Thursday, November 10, 2011

မျက်စိစကား အလွဲအမှား

မြန်မာပြည်သူလူထုအကြားမှာ မျက်စိနဲ့ သက်ဆိုင်တဲ့ အယူအဆတွေ လွဲမှားနေတာ နေ့စဉ်နဲ့အမျှ ကြားသိနေရပါတယ်။ ဆရာဝန်တဦးအနေနဲ့ မှန်ကန်တဲ့ ကျန်းမာရေးအသိပညာပေးဖို့ရာ တာဝန်ရှိသည့်အတိုင်း ကြားရလေ့ရှိတဲ့ မျက်စိစကား အလွဲအမှားတွေကို ပြင်ဆင်ဖြေရှင်းလိုက်ပါတယ်။

မျက်စိ နဲ့ မျက်စေ့---
မျက်စေ့ဆိုပြီး စာသံပေသံနဲ့ ပြောမှ ရေးမှ မှန်တယ်ထင်တဲ့စေူတွ မကြာခဏ တွေ့ရပါတယ်။ ရုံးစာမှာရော ပုံနှိပ်စာလုံးတွေမှာရော ဖတ်ရတာ ရှိပါတယ်။ မြန်မာနိုင်ငံ မြန်မာစာအဖွဲ့က တရားဝင်ထုတ်ဝေတဲ့ မြန်မာစာ စားလုံးပေါင်းသတ်ပုံကျမ်းမှာ မျက်စိ-လို့သာ ရေးထားပါတယ်။ မျက်စေ့-ဆိုတဲ့ အမှားကို ရှောင်ရှားစေလိုပါတယ်။ 

မျက်စိ နဲ့ မျက်လုံး---
မျက်လုံးဆိုတာ Eye Ball လုံးဝန်းတဲ့ သဏ္ဍာန်ရှိ အမြင်အာရုံလက်ခံတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒီမျက်လုံး နှစ်လုံးကို ဦးခေါင်းခွံရိုးရဲ့ရှေ့မှာ ရှိတဲ့ အရိုးခွင် နှစ်ဖက်မှာ တည်းကြွက်သားတွေ အာရုံကြောတွေနဲ့ တွယ်ဆိုင်း၊ ရှေ့က မျက်ခွံနဲ့ ကာထားပြီး မျက်ရည်နဲ့ သက်ဆိုင်တဲ့ အင်္ဂါရပ်တွေအားလုံး ပါဝင်တဲ့ အစုအဝေးကိုမှ မျက်စိ-ဖြစ်ပါတယ်။ လူတယောက်ရဲ့ မျက်လုံးကို အကုန်မမြင်ရပါဘူး။ မျက်ခွံနဲ့ ဖုံးထားပါတယ်။ မျက်နှာမှာ မြင်နေရတာ မျက်စိပဲ ဖြစ်ပါတယ်။

မျက်စိအထူးကု ဆေးရုံကြီးလို့ အမည်ပေးထားတာကို သသိပြုစေချင်ပါတယ်။ မျက်လုံးအထူးကု ဆေးရုံ၊ မျက်စေ့ အထူးကု ဆရာဝန်ဆိုတာ မရှိပါခင်ဗျား။

ရှူးဖိနပ် နဲ့ မျက်စိ---
ယူနီဖောင်းဝတ်ဆင်ရတဲ့ ဝန်ထမ်းများ မျက်စိပြင်ပ လူနာဌာနကို လာပြတဲ့အခါ ကုသမှု အပြင် ရှူးဖိနပ်စီးတာက ကင်းလွတ်ခွင့် ဆေးလ်ကမှတ်ထောက်ခံစာ တောင်းတ်ကြပါတယ်။ အကြောင်းကတော့ ရှူးဖိနပ်စီး ခြေထောက်ပူရင် မျက်စိ ထိခိုက်မှာစိုးလို့တဲ့။ ဒါဟာ အကြောင်းအကျိုး ဆက်စပ်မှု မရှိပါဘူး။ အနောက်တိုင်း ဆေးသိပံမှာ ထိနပ်နဲ့မျက်စိ ဘာမှမဆိုင်ပါဘူး။ ရှူးဖိနပ် အချိန်ပြည့်စီးထားတဲ့ အရှေ့အလယ်ပိုင်းနဲ့ အနောက်တိုင်းက လူတွေမှာ မျက်စိရောဂါပိုဖြစ်တဲ့ စာရင်းဇယား အထောက်အထား မတွေ့ရပါဘူး။ ဖိနပ်မစီးဘဲ နေပူထဲမှာ ဈေးရောင်းထွက်ရလို့ မျက်စိကွယ်သွားရတဲ့အကြောင်း မြန်မာ ရုပ်ရှင်ဇာတ်လမ်းတပုဒ် ရှိဖူးပါတယ်။ ဒါဟာလည်း ဆေးသိပံပညာအရ အဓိပါယ်မရှိကြောင်း ဖြေရှင်းချင်ပါတယ်။

ငရုတ်သီး နဲ့ မျက်စိ---
ငရုတ်သီးနဲ့ အပူအစပ် စားတာများရင် မျက်စိထိခိုက်တယ်ဆိုတဲ့ မြန်မာတို့ရဲ့ အစွဲအလမ်း ရှိပါတယ်။ ငရုတ်သီး စပ်ရင် နှာရည်ယို၊ မျက်ရည်ယိုတာ စူးရှတဲ့ အာရုံခံစားမှုကို တုံ့ပြန်မှုသာ ဖြစ်ပါတယ်။ ဒီအတွက် မျက်စိရောဂါနဲ့ မျက်စိမှုန်တာတွေ မဖြစ်နိုင်ကြောင်း အသိပေးလိုပါတယ်။

ဆေးမျက်မှန်---
ဆေးဝါးအာနိသင်ပါတဲ့ မျက်မှန်ဆိုတာ မရှိပါဘူး။ ရိုးရိုးမျက်စိမှုန်တာကို မျက်မှန်တပ်ဆင်ပြီး အမြင်က်ြညလင်စေတာအပြင် မျက်စိဝေဒနာတွေအတွက် ကုသမှုအဖြစ် ပေးရတဲ့ မျက်မှန်မျိုးတော့ ရှိပါတယ်။ မျက်စိဝန်ပိနေတာကို ဖြေဖျောက်ဖို့ ပါဝါပါတဲ့ မျက်မှန်မျိုးကို တချို့က ဆေးမျက်မှန်လို့ ခေါ်မှတ်မှားနေတာ
ဖြစ်ပါတယ်။ ကလေးသူငယ်တွေရဲ့ မျက်စိစွေခြင်း တမျိုးကိုလည်း မျက်မှန်တပ်ဆင်ပေးမှ စွေတာတည့်ပေးရ တတ်ပါတယ်။ 


မျက်စိခွဲစိတ်ထားတဲ့လူနာတွေကို အကာအကွယ်လည်းရ၊ အလင်းရောင်စူးစူးကိုလည်း မှိန်စေတဲ့
နေကာမျက်မှန်မျိုးလည်း တပ်ဆင်စေရပါတယ်။ ဆေးဝါးအာနိသင်ပါပြီး မျက်စိနဲ့ ထိကပ်ထားရတဲ့ မျက်စိကပ်မှန်မျိုးကိုတော့ မျက်ကြည်နာရောဂါ၊ ရေတိမ်ရောဂါတွေမှာ ပေးရတာ ရှိနိုင်ပါတယ်။


မျက်ကပ်မှန်တပ်ရင် ပါဝါတိုးမှာစိုးလို့---
ဖိနပ်စီးရင် ခြေထောက်ကြီးမှာ စိုးတယ်လို့ ပြောသလို ဖြစ်နေပါပြီ။ လူငယ်တွေရဲ့(-)မှန်ခွက်အဝေးမှုန် ပါဝါဟာ တိုးတက်ပြီး လူကြီးတွေရဲ့(+)မှန်ခုံး စာကြည့်ပါဝါ တိုးတက်တာဟာ သဘာဝပါ။ ဒါဟာ မျက်မှန်တပ်သည်
ဖြစ်စေ၊ မတပ်သည်ဖြစ်စေ တိုးမှာပါပဲ။ မျက်မှန်တပ်ရင် ပါဝါတိုးမှာကြောက်လို့ဆိုတာ အကျိုးအကြောင်း မဆီလျော်တဲ့ အယူအဆ ဖြစ်ပါတယ်။ 


ဗီတာမင် အေနဲ့ မျက်စိ---
ဗီတာမင် အေ နဲ့ ငါးကြီးဆီ စားရင် မျက်စိအားကောင်းမှာလား၊ မျက်မှန်မတက်ရအောင် (ဝါ) ပါဝါမတိုေးအာင် ဗီတာမင် အေ စားပေးရမလား၊ ဘားဆေးစားရမလဲ ဆိုတဲ့ မေးခွန်းတွေကို ဥပမာလေး တခုနဲ့ ဖြေပါရစေ။ အသက်ငယ်နေတဲ့ လူမမာတယောက်ကို အောက်ဆီဂျင်ပေးပြီး အသက်ဆက်ရတာ မှန်ပါတယ်။ ဒါပေမယ့် လူကောင်းတယောက်ဟာ နေ့စဉ် အောက်ဆီဂျင် ရှူပေးနေလို့ အသက်ပိုပြီး မရှည်နိုင်ပါဘူး။ ဒီလိုပဲ ဗီတာမင် အေ-လိုလို့ မျက်စိရောဂါ ရသူကိုပဲ ဗီတာမင်အေနဲ့ ငါးကြီးဆီလို ဆေးမျိုးပေးပြီး ကုလို့ရနိုင်ပါတယ်။
တခြား မျက်စိရောဂါတွေ၊ မျက်စိမှုန်တာတွေကို ဗီတာမင် အေ တိုက်ကျွေးရင် လူကောင်းတယောက်
အောက်ဆီဂျင် ရှူသလိုပဲလို့ ပြောပါရစေတော့။


သူငယ်အိမ်စောင်းလို့ မျက်မှန်တပ်---
မြန်မာဝေါဟာရဖြစ်တဲ့ သူငယ်အိမ်ဆိုတာ မြန်မာတွေကိုယ်တိုင် မသိဘဲ ပြောနေကြတာကို သိအောင် ပြောပါရစေ။ မျက်စိမှာ မြင်ရတဲ့ မျက်ဖြူရဲ့ အလယ်မှာ မျက်နက်ဝန်း ရှီတယ်။ ဒါကို တချို့က မျက်ဆန်တဲ့။ သူ့ရဲ့ရှေ့က နာရီမှန်လို ကြည်လင်တဲ့ အဖုံးအကာလေးက မျက်ကြည်လွှာ ဖြစ်ပါတယ်။ မျက်ကြည်လွှာကို ဖောက်ထွင်းပြီး မြင်ရတဲ့ မျက်နက် (အနောက်တိုင်းသားတွေဆိုရင် အပြာ၊ အစိမ်း၊ မီးခိုးရောင်)ရဲ့ အလယ်တည့်တည့်မှာ အပေါက်ဝိုင်းဝိုင်းလေး ရှိပါတယ်။ အဲဒီအပေါက်ကနေ မျက်လုံးထဲကို အလင်းတန်းတွေ ဝင်ရောက်ပြီး အမြင်အာရုံ ခံစားရတာ ဖြစ်ပါတယ်။ 


သာမန်အားဖြင့် ဆိုရင် သူငယ်အိမ်ဟာ မျက်နက်ဝန်းရဲ့ အလယ်တည့်တည့်မှာပဲ ရှိပါတယ်။ ဘယ်လိုမှ စောင်းစရာအကြောင်း မရှိပါဘူး။ ထိခိုက်ဒဏ်ရာနြ့ မျက်စွိဲစိတ်ထားတဲ့ သူ တချို့မှာသစာ စောင်းချင် စောင်းပါလိမ့်မယ်။
ဆလင်ဒါပါဝါ မျက်မှန်တပ်ရတဲ့ သူတွေကို ယခင်က မြန်မာဝေါဟာရမှ ကျွမ်းကျင်တဲ့ မျက်မှန်သမား(ကုလားတွေဝတီထွင်သွားတဲ့ မှားယွင်းတဲ့ အခေါ်အဝေါ် ဖြစ်ကြောင်း ပြောလိုပါတယ်။ တချို့က မျက်စိစွေတာကို သူငယ်အိမ်စောင်းတယ်လို့ သတ်မှတ်ပြီး စွေတဲ့မျက်စိအတွက် ပေးတဲ့ မျက်မှန်ကို သူငယ်အိမ်စောင်းလို့ မျက်မှန်တပ်ရတာလို့ ပြောကြားတာလည်း ဖြစ်နိုင်ပါတယ်။


အတွင်းတိမ် နဲ့ ကပ်မှန်---
တိမ်ခွဲပြီး ကပ်မှန်ထည့်ထားရတယ်လို့ ပြောတဲ့ သူ တော်တော်များများ ရှိပါတယ်။ ကပ်မှန်ဆိုတာ နံနက်မှာ ဘူးထဲကထုတ်ပြီး မျက်စိမှာကပ်၊ ညကျတော့ ပြန်ဖြုတ်ရတဲ့ မှန်မျိုးပါ။ Contact Lens လို့ ခေါ်ပါတယ်။ အရင်ခေတ်က တိမ်ကိုခွဲထုတ်ပြီး မျက်မှန်ထူထူကြီးတွေ တပ်ခဲ့ရပါတယ်။ အဲဒါနဲ့ အဆင်မပြေရင် ကပ်မှန်တပ်ရပါတယ်။


ခုခေတ်မှာတော့ အတွင်းတိမ်ကို ခွဲထုတ်ပြီးရင် မျက်လုံးထဲကို မှန်ဘီလူးငယ်လေးတခု အစားထိုးပြီး(အသေတပ်ဆင်) ပြန်ချုပ်ထားပါတယ်။ ဖြုတ်စရာ ကပ်စရာ မလိုတော့ပါဘူး။ ဒါကို မျက်တွင်းမှန် (ဝါ)မျက်လုံးထဲထည့် မှန် (I.O.L)လို့ ခေါ်ပါတယ်။


အတွင်းတိမ်ခွဲပြီး ထည့်ချုပ်ထားတာ ကပ်မှန်မဟုတ်ကြောင်း ပြောင်းရင်း တချို့က မျက်ကြည်လွှာထည့်ထား တယ်လို့ ပြောတာလည်း မဟုတ်ကြောင်း ရှင်းလိုပါတယ်။ မျက်ကြည်လွှာဆိုတာ လူလုပ်ပစ္စည်း မဟုတ်ပါဘူး။ သေဆုံးသူရဲ့ မျက်လုံးက ဖြတ်ယူတဲ့ အင်္ဂအစိတ်အပိုင်းပါ။ အပြင်တိမ်ရောဂါအတွက်သာ မျက်ကြည်လွှာ အစားထိုး ကုသမှု ပြုလုပ်ကြရပါတယ်။


တိမ်နဲ့မိုးကြိုးသွား---
တိမ်ကို မခွဲဘဲ တိမ်လိုကနဲ့ ဆွဲယူတယ်။ မိုးကြိုးသွားနဲ့ ကုသတယ်ဆိုတာ ခေတ်စားခဲ့ဖူးပါတယ်။ ဒါဟာ သက်သက်မဲ့ လှည့်စားခြင်းသာ ဖြစ်ပါတယ်။ အတွင်းတိမ်ကို အနော်ကတိုင်း ဆေးသိပ္ပံပညာမှာလို မျက်လုံးကို ခွဲစိတ်ထုတ်ပယ်ဖို့ မလုပ်နိုငတော့ အပ်နဲ့ မျက်လုံးကို ထိုးဖောက်ပြီး တိမ်ကိုသူငယ်အိမ်နောက်မှာရှိတဲ့ နေရာက
အောက်ကို ထိုးချပစ်လိုက်တာ ဖြစ်ပါတယ်။ 


ဒီလိုလုပ်လိုက်တော့ သူငယ်အိမ်အပေါက်မှာ ပိတ်ဆို့ထားတဲ့ တိမ်ကို ဖယ်ပစ်လိုက်သလို ဖြစ်ပြီး မျက်လုံးထဲကို မြင်ကွင်းက အလင်းတန်းတွေ ဝင်ခွင့်ရလို့ ချက်ချင်း လင်းသွားပါတယ်။ မျက်စိခွဲစိတ်ရမှာ ကြောက်တဲ့သူတွေရဲ့ အကြိုက်တွေ့စေပါတယ်။


ဒါပေမယ့် ပြတင်းပေါက်မှာ ကာထားတဲ့ ခန်းဆီးကို ဖြုတ်မယူဘဲ အခန်းထဲမှာ ဖြုတ်ချထားလိုက်တော့ အခန်းထဲမှာ အမှိုက်ဖြစ်နေပါတယ်။ မျက်လုံးထဲမှာ အမှိုက်ဖြစ်နေတဲ့ တိမ်က မျက်စိအတွက် ရေတိမ်ရောဂါ၊ မျက်နက်ရောင်ရောဂါတွေ ဖြစ်စေပြီး မျက်စိကွယ်စေတတ်ပါတယ်။
ဒီလိုကုထုံးနည်းနဲ့ ကုသတဲ့ ဆရာတွေဟာ တနေရာတည်းမှာ အတည်တကျ မကုသဘဲ နယ်လှည့် ကုသတာကိုလည်း သဘောပေါက်စေချင်ပါတယ်။

တိမ်နဲ့လေဆာ---
အတွင်းတိမ်ကို မခွဲဘဲ လေဆာနဲ့ ကုလို့ရတယ်လို့ ပြောကြတယ်။ ဟုတ်သလားလို့ မေးကြတယ်။ အတွင်းတိမ်ကို မခွဲဘဲ လေဆာရောင်ခြည်နဲ့ ကုသပြီး မြင်အောင်လုပ်လို့ ခုချိန်ထိ မရသေးပါဘူးလို့
ပြောပါရစေ။ ဒီမေးခွန်း ဖြစ်ပေါ်လာ၇တဲ့ အကြောင်းကိုလည်း သိနေလို့ တခါတည်း ရှင်းလိုက်ပါမယ်။ 


အတွင်းတိမ် ခွဲပြီး မျက်တွင်းမှန် (ကပ်မှန်မဟုတ်၊ မျက်ကြည်လွှာမဟုတ်) ထည့်ဖို့ရာ တိမ်ရဲ့ အခွံ၊ အမြှေးပါးလေး ချန်ခဲ့ရပါတယ်။ အဲဒီအခွံထဲကို မျက်တွင်းမှန် ထည့်ရပါတယ်။ တချို့လူနာတွေမှာ တိမ်ခွဲ မှန်ထည့်ပြီး မြင်စေပြီးမှ နောက်တော့ တဖြည်းဖြည်း ပြန်မှုန်တတ်တာဟာ အဲဒီ အမြှေးပါးလေးက ပလတ်စတစ် အကြည်ကနေ အနော်ကလို မှုန်မှိုင်းသွားလို့ပါ။ ဒီလိုဖြစ်ရင် ဓားနဲ့မထိုး၊ အပ်နဲ့ဖောက်စရာ မလိုအောင် Yag Laser ဆိုတဲ့ လေဆာရောင်ခြည်နဲ့ အမြှေးပါးလေးကို အပေါက်ဖောက်ပေးရတယ်။ အဲဒီ အပေါက်ငယ်က အလင်းတန်းတွေ မျက်လုံးထဲ ဝင်တဲ့အခါ မျက်စိ ပြန်မြင်ရပါတယ်။ ဒီလိုအတွင်းတိမ် ခွဲစိတ်ပြီးနောက် ပြန်ပြီး မှုန်သွားတဲ့ အခြေအနေမျိုးကို လေဆာရောင်ခြည်နဲ့ (မခွဲမစိတ်ရဘဲ) ကုသပေးနိုင်ပါတယ်။


နောက်ထပ်ဖြစ်ပေါ်လာတဲ့ အကြောင်းကတော့ လူတွေထင်မှတ်မှားပြီး ပြောဆိုနေတဲ့ စကားပါ။ မျက်စိခွဲစိတ် ကုသမှုဟာ အသေးစိတ် စွမ်းဆောင်လာနိုင်တော့ အတွင်းတိမ်ကို အလုံးလိုက် ခွဲမထုတ်တော့ပါဘူး။
ဘော်လပင်ထိပ်ဖျားလောက်ပဲ အပေါက်ဖောက်၊ အဲဒီ အရွယ်အစားရှိတဲ့ အသံလွန်လှိုင်းနဲ့ တုန်ခါတဲ့စက်ပါတဲ့ ကိရိယာလေးကို မျက်လုံးထဲထည့်၊တိမ်ကိုချေမွပြီး စုပ်ထုတ်ပါတယ်။ ဒါကို Phacoemulsification လို့ ခေါ်ပါတယ်။ ဆရာဝန် ဆရာမတွေကတော့ အတိုကောက် Phaco(ဖေကို)နည်းနဲ့ တိမ်ခွဲတယ်လို့ ပြောကြပါတယ်။ 


ဒီလိုခွဲရာသေးသေးလေးနဲ့ ခွဲပြီး မျက်တွင်းမှန် အပျော့စားကိုလည်း ဖျာလိုလိပ်ပြီး အဲဒီအပေါက်ကနေ လျှိုသွင်းရပါတယ်။ ပြီးတော့ ပြန်ချုပ်စရာမလိုဘဲ အနာကျက် မြန်ဆန်တယ်။ နာလန်ထမြန်၊ လုပ်ငန်းခွင် ပြန်ဆင်းနိုငတဲ့ ကုသမှုမျိုးပါ။ စရိတ်စကကလည်း ကြီးပါတယ်။ ဆေးရုံတိုင်း မလုပ်နိုင်သလို လူနာတိုင်း မတတ်နိုင်ကြပါဘူး။


ဒီလို Phaco နည်းနဲ့ ခွဲပြီး မြင်ရတာကို ဘယ်သူက ဘယ်လိုပြောလိုက်သလဲ မသိ၊ လေဆာနဲ့ ကုသလိုက်တာ မခွဲစိတ်ရဘူးဆိုပြီး သတင်းအမှားကြီး ကျော်ကြားသွားခြင်း ဖြစ်ပါတယ်ခင်ဗျား။


ရေတိမ်နဲ့လေဆာ---
ရေတိမ်ရောဂါ ဖြစ်မှန်းသိရင် ပထမအဆင့် မျက်စဉ်းဆေး ပေးပြီး ကုသရပါတယ်။ ဒီလို ကုသလို့ ပိုမဆိုးဘူး ဆိုရင် ခွဲစရာမလိုပါဘူး။ ဆေးနဲ့ပဲ ဆက်ကုနိုင်ပါတယ်။ ဆေးဝါးခပေးပြီး နောက်ပြန်စစ်တဲ့အခါ သက်သာ တိုးတက်တဲ့ လက္ခဏာ မတွေ့ရရင်တော့ မျက်လုံးကို ခွဲစိတ်ကုသတဲ့ နည်းကို သုံးရပါတယ်။

အခုတော့ ဆေးဝါးနဲ့ မသက်သာ၊ ခွဲစိတ်ဖို့လည်း မလိုလားရင် လေဆာရောင်ခြည်နဲ့ မျက်နက်ကို အပေါက်ဖောက်တာ လုပ်ပေးနိုင်ပါတယ်။ ဒါဟာလည်း ရာနှုန်းပြည့် စိတ်ချရတဲ့နည်းတော့ မဟုတ်ပါဘူး။ လေဆာနဲ့ ကုပြီးတဲ့ ရေတိမ်ဟာ ပြည်လည်စစ်ဆေးလို့ တိုးတက်သက်သာတဲ့ လက္ခဏာကို မတွေ့ရရင် ခွဲစိတ်ဖို့ လိုပါလိမ့်မယ်။


ရေတိမ်ရောဂါကို လေဆာနဲ့ ကုသတာ ရာနှုန်းပြည့် အားကိုးစရာ ကုထုံးတော့ မဟုတ်ပါဘူး။ ခွဲစိတ်စရာ မလိုဘူးလို့ ဆိုရင်လည်း မှားပါလိမ့်မယ်။


ရေတိမ်ဖြစ်လို့ မျက်ကြောဖြတ်---
ဒီစကားကလည်း ဘယ်သူက ဘာကြောင့် တီထွင်ခဲ့သလဲ မသိပါဘူး။ တချို့ မျက်စိကုရာဝန်တွေပါ
ရောယောင်ပြီး ပြောနေကြတာ ကြားရပါတယ်။ ရေတိမ်ရောဂါဆိုတာ မျက်လုံးတွင်း ဖိအား(ဝါ) ရေချိန်များလို့ မျက်လုံးတွင်းက အာရုံကြောတွေကို ဖိတာနဲ့ အမြင်အာရုံ ချို့တဲ့ရခြင်း ဖြစ်ပါတယ်။ မျက်စိမှုန် မြင်ကွင်းကျဉ်းရာက နော်ကဆုံး အာရုံကြောတွေ သေပြီး မျက်စိကွယ်တဲ့အဆင့်ရောက်ရင်
ပြန်မြင်အောင် ကုသလို့ မရတော့ပါဘူး။

ဒီလို မျက်ကြောသေပြီး မျက်စိကွယ်ရတဲ့ ရောဂါကို မျက်ကြောဖြတ်ပြီး မကုရပါဘူး။ ဘာကို မျက်ကြောဖြတ်တယ်လို့ ပြောတာလဲလို့ လေ့လာတဲ့အခါ လေဆာရောင်ခြည်နဲ့ မျက်နက်ကို အပေါက် မဖောက်နိုင်ခင်က အဲဒီလို ရေတိမ်မျိုးကို ခွဲစိတ်ပြီး မျက်နက်ကို ကတ်ကြေးသေးသေးလေးနဲ့ ဖြတ်ပြီး အပေါက်ဖောက်ပေးတဲ့ ခွဲစိတ်မှု (Peripheral Iridotomy) ကို မျက်ကြောဖြတ် ကုသတယ်လို့ မှားယွင်းစွာ ခေါ်ဝေါ်ပြောဆိုနေကြခြင်း ဖြစ်ကြောင်း ဖြေရှင်းလိုက်ပါတယ်။

ဒေါက်တာရဲနိုင်
(ကလျာမဂ္ဂဇင်း ၂၀၀၅-ဒီဇင်ဘာလ)

No comments: