Saturday, November 19, 2011

ဝတ်ရွတ်စဉ် ဥပဒေသ

၁။ ဦးစွာပထမ, မြတ်ဗုဒ္ဓကို, ကြည်ဆွသဒ္ဓါ, ပင့်လျှောက်ကာဖြင့်,
၂။ ပဏာညွတ်ခ, ဦးနှိမ်ချလျက်၊
၃။ ဒေဝနတ်များ, ဖိတ်မန်ကြားလော့၊
၎။ ဆယ်ပါးဒိသာ, စည်းကာရံပြီး၊
၅။ ငါးဖြာသီလ, ဆောက်တည်ကြ၍၊
၆။ ဒါနရေချမ်း, ဆွမ်း-မီး-ပန်းကို, လှူဒါန်းပူဇော်, ယုံကြည်မျှော်လျက်၊
၇။ ဂုဏ်တော်ရွတ်ပွား, ပရိတ်များနှင့်, တရားစကြာ, အနတ္တာပြင်, အဘိဓမ္မာရွှေကျမ်း, မြတ်ပဋ္ဌာန်းကို, ရွှင်လန်းစိတ်ထား, ရွတ်ဖတ်ပွားကာ၊
၈။ အများခပင်း, မေတ္တာသွင်းလော့၊
၉။ ပြုရင်းကုသိုလ်, တောင်းဆုဆိုလျက်၊
၁၀။ ထိုထိုနတ်များ, ပြန်ပို့ငြား၍၊
၁၁။ အများကောင်းမှု, မျှဝေပြုသည်-မှတ်ရှုရွတ်ထုံး စဉ်လာတည်း။

၁။ ဘုရားပင့်ခြင်း
၂။ ရှိခိုးပူဇော်ခြင်း
၃။ နတ်ဗြဟ္မာများ ဖိတ်ကြားခြင်း
၎။ စည်းချ ကာရံခြင်း
၅။ သီလခံယူဆောက်တည်ခြင်း
၆။ ကပ်လှူပူဇော်ခြင်း
၇။ ရွတ်ပွားသရဇ္ဈာယ်ခြင်း
၈။ မေတ္တာပို့ခြင်း
၉။ ဆုတောင်းခြင်း
၁၀။ နတ်ပို့ခြင်း
၁၁။ အမျှဝေခြင်း-တို့ ဖြစ်ပါသည်။

ဦးဝင်းအောင်-ပြုစု သာသနာရေးဦးစီးဌာန ဝတ်ရွတ်စဉ်မှ

No comments: