာသည် ဝရကမ္ဘာမည်၏။
(၄) ဘုရားလေးဆူ ပွင့်သောကမ္ဘာသည် သာရမဏ္ဍကမ္ဘာမည်၏။
(၅) ဘုရားငါးဆူ ပွင့်သောကမ္ဘာသည် ဘဒ္ဒကမ္ဘာမည်၏။
ဘုရားတဆူသော်မှ မပွင့်သောကမ္ဘာသည် သုညကမ္ဘာမည်၏။

ယခုရောက်ဆဲ ကမ္ဘာသည် ကကုသန်မြတ်စွာဘုရား၊ ကောဏာဂုံမြတ်စွာဘုရား၊ ကဿပမြတ်စွာဘုရား၊ ဂေါတမမြတ်စွာဘုရား၊ ပေါင်း ၄-ဆူပွင့်ပြီး၍ ဒီကနောက် အန္တရကပ်တကပ် ကျော်လွန်ပြီး အနှစ်တသိန်းတမ်း၌ အရိမေတ္တေယျ မြတ်စွာဘုရား ပွင့်ထွန်းတော်မူလတံ့။ ထို့ကြောင့် ယခုရောက်နေဆဲ ကမ္ဘာကို ဘဒ္ဒကမ္ဘာဟု ခေါ်သည်။ 


မင်းကွန်း ဟောစဉ် ၆-မှ 
မော်လူး

No comments: