Monday, November 7, 2011

ဒေါက်မြင့် ဖိနပ်

ဒေါက်မြင့်ဖိနပ်စီးထားတဲ့ အမျိုးသမီးများကို ကြည့်ရှုရသူတွေအဖို့ အရပ်မြင့်မားလာတယ်လို့ ထင်ရခြင်း၊ ပိန်ပိန်သွယ်သွယ်လေးဖြစ်သွားတယ်လို့ ထင်ရခြင်းနဲ့ ပိုမိုခန့်ညားကျက်သရေရှိတယ်လို့ ထင်ရခြင်းများကြောင့် ဒေါက်မြင့်ဖိနပ်ဟာ အမျိုးသမီးများရဲ့ အကောင်းဆုံးသော မိတ်ဆွေတွေထဲမှာ စိန်နဲ့ လက်ဝတ်ရတနာများပြီးရင် ဒုတိယနေရာက ရပ်တည်နေပါတယ်။

ဒါပေမဲ့ သုတေသီများရဲ့ လေ့လာသုံးသပ်ချက်အရ ဗြိတိန်တနိုင်ငံတည်းမှာ အမျိုးသမီးတွေဟာ ခြေထောက်နဲ့ ပတ်သက်ပြီး နာကျင်ကိုက်ခဲတဲ့ ဝေဒနာခံစားနေရတာကြောင့် နှစ်စဉ်ပေါင်စတာလင် ၂၉-သန်းကျော် သုံးစွဲ ကုသနေရကြောင်း လေ့လာတွေ့ရှိထားပါတယ်။

အဖြစ်များဆုံး ဒဏ်ရာလက္ခဏာတွေကတော့ ခြေချောင်းလေးများ ခေါက်ခြင်း၊ အကြောထုံးခြင်း၊ ဖနောင့်ရိုး နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ ခြေမအောက်မှ အသားရောင်ရမ်းခြင်း စတဲ့ ဝေဒနာများကုသမှု ခံယူရတဲ့အတွက် အင်မတန်မှ ငွေကုန်ကြေးကျများရကြောင်း ဗြိတိန်နိုင်ငံဆရာဝန်အသင်းမှ ပြောကြားပါတယ်။

လူနာများရဲ့ ခြေမအောက် အသားရောင်ရမ်းတဲ့အတွက် ခွဲထုတ်ပစ်ရတဲ့ အလုပ်အများဆုံး လုပ်ဆောင်ပေးရကြောင်း အမေရိကန်ဆရာဝန်များအသင်းမှ ဆရာဝန်တဦးက ဆိုပါတယ်။ ခြေထောက်ပိုင်း ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အီမယ်ဆပ်ပလိုင်းက အချိန်တန်ကြာ ဒေါက်မြင့်ဖိနပ်ဝတ်ဆင်ခြင်းဖြင့် အမျိုးသမီး များရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပြီး ကုသခံယူမှုစရိတ်စက အလွန်များတဲ့အတွက် ဖိနပ်ပါးလေးများ စီးခြင်းဖြင့်လည်း အလှမပျက်နိုင်ပါကြောင်း ပြောဆိုသွားပါတယ်။

မောင်ရေမွှေး
Ref: Internet

No comments: