Tuesday, November 1, 2011

လစဉ် ဟောစာတမ်း (နိုဝင်ဘာလ ၂၀၁၁)

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( နိုဝင်ဘာလ ၂၀၁၁ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-450-0207 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=န့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။

 ( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်မှာ ပြဿနာပေါ်တတ်သည်။ သတိထားပါ။ ငွေအသုံးအစွဲ ကျပ်တည်းနေမည်။ အိမ်ထောင်ရေး အဆင်မပြေပါ။ 
ကျန်းမာရေး=ညံ့နေတယ်။
ယတြာ=မွေးနေ့တိုင်း သက်သတ်လွတ်စား၍ အရဟံဂုဏ်တော် ၉-ပတ် ပုတီးစိပ်ပါ။ 
*****************************************************************************
( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်လုပ်ရတာ အခက်တွေ့နေလိမ့်မယ်။ နာမည် ဂုဏ်သတင်းတွေ မှေးမှိန်တတ်တယ်။ ငွေကြေး သတိထားပါ။ ဆုံးရှုံးတတ်သည်။ 
ကျန်းမာရေး=ဝမ်းရေမှာ လေနဲ့ပတ်သက်၍ ဒုက္ခပေးတတ်တယ်။ 
ယတြာ=ဆီမီး သက်စေ့ လှူပါ။ 
*******************************************************************************
( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ တပိုင်းတစ ဖြစ်နေတတ်တယ်။ အကြီးအကဲရဲ့ အနှောင့်အယှက်တွေ သတိထားပါ။ အိမ်ထောင်ရေး အဆင်မပြေပါ။
ကျန်းမာရေး=မကြာခဏ ခေါင်းကိုက်လိမ့်မယ်။
 ယတြာ=ဂေါ်ဖီပန်းကိုကျော်၍ ဆွမ်းတော်တင်ပါ။ 
********************************************************************************
( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းငွေ အဆင်ပြေသလို အရာရာမှာ အောင်မြင်
နေမယ်။ အထက်လူကြီးတွေရဲ့ ကူညီ မ,စမှုကိုခံရတတ်တယ်။ စန်းပွင့်နေတယ်။ မိတ်ဆွေဟောင်းရဲ့ ကူညီမှုကို ရမယ်။
ကျန်းမာရေး=သင့်ပါတယ်။  
ယတြာ=ဆီထမင်းကို ဘုရားလှူပါ။

*******************************************************************************
( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်ပြေနေမယ်။ အိုးအိမ်ရတတ်သလို ကားသစ်တွေလဲ ပြောင်းရတတ်တယ်။ 
ကျန်းမာရေး=မျက်စိ, ဦးခေါင်း, ဝမ်းရေ အထူးသတိထားပါ။ 
ယတြာ=ကြာပန်းကြာဖူး ဘုရားလှူပါ။  

********************************************************************************
( စနေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်ပြေသလို ကူညီမဲ့သူတွေနဲ့လဲ တွေ့ရတတ်တယ်။ အများရဲ့ ကြည်ညိုလေးစားမှုတွေ ခံရတတ်တယ်။ လုပ်ငန်းသစ်တွေ စ,ရတတ်တယ်။ 
ကျန်းမာရေး=သင့်ပါတယ်။
ယတြာ=ထီးနီ သက်စေ့ လှူပါ။  
********************************************************************************
( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်မပြေပါ။ ဟိုပြောင်း ဒီပြောင်း မလုပ်ပါနဲ့။ အမှုအခင်း သတိထားပါ။ အိမ်တွင်းရေး အဆင်မပြေပါ။ 
ကျန်းမာရေး=သွားကိုက် သွားနာ သတိထားပါ။ 
ယတြာ=ဇရပ်အို ကျောင်းအို သိမ်ပျက်များတွင် သက်စေ့ သဲခင်းပေးပါ။

  
ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments: