၁။ သန်းပင်၏အခေါက် (သန်းခေါက်) နှင့်
၂။ ကွမ်းသီးတို့ကို ဆတူရော၍ သုံးခွက်တခွက်တင် ကျိုပါ။
ဥပမာ=သန်းခေါက်က ၅-ကျပ်သားဆိုလျှင် ကွမ်းသီးကလည်း ၅-ကျပ်သား။
သန်းခေါက်က ၁၀-ကျပ်သားထည့်မယ်ဆိုပါက ကွမ်းသီးလည်း ၁၀-ကျပ်သား ထည့်ရပါမည်။
ရေကို လေးဆယ်ဝင် ပုလင်း တပုလင်း ထည့်ရပါမည်။
* သန်းခေါက်၊ ကွမ်းသီးနဲ့ ရေတို့ကို ရောပြီး မီးပေါ်တင်၍ ကျိုပါ။
(မြေအိုးကို အသုံးပြုနိုင်လျှင် ပို၍ ကောင်းပါသည်)
* ကျိုပြီးရသော ဆေးရည်ကို (မပျစ်မကျဲ) အခြေအနေတွင် ချပြီး (အအေးခံ၍) လိမ်းပေးပါ။
သောက်ဆေးမဟုတ်-လိမ်းဆေးသက်သက်ပါ။
သောက်ဆေးအတွက်---
ခန်းတောက်မြစ် ၁-ပဲသား၊
စမုန်စပါး ၁-ကျပ်သားတို့ကို
ရေ ၁-ပိဿာ ၅၀-ကျပ်သားထည့်ပြီး
ရေ ၃၀-ကျပ်သား ကျန်အောင် ပြုတ်ပြီး အအေးခံ၍ နေ့စဉ် သောက်သုံးသွားပါလျှင် လိပ်ခေါင်းရောဂါ ဝေဒနာရှာင်များ သက်သာပျောက်ကင်းပါလိမ့်မည်။
အောင်သပြေ

No comments:
Post a Comment