ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဥစ္စာကုလိကာနံ ယဒိဒံ ဘဒ္ဒိယော ကာဠိဂေါဓာယ ပုတ္တော။ (အံ-၁၊ ၂၃)
မြတ်သောအမျိုး၌ ဖြစ်ကုန်သော ဘုရားရှင်၏ တပည့်ရဟန်းတို့တွင် အမြတ်ဆုံးဖြစ်သည်၊ အမှန်စင်စစ်က ရှေးဆုတောင်း၏ အစွမ်းအာနုဘော်အားဖြင့် အစဉ်အတိုင်း ဘဝငါးရာတို့တိုင်တိုင် မင်းမျိုး၌ဖြစ်၍ မင်းဖြစ်ခဲ့ရသောကြောင့် အမျိုးမြတ်သူတို့တွင် “အမြတ်ဆုံးအရာ”ကို ရရှိလေသည်။ (အံ-ဋ္ဌ-၁၊ ၁၅၀၊ ၁၅၁)
အရှင်ဘဒ္ဒိယမထေရ်အလောင်း ရှေးဆုတောင်း ---
အရှင်ဘဒ္ဒိယအလောင်းတော်သည် ပဒုမုတ္တရ ဘုရားရှင်လက်ထက်တော်ဝယ် စည်းစိမ်ကြွယ်ဝသော အမျိုး၌ဖြစ်၍ ဘုရားရှင်က မြတ်သောအမျိုး၌ဖြစ်ကုန်သော ရဟန်းတို့တွင် အမြတ်ဆုံးဧတဒဂ်ရာထူး၌ထားသော ရဟန်းတပါးကို တွေ့မြင်ရ၍ ထိုရဟန်းတို့သို့ အမျိုးမြတ်သောအရာ၌ အမြတ်ဆုံးရာထူးရရန် ခုနစ်ရက်ပတ်လုံး အလှူကြီးပေး၍ ဆုတောင်းခဲ့လေသည်။အမျိုးမြတ်ရာ ဧတဒဂ်ပါ---
အရှင်ဘဒ္ဒိယသည် မည်းနက်သောအဆင်းရှိသော ဂေါဓာအမည်ရှိသော သာကီဝင်မင်းသမီး၏သား ဖြစ်၏။ သူ၏မိခင်သည် သာကီဝင်မင်းသမီးတို့တွင် အရွယ်အားဖြင့် အကြီးဆုံးဖြစ်သည်။ (သာကီဝင်မင်းမျိုး၏ ထုံးတမ်းစဉ်လာမှာ အသက်ကြီးသူကို အရိုအသေ ပေးကြရသည်, အသက်ကြီးသူကို “မြတ်သည်”ဟု ယူဆကြသည်။)အရှင်ဘဒ္ဒိယသည်သာ (မြင့်မြတ်သူ မိခင်၏ သားဖြစ်၍ မင်းဖြစ်ထိုက်စေကာမူ) သာကီဝင်မျိုး၌ ရထိုက်သော မင်းအဖြစ်ကို ပယ်စွန့်၍ ရဟန်းပြုသောကြောင့်မြတ်သောအမျိုး၌ ဖြစ်ကုန်သော ဘုရားရှင်၏ တပည့်ရဟန်းတို့တွင် အမြတ်ဆုံးဖြစ်သည်၊ အမှန်စင်စစ်က ရှေးဆုတောင်း၏ အစွမ်းအာနုဘော်အားဖြင့် အစဉ်အတိုင်း ဘဝငါးရာတို့တိုင်တိုင် မင်းမျိုး၌ဖြစ်၍ မင်းဖြစ်ခဲ့ရသောကြောင့် အမျိုးမြတ်သူတို့တွင် “အမြတ်ဆုံးအရာ”ကို ရရှိလေသည်။ (အံ-ဋ္ဌ-၁၊ ၁၅၀၊ ၁၅၁)
No comments:
Post a Comment