Saturday, November 19, 2011

ဘုရားရှိခိုး အကျိုးတရား

ဘုရားရှိခိုး အကျိုးနိဗ္ဗာန်တိုင်။ ။ ဘုရားရှင်၏ ဂုဏ်တော်များကို အလေးဂရုပြု၍ အောက်မေ့မြတ်နိုးရှိခိုးပူဇော်ရ
ခြင်းသည် အားကြီးသောနှစ်သက်ခြင်း (ပီတိ)
ကိုယ်ရောစိတ်ပါ ငြိမ်းအေးခြင်း (ပဿဒ္ဓိ)
ကိုယ်ရောစိတ်ပါ ချမ်းသာခြင်း (သုခ)
စိတ်၏တည်ကြည်ခြင်း (သမာဓိ)
ဟုတ်တိုင်းမှန်ရာကို သိခြင်ခြင်း (ယထာဘူတ)
စသောတရားတို့ကို အခြေခံထား၍ အဆင့်ဆင့်အဆက်ဆက် ဉာဏ်စဉ်တက်ပြီးလျှင် မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ဖြင့်
လောကီကို ထွင်းဖောက်ကာ ဤဘဝမှာပင် နိဗ္ဗာန်သို့ကောင်းစွာဆိုက်ရောက် မျက်မှောက်ပြုနိုင်ကြပေသည်။


ဂုဏ်တော်ပွားကျိုး ၁၇-မျိုး။ ။ အကယ်၍ ဤဘဝတွင် နိဗ္ဗာန်သို့ကောင်းစွာ ဆိုက်ရောက် မျက်မှောက်ပြုနိုင်ခြင်း မရှိသေးလျှင် ထေရ, ထေရီ, ပါဠိတော် အဋ္ဌကထာတို့၌လားသော အောက်ဖော်ပြါ အကျိုး(၁၇)မျိုးတို့ကို ဧကန်မုချ ရရှိခံစားနိုင်ကြပေသည်။
၁။ စေတီအိမ်နှင့်တူသည်ဖြစ်၍ သူတပါးတို့၏ ရှိခိုးမှုကို ခံထိုက်ခြင်း။
၂။ စိတ်ရဲရင့်တည်ကြည်ခြင်း။
၃။ သေခါနီး၌ မတွေမဝေသေရ၍ သေသည်၏အခြားမဲ့၌ သုဂတိဘဝကို ရခြင်း၊ နတ်ရွာသို့ရောက်ခြင်း။
၎။ နောင်အခါ ဘုရားနှင့် တွေပသောအခါ ဘုရားဟောတရား(သစ္စာလေးပါး)ကို သိလွယ်ခြင်း။
၅။ အမျိုးမြတ်ခြင်း။
၆။ သူတပါးတို့၏ အရိုအသေပြုမှုကို ခံရခြင်း။
၇။ ချီးမွမ်းထိုက်သော ကိုယ်အင်္ဂါနှင့် ပြည့်စုံခြင်း။
၈။ အဆင်းကောင်းခြင်း။
၉။ ကိုယ်အနံ့ ကြိုင်သင်းခြင်း။
၁၀။ ခံတွင်းအနံ့ မွှေးပျံ့ခြင်း။
၁၁။ ကြီးကျယ်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၂။ နက်နဲသော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၃။ ထက်မြက်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၄။ လျင်မြန်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၅။ ရွှင်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၆။ ဆန်းကြယ်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၇။ စကားကောင်းကို ဆိုနိုင်ခြင်း။


(ဆောင်ပုဒ်လင်္ကာ)
စေတီအတူ, စိတ်မူတည်ကြည်, ရောက်မည်နတ်ရွာ, တွေ့ခါသိလွယ်, မြတ်နွယ်အမျိုး, ရို့ကျိုးခံရ, ပြည့်ဝအင်္ဂါ, ဆင်းလှစွာနှင့်, ကာယ-ခံတွင်း, ကြိုင်သင်းမွှေးကြူ, ကြီးမူပညာ, နက်စွာ-ထက်-ရွှင်, လျင်မြန်-ဆန်းကြယ်,
ကောင်းကြွယ်စကား, ဆိုနိုင်ငြားသည်-ဘုရားဂုဏ်တော်ပွားကျိုးတည်း။

No comments: