Monday, November 7, 2011

မိုဘိုင်းဖုန်း

စီးကရက်၊ ဆေးလိပ်သောက်သုံးသူတိုင်း ဘူးခွံမှာ သတိပေးတားမြစ်ချက်စာတန်းကို သတိပြုမိကြပါလိမ့်မယ်။ အသက် ၁၈-နှစ် မပြည့်သူများ မသောက်သုံးရ၊ စီးကရက်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပါသည်။ အဆုတ်ကင်ဆာ ဖြစ်ပွားစေသည့် အဓိကအကြောင်းရင်းမှာ စီးကရက်ကြောင့် ဖြစ်သည်- ဟူသော စာတန်းများ ဖြစ်ပါတယ်။ ဒါပေမဲ့ အခအချိန်အခါမှာ ကမ္ဘာကြီးရဲ့ အိုင်တီနည်းပညာ တိုးတက်လာတဲ့အတွက် နိုင်ငံတိုင်းလိုလို မိုဘိုင်းဖုန်း သုံးစွဲနေကြပါပြီ။ ဒါပေမဲ့ မိုဘိုင်းဖုန်းအသုံးပြုသူတိုင်း သတိမထားမိတဲ့ အချက်က ဖုန်းပြောတဲ့အခါထွက်တဲ့ ရေဒီယိုသတ္တိကြွပစ္စည်း တမျိုးဟာ ဦးနှောက်ကင်ဆာ
ဖြစ်စေတဲ့အကျိတ်ကြီးထွားမှုကို ဖြစ်ပွားစေပါတယ်။ ဒါကြောင့်မို့ မိုဘိုင်းဖုန်း သုံးစွဲသူတိုင်းအတွက် ဖုန်းရဲ့အခွံပေါ်မှာ မိုဘိုင်းသုံးသူတိုင်း ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်ပါသည်-ဆိုတဲ့ သတိပေးစာတန်း ထည့်သွင်းထုတ်လုပ်သင့်ကြောင်း အမေရိကန်ကွန်ဂရက် လွှတ်တော်က မိုဘိုင်းဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတိုင်းကို သတိပေး အကြောင်းကြားစာ ပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။ 

နိုင်မင်းစိုး
Ref:Internet

No comments: