Monday, November 7, 2011

ဆံပင် ကောက်လိုက်-ဖြောင့်လိုက် လုပ်လွန်းရင် ကင်ဆာဖြစ်နိုင်

ဆံပင်ကောက်-ဖြောင့် လွန်ကဲခြင်း၊ ဆံပင်ဆေးဆိုး လွန်ကဲခြင်းတို့ကြောင့် အရေပြားရောဂါများ၊ အဆိပ်သင့် ရောဂါများနှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေကြောင်း လုပ်ငန်းခွင် ကျန်းမာရေးဌာနမှ ပြောကြားသည်။

နိုင်ငံတကာ ကင်ဆာသုတေသန အေဂျင်စီ၏အဆိုအရ ဆံပင်ဆိုးဆေးများတွင် ပါဝင်သော PPDA ၂.၄ ဆနှင့် ဒိုင်အမိုတောလျူအင်းများသည် အမျိုးသမီးများ၌ လင်ပိုးမားရောဂါ၊ ရင်သားကင်ဆာရောဂါနှင့် သားဥအိမ်ကင်ဆာ ရောဂါများဖြစ်ပေါ်စေနိုင်ကြောင်း ၄င်းကပြောကြားသည်။

ဆံပင်ဆိုးဆေးများရှိ ဓာတုပစ္စည်းများသည်လည်း အရေပြား ယားယံခြင်း၊ အသက်ရှူ ကျပ်ခြင်းနှင့် မျက်နှာတခုလုံး ရောင်ရမ်းကာ သွေးလန့်ခြင်း စသည့် အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်သည်။ ဖြစ်ခဲ့ဖူးသော သာဓကများလည်း ရှိခဲ့ကြောင်း ၄င်းကပြောကြားခဲ့သည်။ 

ဆံပင်ပြုပြင်သူများအနေဖြင့် ချေးချွတ်ဆေး၊ ဆိုးဆေး၊ အရောင်ချွတ်ဆေး၊ ကောက်ဆေး၊ သတ္တုကိရိယာများ၊ အပူဒဏ်ဖိပွတ်အားများကြောင့် လက်ထိပ်ဖျား၌ အရေပြား ယားနာများကို ဖြစ်ပေါ်စေနိုင်သဖြင့် အဆိုပါပစ္စည်းများအား လက်အိတ်စွပ်၍ ကိုင်တွယ်သင့်ကြောင်း၊ အသုံးပြုသော လက်အိတ်များတွင် နီရိုပရင်းန်၊ ဒိန်းမတ်နိုင်ငံထုတ် အိတ်ခ်ျလေးလုံး (4-H) တံဆိပ် လက်အိတ်များသည် ကောင်းမွန် 
သင့်တော်ကြောင်း၊ သာမန်လက်အိတ်များသည် ဓာတုပစ္စည်းများ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းများကြောင်း ၄င်းကဆိုသည်။

စွမ်းရဲထွဋ်

No comments: