Thursday, December 1, 2011

လစဉ် ဟောစာတမ်း (ဒီဇင်ဘာလ ၂၀၁၁)

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( ဒီဇင်ဘာလ ၂၀၁၁ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-450-0207 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=န့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။

 ( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အခက်အခဲတွေ့နေရတတ်တယ်။ အကုန်အကျတွေလဲ များနေတတ်တယ်။ သတိထားပါ နာမည်ဂုဏ်သတင်း ပျက်ပြားလိမ့်မယ်။ 

ကျန်းမာရေး=ဝမ်းရေနဲ့ ပတ်သက်၍ ဥပါဒ်ပေးတတ်တယ်။
ယတြာ=မွေးနေ့တိုင်း ဆီမီးသက်စေ့ လှူပါ။  
*****************************************************************************
( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ ပြောင်းတာရွှေ့တာ မလုပ်ပါနဲ့။ တပိုင်းတစဖြစ်ပြီး အချိန်ကုန်တတ်တယ် သတိထားပါ။ ချစ်သူအိမ်ထောင်ဘက်ရဲ့ အထင်လွှဲမှားမှုကို ခံရတတ်တယ်။ 
ကျန်းမာရေး=မကြာခဏ ခေါင်းကိုက်လိမ့်မယ်။ 
ယတြာ=နှမ်းဆီ သုံးဇွန်း(သို့)နှင်းဆီ သုံးပွင့် ဘုရားလှူပါ။ 
*******************************************************************************
( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်ပြေနေလိမ့်မယ်။ အချိန်ကို အလဟဿ မဖြုန်းပါနဲ့။ လာဘ်လာဘတွေလဲ ရွှင်နေတတ်တယ်။ အိမ်ထောင်ရေး အချစ်ရေးနဲ့ ပတ်သက်၍ ပြဿနာ ကြုံရတတ်တယ် သတိထားပါ။
ကျန်းမာရေး=သင့်နေတယ်။ 
 ယတြာ=ရင်ထိုးနှင့် ရွှေထီး ဘုရားလှူပါ။ 
********************************************************************************
( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ အလုပ်တွေ ကောင်းလာတတ်တယ်။ အမြင့်နေရာကောင်းတွေ ရတတ်တယ်။ ဂုဏ်သတင်းတွေ ထင်ပေါ်မယ်။ အိမ်ထောင်ရေး အချစ်ရေး သင့်တယ်။
ကျန်းမာရေး=ခြေထောက်နဲ့ မျက်နှာ ဥပါဒ်ပေးတတ်တယ်။ 

ယတြာ=လပြည့်လကွယ်နေ့တိုင်း သက်သတ်လွတ် စားပါ။ 

*******************************************************************************
( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ လုပ်နေကျအလုပ်တွေ စိတ်ကုန်လာလိမ့်မယ်။ စီးပွားရေး အဆင်မပြေသလို အိမ်တွင်းရေး မသာမယာ ဖြစ်နေ လိမ့်မယ်။ ငွေတွေ လက်လွန်နေလိမ့်မယ်။ 
ကျန်းမာရေး=သွားသော်၎င်း, သွေးသော်၎င်း ဥပါဒ်ပေးမယ်။
ယတြာ=လပြည့် လကွယ်နေ့တိုင်း ကောက်ညှင်းပေါင်း ဘုရားလှူပါ။  

********************************************************************************
( စနေ )
မိတ်ဆွေ ဒီလထဲမှာ မျှော်လင့်မထားတာတွေ ဖြစ်လာလိမ့်မယ်။ အထွဋ်အထိတ်ကို ရောက်လာလိမ့်မယ်။ အကြီးအကဲ ဆရာသမားလို ပုဂ္ဂိုလ်တွေရဲ့ ကြည့်ရှုစောင်မမှုကို ခံရတတ်တယ်။ ချစ်ခင်သူပေါသလို လာဘ်လာဘတွေ ရွှင်နေမယ်။ 
ကျန်းမာရေး=သင့်ရုံပါပဲ။
ယတြာ=အင်္ဂါနေ့တိုင်း နှင်းဆီပန်း ငါးပွင့် ဘုရားလှူပါ။ 
********************************************************************************
( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းအဆင်မပြေမှုတွေ တွေ့ရတတ်တယ်။
ဖြေရှင်းစရာတွေလဲ ဖြစ်လာလိမ့်မယ်။ အိမ်ပူရဆာ ဖြစ်နေလိမ့်မယ်။ 
ကျန်းမာရေး=သွေးနဲ့ ပတ်သက်လို့ ဥပါဒ်ပေးတတ်တယ်။ 

ယတြာ=ဥပုသ်နေ့တိုင်း သစ်တော့သီး ဘုရားလှူပါ။ 

  
ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments: