Thursday, December 22, 2011

ဝက်ဆီဖြင့် ကြွက်နို့ သက်သာပျောက်ကင်းစေသောနည်း

ကြွက်နို့ပျောက်နည်း အမျိုးမျိုးကို နက္ခတ္တရောင်ခြည်မဂ္ဂဇင်း၌ များစွာဖော်ပြထားသည်ကို ဖတ်ရှုမှတ်သားရပါသည်။ သို့ပါသော်လည်း စာဖတ်သူများအနေဖြင့် လွယ်ကူစွာ ကုသ၍ ပျောက်ကင်းစေသော ဆေးတည်းတမျိုးကို ဖော်ပြလိုပါသည်။


ကျွန်မသည် ငယ်စဉ်အခါက လက်ခုံပေါ်တွင် ကြွက်နို့များ ပေါက်ခဲ့ပါသည်။ ဆေးနည်းအမျိုးမျိုးဖြင့် ကုသခဲ့ရာ ကြွက်နို့အမျှင်များ ကျန်ရှိ၍သော်၎င်း၊ သွေးစက်ကလေးများ ပေကျံသွားသည့် အခါတွင်သော်၎င်း ထပ်မံ ပေါက်လာပါသည်။
သို့ဖြစ်ပါ၍ ကွယ်လွန်ပြီးဖြစ်သော ဦးကြီး ဦးလွန်းတင်-၏ ဆေးနည်းဖြင့် ကုသခဲ့ရာ ယခုအခါ ကြွက်နို့ လုံးဝ ပြန်ပေါက်ခြင်း မရှိခဲ့ပါ။

ကုသနည်းမှာ---
ပထမဦးဆုံးပေါက်သော ကြွက်နို့၏အပေါ်သို့ ဝက်ဆီဖတ်(အစိမ်း)ကို အုပ်ပြီး ပလာစတာ (သို့မဟုတ်) ပတ်တီးဖြင့် စည်း၍ (၃)ရက်ခန့် ရေမစိုအောင် ထားရပါမယ်။ (၃)ရက်မြောက်သောနေ့၌ ပလာစတာ (သို့မဟုတ်) ပတ်တီး ခွါရာ၌ ကြွက်နို့အလုံးသည် သစ်ပင်သစ်မြစ်များ ခြောက်သွေ့သကဲ့သို့ ပလာစတာ (သို့မဟုတ်) ပတ်တီးနှင့်အတူ ကပ်ပါလာသည်ကို တွေ့ရှိရပေလိမ့်မည်။

မနှင်းပွင့် ဆေး-၂ (စာကြည့်တိုက်)
(နက္ခတ္တ ၂၀၀၉-ခု ဇွန်)

No comments: