Wednesday, November 9, 2011

အမျိုးသမီးများ Talcum ပေါင်ဒါ ကြီးစွာသတိပြုသင့်

အမျိုးသမီးများ နေ့စဉ်အသုံးပြုနေတဲ့ Talcum ပေါင်ဒါဟာ သားအိမ်ကင်ဆာဖြစ်ပွားစေတဲ့ အကြောင်းများအနက် အဓိကအကြောင်းအချက်အနေနဲ့ ပါဝင်ကြောင်း သုတေသနပညာရှင်များ ရှာဖွေတွေ့ရှိထားပါတယ်။ အမျိုးသမီးများ ပေါင်ရင်းတဝိုက်မှာ နေ့စဉ်အသုံးပြုတဲ့ Talcum ပေါင်ဒါကြောင့် သားအိမ်ထဲဝင်ရောက်ပြီး ကင်ဆာကို ဖြစ်ပွားစေတဲ့ ရောင်ရမ်းနာကျင်မှုကို ဖြစ်စေကြောင်း သိပပညာရှင်များက သတိပေးပြောဆိုထားပါတယ်။ အဲဒီဖြစ်ရပ်များကြောင့် Talcum ပေါင်ဒါအသုံးပြုမှု ချက်ချင်းရပ်ဆိုင်းရန် ဗြိတိန်နိုင်ငံတွင် တရားဝင်ကြေညာထားပြီး ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာ နှစ်စဉ် အမျိုးသမီး ခြောက်ထောင်ကျော် သားအိမ်ကင်ဆာရောဂါကြောင့် ဆေးရုံတက်ကုသမှုယူလျက်ရှိပြီး အများစုမှာ အဲဒီပေါင်ဒါသုံးစွဲမှုနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်စပ်မှုရှိကြောင်း
အောက်စဖို့တက္ကသိုလ် ဆရာဝန်အဖွဲ့မှ အတည်ပြုပြောကြားခဲ့ပါတယ်။

မောင်ရေမွှေး Ref:Internet

No comments: