Monday, February 28, 2011
တူသောအကျိုး
ဆရာလွင်၊ ရှေ့မှာဆိုင်ကယ်။
ဆရာလွင်က ဦးခေါင်းကို ညိတ်ပြလိုက်သည်။ လယ်ကန်သင်းလမ်းအလွန် ကုန်းမြေပြန့်ပေါ်တွင် မြင်လိုက်ရသော ဆိုင်ကယ်ကို တွေ့ရသည်။ ရပ်နားထားခြင်းဖြစ်သည်။
ထိုဆိုင်ကယ်သမားက ဘာဖြစ်သွားမှန်းမသိပါဘူးဗျာ စီးလာရင်း ထိုးရပ်သွားလို့-ဟုစိတ်ပျက်လက်ပျက် ပြောသည်။ 
ကျွန်တော်တို့လည်း တတ်နိုင်သမျှ အကူအညီပေးရန် ဆိုင်ကယ်ကို စက်သပ်ရပ်လိုက်သည်။  တွန်းနှိုးကြည့်လိုက်တော့ စက်ကနှိုးလာသည်။ ခေတ္တခဏမျှသာ ငါးကြိမ်ခန့် လုပ်လည်း သည်အတိုင်း သည်လိုနှင့် ကျောင်းတက်ချိန် ကျော်လွန်သွားပေပြီ။ ကျွန်တော်တို့ ဆရာနှစ်ယောက် လက်လျှော့လိုက်ရသည်။
သေကံမရောက် သက်မပျောက်
ကိုစိုးရွှေဆိုသော လူငယ်တဦး မြစ်ငယ်မြို့ သရက်တန်းကျေးရွာတွင် နေထိုင်နေသည်။ ငယ်စဉ်မှစ၍ စာပေကို ၀ါသနာပါခဲ့သည်။ အထူးသဖြင့် ပီမိုးနင်း-၏ ဘ၀တိုက်ပွဲ၊ ကိုယ့်ထူးကိုယ်ချွန်-ဟူသော စာအုပ်များကို ဖတ်သည်။ ထိုစာအုပ်များ၏ အလင်းပြမှုကြောင့် ငယ်စဉ်မှစ၍ ကိယ့်အားကိုယ်ကိုးကာ ဈေးရောင်းခဲ့သည်။ ခုနစ်တန်းမှစ၍ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များ၌ ရေခဲချောင်းရောင်းကာ မိဘကို ကူညီ၍ ၀င်ငွေရှာပေးခဲ့သည်။ 
ကိုစိုးရွှေသည် ဆရာတော်တပါး၏ 
အမေကို ရှိခိုးမအိပ်တဲ့သူ ခွေးအိပ်ခြင်းနှင့်တူ၊ 
ခွေးလိုလူ မဖြစ်လိုက အမေကို ရှိခိုးကြ-ဟူသော  
ဘုရားရှင် နဲ့ ဆူညံမှု
တခါတုန်းက ဘုရားလက်ထက်မှာ နံနက်စောစော ဇေတ၀န်ကျောင်းပေါက်ဝမှာ ဆူဆူညံညံ အသံတွေ ကြားနေရတယ်။ ဒီတော့ ဘုရားရှင်ကိုယ်တော်မြတ်က -
အာနန္ဒာ...ကျောင်းပေါက်ဝက ဆူညံ၊ ဆူညံနဲ့ ငါးစိမ်းသည် ငါးရောင်းနေကြသလို ဘာလုပ်ကြတာလဲ-လို့ မေးတော်မူရဖုးတယ်။
ဒီတော့ အရှင်အာနန္ဒာက-
မှန်ပါ၊ ဘုရားရှင်နှင့်တကွ သံဃာတော်များကို လှူဒါန်းဖို့ဆိုပြီး လှူဖွယ်တန်းရံတွေနဲ့ လာကြတဲ့ ဒကာ၊ ဒကာမတွေပါဘုရား၊ သူတို့တွေဟာ စေားသေးတယ်ဆိုပြီး ကျောင်းဝင်းထဲ မ၀င်သေးဘဲ စကားပြောနေကြတာပါဘုရား-လို့ လျှောက်ထားရတော့တာပေါ့။
ဒီတော့ မြတ်စွာဘုရားက 
အာနန္ဒာ---ဒီလို လာဘ်လာဘ အကျော်အစောတွေနဲ့ ငါဘုရား မအပ်စပ်လို၊ ဒီလို ဆူညံတဲ့သူတွေနဲ့လည်း ငါဘုရား မရောနှောလို-လို့ မိန့်တော်မူဖူးတယ်။
ဒါဟာ တိတ်ဆိတ်ငြိမ်သက်မှုကို လိုလားတော်မူတဲ့သဘောပဲ။
ယခု သာသနာတော်မှာ ဖြစ်နေကြတာက အရာရာမှာ တရုန်ရုန်းနဲ့ ငြိမ်သက်မှုမရှိဘူး။ ဒါတွေလက်ခံနေကြတယ်၊ ဒါတွေ ကြီးစိုးနေကြတယ်၊ ဒီတော့ သာသနာတော်ဟာ ကျဆင်းတာပေါ့၊ ဘယ်မကျဆင်းဘဲ နေနိုင်လိမ့်မလဲ၊ ဒါ စဉ်းစားဖို့ကောင်းပြီ၊ ခုတော့ ခေတ်လူငယ်တွေကလည်း ဝေဖန်ကြလှပြီ၊ ဒီသာသနာတော်အပေါ် မလေးစားချင်ကြဘူး။ တရွေ့ရွေ့နဲ့ ကျဆင်းလာခဲ့တယ်။ တက်ညီလက်ညီနဲ့ ၀ိုင်းပြီးပြုပြင်ကြလျှင်တော့ အချိန်မီပါသေးတယ်၊ နောက်ကျသွားလျှင်တော့ ဒီသာသနာဟာ ရေစုန်မျောမှာပဲ။
အကိုး။ မဟာဂန္ဓာရုံဆရာတော်၏ ပုံဝတ္ထုတို့ဖြင့် ပြောပြသော အဆုံးအမများ(သာမဏေကျော်)
မင်းစောထက်  
မျက်စိ၊ နှာခေါင်းတို့ ယားယံလျှင်
မျက်လုံးယားယံလျှင် လူအများစုက လက်ချောင်းများဖြင့် ပွတ်လေ့ရှိသည်။ လက်ချောင်းများသည် ရောဂါပိုးကပ်ငြိရန် အလွယ်ကူဆုံးဖြစ်သည်။ ယင်းလက်ချောင်းများမှ တဆင့် မျက်လုံးအတွင်းသို့ ရောဂါပိုး ကူးစက်ဝင်ရောက်သွားနိုင်သည်။ လက်ကောက်ဝတ် အရိုးဖုများသည် လက်ချောင်းများနှင့် စာပါက ရောဂါပိုးကပ်ငြိရန် ခက်ခဲသောနေရာဖြစ်သည်။
သို့ဖြစ်၍ မျက်စိ၊ နှာခေါင်းတို့ ယားယံပါက လက်ချောင်းများ အသုံးပြု ပွတ်သပ်ခြင်းထက် လက်ကောက်ဝတ်အရိုးဖုကို အသုံးပြုခြင်းက ပိုမို၍ ကျန်းမာရေးနှင့်ညီညွတ်ပေသည်။ မျက်စိသည် ခန္ဓာကိုယ်တွင်းသို့ ရောဂါပိုးဝင်ရောက်ရန် အရေးကြီးသော ၀င်ပေါက်တခုဖြစ်သည်။
လူတဦးသည် မျက်စိ၊ နှာခေါင်း ပွတ်သပ်ခြင်း၊ မျက်နှာအား ကုတ်ခြစ်ခြင်း စသည့် အလေ့အထကို တနေ့လျှင် အကြိမ် ၂၀-မှ အကြိမ် ၅၀-အထိ ပြုလုပ်လေ့ရှိကြောင်း ကျွမ်းကျင်သူများက ပြောဆိုပေသည်။
အကိုး။ ။ ခန္ဓာကိုယ်တွင်းဖောက် အလှဆင်ခြင်းနှင့် ကျန်းမာရေး ဆောင်းပါးများ (အောင်ဇင်)
မင်းစောထက်
သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ ( ၈ )
ဂါဒီးယန်း ဦးစိန်ဝင်းနှင့် ဒေါက်တာဦးနေ၀င်း-တို့မေး၍ အမရပူရ မဟာဂန္ဓရုံဆရာတော် ဖြေသည်။
(မေး) အရှင်ဘုရား၊ ငယ်ရွယ်သော ကလေးအချို့သည် သင်ကြားခြင်းမရှိဘဲ ကျမ်းစာများကို ရွတ်ဆိုနိုင်ခြင်း၊ အထက်တန်းကျသော အတွက်အချက်များကို ပြုလုပ်နိုင်ခြင်းတို့ကို မြန်မာပြည်၌၄င်း၊ နိုင်ငံခြား၌၄င်း တွေ့ရပါသည်။ အဘယ်ကြောင့် မသင်ဘဲ တတ်မြောက်ပါသလဲ။
(ဖြေ)
၁၀-နှစ်သားတုန်းက သင်ထားတဲ့ပညာဟာ ဆိုပါတော့ အသက် ၂၀-လောက်မှာ သူတချို့ ရွတ်နိုင်တယ်၊ ဖတ်နိုင်တယ်။ ဒါဖြင့် ၁၀-နှစ်သားတုန်းက ရုပ်ရှိသလားလို့ဆိုတော့ အသက် ၂၀-မှာ မရှိဘူး။ ၁၀-နှစ်သားတုန်းက စိတ် ရှိသလားလို့ဆိုတော့ အသက် ၂၀-မှာ မရှိဘူး။ မရှိပေမယ့်လို့ သူရွတ်နိုင်တယ်။ ဖတ်နိုင်တယ်၊ မှတ်နိုင်တယ်ပေါ့လေ။ 
Sunday, February 27, 2011
ဟင်းသီးဟင်းရွက်နဲ့ ကျန်းမာရေး
ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများကို နေ့စဉ်ပုံမှန်စားသုံးသင့်ကြောင်း၊ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ၏ အရောင်အမျိုးမျိုး ကွဲပြားသည်နှင့်အမျှ ပါဝင်သော ဗီတာမင်ဓာတ်များ၊ သတ္ထုဓာတ်များလည်း ကွဲပြားမှုရှိသဖြင့် ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံအမျိုးမျိုးကို ဓာတ်စာအဖြစ် စားသုံးသင့်ကြောင်း British Heart Foundation မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ချာမိန်းဂရစ်ဖစ်-က အကြံပြုပြောဆိုသည်။
ယနေ့အချိန်အခါသည် ကမ္ဘာတ၀န်းတွင် နှလုံးရောဂါကြောင့် သေဆုံးရမှုမှာ ရာခိုင်နှုန်း အများဆုံး ဖြစ်ကြောင်း မှတ်တမ်းများအရ လေ့လာသိရှိရသည်။ နှလုံးရောဂါဘေးမှ ကင်းဝေးစေရန်၊ သွေးလွှတ်ကြောအတွင်း မာကျောတောင့်တင်းသည့် ဝေဒနာမှ ကင်းဝေးစေရန် ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ အမျိုးမျိုးကို နေ့စဉ်ပုံမှန် စားသုံးသင့်ကြောင်း တိုက်တွန်းရေးသား တင်ပြလိုက်ရပေသည်။
အကိုး။ ။ ခန္ဓာကိုယ်တွင်းဖောက် အလှဆင်ခြင်းနှင့် ကျန်းမာရေး (အောင်ဇင်)
မင်းစောထက်
သစ်သီး နှင့် အသီးအရွက်များ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လူတိုင်း အသီး-အရွက် ၅-မျိုးကို နေ့စဉ်စားသုံးသင့်ကြောင်း တိုက်တွန်း ထားသည်။ တရုတ် (ဟောင်ကောင်) ကျန်းမာရေးဌာနက (၂+၃) စီမံကိန်းကို အင်တိုက်အားတိုက် တိုက်တွန်းလုပ်ဆောင်နေသည်။ ထိုစီမံကိန်းအရ အသီး ၂-မျိုး၊ အရွက် ၃-မျိုးကို နေ့စဉ် စားဖြစ်အောင်စားရန် တိုက်တွန်းထားသည်။
လတ်ဆတ်သော အသီးများ---
     လတ်ဆတ်သော အသီးများတွင် ပေါကြွယ်ဝသော (က) ရေတွင်ပျော်ဝင်နိုင်သည့် အမျှင်ဓာတ်နှင့် (
ခ) ရေတွင် မပျော်ဝင်နိုင်သော အမျှင်ဓာတ်ဟူ၍ နှစ်မျိုးပါဝင်သည်။ 
ရေတွင်ပျော်ဝင်နိုင်သော အမျှင်ဓာတ်သည် သွေးရည်တွင်ရှိသော ကိုလက်စထရောဓာတ်ကို လျှော့ချပေး နိုင်သည်။
ရေတွင်မပျော်ဝင်နိုင်သော အမျှင်ဓာတ်သည် အူလမ်းကြောင်း ကျန်းမာရေးကို ထိန်းသိမ်းထားနိုင်ပြီး ၀မ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။
လတ်ဆတ်သော အသီးတွင် ရေဓာတ်များစွာ ပါဝင်သဖြင့် နွေအခါတွင် စားလျှင် လူကို အေးမြစေနိုင်သည်။
*********************************************************************
ရှောက်မျိုးနွယ်ဝင် အသီးများ---
     ရှောက်မျိုးနွယ်ဝင် အသီးများသည် ဗီတာမင်-စီ ပေါကြွယ်ဝသာ်။ သရက်သီးနှင့် သင်္ဘောသီးတို့သည် ဗီတာမင်-စီ ကို အဓိကပေးစွမ်းနိုင်သည်။ သရက်သီးကဲ့သို့သော လိမ္မော်ရောင် အသီးများတွင် ဗီတာ-ကယ်လိုတင်းဓာတ်များ ပါဝင်သဖြင့် ဗိတာမင်-အေ ကို တည်ဆောက်ပေးနိုင်သည်။ ထို့ပြင် လူကို အကျိုးပြုသည့် အင်တီအောက်ဆီဒေးရှင်းခေါ် အပင်ဆိုင်ရာ ဓာတုပစ္စည်းများလည်း ပါဝင်သည်။
********************************************************************
အသီးများ စားသင့်သောအချိန်---
     ထမင်းတနပ်နှင့် တနပ်ကြားအချိန် (သို့မဟုတ်) ထမင်းမစားမီ အချိန်များတွင် အသီးများကို စားသင့်သည်။ ညစာစားပြီးချိန်တွင်ကား မစားသင့်ချေ။
သရေစာများ---
     ဈေးကွက်တွင် အရောင်အသွေးစုံလင်သော သရေစာများ များပြားစွာ ပေါ်ထွက်နေသည်။ တရုတ်ပြည် တပ်မတော်ဆေးတက္ကသိုလ် ရှင်ချောင်ဆေးရုံမှ ကလေးအထူးကု ဆရာဝန်ကြီး ပါမောက္ခ ကျောက်ချုံမင်-က ကလေးများ မကြာခဏ သရေစာစားခြင်းသည် ကလေးများအတွက် အကျိုးမရှိဟု ပြောကြားလိုက်သည်။ 
သရေစာဟူသည် အသီးယိုမျိုးစုံ၊ ငါးမုန့်ကြော်၊ ပုစွန်မုန့်ကြော်၊ အာလူးကြော်၊ ပြောင်းဖူးပေါက်ပေါက် စသည်တို့ဖြစ်သည်။
အသားခြောက်၊ ငါးခြောက်မျိုးစုံနှင့် တာရှည်ခံအောင် ပြုလုပ်ထားသော ငါးခြောက်ကြော်၊ ဆိတ်သား ခြောက်ကြော်၊ အမဲသားခြောက်ကြော်၊ ၀က်သားမှုန့် စသည်တို့ပါဝင်သည်။ ယိုးဒယား အကင်မျိုးစုံ သကြားလုံး၊ ပီကေ၊ အချိုရည်ဘူး မျိုးစုံနှင့် ဂျယ်လီမျိုးစုံတို့လည်း ပါဝင်သည်။
ယင်းတို့မှာ အစားအသောက်များကို ထုပ်ပိုးသည့်အခါ ဖြည့်စွက်ဓာတုပစ္စည်းများ ပါဝင်လာသော သရေစာများ ဖြစ်သည်။ ဥပမာ-ဆေးသကြား၊ ဆိုးဆေး၊ မပုပ်မသိုးသော ဆေးတို့သည် အသီးယိုမျိုးစုံတွင် ပါဝင်နိုင်သကဲ့သို့ ဆိုးဆေး၊ အချိုမှုန့်၊ ယမ်းစိမ်း၊ ဆား များစွာတို့သည် အသားခြောက်၊ အချိုရည်များ၊ သကြားလုံး၊ ဂျယ်လီတို့တွင် ဆိုးဆေး၊ ဆေးသကြား၊ မပုပ်မသိုးဆေး၊ အမွှေးဆီများ ပါဝင်နိုင်သည်။
အသုံးပြုသော ဓာတုပစ္စည်းများသည် မည်မျှ လုံခြုံစိတ်ချရသည်ဟု ဆိုစေကာမူ လူ့ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေသည်မှာ ဧကန်ဖြစ်သည်။ အထူးသဖြင့် ကလေးသူငယ်များအတွက် ဆိုးကျိုးကို ပို၍ဖြစ်စေသည်ဟူ၍ ပါမောက္ခ ကျောက်ချုံမင်-က ပြောကြားသည်။
သရေစာများသည် အရသာကောင်းအောင် ဖန်တီးလေ့ရှိသည်။ အချိုများခြင်းသည်  ကလေးကို ၀စေနိုင်သကဲ့သို့ သွားများကိုလည်း ဖျက်ဆီးထိခိုက်စေလွယ်သည်။ ဆားများစွာ စားခြင်းသည် ကလေးများ၏ ကျောက်ကပ်ကို ၀န်ပိစေနိုင်သည်။ နှလုံးသွေးကြော ဖွဲ့စည်းမှုကိုလည်း ထိခိုက်စေနိုင်သည်။ အမွှေးအဆီနံ့ များခြင်းသည် ကလေးများ ဓာတ်မတည့်၍ ချောင်းဆိုး၊ ရင်ကြပ်ခြင်းကို ဖြစ်စေနိုင်သည်။
ပါမောက္ခ ဒေါ်ခင်ဖြူ (မြင်းခြံ) 
(မြတ်မင်္ဂလာ ၂၀၁၀-စက်တင်ဘာလ)
အတိုမကြည့်နဲ့ အရှည်ကြည့်
သံသရာဆိုတာ နိဗ္ဗာန်အထိ သွားရမယ့် ရုပ်နာမ်အစဉ်ကို ခေါ်တယ်။
ထိုခရီးအရှည်ကို ကြည့်တတ်ရင် တခါတခါ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေဟာ 
အဆန်းမဟုတ်တော့ဘူး။
ဒါကြောင့် ခရီးစဉ်မပျက်အောင် သွားတတ်တဲ့ အသိဉာဏ်သာ အရေးကြီးတယ်။
တဘ၀ကလေး၊ တခဏကလေး မကြည့်နဲ့၊ နိဗ္ဗာန်အထိ သွားရမယ့် သံသရာဘ၀အရှည်ကြီးကို ကြည့်ပါ။
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်) 
ကုသိုလ်တွေ စုထားကြ
လောကရဲ့ စည်းစိမ်ဥစ္စာ ရတနာတွေဟာလည်း တနေ့ထက်တနေ့ တနှစ်ထက်တနှစ် ဆိုသလို စုဆောင်းတဲ့အခါ များလာသလို
ထိုနည်းတူစွာ ကုသိုလ်အဖို့ကိုလည်း ဒီလိုပြုလုပ်သွားမယ်ဆိုရင် တဖြည်းဖြည်း များလာပြီး အကျိုးတရားတွေလည်း များပြားစွာ ရလာမှာ ဖြစ်တယ်။။
ဗဟန်း ညောင်တုန်းကျောင်းတိုက် ဆရာတော်
ရိုသေရမည်
* လူကြီးမိဘ၊ ရိုသေက၊ မုချ ကြီးပွားရာ။
* သူတော်သူမြတ်၊ တွေ့ကြုံလတ်၊ ခညွတ် ဆည်းကပ်ရာ။
* သူတော်စကား။ ကြားနာငြား၊ ကြီးပွား ချမ်းသာရာ။
* မိတ်ကောင်းနှင့်သာ၊ ပေါင်းသင်းပါ၊ မှန်စွာ ချမ်းသာရာ။
စစ်ကိုင်း ရွှေဟင်္သာဆရာတော်
သြ၀ါဒ
* ဗုဒ္ဓ၏အဆုံးအမများကို ဗုဒ္ဓသာသနာဟု ခေါ်သည်။
* ထိုအဆုံးအမများကလည်း ငါးပါးသီလအစ ၀ိပဿနာအဆုံး ဖြစ်သည်။
* ဗုဒ္ဓသာသနာသည် အကောင်းနှင့်အဆိုး နှစ်မျိုးကို ခွဲခြမ်းပြသည်။
   လောကီချမ်းသာနှင့် လောကုတ္တရာချမ်းသာ နှစ်ဖြာကိုလည်း လမ်းညွှန်ပြသည်။
* ထို့ကြောင့် ဗုဒ္ဓသာသနာနှင့် ကြုံကြိုက်ခိုက် အမြတ်ဆုံးဖြစ်သော လောကုတ္တရာချမ်းသာကို ရရှိအောင် 
ဘဒ္ဒန္တ ပညာနန္ဒ မဟာထေရ်
ရန်ကုန်တိုင်း လှိုင်မြို့နယ်၊ သာသနာ့ရောင်ခြည် ပရိယတ္တိစာသင်တိုက်
ပဓာနနာယကဆရာတော်
တိုင်းရင်းဆေး မေး+ဖြေ
( သန်ကောင်၊ တုတ်ကောင် ရောဂါ)
မိုးရာသီတွင် လှိုင်လှိုင်ပေါများ သီးပွင့်လာကြသော ရာသီစာများဖြစ်ကြသည့် ပိန္နဲသီး၊ သရက်သီး၊ မရမ်းသီး၊ ကနစိုးသီး စသည့် အအေးစာများနဲ့ အမှည့်လွန်စာများကို စားသင့်သည်ထက် ပိုမိုစားမိခြင်း၊ မိုးရေအထိများခြင်း၊ အအေးမိခြင်း၊ အစားအသောက်များ မသန့်ရှင်းခြင်း၊ အစာမကြေ လေပွခြင်း၊ မသန့်ရှင်း မစင်ကြယ်သော လက်များကြောင့် သန်ကောင်၊ တုတ်ကောင်များ စတင် အခြေစိုက်ရာအဖြစ်ကို ဖြစ်စေလေသည်။
Tuesday, February 22, 2011
သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ ( ၆ )
ဂါဒီးယန်း ဦးစိန်ဝင်းနှင့် ဒေါက်တာဦးနေ၀င်း-တို့မေး၍ အမရပူရ မဟာဂန္ဓရုံဆရာတော် ဖြေသည်။
(မေး)  တချို့အနောက်နိုင်ငံမှာ စိတ်ရောဂါတမျိုးဖြင့် ကိုယ့်အသက်ကို သေကြောင်းကြံကြ သေကြပါတယ်။ အဲဒါ ဗုဒ္ဓဘာသာတိုင်းပြည် အနေနဲ့တော့ တရားတော်အရ ဘယ်လိုပါလဲ။
(ဖြေ) 
ဗုဒ္ဓဘာသာတိုင်းပြည်မှာက ကိုယ့်ကိုယ်ကို သတ်လို့ရှိရင်။ အဖန်ငါးရာ သေရမယ်ဆိုတဲ့ လှန့်လုံးလေးက ရှိထားတယ်။
အဖန်ငါးရာဆိုတဲ့ လှန့်လုံးလေး---
သတ်လို့ကတော့ ကမ္ဘာငါးရာ နောက်ထပ်မလိုက်ပါဘူး။ ရှေးကရှိနေရင်သာ ဘ၀ငါးရာ လိုက်တာပါ။ ရှေးကမရှိရင်တော့ သေဖို့တော့ မလိုက်ပါဘူး။ ပြီးတော့ တခုက တရားတော်ထဲမှာ ဘုန်းကြီးတွေ ကိုယ့်ကိုယ်ကို မသတ်ရဘူး။ ဘယ်လောက် စိတ်ညစ်ညစ်၊ ကိုယ့်ကိုယ်ကို သတ်ရင် အာပတ်သင့်တယ်။ သေအောင် အစာငတ်မခံရဘူး။ ခုနကလို လည်ပင်းညှစ်သတ်တာတွေ ဘာတွေ မပြောနဲ့ အစာငတ်ကို မခံရဘူး။ အာပတ်သင့်တယ်။
မြန်မာတွေ သတ်သေတာနဲ့---
   အဲဒီလိုပဲ အဆက်ဆက်က တရားတွေရှိတော့ မြန်မာလူမျိုးများက ကိုယ့်ကိုယ်ကို သတ်ဖို့တော့ သိပ်မလွယ်လှဘူး။ ပြီးတော့ အထိုက်အလောက် ကံတို့ဘာတို့ ယုံကြည်ထားတာဖြစ်တော့ ကံကောင်းလို့ရှိရင် ပြန်ကောင်းဦးမှာပဲဆိုတဲ့ မျှော်လင့်ချက်ကလေးက ရှိတယ်။ ရှိတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့သူက အင်မတန်နည်းတယ်။ နိုင်ငံခြားမှာတော့ ဒီလိုမျှော်လင့်ချက်ကလည်းမရှိတော့ တရားကလည်း မရှိတော့ အို-သေတာပဲကောင်းတယ်၊ သေရင်သူတို့က ပြီးတယ်ထင်ပြီး တော့လေ သတ်ကြတယ်။ ဒါဟာ အတွေ့အကြုံ ဗဟုသုတလိုက်ပြီးတော့ ကွာသွားကြတာ။
*********************************************************************
(မေး) အနောက်နိုင်ငံ ရုပ်ဝါဒီသမားအချို့က ပြောပါတယ်။ စိတ်သည် အလွန်နူးညံ့သိမ်မွေ့သောရုပ်ပင် ဖြစ်တယ်လို့။
(ဖြေ) 
ခုနက ဘုန်းကြီး ပထမဟောတုန်းကပဲ ပြောသွားပြီ။ စိတ်မှာ အထည်ကိုယ် ရုပ်မရှိဘူးလို့ ပြောသွားပြီ။ သူတို့က မှန်းပြောတာ၊ ဗုဒ္ဓမြတ်စွာက တိုက်ရိုက်သိလို့ ဟောတော်မူတာ။
အထည်ကိုယ်မရှိ---
   ပြီးတော့ စိတ်ဟာလည်းပဲ အထည်ကိုတမျိုးပါပဲလို့ ဆိုတဲ့ဥစ္စာ။ ဒီကနေပြီးတော့ ဆိုပါတော့၊ အင်မတန်ဝေးတဲ့ မိမိနေခဲ့ဖူးတဲ့ ပညာသင်ကြားဖူးတဲ့နိုင်ငံခြားတခုခုကို မှန်းဆလိုက်ရင် ရုပ်ကသွားနေတာမဟုတ်ဘူး။ စိတ်ကလည်း ဟိုသွားတာမဟုတ်ဘူး။ ဒီကပဲ-အာရုံကို ယူလို့ရတယ်။ ပြီးတော့ရုပ်မှာ အထည်ကိုယ်ရှိတာလည်း ဓာတ်ကြီးလေးပါးက မ-တည်လို့ အထည်ကိုယ်ဖြစ်နေတာ။ စိတ်မှာ အဲဒီ-မ,တည်စရာ ဘာမှ မရှိဘူး။ ဓာတ်သဘောပဲရှိတယ်။ စိတ်ဆိုတဲ့ အသိဓာတ်သဘောရှိတယ်။ အထည်ကိုယ်မရှိပါဘူး။
ဘုန်းကြီးတို့က သနားမိ---
   ဒီတော့ ဘုန်းကြီးတို့က အဲဒါကြောင့် ဗုဒ္ဓမြတ်စွာရဲ့ဘာသာကို ပညာအဖြစ်နဲ့ လိုက်စားဖို့သိပ်ကောင်းပါတယ်။ အနောက်နိုင်ငံက ပညာရှိတွေလို့ ဆိုပေမယ့်လို့ ဗုဒ္ဓတရားကို မရတော့ဘူး။ သူတို့ ဉာဏ်မီသမျှ ခန့်မှန်းကြတာပါ။ အဲဒါကိုတော့ ဘုန်းကြီးတို့ သနားမိပါတယ်။ ဒီလောက်ဝေးသွား တာဟာ ဘာဖြစ်လို့တုန်းဆိုတော့ အခြေခံနည်းနည်းကွာသွားကြလို့ ဒီလိုဖြစ်ရတာပါ။
ဒါကြောင့် ဒီနိုင်ငံမှ အကယ်၍သာ ဗုဒ္ဓရဲ့တရားတော်ကို ဘာသာတမျိုးအဖြစ်နဲ့သာ လေ့လာကြလို့ ရှိရင် နို်င်ငံခြားက လူတွေအပေါ်မှာ ဆရာကောင်းကောင်း လုပ်လို့ရတယ်။
********************************************************************
(မေး) ဒီဘ၀မှ နောက်ဘ၀သို့ မည်သို့ကူးပြောင်းကာ စုတေစိတ်ကျသောအခါ စိတ်နဲ့ရုပ်တို့ နောင်ဘ၀သို့ မည်သို့ ကူးပြောင်းပါသနည်း။
(ဖြေ)
သိပ်မေးလို့ ကောင်းတာပေါ့။-ဒါ။
(မေး) အရှင်ဘုရား၊ နောက်ဆုံးနိဗ္ဗာန်ရောက်ပြီဆိုတာနဲ့ စိတ်နဲ့ ရုပ်တို့ မည်သို့အဆုံးသတ်ပါသလဲ။
(ဖြေ)
ဒါကြောင့်မို့ ပြဿနာနှစ်ခု ခွဲမေးတယ်။ 
ပြဿနာတခုတည်းကို နှစ်ခန်း၊ သုံးခန်း မေးလိုက်လို့ရှိရင် ဖြေရတာ၊ နားထောင်ရတာ ရှုပ်သွားလိမ့်မယ်။ ပထမမေးခွန်းက ဒီဘ၀က စိတ်တွေ၊ ရုပ်တွေ ပြောင်းသွားသလား၊ ဘယ်လိုလုပ်ပြီးတော့ နောက်ဘ၀ကို ကူးစက်သွားပါသလဲ၊ သိပ်လည်းမေးထိုက်တယ်။ သိပ်လည်း လေ့လာထိုက်တယ်။
စိတ်တွေ ရုပ်တွေ ဖြစ်ပျက်---
   ဘုန်းကြီးတို့ ခုနက စိတ်တွေဟာ ဖြစ်ပျက်၊ ဖြစ်ပျက်-ပြောခဲ့တယ် မဟုတ်လား။ ရုပ်တွေလည်းဖြစ်ပျက်-ဖြစ်ပျက်ပဲ။ ဒါကို ပထမဆုံး လက်ခံ-မခံ၊ ဒါ အရေးကြီးပြန်တယ်။ ဟုတ်တယ်၊ ဖြစ်ပြီးပျက်၊ ဖြစ်ပြီးပျက်၊ ဖြစ်ပြီးပျက်၊ လက်ဖျောက်တချက်တီးမှာ ကုဋေတသိန်းမက စိတ်တွေ အပြောင်းအလဲရှိတယ်ဆိုတာကို လက်ခံဖို့ ပထမဆုံးက ဘုန်းကြီးအခြေခံပြောခဲ့တယ်နော်။ စိတ်ဆယ့်ခုနစ်ချက်မှာ  ရုပ်တချက် ဖြစ်ပျက်တယ်ဆိုတော့၊ လက်ဖျောက်တချက်တီးမှာ ရုပ်ပေါင်းဘယ်လောက် အဖြစ်အပျက်ရှိရမယ်။ ဒါ သင်္ချာသမားတွေက တွက်လို့ရတယ်။ ဘုန်းကြီးပြောခဲ့ပြီနော်။
စိတ်ပြောင်းလွဲပုံ---
   အဲဒါ လက်ခံလို့ရှိရင် ခုန်ပြီးတော့ ပြောလိုက်မယ်။ ဒကာတို့ရဲ့ ခုစိတ်ဟာ ဆိုပါတော့ ခုန်ပြောမယ်။ တနာရီလောက်ဆိုတော့ ဘာမှ အစပ်မရှိတော့ဘူး။ တမျိုးပြောင်းချင်လည်း ပြောင်းလို့ရတယ်။ ပြောင်းချင်တိုင်း ပြောင်းနိုင်တယ်။ ဒီလို အဓိပ္ပါယ်မရဘူးလား။ လက်ဖျောက်တချက်တီး ကုဋေတသိန်းမက  အဖြစ်အပျက်ရှိတယ်ဆိုတော့ စိတ်ပြောင်းနိုင်တယ်။ ခုနကပဲ စကားပြောရာက မကျေနပ်စိတ်ဆိုတာ ဒေါသစိတ်၊ နောက်တော့ တောင်းပန်တော့ ကျေနပ်တယ်ဆိုတဲ့ ဥစ္စာကဘာတုံး၊ သောမနဿစိတ်၊ ချစ်လို့ရှိရင်လည်း လောဘစိတ်။ ဉာဏ်ရှိလို့ ရှိရင်လည်းပဲ ကုသိုလ်စိတ်၊ ဒီလိုဖြစ်မယ်။ ပြီးတော့ ဒီစိတ်ဟာ ခဏလေးတောင်မှ အပြောင်းအလွဲရှိတယ်နော်။
ဘုန်းကြီးကြိုးစားပြောနေတယ်---
   ဒီတော့ ဘုန်းကြီးတို့ ခုနက ပထမဆုံး လူ့ဘ၀မှာ ကံကြောင့် ရုပ်ကလေး ၃-ခု ဖြစ်တယ်လို့ ပြောကြတယ်မဟုတ်လား။ ကံဟာ ဘယ်လိုသဘောလဲဆိုတော့ ခု ဘုန်းကြီးပြောနေတဲ့ဥစ္စာဟာ ဒကာတို့ကို မူတည်ပြီးတော့ ပြောပေမယ့် ပရိသတ်တွေ နားလည်အောင် ဘုန်းကြီးကြိုးစားပြီးတော့ ပြောနေတယ်နော်။ ကြိုးစားတယ်ဆိုတာ ဉာဏ်နဲ့ကြိုးစားရတာပဲ။ အားနဲ့ခွန်နဲ့ ကြိုးစားရတာမဟုတ်ဘူး။ ဉာဏ်နဲ့ကြိုးစား ပြီးတော့ ပြောနေတာ။ အဲဒီပြောနေတဲ့အချိန်မှာစေတနာဆိုတဲ့ စေတသိက်ထဲမှာ လှုံ့ဆော်မှုတရား တခုပါတယ်။ ဒီလိုနားလည်စေချင်တယ်၊ နားလည်အောင်လည်း ပြောနေတယ်-ဆိုတဲ့ အခါမှာ ခုနက စိတ်-စေတသိက်တွေက တကလာပ် တကလာပ် သဘောမျိုးနဲ့ ပေါင်းဖြစ်တာ၊ အတူတူဖြစ်တာ။
ကံဆိုတာ ဘာတုံး---
အဲဒီ အတူတူဖြစ်တဲ့အထဲမှာ စေတနာက လှုံ့ဆော်မှုက အင်မတန်များနေတာ။ ဘုန်းကြီးရဲ့ လှုံ့ဆော်မှုက အင်မတန်များနေတယ်။ အဲဒီတော့ ဘာခေါ်တုံးလို့ဆိုတော့ ကံ-လို့ နာမည်သာတပ်တာပေါ့။ ဒီစေတနာပဲ။ ကံလို့ဆိုတာ ဘာတုံး၊ ကံက ဘယ်အဓိပ္ပါယ်တုံးဆိုတော့ အလုပ်။ ကောင်းသောအလုပ်ကို လုပ်နေတယ်။ အရင်းခံ ဘယ်သူတုံး၊ စေတနာ။ အရင်းခံ စေတနာကို ဘာခေါ်လိုက်မလဲ။ ကံလို့ ခေါ်လိုက်။ အမှန်တော့ အားလုံး အလုပ်တွေပဲ။ အားလုံးရဲ့ စိတ်-စေတသိက်တွေရဲ့ အလုပ်တွေပဲ။ အလုပ်ပေမယ်လို့ ဒီအထဲ ဘယ်သူက ဗျာပါရများနေတုံးဆိုတော့ ဘုန်းကြီးတို့ရဲ့ စေတနာက ဗျာပါရသိပ်များတာပဲ။ လူတွေသိစေချင်တာက အဲဒီဟာ ကံလို့ခေါ်တယ်။
ကံတရားလည်းပျက်---
   ဒါဖြင့် လက်ဖျောက်တချက်တီးမှာ ကုဋေတသိန်းမက ဖြစ်တယ်ဆိုတော့ အဲဒီကံတွေဟာလည်း ကုဋေတသိန်းမက ဖြစ်မှာပေါ့။ မဖြစ်ပေဘူးလား။ စေတနာတွေကလေ ကုဋေတသိန်းမကဖြစ်တော့ ဖြစ်ဆိုရင် ပျက်သွားမှာပေါ့၊ ဟုတ်ပေဘူးလား။ ဆိုပါတော့၊ ပရိသတ်ကြီးတွေလည်း ပြန်သွားကြပြီ။ ဘုန်ကြီးလည်း နားနားနေနေနဲ့ နေတယ်။  လာတဲ့သူတွေ ဟိုစကားပြော ဒီစကားပြောနေတယ်ဆိုတော့ ဒီကံဟာ အဲဒီနောက်က အချိန်မှာ ရှိသေးသလား၊ မရှိဘူးနော် မရှိဘူး။
ကမ္မသတ္တိ---
   ဒါဖြင့် ပြီးပြီးပျောက်ပျောက်လား၊ ဒီမှာ သိလိုက်ဖို့ကောင်းတာ၊ ပြီးပြီးပျောက်ပျောက်လားဆိုတော့ ဗုဒ္ဓမြတ်စွာက ကမ္မသတ္တိ၊ ခုနက စေတနာရဲ့သတ္တိကို ဟောတော်မူတယ်။ စေတနာရဲ့ သတ္တိဟာ ပဋိသန္ဓေစိတ် ၀ိပါက်စိတ် ဖြစ်တယ်။ စေတနာကံက ဟိုမှာသွားပြီး အကျိုးပေးတာ။ ခုနက ကမ္မဇကလာပ် ၃-စည်းဆိုတာ ဒီစေတနာက သွားပြီးတော့ အကျိုးပေးတာ။ ခု စေတနာမျိုးကို ဘုန်းကြီးမှာ တဘ၀တည်း အကောင်းစေတနာတွေ မနည်းဘူး။ မရှိပေဘူးလား။ မကောင်းစေတနာတွေလည်း မနည်းဘူး၊ မရှိပေဘူးလား။ ပြီးတော့ ဟိုဘက်ဘ၀များစွာကလည်း အကောင်းစေတနာတွေ မနည်းဘူး၊ မကောင်းစေတနာတွေလည်း မနည်းဘူး။ ရှိတယ် ဒါတွေဟာ အကုန်လုံးချုပ်တယ်။ ဘုန်းကြီးလည်း မမှတ်မိတော့ဘူး။ မမှတ်မိတော့ သူတို့ အကျိုးပေးနိုင်သလား။ ဗုဒ္ဓမြတ်စွာက စေတနာဆိုတဲ့ ကံဟာ ချုပ်သွားတယ်။ မှန်တယ်။ ပျောက်သွားတယ်။ ကိုယ်တောင် မမှတ်မိဘူး။ ဟိုဘ၀များစွာက ပြုတဲ့ဥစ္စာတွေ ဘယ်နည်းနဲ့မှ မမှတ်မိဘူး။ သို့ပေမယ့် ဘာကျန်နေတုံးဆိုတော့ ကမ္မသတ္တိ ကျန်နေတယ်။ ဒီကမ္မသတ္တိက အင်မတန်ကောင်းတယ်။ သတ္တိအင်မတန် ကျန်နေတယ်။ သတ္တိချင်းမတူဘူး။
ဘာဖြစ်လို့ ကမ္မသတ္တိကျန်မှန်း သိရတုံးဆိုတော့ ဘုရားရှိခိုးနေတဲ့လူ ဆယ်ယောက်လောက်မှာပဲ တယောက်က စေတနာ သိပ်ထက်သန်တယ်။ တယောက်က ပထမလူလောက် မထက်သန်ဘူး၊ ဒုတိယလူလောက် နောက်တယောက်က မထက်သန်ဘူး။ အဲဒီလူက တတိယဖြစ်သွားပြန်ပြီ။ စေတနာက ဆယ်ယောက်မှာ စေတနာ ၁၀-ခု တန်းထားလိုက်၊ စိတ်ကူးနဲ့ အကုန်လုံး ချုပ်သွားတာပဲ။ သို့ပေမယ့် သတ္တိချင်း မတူဘူး။ လိုက်နေတာပါ။ ကမ္မသတ္တိလို့ခေါ်တယ်။ ဒါကို သိဒ္ဓေယျသိဒ္ဓ။ ဘုရားကို ယုံကြည်ပြီးတော့ နောက်အနုမာနနဲ့ ယုံကြည်ရမှာရှိတယ်လေ။ အဲဒီတော့ လိုက်ပြီးတော့ လာနေတာ၊ ဘုန်းကြီးတော့ မသိဘူးပေါ့၊ ဒါပေမယ်လို့ ဘုန်းကြီးရဲ့ ခန္ဓာအစဉ်မှာတော့ သူကလိုက်နေတယ်။
သတ္တိတွေ ဘယ်လိုလုပ်လိုက်နေတုံး---
   သတ္တိတွေ အများကြီး၊ အဲဒီသတ္တိတွေအများကြီးထဲက စိတ်တခုချင်းချုပ်သွားလို့ရှိရင် သတ္တိတွေက ဘယ်လိုလိုက်နေတုံးဆိုတော့ ဘ၀များစွာက ပြုလာတဲ့ကမ္မသတ္တိ ဒီမှာလည်း ပါနေတယ်ဆိုပါတော့။ စိတ်မှာလည်းပဲ စိတ်မှာ၊ ရုပ်မှာလည်းပဲ ပါနေတယ်။ စိတ်ချုပ်သွားပြန်၊ ရုပ်ချုပ်သွားပြန်တော့ ဒီစိတ် ဒီရုပ်ထဲမှာ သတ္တိက ပါနေတယ်။ သတ္တိလိုက်နေတာ။ အခုဘုန်းကြီးပြောတာ နားလည်သလား။ စိတ်တွေ ရုပ်တွေ ချုပ်သွားပေမယ့်လို့ ကမ္မသတ္တိက လိုက်ပြီးတော့ နေတယ်။ သတ္တိကနော်၊ အရာဝတ္ထု မဟုတ်ဘူးနော်၊ သတ္တိနော်။
ဒေါက်တာနှစ်ဦး မတူ---
   ဆိုပါတော့။ ဒေါက်တာဟာ လူမမာကို စိတ်ချမ်းသာအောင် လုပ်တတ်တဲ့သတ္တိ ရှိတယ်။ အပြောကလေးနဲ့ ပြောတတ်တယ်။ သူက ချိုချိုလေးပြောလိုက်ရင် ဟိုက သဘောကျ၊ ဒါ သတ္တိပဲ။ လူတိုင်း ဒီလိုပြောတတ်ရဲ့လား။ သတ္တိရှိရဲ့လား။ သူက ဆေးတို့ဘာတို့ ထိုးပေးခါနီးမှာ ဒီဆေးလေးဟာလေ ဆိုပါတော့ နှမရယ်၊ ဒီဆေးကလေး သောက်လိုက်လို့ရှိရင် စိတ်တွေချမ်းသာပြီးတော့ ရုပ်တွေ ကောင်းလာမှာပါ။ အပြောကောင်းတော့ သောက်ပြန်ရော၊ မသောက်ချင်ဘူးဆိုပေမယ့် အဲဒါတွေက သတ္တိတွေပါလာတာ။ အဲဒီသတ္တိဟာ ဘယ်ကရတုံးဆိုတော့ အမေအဖေက သင်ပေးလိုက်တာ မဟုတ်ဘူး။ ဘ၀များစွာက လိုက်နေတာ။ ပြုခဲ့တဲ့ဘ၀က ကောင်းတဲ့ကမ္မသတ္တိတွေက လိုက်နေတာ။ တယောက်တော့ ဒီလိုသတ္တိတွေက သိပ်ပြီးမထင်ရှားတော့ သောက်ချင်သောက်၊ မသောက်ချင်နေလေ။ ၀တ္တရားအတိုင်း ပြောတဲ့ဥစ္စာ။ ဒီဆေးထိုး၊ မခံချင်ဘူးလား၊ မခံချင်ဘူး၊ အရူးက မခံချင် မထိုးဘူး။ ငါကတော့ ၀တ္တရားပဲ ပြီးပြီးတာပဲ။ ဒီမှာ သူက သတ္တိက သိပ်မလိုက်လာဘူး။ (ရှေ့လဆက်ရန်)
မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ
(မြတ်မင်္ဂလာ ၂၀၁၀-ဇွန်လ)
E-Bahusuta ( 3 )
E-Bahusuta                                                              
ဝိပဿနာ အကျိုး ( ၃ ) (၂၀၁၀-၈)
Vippassana Akyo (Myat Mingala 2010-8                                                              
အကောင်းအဆိုး ကံ
ပစ္စည်းဥစ္စာဆိုတာလည်း ခဏပိုင်တာပဲ ဖြစ်တယ်။ 
အချိန်ကျတော့ အားလုံးထားပစ်ခဲ့ပြီး တကိုယ်တည်း သွားကြရမှာပဲ။
အချစ်ဆုံးဆိုတဲ့ ခန္ဓာကိုယ်တောင် ထားခဲ့ကြရမယ်။
ကိုယ်ပြုသမျှ အကောင်းအဆိုးကံကိုသာ ယူသွားကြရမှာဖြစ်တယ်။
အရှင်ဇနကာဘိဝံသ
(မဟာဂန္ဓာရုံဆရာတော်)
ဤသာသနာ ကောင်းစွာတွေ့ကြုံ ဘ၀ဂုဏ်
* ပညာနည်းပါး၊ သဒ္ဓါရှား၊ စွမ်းအားမစုံက။
* ကောင်းတာမြင်လဲ၊ မတွေ့ဘဲ၊ ချွတ်လွဲတတ်ကြရ။
  ( ကောင်းတာကြုံလဲ၊ မကြိုက်ဘဲ၊ ချွတ်လွဲတတ်ကြရ )။
* ပညာပေါများ၊ သဒ္ဓါပွား၊ စွမ်းအားပြည့်စုံက။
* ဤသာသနာ၊ ကောင်းစွာတွေ့ကြုံ၊ ဘ၀ဂုဏ်၊ ပြည့်စုံအေးချမ်းရ။
တိပိဋက ယောဆရာတော်
၄၅-နှစ် ရဟန်းသက်စာအုပ်မှ
သံဝေဂ
* သင့်အသက်တွေ ကြီးနေပြီ၊
   လောဘ-ဒေါသ-မောဟတွေ ကြီးနေတုန်းပဲလား။
* သင့်သွားတွေ ကျိုးနေပြီ၊
   မာန်မာနတွေ မကျိုးသေးဘူးလား။
* သင့်အသားတွေ တွန့်နေပြီ၊
   မကောင်းမှုမှာ မတွန့်သေးဘူးလား။
* သင့်အင်အားတွေ လျော့ပါးနေပြီ၊
   သင့်တဏှာဆန္ဒတွေ မလျော့သေးဘူးလား။
* သင့်ဆံပင်တွေ ဖြူကုန်ပြီ၊
   သင့်စိတ်တွေ မဖြူသေးဘူးလား။
* သင့်မျက်စိတွေ မှုန်ဝါးနေပြီ၊
   သင့်နိဗ္ဗာန်လမ်းရော မှုန်ဝါးနေတုန်းပဲလား။
ကြောက်စရာ့ အကြွေး
မိုးဦးကျရာသီ၏ တခုသော နံနက်အစောတွင်ဖြစ်သည်။ မလှလူသည် ရွာဦးဘုန်းတော်ကြီးကျောင်းက အုန်းမောင်းခေါက်သံကြားသည်နှင့် အိပ်ရာမှထခဲ့သည်။
ခင်ပွန်းဖြစ်သူ ကိုသာလှ ယာတောမသွားမီ ထမင်းထုပ်ပေးရန် မီးဖိုချောင်ဝင်၍ ချက်ပြုတ်နေစဉ်-
လှလူရေ-ဟေ လှလူ၊ ခွေးကြည့်ပါဦး။
ခြံတံခါးဆီက ခေါ်သံကြား၍ မလှလူ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။
ဟဲ့--စောစောစီးစီး ဘယ်သူများလဲလို့ အေးဘုံကိုး၊ ဘာအရေးကြီးကိစ္စရှိလို့တုန်း။ 
ဒီမနက် နှမ်းကြဲချင်လို့ နှမ်းနှစ်ပြည်လောက် ချေးပါဦး၊ နောင်ခါ နှမ်းပေါ်ရင် ထုံးစံအတိုင်း ပြန်ပေးပါ့မယ်။ 
နှစ်စဉ် မျိုးစေ့ထုတ်ပေးနေကျလည်းဖြစ်ပြီး သီးနှံပေးချိန်တွင် သုံးဆတိုးပြန်ပေးရာမှာလည်း ကတိတည်သူ ဖြစ်သောကြောင့် မအေးဘုံကို နှမ်းနှစ်ပြည်ချိန်ပေးလိုက်သည်။
မအေးဘုံသည် ယောင်ပေယောင်ပေ ဖြစ်နေသော သားဖြစ်သူ ဖိုးလုံးကို နှမ်းပေါ်လျင် ရှင်ပြုပေးချင် နေသည်။
သည်နှစ် နှမ်းက မိုးလေညီညွတ်သဖြင့် အတော်ကလေးကောင်းသည်။ တချို့နေရာများတွင် အ၀ါရောင်ဖက် သန်းနေပြီ၊ မကြာမီ ရိတ်သိမ်းရတော့မည်။ မအေးဘုံ စိတ်ကူးယဉ်ထားသည့်အတိုင်း သားတော်မောင် ရှင်ပြုပွဲ နွှဲရတော့မည် ထင်ပါသည်။ 
ခုတလော မအေးဘုံတယောက် နေ့စဉ်လိုလို နှမ်းခင်းသွားကြည့်သည်။ ဒီနေ့နံနက် နှမ်းခင်းမှ စိတ်ကူးယဉ်ပြီး ပြန်လာခဲ့စဉ်-
အမယ်လေး၊ ဘာကောင်ကိုက်မှန်းမသိဘူး။
မအေးဘုံ၏နှုတ်မှ အလန့်တကြား အော်လိုက်သည်။ ၀ဲဘက်ခြေဖမိုးပေါ်မှ မျက်ခနဲ ဖြစ်သွားခဲ့သည်။ အနီးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မြွေပွေးတကောင်ကို တွေ့ရသည်။ မအေးဘုံ မျက်လုံးအိမ်တခုလုံး ပြာဝေသွားခဲ့သည်။ မြင်ကွင်းအားလုံး ပတ်ချာလည်သွားသလားထင်ရသည်။ ခန္ဓာကိုယ် ယိမ်းထိုးလာသဖြင့် အံကြိတ်၍ ထိန်းထားစဉ် ရုတ်ချည်းခွေလဲကျသွားခဲ့လေသည်။
မကြာမီ မြွေဆိပ်ကြောင့် မအေးဘုံတယောက် အသက်ပျောက်သွားခဲ့ပါတော့သည်။
=======
သည်နေ့ည ဘယ်လိုဖြစ်နေသည် မသိ။ မလှလူတယောက် အိပ်၍ မပျော်ဘဲဖြစ်နေသည်။ ညလုံး နီးပါး မျက်စိများက ကြောင်နေသည်။ လင်းခါနီးလောက်မှ မှေးခနဲ အိပ်ပျော်သွားခဲ့သည်။
လှလူ၊ ငါ ညည်းတို့နဲ့ လာနေမယ်နော်၊ ညည်းကြိုက်သလို ခိုင်းပါအေ၊ ငါချေးထားခဲ့တဲ့ နှမ်းနှစ်ပြည်အတွက် အကြွေးလာဆပ်တာပါ။
အသံက မအေးဘုံအသံ၊ မြင်ရသည့် မြင်ကွင်းက အေးဘုံမဟုတ် ချိုနှစ်ဖက်ထောင်ပြီး ထိပ်၌ အဖြူအမည်း ရောစွက်ထားသည့် နွားမကြီးတကောင် ဖြစ်နေသည်။
နံနက်မိုးလင်းပြီဖြစ်၍ မလှလူ အိပ်ရာမှထခဲ့သည်။ ရေဆာနေသဖြင့် ရေအိုးစင်မှရေကို တ၀ကြီး သောက်အပြီး-
အေးဘုံရယ်၊ နှမ်းနှစ်ပြည်အတွက်နဲ့တော့ နွားအဖြစ်လာပြီး အကြွေးမဆပ်ပါနဲ့။ ငါ ကျေနပ်ပါတယ်။ 
အို-ဘုရား၊ ဘုရားတပည့်တော်မ အိပ်မက်မဟုတ်ပါစေနဲ့ လွဲပါစေ ဖယ်ပါစေ။
မကြာမီ မလှလူတို့အိမ်က နွားမကြီး မွေးပြီး သားတင်သွားခဲ့သည်။ တိုက်ဆိုင်မှုဟု ဆိုရမည်လားမသိ။ ထိုနွားမကြီးမွေးသော နွားကလေးမှာ အိပ်မက်ထဲက  နွားမလေးအတိုင်း ပုံတူမွေးလာခဲ့လေသည်။ 
မလှလူသည် မအေးဘုံတဖြစ်လဲ နွားမလေးကို ဘာမှ မခိုင်းဘဲ ဘေးမဲ့ပေးထားခဲ့သည်။ သို့သော် နွားမလေးက အလကားမနေဘဲ အိမ်ရှိ ပစ္စည်းများကို စောင့်ရှောက်သည်။ ညညဆို အိပ်သည် မရှိ၊ ချွတ်ချွတ်သံကြားတိုင်း ခေါင်းထောင်ကြည့်ခဲ့သည်။
နွားမလေးသည် မလှလူတို့ မိသားစုအပေါ် လူတဦးတယောက်ပမာ အလိုက်သိစွာဖြင့် သံသရာကြွေး ပြန်လည်ပေးဆပ်နေခဲ့သည်။ ပုဂ္ဂိုလ်ရေးအရ တင်ရှိနေသော အကြွေးကား ကြောက်စရာပင်ဖြစ်ပါတော့ သတည်း။ 
ခင်မောင်တင် (၀ဲလောင်)
(မြတ်မင်္ဂလာ ၂၀၁၀-သြဂုတ်လ)
Monday, February 21, 2011
အိပ်ဆေးမစားဘဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းများ
လူအပါအ၀င် သတ္တ၀ါအားလုံးအတွက် မရှိမဖြစ်လိုအပ်သော မရှောင်လွှဲနိုင်သော အလုပ်သုံးခုမှာ စားခြင်း၊ အိပ်ခြင်းနှင့် မေထုန်မှီဝဲခြင်းတို့ ဖြစ်သည်။ လူ့ခန္ဓာကိုယ်အတွက် အခြေခံလိုအပ်ချက်များဟူ၍လည်း သိပ္ပံပညာရှင်များနှင့် လူမှုရေးပညာရှင်များက ပြောဆိုကြသည်။
ထိုမရှောင်လွှဲနိုင်သော အလုပ် ၃-ခုအနက် စားခြင်းမှာ တခါတရံ ထိန်းသိမ်း၍ရ၏။ မေထုန်မှီဝဲခြင်းမှာလည်း ရှောင်လွှဲ၍ရ၏။ အိပ်ခြင်းကိုမူ မည်သူမျှ အကြာကြီး ရှောင်၍မရပေ။
လူတို့သည် အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်ဖြစ်နိုင်၏။ အိပ်မရဖြစ်နိုင်၏။ ထိုအခါ အိပ်မရသော် အိပ်ဆေးများ သုံးလာကြသည်။ 
အမေရိကန်နိုင်ငံ၌ တနှစ်လျှင် အိပ်ဆေးတန်ချိန် ၆၀၀-ကျော်မျှ ရောင်းချရ၏။ အမေရိကန်လူမျိုး သန်း ၅၀-ကျော်သည် အိပ်ဆေးမစားရပါက အိပ်၍မရဟု သိရသည်။ အိပ်ပျော်စေရန် သုံးသော ဆေးများမှာ ကမ္ဘာပေါ်တွင် လူသုံးအများဆုံးဆေးများ ဖြစ်ပါသည်။
အောက်ပါလုပ်ဆောင်ချက်များသည် အိပ်ဆေးမစားဘဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းများ ဖြစ်ပါသည်။
(၁) အိပ်ရာမ၀င်မီ ရေချိုးခြင်း။
အိပ်ရာမ၀င်မီ ရေချိုးခြင်းမှာ လူကို လန်းဆန်း၍ သန့်စင်စေသလို အိပ်ရာဝင်သောအခါ၌ အိပ်ပျော်စေ၏။ ပူအိုက်သောရာသီတွင် ရိုးရိုးရေကို ချိုး၍, ချမ်းအေးသောရာသီတွင် ရေနွေးဖြင့်စပ်၍ ချိုးပါက အရေပြားသို့ သွေးအရောက်များပြီး အိပ်ပျော်စေနိုင်ပါသည်။
(၂) အိပ်ရာမ၀င်မီ တူရိယာဂီတ နားထောင်ခြင်း။
အိပ်ရာမ၀င်မီ ငြိမ့်ညောင်းသာယာသော ဂီတသံများ နားထောင်ခြင်း၊ ပျော်ရွှင်ဖွယ်၊ စိတ်ငြိမ်းချမ်းဖွယ် ရုပ်ရှင်၊ တယ်လီဗေးရှင်းဇာတ်လမ်းများ ကြည့်ရှုခြင်းမှာ စိတ်ကို လန်းဆန်း၍ လူကို အိပ်ပျော်စေပါသည်။
(၃) စာဖတ်ခြင်း။
အိပ်ရာမ၀င်မီ မိမိစွဲမက်သော ၀တ္ထုစာအုပ်များကို ဖတ်၍ အိပ်ပါက အိပ်၍ပျော်စေပါသည်။
(၄) စိတ်လျော့ခြင်း။
မအိပ်မီ စိတ်လျော့ခြင်း၊ တရားထိုင်ခြင်း၊ အနင်းအနှိပ် ခံခြင်းများသည်လည်း အိပ်၍ပျော်စေပါသည်။
(၅) နွားနို့ပူပူသောက်ခြင်း။
အိပ်ရာမ၀င်မီ နွားနို့(သို့) အိုဗာတင်း၊ မိုင်လို စသည်တို့ကို ခပ်ပူပူ ခပ်နွေးနွေး တခွက်သောက်ပါက အိပ်ပျော်စေသည်။ ဗိုက်လည်းပြည့်၊ သွေးလည်ပတ်မှုနှင့်လည်းညီ၊ အာဟာရလည်းရသဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပေသည်။
(၆) ကခုန်ခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း။
အိပ်ရာမ၀င်မီ နာရီဝက်၊ တနာရီခန့် ကခုန်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် လူ၏ကြွက်သားများကို ပျော့ပျောင်းစေပြီး သွေးလည်ပတ်မှုကို ကောင်းစေသည်။ ကိုယ်ခန္ဓာမှ အညစ်အကြေးများကိုလည်း ထွက်စေသည်။ ထိုသို့ပြုလုပ်ပြီးနောက် ရေချိုးပြီး အိပ်ရာဝင်ပါက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါသည်။ 
အကိုး။ ဒေါက်တာမောင်မောင်ညို (အံပဖွယ်သုတစာစောင်)
ဆေးဖက်ဝင်သော ထူးခြားသည့် ငှက်ပျောသီး
ငှက်ပျောသီးတွင် သဘာဝအချိုဓာတ် ၃-မျိုး ပါဝင်သည်။ ယင်းတို့မှာ စူးကရို့စ်၊ ဖရပ်တို့စ်နှင့် ဂလူးကို့စ်တို့ ဖြစ်ကြလျက် ဖိုက်ဘာခေါ် အမျှင်ဓာတ်များလည်း ရောနှောပါဝင်သည်။ ငှက်ပျောသီးသည် ရုတ်ချည်း အားအင်တိုးမြှင့်သွားစေ၍ အားအင်ကိုလည်း ကြာရှည်ထိန်းထားနိုင်စွမ်း ရှိပေသည်။
သုတေသန စမ်းသပ်တွေ့ရှိချက်အရ ငှက်ပျောသီးနှစ်လုံးသည် အင်အားများစွာလိုအပ်သော မိနစ်ကိုးဆယ်ကြာ လေ့ကျင့်ခန်းကို မနားတမ်း လုပ်နိုင်ပြီး အင်အားအပြည့်အ၀ပေးနိုင်သည်ဟု သက်သေခိုင်လုံစွာ ပြနိုင်ခဲ့သည်။ အင်အားပြည့်ဖြိုး ကျန်းမာသန်စွမ်းစေရုံမက မဖျားမနာစေရန်လည်း တားဆီးကာကွယ်ပေးသည်။
ငှက်ပျောသီးတွင် ဗီတာမင် B, B6, B12, ပရိုတိန်းဓာတ်၊ သံဓာတ်၊ ပိုတက်စီယမ်ဓာတ်၊ အမျှင်ဓာတ်၊ မက်ကနက်စီယမ်ဓာတ်နှင့် အခြားဗီတာမင်များ များစွာပါဝင်သည်။
 အင်္ဂလန်ပြည်သစ် ဆေးပညာဂျာနယ်၏ တင်ပြချက်အရ ငှက်ပျောသီးကို ဓာတ်စာအဖြစ် အမြဲစားသုံးသူသည် လေဖြတ်ရောဂါဖြစ်မည့်ဘေးမှ ၄၀-ရာခိုင်နှုန်းထိ လျှော့ကျစေနိုင်သည်ဟု ဖော်ပြထားသည်။ 
အမျှင်ဓာတ်များစွာ ပါဝင်သဖြင့် အစာကြေလွယ်ပြီး ၀မ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးသည်။ ထို့အပြင် စိတ်ကျရောဂါ၊ သွေးအားနည်းရောဂါ၊ သွေးတိုးရောဂါ၊ မက်ခရုနာ၊ အရက်နာကျခြင်း၊ ရင်ပူရင်ဆာဖြစ်ခြင်း၊ လေဖြတ်ခြင်းနှင့် အခြားရောဂါများကိုလည်း ကာကွယ်ပေးသည်။
ဆေးဖက်ဝင် ငှက်ပျောသီး(ဒေါက်တာသိမ်း) မှ 
မေတ္တာရောင်ပြန်
လွန်ခဲ့သော ၁၅-နှစ်ခန့်က ဖြစ်သည်။ ကျောက်ပန်းတောင်းမြို့နယ် လက်ပန်ကျင်းညောင်ရွာ၌ အဘိုးဦးထွန်းရှင်နှင့် အဘွားဒေါ်အုံးမြတို့ နေထိုင်ကြသည်။
အဘိုးအဘွားတို့သည် သမီးသုံးဦးရှိရာတွင် အငယ်ဆုံးသမီးဖြစ်သူ မကြည်ဌေးနှင့်သာ နေထိုင်၏။ မကြည်ဌေးသည် အလယ်တန်းပြ ဆရာမဖြစ်၍ ရွာနှင့် ၂-မိုင်ကျော်ခန့်ဝေးသော ကျောင်းသို့ နေ့စဉ်လိုလို သွားရ၏။ အဘိုးဦးထွန်းရှင်သည် အသက်အရွယ်ကြီးလာ၍ လယ်ယာလုပ်ငန်းများကို ကိုယ်တိုင်မလုပ်နိုင်၊ အလုပ်သမားများကိုသာ ငှါးရမ်းပြီး ကြီးကြပ် စေခိုင်းနေရ၏။ 
တနေ့ အဘိုး ဦးထွန်းရှင်သည် ပျိုးကြဲထားသော ယာခင်းများကို ကြည့်ရှုရန် တံစဉ်တချောငှ်းင့် ခြင်းတောင်းတလုံးကိုယူကာ အိမ်မှထွက်လာခဲ့သည်။
အဘိုး ဦးထွန်းရှင်သည် ယာခင်းထဲသို့ ရောက်သောအခါ ပေါင်းမြက်များကို နုတ်ယူရှင်းလင်းနေစဉ် မိမိယာခင်းနှင့် မလှမ်းမကမ်းတွင် လူအများ စုရုံးနေပြီး နွားသံ၊ လူသံ ရောယှက်နေသော အသံစုံကို ကြားရသောကြောင့် သွားရောက်ကြည့်ရှုသည်။ ထိုအခါ နွားမတကောင်ကို သတ်ဖြတ်ရန် ပြင်ဆင်နေသော အနိဋ္ဌာရုံကို မြင်တွေ့ရသဖြင့် စိတ်မကောင်းကြီးစွာဖြစ်ရသည်။
နွားသတ်သမားများသည် နွားမကို သတ်ဖြတ်ရန် နှာခေါင်းကြိုးနှင့် လည်ပင်းကြိုးကို သစ်ပင်နှင့်တွဲပြီး တင်းကျပ်စွာ ချည်နှောင်နေကြသည်။
အခြားသောသူများကလည်း နွားမကို ရုန်းထွက်မပြေးနိုင်အောင် ရှေ့ခြေထောက်နှင့် နောက်ခြေထောက် တို့ကို သစ်လုံးတပ်လျက် ကြိုးဖြင့်ချည်နှောင်နေကြသည်။ နွားသတ်ခေါင်းဆောင်ကလည်း နွားမ၏ ဦးခေါင်းကုပ်ဆက်ကို ထုသတ်ရန် ပုဆိန်ဖြင့် အဆင်သင့် ချိန်ရွယ်ထားသည်။
နွားမငယ်သည် သေရမည်ကို ကြောက်လန့်၍ မျက်စိနှစ်ဖက် နီရဲလျက် မျက်ရည်များ ဖြိုင်ဖြိုင်စီးကြကာ အသံကုန်ဟစ်၍ အော်နေရှာသည်။ အဘိုးဖြစ်သူ ဦးထွန်းရှင်သည် အမှတ်တမဲ့ နွားမငယ်အနီးသို့ ချဉ်းကပ်မိရာ အန္တရာယ်ပြုမည့် လက္ခဏာမပြ၊ အဘိုးဦးထွန်းရှင်၏ လက်ကိုလျှာဖြင့် ပွတ်သပ်လျက် အသက်ဘေးမှ ကယ်တင်ပေးပါဟူသော အမူအရာဖြင့် အော်၍ တောင်းပန်နေသယောင်ဖြစ်သည်။
အဘိုးဦးထွန်းရှင်သည် ငါရှိလျက်နှင့် ငါ့ရှေ့မှာ ဒီနွားမလေး မသေစေရ၊ အသက်ဘေးမှ မရရအောင် ကယ်တင်ပေးမည်-ဟု ဆုံးဖြတ်လိုက်သည်။ နွားသတ်သမားများအား ဒီနွားမကို မသတ်ကြရန်နှင့် ကြိုက်သည့်ဈေးဖြင့် ရောင်းချပေးရန် ပြောဆိုပြီး ဈေးမဆစ်ဘဲ ၀ယ်ယူခဲ့သည်။ အိမ်ရောက်သောအခါ မြက်ကို ကိုယ်တိုင်ခုတ်စဉ်းလျက် နှမ်းဖတ်နှင့်ရောကာ နွားမလေးကို ကောင်းမွန်စွာ ကျွေးမွေးလေသည်။
အဘိုး ဦးထွန်းရှင်သည် နွားမလေးကို ကယ်တင်လိုက်ချိန်မှစ၍ ယနေ့အထိ အမဲသားကို လုံးဝမစား တော့ပေ။ အသက်ရှင်နေသရွေ့ ဘယ်သောအခါမှ မစားတော့-ဟု ယတိပြတ် ဆုံးဖြတ်လိုက်သည်။
အဘိုးဦးထွန်းရှင် ၀ယ်ယူသည့်အချိန်မှစ၍ ယနေ့အချိန်အထိ နွားမလေးက နွားသားပေါက် ၁၃-ကောင် တိတိ မွေးဖွားပေးခဲ့သည်။ မွေးဖွားပေးခဲ့သောနွားများအားလုံး နွားမတကောင်မျှမပါဘဲ လယ်ယာလုပ်ငန်းတွင် အသုံးပြု၍ရသော နွားလား (နွားထီး)များကိုသာ မွေးဖွား၍ ကျေးဇူးဆပ်ခဲ့သည်။ အရွယ်ရောက်ပြီးသော နွားထီး(ခိုင်းနွား)တကောင်၏ တန်ဖိုးမှာလည်း ကျပ်ငါးသိန်းကျော်ခန့်ဖြစ်သည်။
အဘိုးဦးထွန်းရှင်သည် အသက်အရွယ်ကြီးလာ၍ နွားစာကို ကိုယ်တိုင် ရှာဖွေမကျွေးနိုင်သောအခါ နွားကျောင်းသားများကို အခကြေးငွေပေး၍ ထိန်းကျောင်းစေခဲ့သည်။ နွားမလေးသည်လည်း အသက်အရွယ်အိုမင်းလာ၍ အခြားနွားများနှင့် အတူ နွားစားကျက်သို့လိုက်ပါ၍ မစားသောက်နိုင်။ ဤသောအခါ ကျေးရွာရှိ လူအများက ရောင်းချပစ်ရန် အမျိုးမျိုးတိုက်တွန်း ပြောကြားကြသည်။ သို့သော် အဘိုးဦးထွန်းရှင်က လုံးဝမရောင်းပေ။
ဘာမျှ မျှော်လင့်ချက်မထားဘဲ နွားမ၏ အသက်ချမ်းသာရေးဟူသော မေတ္တာနှင့် စိတ်ထားသန့်သန့်ဖြင့် မွေးမြူခဲ့သော စေတနာတို့ကြောင့် ဘ၀မခြားဘဲ တူသောအကျိုးကို မုချခံစားရသည်ဟု ဦးထွန်းရှင် ယုံကြည်မိပါတော့သည်။( ကိုယ်တွေ့ဖြစ်ရပ်မှန် ဖြစ်သည်)
ဆရာငယ် (မြိတ်-သဇင်)
(မြတ်မင်္ဂလာ ၂၀၁၀-သြဂုတ်လ) 
ဘယ်သူမပြု မိမိမှု
 ကျွန်တော်သည် တနေ့ ရွှေပြည်သာ ဦးမဲအိမ်သို့ ခေတ္တသွားရောက်ခဲ့သည်။ ဦးမဲသည် ကျွန်တော့မွေးရပ်မြေမှ မိတ်ဆွေတဦးပင် ဖြစ်သည်။ ရောက်လျှင်ရောက်ချင်းပင် ရွာမှ ဖြစ်ပျက်သည့် အကြောင်းအရာမှန်သမျှကို ပြောပြပါသည်။
ရွာက ကိုပုတယောက် သေလို့တဲ့။ သေတာမှ ရိုးရိုးသေတာ မဟုတ်ဘူး။ နွားလှည်းပေါ်ကကျပြီး နွားကနင်း၊ လှည်းကလည်း လည်ပင်းပေါ် ဖြတ်နင်းတာကြောင့် လည်တိုင်ကျိုးပြီး သေရတယ်။ သေပြီး နှစ်နာရီလောက် အကြာမှာပင် အပုပ်နံ့ထွက်တာ မခံနိုင်ကြလို့ ချက်ချင်း ချလိုက်ကြရသတဲ့။
ထိုအခါ ကျွန်တော်သိလိုဇောဖြင့် အသေးစိတ် မေးမြန်းမိပါသည်။ ဖြစ်ပုံမှာ ဤသို့ပင်တည်း။
ကိုပုသည် နံနက်စောစောအချိန်တွင် အရက်မူးလာပြီး နွားနှစ်ကောင်ကို လှည်း၌ တပ်၍ ကြိမ်လုံးကိုင်ကာ ရွာဟစဉ်တလျောက် နွားကောင်းကြောင်း မောင်းပြနေပါသည်။ နွားမောင်းရင်းပင် အလိုမကျသဖြင့် နွားများကို ဆဲရေးတိုင်းထွာ ကြိမ်းမောင်းပြီး ခါးကော့အောင် လက်စွမ်းပြ ရိုက်နှက်ပါတော့သည်။ နွားများမှာလည်း နာလွန်းသဖြင့် လမ်းအတိုင်းမသွားတော့ဘဲ ကန်သင်းရိုးများကို ဖြတ်ကျော်၍ ပြေးဆွဲသွားကြသည်။
ကိုပုသည် အရှိန်လွန်၍ လှည်းရှေ့သို့ ပစ်ကျသွားပြီး နွားနှင့် လှည်းဘီးတို့၏ ဖြတ်နင်းခြင်းကို ခံလိုက်ရသည်။ လူကလည်း မူး၊ သွေးရူးသွေးတန်းနှင့်အတူ ဒေါသကလည်း ကြီးနေသောကြောင့် မိမိကိုယ်ကိုမိမိ ဘာဖြစ်နေမှန်း သတိမထားနိုင်ဘဲ လှည်းပေါ်မှ ခြေလွန်လက်လွတ် ပစ်ကျသွားဖြင်းဖြစ်သည်။ နောက်ဆုံး အသက်ပါ ပျောက်သွားလေသည်။
ထိုအကြောင်းကို ကျွန်တော်ကြားရသောအခါ စိတ်မကောင်းဖြစ်၍ ကိုပုအကြောင်းကို ပြန်လည်တွေးနေ မိသည်။ ကျွန်တော်တို့သည် ဧရာဝတီတိုင်း ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် သပြေကန်ရွာတွင် မွေးဖွားသူများဖြစ်၍ ငယ်စဉ်ကပင် အတူနေထိုင်ခဲ့ကြသည်။
ရွာသူရွာသားများမှာ င၀န်မြစ်ကမ်းနံဘေးမှာ နေထိုင်ကြ၍ ကိုင်းသီးနှံများကို စိုက်ပျိုးလုပ်ကိုင် စားသောက်ကြသည်။ ကိုပုတို့ မိသားစုလည်း ပါဝင်သည်။ ကိုပုတို့ မိသားစုမှာ ဖခင် ဦးကျောက်၊ မိခင် ဒေါ်ဖြူ၊ ကိုပုနှင့် ညီမလေး ချောစုတို့ လေးဦး ဖြစ်ကြသည်။ ဖခင်လုပ်သူ ဦးကျောက်မှာ အရက်တမြမြ၊ ကြက်တိုက်၊ နွားပေါ်၊ ၀က်ပေါ် ပြုလုပ်သည်။ သားဖြစ်သူ ကိုပုက ဖခင်၏ စရိုက်ကို မကြိုက်သောကြောင့် သားအဖချင်း မကြာခဏ စကားများ ရန်ဖြစ်ကြသည်။ မိခင်ဖြစ်သူက လင်နှင့်သား ကြားတွင် ကာစီးကာစီး ပြုလုပ်ရသည်။
ကိုပု၏ ၀ါသနာမှာ ငယ်စဉ်ကပင် နွားမောင်းနေရလျှင် သူပျော်သည်။ တခါတရံ နွးတကောင်တည်းဖြင့် ရွာရိုးလျှောက်၍ ခြေပြမောင်းနှင်သည်။ နွားအရိုက်ကြမ်းသည်။ နွားမောင်းရင်း သူတကာ၏ခြံများကို ဘယ်ညာဝင်တိုးသည်။ ပျက်စီးသည်။ သို့သော် ကိုပုကို ကောင်းသည် ဆိုးသည် မည်သူကမျှ မပြောကြ။ အဘယ့်ကြောင့်နည်းဆိုလျှင် ကိုပုက ပတ်ဝန်းကျင်ရှိလူများကို သင့်မြတ်အောင် ပေါင်းသင်းနေထိုင် တတ်သည်။ စကားကိုလည်း ကြမ်းတမ်းစွာ မပြော။ သူများအပေါ် ကူညီတတ်သည်။ ဆက်ဆံရေး ကောင်းသည်။ သို့ရာတွင် တိရစ္ဆာန်ဖြစ်သော နွားများအပေါ်မှာတော့ သူက ဆိုးရွားစွာ ဆက်ဆံလေ့ရှိသည်။ 
တနေ့ ကိုပုတယောက် ဖခင်ကိုအရွဲ့တိုက်၍ အရက်စမ်းသောက်သည်။ နောက်တော့ ဖခင်ကို အရွဲ့တိုက်သောက်ရာမှ မိမိကိုယ်တိုင် ကြိုက်၍ သောက်လာသည်။ နေ့စဉ်မပြတ် ဖြစ်သည်။ ထို့နောက် အရက်က ကိုပုကို လွှမ်းမိုးသွားတော့သည်။ ကိုပုတယောက် အရက်စွဲပြီး မိခင်စကားလည်း နားမထောင်၊ မိခင်ကိုလည်းဆဲရေးတိုင်းထွာ ပြုသည်။ နွားများကိုလည်း ရိုက်နှက်သည်။ ထိုမကောင်းမှုကံများကြောင့် ယခုဘ၀တွင်ပင် အသေဆိုးနှင့် သေခဲ့ရပြီး များမကြာမီ ပုပ်စော်နံခဲ့သည်ဟု ယုံကြည်ယူဆမိပါသည်။
စိုးစံ (လေးမျက်နှာ)
(မြတ်မင်္ဂလာ ၂၀၁၀-သြဂုတ်လ)
စေတနာကောင်းလျှင် ကံကောင်းမည်
ကျွန်တော်သည် ဘုတလင်မြို့နယ် ခိုချောင်းရွာ တွဲဘက်အခြေခံပညာ အလယ်တန်းကျောင်းသို့ ၁၉၉၈-၉၉ ပညာသင်နှစ်မှစ၍ ၂၀၀၇-၂၀၀၈ ပညာသင်နှစ်အထိ ဆရာတယောက်အနေဖြင့် ကျောင်းသားများကို ကူညီသင်ကြားခဲ့ပါသည်။
၂၉-၈-၂၀၀၇-နေ့
နေ့လယ် ထမင်းစား ကျောင်းဆင်းချိန်တွင် ခိုချောင်းရွာထဲမှ ဦးကြာဘော-ဒေါ်ကြည်တို့ အိမ်သို့ အလယ်ရောက်သွား၏။ ထိုအိမ်တွင် မြို့မှ ပစ္စည်းများ လာရောင်းသော ဈေးသယ် မကေသီ ရောက်ရှိနေ၏။ သူမသည် ခိုချောင်းရွာ ဘုရားပွဲ ကျင်းပခါနီးတွင် နှစ်စဉ်လာရောက် ဈေးရောင်းချလေ့ရှိ၏။ ဘုရားပွဲတွင် သံဃာတော်များကို ရွာဓလေ့အလိုက် ဆွမ်းဆန်နှင့်ကြော်ကြသောမုန့်များ၊ ကော်ဖီမစ်ထုပ်၊ ဆပ်ပြာမှုန့်ထုပ် အလှူငွေ စသည်တို့ လောင်းလှူကြသည်။
ခိုချောင်းရွာဘုရားပွဲ၌ ပင့်သော သံဃာမှာလည်း တရာကျော်၏။ ကော်ဖီမစ်ထုပ် ၀ယ်လောင်းလျှင် အထုပ် ၃၀-ပါသော အထုပ်ကြီး ၄-ထုပ်ဝယ်မှသာလျှင် လုံလောက်ပါမည်။ ကျွန်တော်၏ စိတ်ထဲတွင်လည်း ကော်ဖီမစ်လောင်းလှူချင်သည့် စေတနာပြင်းပြနေ၏။ ထို့ကြောင့် အမျိုးအစား စုံလင်သော ကော်ဖီမစ်များထဲမှ Mikko တံဆိပ် ကျော်ဖီမစ်ကို မကေသီထံမှ ရွေးချယ်ဝယ်ယူလိုက်သည်။ ထို Mikko ကော်ဖီမစ်ကို ၀ယ်ယူခြင်းမှာ ကျွန်တော့်အမေနှင့်လည်း သင့်လျော်သောကြောင့် ဖြစ်သည်။ အမေသည် ရင်ထဲ၌ တလှပ်လှပ်ဖြစ်လာလျှင် Mikko သောက်လိုက်မှ သက်သာပျောက်ကင်းသွား၏။
ကျွန်တော်သည် ၀ါခေါင်လပြည့်ကျော် ၈-ရက် ဥပုသ်နေ့ဘုရားပွဲတွင် လောင်းလှူ၍ ကျန်သော Mikko ကော်ဖီမစ်ကို အမေ့အား ကန်တော့လိုက်သည်။
ဘုရားပွဲပြီး၍  သုံးလခန့်အကြာ--
မုံရွာမြို့၌နေသော သူငယ်ချင်း မြင့်သန်းဦး-က Mikko တတိယအကြိမ် ကံစမ်းမဲပေါက်ကြောင်း ကျွန်တော့်ကို ဖုန်းဆက်အကြောင်းကြားသည်။ သူငယ်ချင်းအကြောင်းကြားမှ ကူပွန်များ ပို့ထားသည်ကို သတိရ၏။ မြင့်သန်းဦးက ဆက်လက်၍ ၂၁-၁၁၁-၂၀၀၇ ဗုဒ္ဓဟူးနေ့ထုတ် Weekly Eleven News ဂျာနယ်တွင် ဖတ်ရကြောင်း၊ ဆုအမှတ်စဉ် ၂၆၅-သည် ကျွန်တော်၏ အမည်နှင့် နေရပ်လိပ်စာဖြစ်ကြောင်း စသည်ဖြင့် ပြောပြပါသည်။
ထို့ကြောင့် ကျွန်တော်သည် ၂၆-၁၁-၂၀၀၇ နေ့တွင် မုံရွာမြို့ Mukko ရုံးခွဲသို့ သွားရောက်၍ ဆုငွေတသိန်းကျပ် ထုတ်ယူပါသည်။ ထိုရုံးမှ ၀န်ထမ်းအားလုံးသည် အပြောချိုပြီး သဘောကောင်းသည်။ ဆက်ဆံရေးလည်း ပြေပြစ်သည်။
ဆုငွေထုတ်ပြီး နောက်တနေ့တွင် ခိုချောင်းကျောင်းတိုက်မှ ဘုန်းတော်ကြီး ဦးဣဒ္ဓိဗလအား လှူစရာများဖြင့် သွားရောက် လှူဒါန်းပါသည်။ ဤတွင် ဘုန်းတော်ကြီးက ဓမ္မပဒလာ ၀တ္ထုတိုတပုဒ်ကို လိုရင်းတိုရှင်း ဟောကြားလိုကပါသည်။
အနည်းငယ်သော ကောင်းမှုသည် (ငါးအား) အကျိုးရောက်လိမ့်မည် မဟုတ်ဟု ကောင်ဒမှုကို  မထီမဲ့မြင် မအောက်မေ့ရာ၊ မိုးရေပေါက်သည် ကျဖန်များလတ်သော် ရေအိုးသည် ပြည့်ဘိသကဲ့သို့----ဟု ဆရာတော်၏ ဟောကြားသံသည် ယခုချိန်ထိ ကျွန်တော်၏ နားဝတွင် ပျံ့လွင့်နေဆဲဖြစ်ပါသည်။
သန့်ရှင်း(သင်္ချာ)
(မြတ်မင်္ဂလာ ၂၀၁၀-သြဂုတ်လ)
Sunday, February 20, 2011
မိဘလုပ်ကျွေး၍ အသက်ဘေးမှ လွတ်ခဲ့သူ
၁၉၉၀-ပြည့်အချိန်က အဖြစ်အပျက်ကလေးပင်။ ကျွန်မ၏ မောင်ဝမ်းကွဲတော်သူ မောင်ထွန်းနိုင်ဆိုသော လူငယ်တယောက်ရှိသည်။ သူသည် စင်ကာပူနိုင်ငံသို့ ၂-နှစ်စာချုပ်ဖြင့် လက်သမားသွားလုပ်သည်။ သူသည် အသောက်အစား အပျော်အပါးကင်းသူ ဖြစ်သည်။ အလုပ်ကို အလွန်ကြိုးစားသူဖြစ်၏။ တနေ့တာရရှိသော ငွေကလေးများကို စုဆောင်း၍ ကလေးနှစ်ယောက်နှင့်အတူ သူဇနီးထံကိုလည်း ပို့ပေးသကဲ့သို့ အိုမင်းမစွမ်းရှိသော အသက် ၇၀-ကျော် ဖခင်ကြီးထံသို့လည်း နယ်မြို့ကလေးရှိ အဒေါ်ဝမ်းကွဲတယောက်မှ တဆင့် ဇနီးဖြစ်သူကို လစဉ်ပို့ခိုင်းပါ၏။ သားဖြစ်သူ ပို့ပေးသောငွေကို ဖခင်ကြီးမှာ လှူဒါန်းခြင်း၊ စားသုံးခြင်း ပြုလုပ်၏။ သားထံသို့လည်း မေတ္တာပို့သပါသည်။
Friday, February 18, 2011
ဆန်းကြယ်အံ့ဖွယ် ခရမ်းချဉ်
မိုက်တ်သည် အင်္ဂလိပ်လက်ဝှေ့ အားကစားသမားဖြစ်သည်။ လက်ဝှေ့ထိုးခြင်းမှ အနားယူလိုက်သောအခါ ၀လာသည်။ ၂၀၀၃-ခုနှစ် သြဂုတ်လတွင် အသက် ၂၉-နှစ်ရှိ မိုက်တ်သည် သူ့မိခင်၏ ဇာတိဖြစ်သော စပိန်နိုင်ငံ ပုနီသြလ်မြို့ငယ်လေးသို့ အပန်းဖြေခရီး ထွက်ခဲ့သည်။ တနှစ်တခါ ကျင်းပမြဲဖြစ်သော ခရမ်းချဉ်သီးပွဲတော်နေ့နှင့် ကြုံဆုံတိုက်ဆိုင်သည်။ တိုးဝှေ့လူအုပ်ထဲမှမိန်းမချောလင်ဒါနှင့် မြင်လျှင်မြင်ချင်း ချစ်ခင်စွဲမက်ကြပြီး ၄-လအကြာ၌ အိမ်ထောင်ပြုကြလေသည်။
သြ၀ါဒ
* နာမည်ဂုဏ်စု၊ ရလိုမှုဖြင့်၊ ပြုသည့်တွက်တာ၊ ကုသလာ၊ မှတ်ပါအညံ့စား။ 
* လောကီချမ်းသာ၊ မျှော်ကိုးကာပေ၊ ပြုရှာလေက၊ ကုသလ၊ မှတ်ကြအလတ်စား။ 
* သံသရာဝဋ်၊ ဘ၀ညွတ်မှ၊ လွတ်ဖို့ရည်သန်၊ ကုသလံ၊ မှတ်ရန်အမြတ်စား။
* ကုသိုလ်သုံးမျိုး၊ ဥဒါန်းထိုး၊ ဆင့်ထိုးကျင့်စေသား။
ဘဒ္ဒန္တဣန္ဒကာဘိဝံသ မဟာထေရ်
စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး မြစကြာကျောင်းတိုက်
ပဓာနနာယကဆရာတော်
တရားကျန်ခဲ့ရင် တော်ပြီ
* လောကတွင်းမှာ၊ အရာရာ၊ ဘယ်ဟာတွေမှ မမြဲကြ။
* ရှိသမျှရှုံး၊ ချုပ်ပျောက်သုဉ်း၊ နောက်ဆုံးဘာမှ မကျန်ကြ။
* မြတ်တရားသာ၊ ကျန်ခဲ့တာ၊ လူမှာအစွမ်းပြ။ 
တိပိဋကဓရ ယောဆရာတော် 
သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ ( ၇ )
ဂါဒီးယန်း ဦးစိန်ဝင်းနှင့် ဒေါက်တာဦးနေ၀င်း-တို့မေး၍ အမရပူရ မဟာဂန္ဓရုံဆရာတော် ဖြေသည်။
(ယခင်လမှ အဆက်)
(မေး) အရှင်ဘုရား နောက်ဆုံး နိဗ္ဗာန်ရောက်ပြီဆိုတာနဲ့ စိတ်နဲ့ရုပ်တို့ မည်သို့အဆုံးသတ်ပါသလဲ။
ဘ၀များစွာက သတ္တိတွေလိုက်လာ---
   သတ္တိက အရာဝတ္ထုလားဆိုတော့ အရာဝတ္ထုမဟုတ်ဘူး။ ဘ၀များစွာက ဖြစ်ဖြစ်၊ ဒီဘ၀မှာ ဖြစ်ဖြစ် သူရဲ့ ၀ါသနာအလိုက် ပြုထားတဲ့ စိတ်တွေရဲ့ ဓာတ်သတ္တိတွေ၊ ဒီမှာလိုက်တာပဲ။ သတ္တိတွေ အများကြီးရှိတယ်။ ဒီဘ၀တင် မဟုတ်ဘူး၊ ဘ၀များစွာက သတ္တိတွေ လိုက်လာတယ်။ ဆိုပါတော့ သေခါနီးရောက်နေပြီ ခုနက သတ္တိတွေ ပျောက်သွားသလား။ မပျောက်ဘူး။ သေတော့မလို့ ကပ်နေပြီ၊ သတ္တိတွေ ပျောက်မလား၊ မပျောက်ဘူး။
Thursday, February 17, 2011
စိတ်ဖိစီးမှုတွေ များနေသလား
စိတ်ဖိစီးမှုတွေ များနေသလား၊ သခွားမသီး၊ အစိမ်းရောင် ပန်းဂေါ်ဖီနဲ့ ဂေါ်ဖီထုပ် စားပါ။ 
သခွားမသီး၊ အစိမ်းရောင် ပန်းဂေါ်ဖီနဲ့ ဂေါ်ဖီထုပ်မှာ Superoxide Dismutase ခေါ် ဓာတ်တိုး ဆန့်ကျင်ပစ္စည်း အင်ဇိုင်းတွေပါဝင်ပြီး သဘာဝစိတ်ဖိစီးမှုဒဏ် ခံရသူနဲ့ မောပန်းနွမ်းနေသူတွေကို နေ့စဉ် Superoxide Dismutase အားဖြည့်ဆေးတွေ ပေးခဲ့ပါတယ်။ တလအကြာမှာ သူတို့မှာ ရိုးရိုးအားဆေး ပေးသူတွေထက် ဖိစီးမှုတွေ ပိုလျော့နည်းသွားတာ။ စိတ်တိုတာတွေလျော့တာ၊ အာရုံစူးစိုက်မှုတွေ ပိုကောင်းမွန်တာနဲ့ နှစ်နှစ်ခြိုက်ခြိုက် ပိုပြီးအိပ်ပျော်တာကို တွေ့ခဲ့ရပါတယ်။ ဒီအင်ဇိုင်းဟာ ခန္ဓာကိုယ်တွင်း ဓာတ်တိုးပစ္စည်းတွေကြောင့် ပျက်စီးမှုနည်းစေပြီး စိတ်ဖိစီးမှု လျှော့ချရာမှာ အကျိုးများစွာ ရှိတယ်လို့ ဆိုပါတယ်။ 
ဒါ့အပြင် Superoxide Dismutase ပါဝင်မှုများတဲ့အစာတွေ စားတာကြောင့် ကိုလက်စထရောအဆင့်တွေ လျော့ကျစေပြီး နှလုံးသွေးကြောတွေ မာကျောမှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
ယောက်ျားလေးများအတွက် အလှအပ ထိန်းသိမ်းနည်း
ယောက်ျားလေးတွေဟာ မိန်းကလေးတွေလို မိတ်ကပ်လိမ်းပြီး အလှပြင်ဖို့ မလိုအပ်ပေမယ့် အလှအပဆိုင်ရာ ပြုပြင်ထိန်းသိမ်းသင့်တဲ့ အချက်တွေရှိပါတယ်။ တကိုယ်ရေသန့်ရှင်းရေးအတွက် ဆောင်ရွက်တာ၊ အသားအရေ ထိန်းသိမ်းစောင့်ရှောက်တာ၊ ဆံပင်ကို ပြုပြင်ထိန်းသိမ်းတာ စတာတွေကိုတော့ မိန်းကလေးတွေတင်မက ယောက်ျားလေးတွေလည်း လုပ်ဆောင်သင့်ပါတယ်။ ဒါကြောင့် ယောက်ျားလေးတွေရဲ့ တကိုယ်ရေသန့်ရှင်းရေးနဲ့ အလှအပအတွက် လုပ်ဆောင်သင့်တဲ့ အခြေခံအချက်တွေကို ဖော်ပြလိုက်ပါတယ်။
အရိုးသန်မာစေရန်
* အဆီနည်းသော နွားနို့သောက်ပါ။ အစိမ်းရောင် ဟင်းရွက်၊ ပဲအမျိုးမျိုးနဲ့ အဆီနည်းသော နို့ထွက်ပစ္စည်းများ စားပါ။ အဲဒီအစာတွေမှာ ကယ်လ်ဆီယမ် ပါဝင်ပါတယ်။ နို့ထွက်ပစ္စည်းတွေမှာ ဗီတာမင် D ပါဝင်ပါတယ်။ နို့ထွက်ပစ္စည်းနဲ့ ပဲအမျိုးမျိုးမှာ မီးစုန်းဓာတ် (phosphorus) ပါဝင်ပါတယ်။ ဒီအာဟာရတွေအားလုံးဟာ အရိုးသန်မာဖို့ လိုအပ်ပါတယ်။
* ပုံမှန်လေ့ကျင့်ခန်း လုပ်ပါ။
* မတ်မတ်ထိုင်၊ မတ်မတ်ရပ်ပါ။
* သက်သောင့်သက်သာရှိတဲ့ ဖိနပ်စီးပါ။
ဝိပဿနာ အကျိုး ( ၂ ) (၂၀၁၀-၆)
Vippassana Akyo (Myat Mingala 2010-6)                                                              
E-Bahusuta (2)
E-Suta                                                              
E-Bahusuta (1)
E-Suta                                                              
ဝိပဿနာ အကျိုး ( ၁ ) (၂၀၁၀-၇)
Vippassana Akyo (Myat Mingala-2010-7)                                                              
Wednesday, February 16, 2011
အံ့သြဖွယ်ရာ မိဘမေတ္တာ
( ဆိတ်မကြီး မိခင်စိတ် )
ရီရီဝင်းတို့အိမ်တွင် မိဘနှစ်ပါးနှင့် အကိုကြီး မိသားစုတို့ နေထိုင်ကြပါသည်။ အကိုကြီး၏ ဇနီးမှာ ကလေးမီးဖွားပြီး နို့မထွက်သဖြင့် ကလေးအား နို့မှုန့်ကို ဖျော်၍ နို့ဘူးတိုက်ကျွေးပါသည်။ ကလေးမှာ နို့ဘူးမစို့သဖြင့် နို့မှုန့်အမျိုးမျိုးပြောင်း၍ တိုက်ပါသည်။ သို့သော်လည်း ရေဘူးကိုသာစို့ပြီး နို့ဘူးမစို့ပါ။ အိမ်နီးချင်းများ၏ အကြံပေးချက်အရ ဆိတ်နို့ကို ကျိုး၍ တိုက်ကြည့်ရာ အဆင်ပြေသွားပါသည်။
သက်တမ်း ၂၅-နှစ် ပိုရှည်စေသော ဗီတာမင် အီး
စကော့တလန်ရှိ ရောဝတ်သုတေသန သိပ္ပံတွင် ဗီတာမင် အီး-ကို မကြာမီက စမ်းသပ်လေ့လာခဲ့သည်။ ဗီတာမင် အီး-သည် ကလာပ်စည်းများ ယိုယွင်းပျက်စီးမှုကို ဖယ်ရှားကာကွယ်ရာ၌ အလွန်အစွမ်းထက်မြက် ထိရောက်မှုရှိသည်။
ဆေးလိပ်သောက်လျှင် အဆုတ်ကလာပ်စည်းများကို အန္တရာယ်ပေးသော ဓာတ်များ ဆေးလိပ်အခိုးများတွင် ပါဝည်။ ယင်းဓာတ်များကို ဗီတာမင် အီးက ယှဉ်ပြိုင်သုတ်သင်ပြီး ကင်ဆာရောဂါဖြစ်မည့်ဘေးမှ ကာကွယ်ပေးနိုင်သည်ဟု သိပ္ပံပညာရှင်များက ဆိုသည်။
ဗီတာမင် အီးဟာ ငယ်ရွယ်နုပျိုစေပြီး အသက်ရှင်သန်စွမ်းစေတဲ့ ဗီတာမင်ဖြစ်တယ်-ဟု လော့စ်အိန်ဂျယ်လိ(စ်)မှ အာဟာရပညာရှင် ဒေါက်တာအား(လ်)မင်းဒယ်(လ်)က ဆိုသည်။ ရောဂါဒဏ် ခံနိုင်ရန်၊ ခွန်အားရှိနိုင်ရန်၊ အမောခံနိုင်ရန်၊ ဒဏ်ရာအနာများ ကျက်လွယ်စေရန်နှင့် ရုပ်ရည်လှပချောမော တင့်တယ်သူ ဖြစ်စေရန်အတွက် ဗီတာမင် အီး အလုံအလောက် ရရှိရန်လိုသည်-ဟု သူက ဆက်လက် ပြောကြားသွားသည်။
သုတေသီတို့က ဗီတာမင် အီး၏ အကျိုးကျေးဇူးများကို အောက်ပါအတိုင်း ထုတ်ဖော်ပြောကြားသည်။
(၁)သွေးလည်ပတ်မှု သွက်လက်ကောင်းမွန်ပြီး သွေးတိုးကျစေသည်။
(၂) ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအား စနစ်ကို လှုံ့ဆော်အားပေးသည်။
(၃) သွေးကြောတွင်း အန္တရာယ်ကြီးသော သွေးခဲတတ်ခြင်းမျိုးကို ကာကွယ်ဖျက်ဆီးပစ်သည်။
(၄) ဗက်တီးရီးယား ရောဂါပိုးများ၊ ဗိုင်းရပ်(စ်)ရောဂါပိုးများနှင့် ကင်ဆာရောဂါ ကလာပ်စည်းများကို 
     ဖယ်ရှားရာတွင် အကူအညီပေးသည်။
(၅) ညစ်ညမ်းသောလေနှင့် ဆေးလိပ်အခိုးအငွေ့များကြောင့် အဆုတ်ကို ထိခိုက်ခြင်းမရှိအောင် 
     ကာကွယ်ပေးသည်။
(၆) နာတာရှည် အမောအပန်းနာကို သက်သာပျောက်ကင်းစေသည်။
(၇) မီးလောင်သောဒဏ်ရာ၊ ရှသောဒဏ်ရာ၊ ပွန်းပဲ့သောဒဏ်ရာတို့ကို ကျက်လွယ်စေသည်။
(၈) မီးယပ်ပေါ်ခါနီးတွင် ဖြစ်တတ်သော ရောဂါလက္ခဏာများ၊ သို့မဟုတ်-မီးယပ်အကြိုနာများ 
     သက်သာစေသည်။
(၉) ဖိုမသဘာဝစွမ်းအားကို မြှင့်တင်ပေးသည်။
ဗီတာမင် အီး ကြွယ်ဝသော မုန်လာဥ၀ါ၊ လိမ္မော်သီး၊ ကြက်ဥနှစ်၊ ဘဲဥနှစ်၊ အခွံမာသီး၊ ဟင်းသီးဟင်းရွက် စသည်တို့ကို နေ့စဉ်စာပြီး ဗီတာမင် အီး ၁၀-မီလီဂရမ်ကို နေ့စဉ်ဖြည့်စွက်စားလျှင် ကျန်းမာရေးကို ထိခိုက်ဖီလာပြုသော အလေ့အထများ ရှိစေကာမူ မည်သူမဆို သူနေရမည့် သက်တမ်းထက် ၂၅-နှစ်မျှ ပိုရှည်လာမည်ဟု ပြင်သစ်အာဟာရဓာတ် လေ့လာရေးသိပ္ပံမှ ဒေါက်တာဘယ်လက်(စ်)ထရာက ပြောကြားသည်။
ဂုဏ်
ဂုဏ်
* လောကကြီးမှာ ဂုဏ်ရှိဖို့ထက် ရှိပြီးဂုဏ်ကို ထိန်းသိမ်းဖို့က ခက်တယ်။
အထင်ကြီးစိတ်
* ကိုယ့်ကိုယ်ကို အထင်ကြီး၊ စိတ်ကြီးဝင်နေလျှင် သူတပါးကို အထင်သေးတာ သဘာဝပဲ။
အပြစ်
* သူများအပြစ်ကို မကြည့်နဲ့၊ ကိုယ့်အပြစ်ကို သိပါ။ 
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်)
နေ့စဉ် မြေကြီးရွက်သယ်ဖို့သူ
ဤဇာတ်လမ်းသည် တကယ့်အဖြစ်အပျက် ဖြစ်သည်။ 
ကျောင်းကုန်းမြို့နယ် ဒေါင့်ကြီးကျေးရွာသည် စည်ကားသောရွာကြီးတရွာ ဖြစ်ပါသည်။ တိုက်နယ်ဆေးရုံ၊ အ-ထ-က ကျောင်း၊ စည်ကားစွာ ရောင်းဝယ်ဖောက်ကားနေသော ကုန်စုံဆိုင်၊ အထည်ဆိုင်၊ တိုက်တာပေါများပြီး အိမ်ကြီးအိမ်ကောင်းများနှင့် စည်ကားစွာ ရှိပါသည်။ ဒေါင့်ကြီးရွာတွင် မောင်ကံညိမ်းသည် ဇနီးနှင့် သားသမီးသုံးယောက်နှင့်နေထိုင်သည်။
သူ၏အမ ဒေါ်သိန်းသည် လွန်ခဲ့သော ၆-နှစ်ခန့်လောက်က ကွယ်လွန်ခဲ့ပါသည်။ တနေ့ ညဘက် မောင်ကံညိမ်း အိပ်ပျော်နေစဉ် ထူးဆန်းသော အိပ်မက်ကို မက်သည်။ အိပ်မက်ထဲတွင် အမေဖြစ်သူ ဒေါ်သိန်း မောကြီးပန်းကြီး ရောက်လာပါသည်။ သူ့မျက်နှာမှာ ပင်ပန်းနေပုံရသည်။ ခေါင်းပေါင်း ပေါင်းထားပြီး မြေသယ်ခြင်းတခုလည်း ကိုင်ထားပါသည်။ သူမခေါင်းပေါင်းပေါင်းထားသော တဘက်က သူမ သေဆုံးစဉ်က မျက်နှာအုပ်ထည့်ထားသော တဘက်ဖြစ်ပါသည်။
သား ထပါဦး၊ သားကို ပြောစရာရှိတယ်။ အမေလေ အမေသေတဲ့အချိန်ကစပြီး အခုအချိန်အထိ မြေတွေရွက်သယ်နေတာ တခါမှ မနားရပါဘူးသားရယ်။ ပင်ပန်းလှပါပြီ။ အမေလေ သားတို့ ငယ်ငယ်ကတည်းက အမေတို့ခြေရင်းဘက်က ဆရာဦးမောင်မြတို့ မြေကို အမေ့မြေဆိုပြီး ငြင်းယူခဲ့ပါတယ်။ မြေအကျယ် တတောင်လောက်ရှိပါတယ်။ ဆရာက ပထမတော့ သူ့မြေကြီး၊ ဒီမအူပင်လေးနဲ့ အမှတ်အသားလုပ်ထားတယ်လို့ ပြောသေးတယ်။ နောက်တော့လည်း မသိန်း စိတ်ချမ်းသာမယ်ဆို ယူပါလို့ပြောခဲ့တယ်။ အမေ မြေယူထားတာ အခု အနှစ် ၃၅-နှစ်လောက်ရှိပြီ။ အဲဒါကြောင့် သားက ဆရာတို့မြေကို ဆရာတို့ ပြန်ယူပါလို့ပြောပြီး အမေ့ကို အလှူတခုလုပ်ပြီး အမျှအတန်းပေးဝေပါ သားရယ်။ အိပ်မက်ကိုလည်း မယုံမကြည်မရှိပါနဲ့။ အမေ မှာတဲ့အတိုင်း ဆက်ဆက်လုပ်ပေးပါ။ အမေ တောင်းပန်ပါတယ်။ အမေလေ သားကို အိပ်မက်ပေးချင်လို့ အိမ်တွင်းနတ်တွေတောင်းပန်ပြီး အိပ်မက် ပေးရတာပါ။ အမေ သွားတော့မယ်နော် သား-ဟုပြောပြီး ထွက်သွားပါသည်။ ထွက်သွားသောအမေ့ကို ငေးကြည့်ရင်း လန့်နိုးသွားသည်။
မောင်ကံညိမ်းလည်း အိပ်မက်အရ အမေပြောသော ဆရာတို့လင်မယားထံသွားပြီး ဆရာရယ်-မအူပင်ဘေးက မြေက ဆရာတို့မြေဆို။ ကျွန်တော်တို့ဘက် တတောက်လောက်ပါတယ် မဟုတ်လား။ ဆရာတို့ပြန်ယူပါ-ဟု ပြောပါသည်။ 
ဆရာက-ဆရာ မယူပါဘူး သားရယ်။
မဟုတ်တာ ဆရာရယ်၊ ပြန်ယူပါ။ ဆရာ မယူလည်း ကျွန်တော် ပြန်ပေးရမှာပဲ-ဟုပြောပြီး ဆရာ့ခြံစည်းရိုးကိုဖျက်၍ သူတို့ဘက်ပါသည့် မအူပင်မှစ၍ မောင်ကံညိမ်းကိုယ်တိုင် အတင်းကာပေး လိုက်ပါသည်။
ထို့နောက် အိမ်တွင် ဘုန်းကြီးသုံးပါးပင့် သင်္ကန်းကပ်၊ ဆွမ်းဆက်ကပ်၍ အမေအား အမျှအတန်း ပေးဝေလိုက်ပါသည်။
ထိုနေ့ည၌ မောင်ကံညိမ်း အိပ်မက်တွင် အမေနှင့်တွေ့ရသည်။ အမေသည် ပထမအိပ်မက်ထဲတွင် တွေ့ရသည့် မြေသယ်ခြင်းတောင်းနှင့် မဟုတ်တော့။ မောမောပန်းပန်းလည်း မဟုတ်တော့။ ၀တ်ကောင်းစားလှနှင့် ရွှင်ပျသောမျက်နှာနှင့် ဖြစ်သည်။ သူ့သားဖြစ်သူ၏ လက်ကလေးကိုကိုင်ကာ ကျေးဇူးတင်လိုက်တာ သားရယ်၊ အခု အမေ မြေမသယ်ရတော့ဘူး။ လွတ်လွတ်လပ်လပ် သွားလို့လာလို့ရနေပြီ သား။ ဒါကြောင့် အမေ သွားတော့မယ်နော်-ဟု ပြောဆိုကာ နှုတ်ဆက်၍ ထွက်ခွါသွားပါတော့သတည်း။
(ကာယကံရှင်၏ ခွင့်ပြုချက်ဖြင့် တင်ပြပါသည်)
ကြည်ရွှင်အေး (ကျောင်းကုန်း) 
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဇူလိုင်လ)
စေတနာမှန်သော ကံတရား
၂၀၀၉-ခုနှစ် ဇွန်လ၏ တရက်သော တနင်္ဂနွေနေ့တွင်ဖြစ်သည်။ စာရေးသူမှာ ဘာသာရေး လိုက်စားသူတဦီး ဖြစ်ပြီး အပေါင်းအသင်းတော့ နည်းပါသည်။ ရှားရှားပါးပါး ညီရင်းအကိုပမာ ရင်းနှီးသော သူငယ်ချင်းတယောက်တော့ ရှိသည်။ သူ့အမည်က ရဲဇော်ဟု ခေါ်ပြီး သူသည် ဘာသာရေးလိုက်စားသူ ဖြစ်သည်။ ၀ါသနာတူသူမို့ ကျောင်းပိတ်ရက်ဖြစ်သည့် စနေနေ့နှင့် တနင်္ဂနွေနေ့၏ ညနေခင်းတိုင်းတွင် မြို့စွန်ရှိ တန်ခိုးကြီးဘုရားတဆူ၏ ရင်ပြင်တော်တွင် စာရေးသူတို့ ဘုရားဖူးသွားရင်း စကားလက်ဆုံကျလေ့ရှိသည်။
တနေ့တွင် စာရေးသူတို့နှစ်ဦး ဘုးဖူးပြီးနောက် ရင်ပြင်တော်၏ အရိပ်အာဝါသကောင်းသော တနေရာတွင် စကားလက်ဆုံကျနေကြသည်။
ဤတွင် ရဲဇော်က လွန်ခဲ့သည့် နှစ်ရက်လောက်က ၀ါဆိုသင်္ကန်းကပ် လှူရခြင်းအကျိုးနှင့် ပတ်သက်၍ တရားခွေတခွေ နာကြားရကြောင်း၊ နာကြားပြီးနောက် ၀ါဆိုသင်္ကန်း လှူချင်စိတ် တဖွားဖွား ဖြစ်ပေါ်နေကြောင်း၊ သို့သော် သာမန် သင်္ကန်းတစုံပင်လျှင် ကျပ်တသောင်းခန့် ရှိနေသည်မို့ မတတ်နိုင်ကြောင်း၊ အိမ်က မိဘတွေဆီတောင်းလျှင် ငွေတသောင်းခန့် ရနိုင်ကြောင်း သို့ပေမယ့် ကျောင်းစရိတ် အကုန်အကျတွေများနေ၍ မတောင်းရက်ကြောင်း စသည်ဖြင့် ပြောပါသည်။
စာရေးသူလည်း ရဲဇော်ပြောနေသည့် စကားများကို နာေးထာင်ရင်း သူ့ကို ဘယ်လိုနှစ်သိမ့်ရမှန်းမသိ ဖြစ်နေ၏။ ထို့နောက် ရဲဇော်သည် ညှိုးငယ်သောသောမျက်နှာထားနှင့် ငါ ပရိတ်ရွတ်လိုက်ဦးမယ်-ဟုဆိုကာ မလှမ်းမကမ်းရှိ ဆီးဖြူပင်ကြီးအောက်သို့ ထွက်သွားပါသည်။
ထိုဆီးဖြူပင်ကြီးနှင့် မနီးမဝေး တနေရာတွင် ခွေးတကောင်သည် မြက်ပင်တွေကို စားလိုက်၊ အန်လိုက် လုပ်နေ၏။ ရဲဇော်သည် ထိုအန်နေသောခွေးကို သနားကြင်နာစွာကြည့်လိုက်ပြီး ခွေးနားသို့ သွားလိုက်သည်။ ခွေးသည် အန်ဖတ်များအနီးတွင် မှိန်း၍နေ၏။ ခွေးအနားတွင်ထိုင်ပြီး ခွေးကို သနားကြင်နာစွာ ကြည့်လိုက်ရာ အန်ဖတ်ထဲ၌ ခေါက်ထားသော ငွေစက္ကူတရွက်ကို တွေ့လိုက်ရသည်။
အန်ဖတ်ထဲမှ ငွေစက္ကူကို တုတ်နှင့်ကော်ကြည့်လိုက်သည်တွင် တထောင်ကျပ်တန် ဖြစ်နေသည်ကို သိရ၏။ ထို့နောက် အနီးအနားရှိ အုတ်ကန်တွင် ရေဆေးပြီး တထောင်ကျပ်တန် ရေစိုကြီးကိုကိုင်ကာ စာရေးသူအနား ရောက်လာသည်။ စာရေးသူက ရဲဇော်ရေ ခွေးအန်ဖတ်ထဲကရတဲ့ငွေ ဆိုတော့ ထူးခြားတယ်၊ ထီထိုးကွာ၊ မင်းလည်း ၀ါဆိုသင်္ကန်းကပ်ချင်နေတာ မဟုတ်လား-ဟု ပြောလိုက်ပါသည်။
ဘုရားမှအပြန်တွင် ရဲဇော်သည် ခွေးအန်ဖတ်ထဲမှ ရသော ငွေတထောင်ဖြင့် ထီဆိုင်တွင် ထီ သုံးစောင်ထိုးပါသည်။ အံ့သြဖွယ်ကောင်းလေစွ၊ ၂၄၆-ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲတွင် ရဲဇော်ထိုးထားသော ထီသုံးစောင်အနက်မှ ထီတစောင်ပေါက်ပြီး ဆုငွေကျပ် တသိန်းရခဲ့သည်။ စာရေးသူလည်း အံ့သြ၀မ်းသာရပါသည်။ ၀ါဆိုသင်္ကန်း ကပ်ချင်သည့် ရဲဇော်၏ ဆန္ဒလည်း ပြည်ဝသွားခဲ့ပါသည်။ ကံ ကံ၏အကျိုးပါတကား။
မှတ်ချက်။ ။ ကိုယ်တွေ့ဖြစ်ရပ်မှန် ဖြစ်ပါသည်။
ရာဇာသိန်းထွန်း (၀မ်းတွင်း)
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဇူလိုင်လ)
ပဋ္ဌာန်းရွတ်ဆို ပူဇော်ခြင်းအကျိုး
ဦးဇင်း ဦးဇ၀နသည် ပဋ္ဌာန်းပါဠိတော် ပစ္စယုဒ္ဒေသနှင့် ပစ္စယနိဒ္ဒေသတို့ကို လွန်ခဲ့သော နှစ်ပေါင်း ၂၀-ကျော်ကပင် အလွတ်ကျက်မှတ်၍ နေ့ညဥ့်မပျက် ရွတ်ဆိုပွားများလာခဲ့သည်။ ပဋ္ဌာန်းပါဠိတော် ပစ္စယုဒ္ဒေသနှင့် ပစ္စယနိဒ္ဒေသတို့ကို အထူးပင် လေးလေးစားစား ရွတ်ဆိုခဲ့သဖြင့် ဦးဇ၀နသည်  အသက် ၅၅-နှစ်အရွယ်၌ ဓားပြအတိုက်ခံရမည့် အဖြစ်နှင့် ကြုံကြိုက်ခဲ့ရသော်လည်း ထိုအဖြစ်မှ လွတ်မြောက်ခဲ့ရသည်။
မြန်မာသက္ကရာဇ် ၁၃၆၅-ခုနှစ် ၀ါခေါင်လတွင် ဖြစ်သည်။ ထိုစဉ်က ဦးဇ၀နသည် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဂွေးတောက်ကျေးရွာ ကျောင်း၌ ကျောင်းထိုင်ဘုန်းကြီးအဖြစ် သီတင်းသုံးနေထိုင်လျက် ရှိသည်။ ဤတွင် ဘုရားတည်မှု ကိစ္စအ၀၀ကိုလည်း ဆောင်ရွက်ပြုလုပ်နေသည်။
မှတ်မှတ်ရရ ၂၂-၈-၂၀၀၃-နေ့ ညတွင်ဖြစ်သည်။ ဦးဇ၀နသည် အိပ်ရာဝင်ခဲ့သော်လည်း ခါတိုင်းကဲ့သို့ နှစ်ခြိုက်စွာ အိပ်၍မပျော်။ အိပ်ပျော်သွားလိုက်-နိုးလာလိုက်နှင့် ကြက်အိပ်ကြက်နိုး ဆိုသလို ဖြစ်နေပါသည်။ စိတ်ထဲတွင် ဘာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာပါလိမ့်ဟု အောက်မေ့မှတ်ထင်နေသည်။ နောက်ပိုင်း ပစ္စယုဒ္ဒေသ၊ ပစ္စယနိဒ္ဒေသတို့ကို အခေါက်ပေါင်းများစွာ ရွတ်ဆိုနေလိုက်သည်။
နံနက်မိုးသောက်သောအခါ ရွာထဲမှ ဒကာကြီးနှစ်ယောက်-သုံးယောက် ရောက်ရှိလာပြီး အရှင်ဘုရားကသာ မသိတာ၊ ညတုန်းက လူသုံးယောက် အရှင်ဘုရားကို ဓားပြတိုက်မယ်လို့တဲ့ဘုရား-ဟု လျှောက်ထား ကြသည်။
ဟေ--ဟုတ်ရဲ့လား၊ တိုက်လည်းတိုက်ပေါ့ ဒကာကြီးတို့ရယ်။ ဘာတတ်နိုင်မှာလဲ။ ရှိတာပေးလိုက်ရုံပေါ့။ ဒါကြောင့်နဲ့တူတယ်။ ဦးဇင်း ညတုန်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခဲ့ဘူး။ ဒါနဲ့ နေပါဦး၊ ဒီအကြောင်းကို ဒကာကြီးတို့ ဘယ်လိုလုပ်ပြီး သိကြသလဲ-ဟု ဦးဇ၀နက အမိန့်ရှိသည်။ 
ထိုအခါ ဒကာကြီး ဦးဖိုးသာ-က ဒီလိုပါအရှင်ဘုရား၊ ညတုန်းက အရှင်ဘုရားကျောင်းက ခွေးတွေ စားမတတ် ၀ါးမတတ် ဟောင်တယ်ဘုရား။ ဒါနဲ့ တပည့်တော်တို့ သင်္ကာမကင်းဖြစ်လို့ ရွာထဲမှာ တိတ်တဆိတ် လူစုပြီး ၀ိုင်းကြဆီးကြတော့ ဓားကိုယ်စီနဲ့ မျက်နှာဖုံး စွပ်ထားတဲ့ လူသုံးယောက်ကို ဖမ်းဆီးမိတယ်ဘုရား။ သူတို့ကို သက်ဆိုင်ရာက စစ်ဆေးမေးမြန်းကြည့်တော့ ဘုရားတည်နေတဲ့ ဘုန်းကြီးထံမှာ ပိုက်ဆံတွေအများကြီး ရှိလိမ့်မယ် ထင်မှတ်ပြီး အရှင်ဘုရားကို ဓားပြတိုက်မလို့တဲ့ဘုရား။
ဒါပေမယ့် သူတို့တတွေ အရှင်ဘုရားရဲ့ကျောင်းဝင်းထဲ ဘယ်လိုမှ ၀င်လို့မရဘူးတဲ့ဘုရား။ ကျောင်းဝင်းထဲ ၀င်မယ်လုပ်တိုင်း ဧရာမလူကြီးက နောက်ကဆွဲထားသလို ခံစားရပါသတဲ့ဘုရား။ ဒါကြောင့် အရှင်ဘုရားကို ဓားပြမတိုက်ဖြစ်တာ ဆိုတဲ့အကြောင်း (ထွက်ဆို)ပြောပြပါတယ်ဘုရား-ဟု လျှောက်ထားသည်။ 
ဦးဇ၀နက မှတ်ထားကြ ဒကာကြီးတို့၊ ဒါ ဘာကြောင့်လဲလို့ဆိုရင် ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်ပွားများ ပူဇော်ရခြင်းရဲ့ လက်တွေ့အကျိုးပါပဲ။ ဦးပဉ္ဇင်း  ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်ပွားများ ပူဇော်လာတာ နှစ်ပေါင်း ၂၀-ကျော်ခဲ့ပါပြီ။ ဦးပဉ္ဇင်း ယခုလို ဓားပြဘေးမှ ကင်းဝေးလွတ်မြောက်ရတာ ပဋ္ဌာန်းဒေသနာ တော်ကို ရွတ်ဆိုပွားများခြင်း အကျိုးကြောင့်လို့ လေးလေးနက်နက် ယုံကြည်ယူဆမိပါတယ်-ဟူ၍ မိန့်တော်မူလိုက်ပါသည်။
(ဦးဇ၀နကိုယ်တိုင် မိန့်ကြားသည်ကို ရေးသားတင်ပြအပ်ပါသည်)
ထီးချိုင့် မောင်ကံဦး
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဇူလိုင်လ)
ပြုသည့်အတိုင်း ခံရသူ
ကျွန်တော့်အကိုဖြစ်သူ ဖိုးမောင်သည် ခွေးသားအလွန်ကြိုက်သည်။ ထို့ကြောင့် သူ့အပေါင်းအသင်းများနှင့် အတူ အရက်သောက်ရင်း ခွေသားဟင်း ချက်စားတတ်ကြသည်။  အဖေနှင့်အမေက အကိုအား ထိုသို့မပြုရန် အမျိုးမျိုး ဆုံးမပြောဆိုသော်လည်း အပေါင်းအသင်းများကို ခေါ်၍ ရွာအနောက်ဘက်ရှိ ခြံထဲတွင် သွား၍ ချက်စားတတ်သည်။ 
လူမိုက်အချင်းချင်း ပေါင်းသင်းကြသည်ဆိုသော စကားကဲ့သို့ သူတို့တတွေ ခွေးသားစားလိုသောအခါ ခွေးရှာကြသည်။ ၀ယ်သည့်အခါ ၀ယ်ကြသည်။ ခိုးဖမ်းသည့်အခါလည်း ရှိသည်။ ခွေးတကောင်ကို ရသည့်အခါ ပီနံအိတ်အတွင်း ထည့်၍ နှာခေါင်းကို ချုပ်ကိုင်ထားပြီး လူသူများနှင့်ဝေးရာ ခြံများဆီသို့သွား၍ ရိုက်သတ်ကြတော့သည်။ သတ်ပြီးလျှင် ဖျက်၍ ချက်ကြသည်။ အရက်သောက်လျက် စားကြသည်။
ခွေးသားစားသူများကို ခွေးများက သူတို့ဘာသာဘာဝအလျောက် သိကြသည်။ သူတို့ကို အနိုင်ကျင့်၍ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်သူများ၏ အနားသို့ ဘယ်တော့မှ မကပ်ပေ။ သူတို့ကိုယ်မှ အနံ့များထွက်လေသလားမသိပါ။ သူတို့ ရွာတွင်းသို့ လမ်းလျှောက်သည့်အခါ ခွေးများက စူးစူးဝါးဝါး ထိုး၍ ဟောင်တတ်သည်။
ခွေးသားစားသူများသည် အပူပြန်တတ်သည်။ ခန္ဓာကိုယ်မှာ ပူလွန်းသဖြင့် မကြာခဏ ရေချိုး၊ ရေစိမ်ကြရသည်။ အကိုကြီးသည် တနေ့တွင် ခွေးသားများ တ၀စားပြီးနောက် ညအချိန်တွင် အပူပြန်တော့သည်။ ညခုနစ်နာရီခန့်တွင် ရေချိုးဆိပ်သို့သွား၍ ရေချိုးသည်။ ကမ်းစပ်နားအရောက်တွင်---
ဟေ့ကောင်တွေ ငါ့ကို မဆွဲကြနဲ့ကွာ၊ မလုပ်ကြနဲ့ကွာ၊ ငါကြောက်တယ်၊ အမယ်လေး လုပ်ကြပါဦး။
အကိုကြီး၏ အော်ဟစ်သံများကို ချောင်းကမ်းပါးအနီးတွင် နေသူများက ကြားရသော်လည်း သူတို့အပေါင်းအသင်းများ အချင်းချင်း နောက်ပြောင်နေကြသည်ထင်၍ မည်သူမှဆင်း၍ မကြည့်ကြပေ။
ဤသို့အော်ရင်း၊ ဟစ်ရင်းပင် အသံပျောက်သွားတော့သည်။ နောက်တနေ့မနက်တွင် အကိုကြီး အိမ်ပြန်မရောက်သဖြင့် ဟိုဟိုသည်သည် လိုက်၍ရှာကြသည်။ ရေချိုးဆိပ်တွင် သူချွတ်ထားသော အ၀တ်အစားများကို တွေ့ရသဖြင့် ချောင်းထဲသို့ ဆင်း၍ရှာကြသည်။ တော်တော်နှင့် ရှာမတွေ့ပေ။ နေ့လယ်လောက်တွင်မှ အလောင်းကို ကန်စွန်းဘောင်ဘေးတွင် တွေ့ကြရသည်။
ကျောက်ချက်ချသော် အကိုကြီး ရေနစ်သေဆုံးရခြင်းပင် ဖြစ်သည်။ မကောင်းဆိုးဝါးများက သူ့ကို ရေထဲသို့ ဆွဲချနစ်သတ်သည်-ဟု ပြောသူများကလည်း ပြောကြသည်။
ခွေးများကို အိတ်ထဲတွင်ထည့်၍ သယ်ယူကြသည့်အခါ အသက်ရှူကြပ်ကြရသလို သူလည်း မွန်းကြပ်သေရသည်ဟုပင် လူအများက ဆိုကြသည်။ သူပြုသည့်အတိုင်း သူပြန်၍ခံရခြင်းပင် ဖြစ်သည်။
ဆရာအေး(ကျုံပျော်)
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဇူလိုင်လ)
Tuesday, February 15, 2011
ပရဟိတ ဆောင်ရွက်ကျိုး
* အများအကျိုး၊ ရွက်သယ်ပိုး၊ ကိုယ်ကျိုးမယုတ်ပါ။
* ကိုယ်ကျိုးမထား၊ ဆောင်ရွက်ငြား၊ အများကြည်ညိုရာ။
* ရပ်ကျိုး ရွာကျိုး၊ ရွက်သယ်ပိုး၊ တန်ခိုးကြီးတတ်ပါ။
* ရပ်သူ ရွာသား၊ မေတ္တာပွား၊ ရှည်လျားတသက်တာ။
* ဘေးကင်း ရန်ကင်း၊ ရောဂါကင်း၊ လက်ငင်းချမ်းသာစွာ။
* ဘုရားအလောင်း၊ ထုံးကိုဆောင်း၊ ယုံကြောင်းပုံစံပါ။
စစ်ကိုင်း ရွှေဟင်္သာဆရာတော်ကြီး
အဆစ်အမြစ် ကိုက်ခဲခြင်း
တရုတ်ပြည် ရှေးဟောင်း သုံးပြည်ထောင်ခေတ် (AD 221-263) ဆူဟန်ပြည်ထောင်၏ စစ်သူကြီး ကွမ်းသည် စစ်ချီကျမ်းကျိန် သစ္စာဆိုပွဲပြီးနောက်  စခန်းတွင် အနားယူသည်။ ငိုက်မျည်းရင်း အိပ်မက်မက်သည်။ ရုတ်တရက် တောဝက်တကောင် ပေါ်လာသည်။ နွားကဲ့သို့ ကြီးသည်။ တကိုယ်လုံး မည်းတူးနေသည်။ စခန်းသို့ ပြေးဝင်ပြီး မိမိ၏ခြေကို လာကိုက်သည်။ လန့်နိုးလာသောအခါ ဘယ်ခြေသည် နာနာကျင်ကျင်ဖြစ်နေသည်။
စစ်သူကြီးကွမ်းသည် မည်သည့်အတိတ်နိမိတ်ဆောင်သည်ကို သိလို၍ စုံစမ်းကြည့်သောအခါ မွေးစားသား ကွမ်းဖိင်သည် မျက်နှာလိုမျက်နှာရ ၀က်ဆိုတာ နဂါးပုံပေါက်တယ်၊ နဂါးက ခြေမှာလာကပ်တယ်ဆိုတော့ ပျံတက်ခြင်းအဓိပ္ပါယ် ဆောင်တယ်။ စိုးရိမ်ဖွယ်မရှိ-ဟုဆိုသည်။ ဤသို့ ပြောဆိုခြင်းသည် စစ်သူကြီး ကွမ်းအား ရောဂါကုသရန် နှောင့်နှေးကြန့်ကြာစေခဲ့သည်ကို သူမသိ။ စစ်ပွဲကို ကြီးမှူးကွပ်ကဲ အုပ်ချုပ်ရသော စစ်သူကြီးကွမ်းမှာမူ နာတာရှည်ရောဂါ စွဲကပ်ခံစားနေရတော့သည်။
ယခုခေတ် ရှေးပညာရှင် ရှုထောင့်မှကြည့်လျှင် စစ်သူကြီးကွမ်း ခြေနာသည်ဟု မြင်မက်ခြင်းသည် ဒူလာရောဂါ သိသာထင်ရှားစွာ ရောဂါဖောက်ပြန်လာခြင်း ဖြစ်နိုင်သည်။
ဒူလာရောဂါသည် အသက်ကြီးယောက်ျားများတွင် ဖြစ်လေ့ရှိသော အဆစ်အမြစ်ကိုက်ခဲခြင်း ရောဂါပင် ဖြစ်သည်။ အဆစ်အမြစ်ကိုက်ခဲစေသော တိုက်ရိုက်အကြောင်းရင်းသည် သွေးရည်ထဲ၌ ယူရစ်အက်စ် များလာသောကြောင့် ဖြစ်သည်။ သွေးရည်ထဲတွင် ယူရစ်အက်စစ်ဆား ပျော်ဝင်နိုင်မှု အားနည်းလာသည်။ ပိုလျှံသော ပိုတက်စီယမ် ယူရစ်အက်စ် ဓာတ်ဆားပွင့်ကလေးများ ဖြစ်လာပြီး အဆစ်များ၏ အစေးမြှေးတွင် အနယ်ထိုင်သည်။ ထိုအခါ အဆစ်အမြစ်များသည် ရောဂါပိုးမရှိဘဲလျက် နာကျင်ရောင်ရမ်းလာသည်။ အဆစ်များ နီမြန်းပူနွေးလာတတ်သည်။ 
အရက်သောက်ခြင်းသည် အဆစ်အမြစ်ကိုက်ခဲခြင်းကို ပိုမိုဆိုးဝါးစေနိုင်သည်။ အရက်ပြန်သည် လူ့ခန္ဓာကိုယ်ထဲသို့ ရောက်သောအခါ လူ့ခန္ဓာကိုယ်တွင်းရှိ (Lactic acid) လက်တစ်အက်စ် ဖြစ်မြောက်ခြင်းကို တိုက်ရိုက်မြန်ဆန်စေသည်။ ထိုလက်တစ်အက်စ်သည် ကျောက်ကပ်မှ ယူရစ်အက်စ် စွန့်ထုတ်ခြင်းကို ဟန့်တားသည်။ သို့နှင့် အဆစ်အမြစ်ကိုက်ခဲ သံသရာစစေသည်။
စစ်သူကြီးကွမ်းသည် ရှေးတရုတ် သုံးပြည်ထောင်ခေတ် ဆူဟန်ပြည်ထောင်(AD 221-263) ၏ စစ်သူကြီး ဖြစ်သည့်ပြင် ပြည့်ရှင်မင်း လျိုပေ့နှင့်လည်း သွေးသောက်ညီအကိုဖြစ်၍ အဆင့်မြင့်သည်။ ကြက်၊ ဘဲ၊ ငါး၊ အသား စားကောင်းသောက်ဖွယ် နေ့စဉ်စားနေကျဖြစ်သည်။ ထို့ပြင် ရာထူးကြီးမှုကြောင့် စားပွဲ ခဏခဏသွားရသည်။ အရက်သောက်ခြင်း အကြိမ်များသည်။ စားကောင်းသောက်ဖွယ်တို့ များလွန်းသဖြင့် ခန္ဓာကိုယ် ပျက်စီးသည်မှာ မလွဲမသွေ ဖြစ်တော့သည်။ သွေးတွင်း ယူရစ်အက်စ်ဓာတ် ပိုကဲသောရောဂါဖြစ်လာမည်။
ယခုခေတ် ဆေးပညာအရ သွေးတွင်းယူရစ်အက်စ်ဓာတ် ပိုကဲခြင်းကို ကာလကြာရှည်စွာ မပြုပြင် မကုသပါက အဆစ်အမြစ်တွင် ဆားပွင့်များ အနယ်ထိုင်ပြီး အဆစ်အမြစ်ကိုက်ခဲခြင်း ဖြစ်လာလေသည်။ အဆစ်အမြစ်ကိုက်ခဲခြင်း ဝေဒနာရှင်များစွာတို့သည် ဆရာဝန်ကို ရောဂါဖြစ်စဉ် ပြောပြသောအခါတွင် ထိုခေတ်ထိုအခါက စစ်သူကြီးကွမ်းကဲ့သို့ပင် အိပ်မက်ထဲ၌ မြွေ သို့မဟုတ်-အကောင်တမျိုးမျိုး အကိုက်ခံလိုက်ရပြီး နိုးလာသောအခါ အကယ်ပင် ခြေနာနေတော့သည်။
များသေားအားဖြင့် ညဘက်တွင် အဆစ်အမြစ်ကိုက်ခဲခြင်း ရောဂါ ဖောက်ပြန်ဆိုးဝါးလာတတ်သည်။ အကြောင်းရင်း (၁) ညဘက်အိပ်ရာဝင်ချိန်တွင် အစာနှင့်ရေ ခန္ဓာကိုယ်တွင်း မ၀င်ရောက်တော့၍ သွေးရည်သည် ရေဓာတ်လျော့နည်းလာပြီး ယူရစ်အက်စ်ဓာတ် စေးပျစ်မှု ပိုမိုလွန်ကဲလာသည်။
(၂) အဆစ်အမြစ်ကိုက်ခဲခြင်းကို ထိန်းချုပ်နိုင်သော ကျောက်ကပ်အထက်ဂလင်း အရေပါး ဟော်မုန်းထုတ်လွှတ်မှု လျော့နည်းနေချိန်တို့ကြောင့် ဖြစ်သည်။
လူ၏ခြေအစုံသည် ခန္ဓာကိုယ်တခုလုံး၏ အလေးချိန်ကို ထမ်းထားရသည်။ ပထမခြေမျက်လွန် ခြေဖ၀ါးအဆစ်သည် တကိုယ်လုံးတွင် ဖိအားခံယူမှု အများဆုံး အဆစ်ဖြစ်သည်။ အဆစ်များ၏ အစေးမြှေးသည် အနည်းငယ် ရောင်ရမ်းနာကျင် ဖြစ်တတ်သည်။ ထိုအစေးမြှေးတွင် ဆိုဒီယမ်ယူရစ်အက်စ် ဆားပွင့်ကလေးများ အလွယ်တကူ စုရုံးအနယ်ထိုင်လာကြသည်။ ထို့ကြောင့် ပထမခြေမျက်လွန် ခြေဖ၀ါးအဆစ်သည် ဦးဆုံးရောဂါ ဖောက်ပြန်သောနေရာ၊ ခဏခဏ ရောဂါဖောက်ပြန်တတ်သော နေရာလည်း ဖြစ်သည်။
တရုတ်ဆေးပညာအရ ဆိုရသော် အဆစ်အမြစ်ကိုက် ဒူလာရောဂါကို ၀ါယောဓာတ် ဖောက်ပြန်ခြင်း ရောဂါ-ဟု ခေါ်သည်။ အကြောအဆစ် ထုံကျဉ်ကိုက်ခဲခြင်း ရောဂါအမျိုးအစား ဖြစ်သည်။ စားကောင်းသောက်ဖွယ်များ အစားကြူး၍ အစိုပူဖြစ်ပေါ်ပြီး ချွဲသလိပ် ပျစ်ညစ်၍ အေးခဲသည်။ သွေးလေမမှန်ဘဲ ရောဂါအခြေအနေပေါ်မူတည်ပြီး ဆေးကုသမှု ခံယူသင့်သည်။ အစားအသောက်ကိုလည်း တင်းကျပ်စွာ ထိန်းချုပ်ရမည်။ ဘီယာ၊ တိရစ္ဆာန်ကလီစာများ၊ အသားများ၊ ငါး၊ ပုစွန်၊ ကဏန်း၊ ပင်လယ်ခူ၊ ခရု၊ ကမာ၊ ပဲပုပ်၊ ပဲကြီး၊ မှို စသည့်အစာတို့ကို ရှောင်ရမည်။
ကလေးနှင့် လူငယ်များတွင် အဖြစ်များသော အဆစ်အမြစ်ကိုက်ခဲခြင်းသည် (Rheumatism) ရူမက်တစ်ဇင်ရောဂါ ဖြစ်သည်။ နာတာရှည်၍ ထပ်ခါထပ်ခါ ဖောက်ပြန်တတ်သော တကိုယ်လုံး နာတတ်သောရောဂါဖြစ်သည်။ အေး၍ စိုစွတ်သော အနွေးပိုင်းဒေသတွင် အဖြစ်များသည်။ 
အဆစ်ရောင်နာနှင့် နှလုံးရောင်နာသည် အဓိကလက္ခဏာများဖြစ်သည်။ ကိုယ်လည်း ပူနိုင်သကဲ့သို့ အင်ပျဉ်လည်း ထနိုင်သည်။ အရေပြားအောက် အထုံးကလေးများလည်း ပေါ်တတ်သည်။ အကြောဆွဲရောဂါလည်း ပေါ်တတ်သည်။ ဤရောဂါသည် နှလုံးကြွက်သား၊ နှလုံးဖုံးမြှေးနှင့် နှလုံးအခင်းမြှေးတို့ကို ထိခိုက်စေနိုင်သည်။ ရူမက်တစ်ဇင် နှလုံးအခင်းမြှေးရောဂါ ဖြစ်သွားနိုင်သည်။
ထို့ကြောင့် ခန္ဓာကိုယ်ခုခံအားကောင်းစေရန် ကိုယ်လက်ကြံ့ခိုင်အားကစား လှုပ်ရှားမှု ကြိုးစားလေ့ကျင့် သင့်သည်။ အအေးမိ၊ အာသီးရောင်၊ လည်ချောင်းနာရောဂါများ မဖြစ်အောင် ကာကွယ်ရမည်။ ဖြစ်လျှင်လည်း ဆရာဝန်ညွန်ကြားသည့်ဆေးကို အပတ်လည်အောင် သောက်ရမည်။
အဆစ်ရောင်နာ (Arthritis)သည် အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲသော နာတာရှည်ရောဂါဖြစ်သည်။ ရောဂါပြင်းထန်လျှင် နီ၊ ရောင်၊ ပူ၊ နာတတ်သည်။ လှုပ်ရှားရန် ခက်ခဲပြီး အဆစ်အမြစ်များ ပုံပျက်သွားနိုင်သည်။ ရောဂါဖြစ်နိုင်သော အကြောင်းရင်းများစွာရှိသည်။ အကြမ်းဖျင်း ငါးမျိုး ခွဲခြားနိုင်သည်။
(၁) ဓာတ်မတည့် တုံ့ပြန်ခြင်း (ရူမက်တွိုက် အာသရိုက်တစ်နှင့် ဆင်တူအဆစ်ရောင်နာတို့ ပါဝင်သည်။)
(၂) ရောဂါပိုးမွှား ကူးစက်ခြင်း၊ ပြည်တည်အဆစ်အမြစ်ရောင်နာ၊ အာသီးရောင်၊ အအေးမိ ချောင်းဆိုးတို့ ပါဝင်သည်)။
(၃) ဇီဝဖြစ်ပျက် ပြောင်းလဲဖြစ်စဉ် စနစ်မကျ ရှုပ်ထွေးယိုယွင်းခြင်း (ဒူလာရောဂါ အပါအ၀င်ဖြစ်သည်)။
(၄) ထိခိုက်အနာတရဖြစ်ခြင်း(ထိခိုက်၊ ခွဲစိတ်အပါအ၀င်)။
(၅) မရှင်းလင်းသော အကြောင်းရင်း (သမင်ဖြူရြေ၈ါ အပါအ၀င်)။
ရူမက်တွိုက် အာသရိုက်တစ်၏ ထူးခြားချက်သည် လှညြ့်လည်တတ်သော သဘောရှိသည်။ အဓိကဒုက္ခပေးသော နေရာများမှာ ပခုံး၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်၊ ဒူးခေါင်း၊ တင်ပါးဆစ်၊ ပေါင်ရင်းဆစ် စသည့် အဆစ်ကြီးများဖြစ်သည်။ သို့သော် ပြည်တည်ခြင်းမရှိ။ ရောဂါဖောက်ပြန်ခြင်း မရှိသော အခါတွင် အဆစ်များသည် ဘာမျှမဖြစ်သကဲ့သို့ပင် ရှိ၏။
ကြိုတင်ကာကွယ်လိုလျှင် အာခေါင်းနာ၊ အာသီးရောင်နာတို့ မဖြစ်စေရန် ရေခဲရေသောက်ခြင်း၊ အအေးမိခြင်းကို ရှောင်ရမည်။ ဆရာဝန်ညွှန်ကြားသော ဆေးကို ဆေးပတ်လည်အောင် သောက်ရမည်။
ဆင်တူ အဆစ်ရောင်နာသည် နာတာရှည် တွယ်ဆက်တစ်မှူးရောဂါတမျိုး ဖြစ်သည်။ တစုံတရာသော ရောဂါရပြီးနောက် ဖြစ်ပေါ်လာသော မိမိကိုယ်ကို ရောဂါဖြစ်ခြင်း တုံ့ပြန်မှုဖြစ်သည်။ များသောအားဖြင့် ခြေလက်အဆစ်များကို ဒုက္ခပေးတတ်သည်။ ရောဂါဖြစ်ခါစတွင် ရောင်ရမ်းနီမြန်းခြင်း ဖြစ်တတ်သည်။ ရောဂါကျွမ်းလာသောအခါ အဆစ်မျက်နှာပြင်များ ပျက်စီးလာသည်။ တွဲကပ်လာသည်။ အဆစ်များအဓမ္မ ဆွဲဖြောင့်သကဲ့သို့ တိုးလိုးတွဲလောင်းပုံစံ ဖြစ်လာမည်။ ဆေးကုသမှု၊ ဟော်မုန်းဆေးသွင်း ကုသမှု၊ အပ်စိုက်ကုသမှုအပြင် လိုအပ်လျှင် ခွဲစိတ်ကုသမှုကိုပါ ခံယူရမည်။
ပါမောက္ခ ဒေါ်ခင်ဖြူ (မြင်းခြံ)
တရုတ်ဘာသာ Family Doctor စာစောင်နှင့် တရုတ်ဘာသာ The Nobel Prize in Medicine စာအုပ်များကို ကိုးကားဘာသာပြန်ပါသည်။
(မြတ်မင်္ဂလာ ၂၀၁၀-ဇူလိုင်လ)