Thursday, October 13, 2011

ငါ အိုသွားသောအခါ

ငါ အိုသွားသောအခါ ငါဟာ အရင်က ငါ မဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်း-ဟင်းတွေ အက်ႌေပၚ ဖိတ္စင္သြားတဲ့အခါ အက်ႌ လုံချည် ဖိုသီဖတ်သီ ဖြစ်နေတဲ့အခါ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုံးက ဖိတ်ဖိတ်စင်စင် စားနေလို့ ငါ သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဘူးတဲ့စကားတွေကို ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြု နားထောင်ပေးပြီး ငယ်ငယ်တုံးက အိပ်ရာဝင်တိုင်း တထောင့်တည ပုံပြင်တွေ,ငါးရာ့ငါးဆယ် နိပါတ်တော်တွေ, ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါ ချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့၊ ငယ်ငယ်တုံးက ချော့တလှည့် ခြောက်တခါ
ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။  
ခေတ်သစ်နည်းပညာသစ်တွေကို  မသိ နားမလည်ခဲ့ရင် မလှောင်ပါနဲ့၊ ငယ်ငယ်တုံးက ဘာကြောင့်-ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါ ပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ၊ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစုံနဲ့ ငါ့ကို ကူတွဲပေးပြီး  လမ်းလျှောက်သင်စ အရွယ်တုံးက တလှမ်းချင်း လမ်းလျှောက် လေ့ကျင့်ပေးခဲ့ဖူးတာတွေကို သတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့် ပေးပါ။ စကားအကြောင်းအရာတွေ ငါ့အတွက် အရေးမကြီးပါဘူး၊ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။
တနေ့ထက်တနေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ဝမ်းမနည်းပါနဲ့၊ နားလည်ပေးပါ၊ အားပေးပါ၊ အရင်တုံးက လူ့ဘဝတက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘဝ နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။ ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။ 
သားတို့ သမီးတို့ရေ ထာဝရ ပျော်ရွှင်ချမ်းမြေ့ကြပါစေကွယ်။

No comments: