Tuesday, December 27, 2011

ဆီးချို သွေးချိုရောဂါ

ဆီးချိုသွေးချို ရောဂါဆိုတာ သွေးထဲမှာ အချိုဓာတ်(သကြားဓာတ်) လွန်ကဲများပြားနေခြင်းကြောင့် ဖြစ်ပေါ် လာတဲ့ရောဂါ ဖြစ်ပါတယ်။ ယနေ့ သွေးဖောကါကြည့်လို့ ဆီးချိုသွေးချိုရောဂါ မရှိသေးဘူးဆိုပေမယ့် တနေ့နေ့ တချိန်ချိန်မှာ ဆီးချိုသွေးချိုရောဂါ ရှိလာနိုင်ပါတယ်။ ကျား/မ မရွေး ဖြစ်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာ ဝသူဖြစ်စေ၊ ပိန်သူဖြစ်စေ အစားအသောက် အနေအထိုင် မဆင်ခြင်ခဲ့လျှင် ဆီးချိုသွေးချိုရောဂါ ဖြစစ်နိုင်ပါတယ်။


မျိုးရိုးလိုက်ပြီး ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်သလို မျိုးရိုးမရှိပေမယ့် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ဆီးချိုသွေးချိုရောဂါရှီလျှင် နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ရန် နှစ်ဆမှ လေးဆအထိ ပိုများပါတယ်။ ဆီးချိုသွေးချိုရောဂါနှင့် သွေးတိုးရောဂါ တွဲဖက်ရှိနေလျှင် သွေးတိုးရောဂါတမျိုးတည်း ရှိသူထက် လေဖြတ်နှုန်း နှစ်ဆ ပိုများပါတယ်။

ဆီးချိုသွေးချိုရောဂါရဲ့ နောက်ဆက်တွဲ ရောဂါများကတော့ အနာအမျိုးမျိုး ပေါက်ပွားခြင်း၊ ပေါက်ပွားသော အနာ ကျက်ခဲခြင်း၊ အနာဖြစ်လျှင် တော်တော်နှင့် မပျောက်ဘဲ အနာပဆုပ်ရောဂါထိ ဖြစ်ပွားနိုင်ပါတယ်။ 

နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ မျက်စိအကြည်လွှာ ထိခိုက်ပျက်စီးသောရောဂါ၊ အာရုံကြောရောဂါ၊ ဦးနှောက်သွေးကြောပိတ် ရောဂါ၊ လေငန်းရောဂါ၊ အဆုတ်ရောဂါ၊ ပန်းသေပန်းညှိုးရောဂါ၊ ထုံကျဉ်နာရောဂါ၊ ဓာတ်ကုန်ခန်းနာများ ဆက်လက် ဖြစ်ပွားနိုင်ပါတယ်။

ဆီးချိုသွေးချို ရော၈ါအစ ပုဗ္ဗရုပ်လက္ခဏာများကတော့ သွား-လျှာ-အာခေါင် စသည်တို့မှာ ချေးအလွန်ထူခြင်း၊ လက်-ခြေ-တို့ပူခြင်း၊ ခန္ဓာကိုယ်စေးထိုင်းခြင်း၊ ရေငတ်ခြင်း၊ မောခြင်း၊ ဆီးများခြင်း၊ ဆီးပျစ်ခဲခြင်းများ ဖြစ်ပြီး သလိပ်ဓာတ် အပြစ်ပြုရင် ဆီးဟာ ကြံရည်ကဲ့သို့ ချိုခြင်း၊ နံနက်အခါကြည့်ရင် ပျစ်၍နေခြင်း၊ ဆီးဟာ အရက်နဲ့ တူခြင်း၊ (အပေါ်ရည် ကြည်ပြီး အောက်ရည် နောက်နေခြင်း)၊ ဆန်မှုန့်နဲ့ဖျော်ထားသလို ဖြူနေခြင်း။ 

ဆီးသွားသောအခါ က်ြသီးထခြင်း၊ ဆီးထဲ သုက်ရောပါလာတတ်ခြင်း၊ သဲနဲ့တူတဲ့ အမှုန်များ (သလိပ် အစိတ်အပိုင်းများ) အကြိမ်ကြိမ် စွန့်ရခြင်း ဆီးဟာ သွားရည်ကျသလို အမျှင်တန်းပြီး ကျခြင်း၊ အလွန်ဖြူ အနံပမရှိ အနည်းငယ် ပျစ်ချွဲခြင်း၊ အနာများ ကျက်ခဲခြင်း စတဲ့ အချက်အလက်တွေ ဖြစ်တတ်ပါတယ်။

လေဒေါသ အပြစ်ပြုရင် အသား၊ အစေးပါတဲ့ ကျင်ငယ်ရည် ကြိမ်ဖန်များစွာ စွန့်ရခြင်း၊ ရိုးတွင်းခြင်ဆီ ရောပြီးပါလာတဲ့ ဆီးကို စွန့်ရခြင်း၊ ရေနဲ့ အမျှင်တန်းပါလာတဲ့ ဆီးကို တန့်၍ စွန့်ရခြင်းများ ဖြစ်တတ်သလို ဆီး၊ ဝမ်း၊ လေ ချုပ်ပြီး တုန်လှုပ်ခြင်း၊ နှလုံးရင်ကျပ်ခြင်း၊ နှလုံး၇င်တစ်ဆိုပခြင်း၊ အအိပ်ပျက်ခြင်း၊ ချောင်းဆိုးခြင်း၊ မောခြင်းများ ဖြစ်တတ်ပါတယ်။ ဆီးချိုရောဂါရှင်များ အနက် (၅၀)ရာခိုင်နှုန်းဟာ ကိုယ်တိုင်ဆီးချိုသွေးချိုရောဂါ ရှိမှန်း မသိကြပါဘူး။

အထက်မှာပြောခဲ့တဲ့ အကြောင်းအရာအချက်အလျက်များ ဖြစ်ပေါ်ခံစားနေရပြီးဆိုရင် ရောဂါသိမှု၊ ဆေးသိမှု၊ ကုထုံးသိမှု ဆိုတဲ့ အသိသုံးပါးနဲ့ ပြည့်စုံတဲ့ တိုင်းရင်းဆေးဆရာ စာရေးဆရာ ဝါးခယ်မ စိုးမြင့်အောင်ရဲ့ ပြည်လုံးကျန်းမာ အထူးကု တိုင်းရင်းဆေးခန်းကို ရောက်အောင်လာခဲ့ပါ။  အမျိုးမှန် အဖိုးတန်တဲ့ တိုင်းရင်းဆေးစွမ်းကောင်းများနဲ့ ဆီးချိုသွေးချိုရောဂါ ဝေဒနာရှင်များကို သက်သာပျောက်ကင်းအောင် ကုသပေးနေပြီ ဖြစ်ပါတယ်။

ဆရာ စိုးမြင့်အောင်က ဆီးချိုသွေးချိုရောဂါ တမျိုးတည်းကိုသာ အထူးကုတာမဟုတ်ဘဲ အမျိုးသား အားနည်းရောဂါ(ပန်းသေ ပန်းညှိုးရောဂါ)ကိုလည်း ပြည်လုံးကျန်းမာ အထူးကုတိုင်းရင်းဆေးခန်းက အထူးကုသပေးနေပါတယ်။

ပန်းသေပန်းညှိုးရောဂါဟာ ဆီးချိုသွေးချိုရောဂါရဲ့ နောက်ဆက်တွဲ ရောဂါပါ။ ပန်းသေ ပန်းညှိုးရောဂါ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကတော့ ပူ၊ စပ်၊ ချဉ်၊ ငန် အစားအစာများ လွန်ကဲစွာ စားသုံးခြင်း၊ ပင်ပင်ပန်းပန်း အလုပ်လုပ်ရခြင်း၊ ခရီးရှည် ခြေကျင်ခရီး သွားလေ့ရှိခြင်း၊ ကာမဂုဏ် လွန်ကဲခြင်း၊ အပျော်အပါး လိုက်စားခြင်း၊ အသက်ကြီးသော ဇနီးကို ရခြင်း၊ နာတာရှည်ရောဂါ စွဲကပ်ခြင်း၊ အိပ်မက်ထဲမှာ မကြာခဏ သုက်လွှတ်ခြင်း၊  သဘာယမဲ့ ကာမဆက်ဆံမှု ပြုခြင်း (လိုင်တူဆက်ဆံခြင်း၊ တိရစ္ဆာန်မများနှင့် ဆက်ဆံခြင်း၊ လက်ဖြင့် သုက်လွှတ်အောင် လက်မေထုန်မှု ပြုခြင်း) တဖက်စွန်းရောက် ဆေးဝါးများ မှီဝဲစားသောက်ခြင်း၊ ကုန်ခန်းသွားသော သုက်ဓ်ာကို ပြန်လည် တိုးပွားအောင် ဖြည့်တင်းမှု မရှိခြင်း။

လေဖြတ်ရော၈ါ၊ လေငန်းရော၈ါ ခံစားရခြင်း၊ ကြံစည်စိတ်ကူးမှု စိုးရိမ်ကြောင့်ကြမှု များခြင်း၊ လိပ်ခေါင်းရောဂါ ဆီးချိုသွေးချိုရောဂါရှိခြင်း၊ အသက်အရွယ် ကြီးရင့်ခြင်း၊ စတဲ့ အကြောင်းအချက်များဟာ အမျိုးသား အားနည်းရောဂါ (ပန်းသေပန်းညှိုးရောဂါ) ဖြစ်ပွားရခြင်း အဓိကမူလ အကြောင်းတရားများ ဖြစ်ပါတယ်။

အမျိုးသား အားနည်းရောဂါ (ပန်းသေ ပန်းညှိုးရောဂါ) လက္ခဏာများကတော့ ---
အကြောအားနည်းပြီး လိင်အင်္ဂါ တင်းတင်းရင်းရင်း သန်မာမှုမရှိဘဲ လန်းသောခဏ ချက်ချင်း ပြန်ကျခြင်း၊ သုက်မထိန်းနိုင်ခြင်း၊ သုက်ခန်းခြင်း၊ သုက်လွှတ်မြန်ခြင်း၊ မရောင့်ရဲခြင်း၊ လိင်ပူခြင်း၊ ဆီးထဲသုက်ပါခြင်း၊ ဆန်ပကျင်ဘက်လိုင် မြင်တွေပရုံနှင့် သုက်ထွက်လာခြင်း၊ အိပ်နေစဉ် သုက်လွှတ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အိပ်ရာထ ကြည်လင်မှု မရှိခြင်း၊ အာရုံကြော အားနည်းခြင်း၊ အဆုတ်နှလုံးအားနည်းခြင်း၊ စားသမျှ အားမဖြစ်ခြင်း၊ အားအင်နုံးချည့်ကာ ခြေကုန်လက်ပန်းကျခြင်းများ ဖြစ်တတ်ပါတယ်။

အထက်မှာပြောခဲ့တဲ့ လက္ခဏာများဖြစ်ပေါ်ခံစားနေရပြီဆိုလျှင် အချိန်မီ တိုင်းရင်းဆေးဆရာ စာရေးဆရာ ဝါးခယ်မ စိုးမြင့်အောင်နဲ့ လာရောက်တွေ့ဆုံ ဆွေးနွေးပြီး ကုသမှုခံယူလိုက်ပါ။

တိုင်းရင်းဆေးဆရာ စာရေးဆရာ 
ဝါးခယ်မ စိုးမြင့်အောင်
(တဆ-၃၃၂၁)
ပြည်လုံးကျန်းမာ တိုင်းရင်းဆေးခန်း
အမှတ် ၁၂၄-ဒုတိယထပ်-ယာ
၄၂-လမ်း ကုန်သည်လမ်းနှင့် မဟာဗန္ဓုလလမ်းကြမ်း
ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့
ဆေးခန်းဖွင့်ချိန် နေ့စဉ် နံနက် (၁၀)နာရီမှ ညနေ (၅)နာရီအထိ။
ဖုန်း-၃၉၂၅၉၄၊ ၃၈၀၁၇၅၊ ၀၉၈၀၃၄၈၈

မြောင်းမြ-မောင်ယဉ်တင့်
(နက္ခတ္တ ၂၀၀၇-၄)

No comments: