Friday, November 11, 2011

ဝမ်းတွင်းသို့ ဆံပင်မှုန်၊ သံမှုန်၊ မြေမှုန် နှင့် မြေဖြူမှုန့်များ ဝင်လျှင် ကုသနည်း

ဆံပင်ညှပ်လုပ်သားများ၊ သံချည်သံကွေး လုပ်သားများ၊ ပန်းတိမ်ဆရာများ၊ သံဖြူဆရာများမှာ ဝမ်းတွင်းသို့ နေ့စဉ်နှင့်အမျှ ဆံပင်အတိုအစများ၊ သံမှုန်များ ဝင်ရောက်နိုင်လေ၏။
ထိုသို့ ဝင်ရောက်လျှင် အောက်ပါအတိုင်း အလွယ်တကူ ပျောက်ကင်းအောင် ပြုလုပ်ပေးနိုင်၏။

သပြေပင်(သပြေရိုးရိုး)၏ အသီးမှည့်ချိန်တွင် အပြေသီးအမှည့်ကို တနေ့လျှင်(၁၀)လုံးကျ တပတ်မှ (၂၇)ရက်ကြာသည်အထိ နေ့စဉ်ရက်ဆက် စားပေးပါ။ သပြေသီးမှည့် စားပေးပြီးနောက် ဆားအနည်းငယ် လျက်ပေးပါ။ 
သပြေသီးမှည့် (၂၇)ရက် စား၍ ပြည့်သွားလျှင် နောက်တနေ့၌ မန်းကျည်းသီး(၃)ကျပ်သား၊ ထန်းလျက်(၃)ကျပ်သားကို ရေသင့်လျော်ရုံနှင့် ဖျော်ပြီး ညဥ့်အိပ်ခါနီး သောက်ချလိုက်ရမည်။ တကြိမ်တည်းသာ သောက်ရမည်။ 

ထိုသို့ သပြေသီးမှည့်ကို မှန်မှန်စားသောက်ပေးလျှင် ဝမ်းတွင်းမှ ဆံပင်တို အစများ၊ သံမှို၊ သံစ၊ သံမှုန်များသည် အလိုလိုထွက်ကျသွားမည်ပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။

No comments: