Friday, April 22, 2011

ပဋ္ဌာန်း ၂၄-ပစ္စည်း

၁။ ဟေတု ပစ္စယ=The relation way of root.
၂။ အာရမ္မဏ ပစ္စယ=The relation of object.
၃။ အဓိပတိပစ္စယ=The relation of dominance.
၎။ အနန္တရ ပစ္စယ=The relation of contiguity.
၅။ သမနန္တရ ပစ္စယ=The relation of immediate contiguity.
၆။ သဟဇာတ ပစ္စယ=The relation of Co-existence.
၇။ အညမည ပစ္စယ=The relation of reciprocity.
၈။ နိဿယ ပစ္စယ=The relation of dependence.
၉။ ဥပနိဿယ ပစ္စယ=The relation of Sufficing condition.
၁၀။ ပုရေဇာတ ပစ္စယ=The relation of pre-existence.
၁၁။ ပစ္ဆာဇာတ ပစ္စယ=The relation 0f post-existence.
၁၂။ အာသေ၀န ပစ္စယ=The relation of habitual recurrence.
၁၃။ ကမ္မ ပစ္စယ=The relation of Kamma.
၁၄။ ၀ိပါက ပစ္စယ=The relation of effect.
၁၅။ အာဟာရ ပစ္စယ=The relation of food.
၁၆။ ဣန္ဒြိယ ပစ္စယ=The relation of  control.
၁၇။ ဈာန ပစ္စယ=The relation of jhana.
၁၈။ မဂ္ဂပစ္စယ=The relation of path.
၁၉။ သမ္ပယုတ္တ ပစ္စယ=The relation of association.
၂၀။ ၀ိပ္ပယုတ္တ ပစ္စယ=The relation of dissociation.
၂၁။ အတ္ထိ ပစ္စယ=The relation of presence.
၂၂။ နတ္ထိ ပစ္စယ=The relation of absence.
၂၃။ ၀ိဂတ ပစ္စယ=The relation of abeyance.
၂၄။ အ၀ိဂတ ပစ္စယ=The relation of continuance.


ဆရာတော် ဦးဉာဏ (လယ်တီကျမ်းများကို အင်္ဂလိပ် ဘာသာပြန်သူ)

Thursday, April 21, 2011

မိုးကြိုး ၉-မျိုး

မိုးကြိုး ၉-မျိုး ဟူသည်မှာ မိုးကြိုး ပစ်ခြင်းမျိုး ၉-မျိုးကိုပင် ဆိုသည်။
သုတ်မဟာဝါ အဋ္ဌကထာ မဟာပရိနိဗ္ဗာနသုတ် အဖွင့်၌
(၁) အသံမမြည်ဘဲ ကျသော မိုးကြိုး
(၂) ပုဆိန် ပဲကွပ်များကဲ့သို့ အသွားတဖက်သာရှိသော မိုးကြိုး
(၃) ရယ်သကဲ့သို့ကျသော လျှပ်စစ်မိုးကြိုး
(၄) ဂျက်ဂျက်မြည်လျက် ကျသော မိုးကြိုး
(၅) မျောက်မျက်နှာ မျှော်သကဲ့သို့ ကျသော မိုးကြိုး
(၆) ငါးမြူးသကဲ့သို့ ကျသော မိုးကြိုး
(၇) ကြက်တောင်ဖြန့်သကဲ့သို့ ကျသော မိုးကြိုး
(၈) ထွန်တုံးကဲ့သို့ ကျသော မိုးကြိုး
(၉) မိုးပင်ရွာသော်လည်း အလျှံနှင့်တကွဖြစ်၍ ရေမစွက်သော လောင်မီးမိုးကြိုး။
ဟူ၍ ပြဆိုထားသည်။ 


မိုးကြိုးအနီးတွင် ကျသော်လည်း မထိတ်လန့် မကြောက်ရွံ့တတ်သော အာဇာနည်များမှာ---
(၁) သီဟ=ခြင်္သေ့ အာဇာနည်မျိုး
(၂) ဟတ္ထိဇာနေယျ=ဆင်အာဇာနည်မျိုး
(၃) အဿာဇာနေယျ=မြင်းအာဇာနည်မျိုး
(၄) ဥသဘာဇာနေယျ=နွားလားအာဇာနည်မျိုး
(၅) ပုရိသာဇာနေယျ=ယောက်ျားအာဇာနည်မျိုး
(၆) ခီဏာသ၀=ရဟန္တာပုဂ္ဂိုလ်တို့ ဖြစ်ပါသည်။

ရောဂါကင်းပျောက် ဘေးမရောက် ဂါထာ

 သိရသ္မိံ (မေ) ဗုဒ္ဓသေဋ္ဌော၊ သာရိပုတ္တော စ ဒက္ခိဏေ။
ဝါမအံသေ မောဂ္ဂလ္လာနော၊ ပုရတော ပိဋကတ္တယံ။

ပစ္ဆိမေ (မမ) အာနန္ဒော၊ စတုဒ္ဒိသာ ခီဏာသ၀ါ။
သမန္တာ လောကပါလာ စ၊ ဣန္ဒာ ဒေ၀ါ သဗြဟ္မကာ။

ဧတေသံ အာနုဘာဝေန၊ သဗ္ဗေ ဘယာ ဥပဒ္ဒ၀ါ။
အနေက အန္တရာယာပိ၊ ၀ိနဿန္တု အသေသတော။

အနက် မြန်မာပြန်
၁။ ကျွန်ုပ်၏ ဦးခေါင်းထက်၌ ဘုရားကိုယ်တော်မြတ်ကြီးသည် ကြွမြန်းတည်နေတော်မူပါဘုရား။
ကျွန်ုပ်၏ လက်ယာပုခုံး၌ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် ဘေးဒဏ်ရန်များ ပျောက်ကွယ်ရှားအောင် ဟန့်တားတည်နေတော်မူပါဘုရား။
ကျွန်ုပ်၏ လက်ဝဲပုခုံး၌ အရှင်မောဂ္ဂလာန် မထေရ်မြတ်သည် ဘေးဒဏ်ရန်များ ပျောက်ကွယ်ရှားအောင် ဟန့်တားတည်နေတော်မူပါဘုရား။
ကျွန်ုပ်၏ နဖူးမုခ လည်ရင်ဝတွင် ရှေ့တခွင်၌ ပိဋကတ်သုံးပုံသည် ဘေးဒဏ်ရန်များ ပျောက်ကွယ်ရှားအောင် ဟန့်တားတည်နေတော်မူပါဘုရား။


၂။ ကျွန်ုပ်၏ နောက်အဖို့ဟုဆိုအပ်သော လည်ကုပ် လက်ပြင် ကျောတခွင်၌ အရှင်အာနန္ဒာမထေရ်မြတ်သည် တည်နေတော်မူပါဘုရား။
ကျွန်ုပ်၏ လေးရပ်မျက်နှာ ကိုယ်အင်္ဂါတို့၌ ရဟန္တာအရှင်မြတ်တို့သည် တည်နေတော်မူပါဘုရား။
ကျွန်ုပ်၏ ထက်ဝန်းကျင်အရပ်ဆယ်မျက်နှာ၌ ဗြဟ္မာမင်း၊ သိကြားမင်း၊ လောကကိုစောင့်ရှောက်သော နတ်ကောင်း နတ်မြတ်တို့သည် တည်နေတော်မူပါ။

၃။ ထို ဘုရား တရား သံဃာများနှင့် သိကြားဗြဟ္မာတို့၏ အာနုဘော်တော်ကြောင့် အလုံးစုံသော အသက်ဘေးရန်၊ ရောဂါဒဏ်ဆိုး အမျိုးမျိုးတို့သည် နေလာနှင်းပျောက် ပျောက်ပျက်ကြပါစေကုန်သတည်း။


ခင်ပြုံးဝင့်

တဆုပ်ဆန်နှင့် ကုသိုလ်ကံ

ယခုတော့ ကျွန်တော်တို့ အိမ်ကလေးသည် ပျဉ်ထောင် ပျဉ်စီ၊ သွပ်မိုး အိမ်ကလေးအဖြစ် ပြောင်းလဲသွားခဲ့ပေပြီ။ အကြောင်းမှာ ကျွန်တော်တို့ မိသားစုအားလုံး၏ ကံ ကံ၏အကျိုး၊ ကုသိုလ်ကံ စေတနာတို့ကြောင့် အမေ့အိမ် ထီဆိုင်တွင် ထီထိုးရာမှ သုံးသိန်းဆု ထီပေါက်ခြင်းကြောင့် ဖြစ်သည်။

ဤကဲ့သို့ ထီမပေါက်ခင်ကာလတွင် ကျွန်တော်တို့ မိသားစုသည် နေ့ဖို့ညစာ ကိစ္စအ၀၀ကို အတော်လေးပင် ချင့်ချိန်ချွေတာ၍ စားသုံးခဲ့ရပါသည်။ သို့သော်လည်း အလှူအတန်းနှင့် ပတ်သက်လာလျှင် မိမိတို့တတ်နိုင်သမျှ သဒ္ဓါတတ်အား နည်းများမဆို ရတနာသုံးပါး ဦးထိပ်ထား၍ စေတနာသန့်သန့်နှင့် လှူဒါန်းမှုကို ပြုတတ်ပါသည်။ အလှူအတန်းနှင့် ပတ်သက်၍ ထိုနေ့ကိုဖြင့် အမှတ်တရနေ့ များစွာထဲမှ အမှတ်အရဆုံးနေ့ ဖြစ်ပါသည်။

အိမ်ရှေ့တွင် ကြေးစည်သံတဝေေ၀နှင့် တဆုပ်ဆန် အလှူခံများ ရပ်နေကြသည်။ ကျွန်တော့်အမျိုးသမီးသည် ဆန်အိုးထဲက ဆန်များကို မပြည့်ပြည့်အောင် နို့ဆီဗူးထဲသို့ ခြစ်ခြုတ်ထည့်နေသည့် အသံကိုလည်း အတိုင်းသား ကြားနေရသည်။ ခဏကြာမှ ဆန်နို့ဆီဗူးတဗူးအပြည့် ယူလာပြီး ကျွန်တော့်ကို ပြုံးပြ၍ သွားရောက်လောင်းလှူပါသည်။ ကျွန်တော်လည်း အလိုက်သိစွာ ခေါင်းညိတ်ပြလိုက်ပါသည်။ ရှိသမျှ ဆန်အားလုံး လှူခဲ့ပါသည်။ ထိုတဆုပ်ဆန် အလှူခံများ ပြန်သွားကြ၍ ၁၅-မိနစ်ခန့်ကြာသော်-

မောင်တင်အောင်ထွန်းရေ ခဏကွာ၊ ဦးတို့အိမ်မှာ မီးခလုတ်ခုံလေး ပျက်သွားလို့ လိုက်ပြင်ပေးပါဦး၊ အားတော့ နာတယ်ကွာ-
အားနာစရာ မလိုပါဘူး ဦးရယ်၊ ရပါတယ်။ ကူညီရမှာပေါ့-ဟူ၍ ကူညီခဲ့သည်။
ထိုနေ့ည ဦးရဲလွင်တို့အိမ်မှ မီးခလုတ်ခုံပြင်၍အပြန် ရရှိလာသော လုပ်အားခကလေးဖြင့် မနက်ဈေးဖိုးပေး၊ ကျန်သောငွေဖြင့် အမေ့အိမ် ထီဆိုင်တွင် ထီလက်မှတ်တစောင် ထိုးလိုက်ရာမှ တဆုပ်ဆန်၏ ကုသိုလ်ကံအကျိုးသည် ကျွန်တော်တို့ မိသားစု၏ ရင်တွင်းသို့ ပဲ့တင်သံထပ် ပီတိများ လျှံဝေစေပါတော့သတည်း။

မောင်မောင်ဝင်းတင်(ရွေှ့ပင်မြေ)
(မြတ်မင်္ဂလာ ၂၀၀၀-ပြည့် ဇန်န၀ါရီလ)

အံ့ဖွယ် ကျေးဇူးသိသူ

သိင်္ဃိုကျွန်း အနုရာဓပြည်၌ သင်္ခဗောဓိမင်း မင်းပြုသောအခါ သင်္ဃတိဿအမတ်သည် မင်း၏စည်းစိမ်ကို လုမည်-ဟု စစ်အင်္ဂါလေးပါးဖြင့် ဇနပုဒ်က ချီလာသည်။
သင်္ခဗောဓိမင်းသည် စစ်ပြုပါက လူအများသေကျေ ပျက်စီးမည်ကို စိုးသောကြောင့် စစ်မပြုဘဲ ညဥ့်အခါမှာ ပြည်ကခွါ၍ ပြေးလေသည်။ မိုးသောက်လျှင် တခုသောအရပ်သို့ ရောက်၍ ပင်ပန်းလှသဖြင့် ရေဆိပ်တွင် ထိုင်လျက်နေ၏။

ထိုအခိုက် လုလင်တယောက်သည် ထမင်းထုပ်ကို တောင်ဝှေးဖျားမှာ ဆွဲ၍ လယ်ပြင်မှ တက်လာသည်။ မင်းကို မြင်လျှင် ထမင်းကို ဆက်ကပ်၏။
မင်းလည်း ထမင်းစားပြီးသော် လုလင်အား” သင် ငါ့ကို သိသလော” ဟုမေး၏။
ကျွန်ုပ်မသိ ဆိုသော် ငါသည် သင်္ခဗောဓိမင်း-ဟု  ပြန်ပြောလေ၏။

လုလင်လည်း ”အရှင်မင်းကြီး ထိုသို့ဖြစ်သော် အဘယ့်ကြောင့် တကိုယ်တည်း ကြွလာတော်မူသနည်း”ဟု မေးမြန်း၏။
ထိုအခါ မင်းက ”အမတ် သင်္ဃတိဿသည် မင်းပြုမည် ဟူ၍ ငါ့ကို စစ်ပြိုင်လာပါသည်၊ ငါသည် လူအများသေကျေမည်ကို စိုးသောကြောင့် စစ်မပြုဘဲ ထွက်ခဲ့သည်-ဟူ၍ ဆို၏။

သင်္ခဗောဓိမင်းက ”အမောင် လုလင်၊ ငါသည် သင့်ထမင်းထုပ်ကို စားရသောကြောင့် သင့်ကျေးဇူးသည် ငါ့အပေါ် တင်ရှိနေပေ၏။ ကျေးဇူးဆပ်လိုသည့်အတွက် သင်သည် ငါ့ဦးခေါင်းကိုဖြတ်၍ သင်္ဃတိဿအား ဆက်လေ၊ ဆုလာဘ်များစွာ ရလိမ့်မည်”ဟူ၍ ဆို၏။

ထိုအခါ လုလင်က ”အရှင်မင်းကြီး၊ ဤသို့ပြုမှ ရသော စည်းစိမ်ချမ်းသာ ဆုလာဘ်ကို မမြတ်နိုးပါ”ဟု ငြင်းဆိုသည်။
မင်းလည်း ”ထိုသို့တပြီးကား ငါ့အလိုလိုပင် ငါ သေအံ့”ဟု အဓိဋ္ဌာန်ုပြုလျက် ရေဖြင့် သွန်းဖျန်းတော်မူသော် မင်း၏ ဦးခေါင်းသည် အလိုလို ပြတ်လေ၏။

လုလင်သည်လည်း မင်းခန္ဓာစဲမှ ဦးခေါင်းကို ယူကာ သင်္ဃတိဿမင်းအား ဆက်လေ၏။ အလုံးစုံသော စကားကိုလည်း လျှောက်ကြား၏။ သင်္ဃတိဿမင်းသည် ”ဤလုလင်အနေဖြင့် ငါ၏ ရန်သူဖြစ်သော မင်းသည် မိမိလက်တွင်းသို့ ရောက်လျက် မသတ်ဘဲ နေသည်။ ထိုမင်း သူ့အလိုလို အနိစ္စရောက်မှ ဦးခေါင်းကိုယူ၍ ငါ့ကို ဆက်သလာပေသည်။ ဤလုလင်သည် အလွန်ပညာကြီး၏။ စိတ်နှလုံးမွန်မြတ်၏။ ငါ့ရန်သူကိုမျှ  မသတ်ဘဲ နေ၏။ ဤလုလင်အား သူကောင်းပြုသော် ငါ့ကျေးဇူးကို အလွန်လျှင် သိမည်”ဟူ၍ ဆိုကာ များစွာ ဆုလာဘ်ပေးသည်။ ထို့ပြင် အမတ်ကြီးအရာ ကိုလည်း နှင်းအပ်တော်မူလေသည်။
အကိုး။ ။ မုံရွေးဆရာတော်-ရာဇောဝါဒကျမ်း။

(၀င်းမောင်-မြိုင်သာ)
(မြတ်မင်္ဂလာ ၂၀၀၀-ပြည့် ဇန်န၀ါရီလ) 

Wednesday, April 20, 2011

ဘာသာရေး ပြဿနာ (၁၀၆)

(ဘဒ္ဒန္တ တိလောကသာရ ဖြေသည်)

(ပရိတ်ရွတ်၍ ကျန်းမာခြင်း)
(မေး) အရှင်ဘုရား၊ လူများသည် ကံ စိတ် ဥတု အာဟာရ မညီမျှမှုကြောင့် ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောဓာတ်များ ဖောက်ပြန်ကြပြီး ကျန်းမာရေးချို့တဲ့ကြပါသည်။ ပရိတ်ရွတ်ခြင်းဖြင့် ကျန်းမာလာနိုင်ပါသလားဘုရား။
(မသင်းသင်းအေး၊ ဒဂုံမြို့သစ်မြောက်ပိုင်း)

(ဖြေ) 
ပရိတ် မေတ္တာ ဘာဝနာ တရားတို့သည် ကံအလုပ်များ ဖြစ်ကြ၏။ ကုသလကမ္မ-ကောင်းသောကံအလုပ်ကို လုပ်ကိုင်နေသူများအဖို့ စိတ်ကလည်း ကြည်လင်ရွှင်ပျလာသည်။ စိတ်၏ ကြည်လင်ရွှင်ပျမှုကြောင့် ပူမှု၊ အေးမှု၊ ဥတု (အထူးအားဖြင့် ခန္ဓာကိုယ်တွင်းရှိ ဥသ္မာ တေဇောဓာတ်) ညီညွတ်မျှတမှုကြောင့် စားသောက်သော အာဟာရကိုလည်း ပါစကတေဇောက ကြေကျက်စေသည်။ 

ကျန်သော အာပေါ ၀ါယော ဓာတ်တို့ကလည်း အညီအမျှ လှုပ်ရှားကောင်းမွန်စေ၍ စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတို့လည်း ဖြစ်ပေါ်လာရပါသည်။ ဗောဇ္ဈင်သုတ်ကို ရွတ်ဆိုခြင်းဖြင့် ကျန်းမာသည်ဆိုရာ၌ ဗောဇ္ဈင် ၇-ပါးတရားကြောင့် ကံ-စိတ်-ဥတု-အာဟာရ နှင့် ဓာတ်ကြီးလေးပါး ညီမျှစေကြောင်း၊ ဣနြေ္ဒတို့ ကြည်လင်စေကြောင်း မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောထားချက် ရှိပါသည်။
*********************************************************************************
( မာတုဂါမ မောင်းသောကား )
(မေး) အရှင်ဘုရား မာတုဂါမများ မောင်းသောကားကို ရဟန်း သံဃာများ စီးခွင့် ရှိ-မရှိ သိလိုပါသည်၊ ဖြေကြားပေးတော်မူပါ အရှင်ဘုရား။
(မနှင်းသီရိ၊ သံတွဲ)

(ဖြေ) ဆရာတော် အရှင်ဇနကာဘိဝံသ စီရင်သော ခုဒ္ဒသိက္ခာ ဘာသာဋီကာ ၄၄၂-၌ အောက်ပါစကားရပ်များ ပါရှိ၏။
”အနုဇာနာမိ ဘိက္ခဝေ ဂိလာနဿ ယာနံ ပုမယုတ္တံ” နွားထီး၊ မြင်းထီး စသည် ကအပ်သော (တပ်သော) ယာဉ်ကိုလည်းကောင်း၊ (ဟတ္ထဝဋ္ဋကံ) လက်ဖြင့် လည်စေအပ်သော (လက်ဖြင့်မောင်းသော) ယာဉ်ကိုလည်းကောင်း၊ မကျန်းမာသော ရဟန်း စီးကောင်းသည်။
ပုမယုတ္တ-နွားထီးစသည့် အထီးသတ္တ၀ါ ကသည့် (တပ်ထားသည့်) ယာဉ်ဖြစ်လျှင် မောင်းနှင်သူမှာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် အပ်၏ဟု ဆိုအပ်၏။ မိန်းမမောင်းသော မော်တော်ယာဉ် စသည်မှာ အထူးဆိုဖွယ်ပင် မလိုချေ၊ စီးကောင်း စီးခွင့်ရှိသည်ဟု သိနိုင်ပါသည်။ 
***********************************************************************************
( ဆည်းလည်း-ဆွဲလဲ)
(မေး) အရှင်ဘုရား၊ စေတီတော်တို့၏ ထီးတော်အောက်ဆုံးအဆင့် သံခွေ၌ ချိတ်ဆွဲပူဇော်ထားသော အသံသာယာစွာ မြည်တတ်သည့် အရာဝတ္ထုများကို အချို့က ခေါင်းလောင်း၊ အချို့က ဆွဲလွဲဟု အငြင်းပွားလျက် ရှိကြပါသည်။ သို့အတွက်ကြောင့် အမည်နာမ အမှန်ကို အငြင်းပွားသူတို့ စိတ်နှလုံးအေးလောက်အောင် ဖြေကြားပေးတော်မူပါဘုရား။
(ဂေါပကအဖွဲ့၊ သမိုင်းဝင် မြစည်းခုံစေတီတော် အင်းမမြို့)

(ဖြေ) 
ခေါင်းလောင်းသံညည်း၊ ရွှေဆည်းလည်း၊ ချည်းချည်းသံလွင်လွင်”ဆိုသည့်အတိုင်း ခေါင်းလောင်းနှင့် ဆည်းလည်း (ဆွဲလဲ) သည် ပုံစံတူဖြစ်လျက် အကြီး အသေးသာ ကွာခြားပါသည်။ စေတီတော်တို့၏ ထီးတော်၌ ဆွဲထားသော ခေါင်းလောင်း ငယ်ကို ခေါင်းလောင်းဟု မခေါ်၊ ဆည်းလည်းဟုသာ ခေါ်ပါသည်။ တွဲလွဲဆွဲသည် ဟူသော မြန်မာဝေါဟာရ စကားသံအတိုင်း အများအားဖြင့် ဆွဲလွဲ-ဟု ခေါ်ကြပါ၏။ မြန်မာအဘိဓာန်တွင် ဆည်းလည်း-န/ဆွဲလဲ/။

၁။ လေတိုက်လျှင် လှုပ်ခတ်ရန် ညောင်ရွက်ဆွဲ အဆန်ထည့်ထားသည့် ခေါင်းလောင်းငယ် (စေတီ ထီးတော်တွင် ဆွဲတပ်လေ့ရှိသည်) လေညင်းလာက၊ ပဉ္စင်္ဂလည်း၊ မြမြချည်းချည်း၊ ရွှေဆည်းလည်းနှင့်၊ နရည်းစရာ၊ မနှိုင်းသာတည့်။ ဘုံ၃၃၊ ညောင်းညောင်း ချည်းချည်း၊ ရွှေဆည်းလည်းနှင့်၊ နရည်းမြူးကွန့်” ဟု ဖော်ပြထားပါသည်။ ထို့ကြောင့် စေတီတော်တို့၌ ဆွဲထားသည့် ခေါင်းလောင်းငယ်ကို ခေါင်းလောင်း-ဟု မခေါ်၊ ဆည်းလည်း (စကားသံဖြင့်-ဆွဲလဲ) ဟုသာ ခေါ်ကြောင်း မှတ်သားထားသင့်ပါသည်။
***********************************************************************************
( မြေခိုးခြင်း)
(မေး) အရှင်ဘုရား၊ အိမ်နှစ်အိမ်ကြား ၀န်းခြံကာသောအခါ တဖက်ခြံမြေမှ အနည်းငယ် ၃”၄”ခန့် ပိုကာမိ၍ တဖက်ခြံမြေရှင်က ကျေနပ်ခွင့်လွှတ်မှု မရှိပါလျှင် အဒိန္နာဒါနကံ မြောက်ပါသလား၊ ထိုအဒိန္နာဒါနကံသည် ခြံဝင်းကာစဉ် ခဏ(တကြိမ်တည်းသာ) မြောက်ပါသလား၊ ထိုခြံဝင်းတည်နေသမျှ ကာလပတ်လုံး ကံမြောက်နေသည် ဆိုခြင်းမှာ မှန်ပါသလား အရှင်ဘုရား။

ခြံမြေအပို ယူထားသူသည် ဥပုသ်နေ့များ၌ ၈-ပါးသီ ခံယူဆောက်တည်ပါကလည်း အဒိန္နာဒါနကံ ကျိုးပေါက်ပြီး ဖြစ်နေသည်(ဥပုသ်သီလ မမြောက်) ဆိုခြင်းမှာ မှန်ပါသလား အရှင်ဘုရား၊ သံသရာအကျိုးကို မျှော်ကိုး၍ ဖြေကြားပေးတော်မူပါရန် တောင်းပန်လျှောက်ထားပါသည် အရှင်ဘုရား။
(မစန်းခင်-မီးစက်ကွက်သစ်၊ တောင်ကုတ်မြို့)

(ဖြေ)
ခိုးယူအပ်သော ဥစ္စာသည် ဇင်္ဂမဥစ္စာ၊ ထာဝရဥစ္စာ ဟူ၍ ၂-မျိုးရှိသည်။ ရွှေ၊ ငွေ၊ ကျွဲ၊ နွား စသော ဥစ္စာသည် ဇင်္ဂမ-ရွှေ့ပြောင်း၍ ရသောဥစ္စာဖြစ်၍ လယ်၊ ယာမြေ၊ တိုက်တာ အိုးအိမ် စသော ဥစ္စာသည် ထာဝရ-ရွှေ့ပြောင်း၍ မရသော ဥစ္စာ ဖြစ်သည်။ 

ဇင်္ဂမ-ထာဝရ-မည်သည့်ဥစ္စာမဆို ခိုးယူစဉ် အခိုက်အတန့်( မူလနေရာမှ ရွှေ့စဉ်) ၌သာ အဒိန္နာဒါန ဖြစ်သည်။ 
တဖက်မြေမှယူ၍ ခြံကာသူအဖို့ ခြံကာစဉ်၌ အဒိန္နာဒါနဖြစ်သည်။ 
သို့သော် ထာဝရဥစ္စာဖြစ်၍ မည်သည့်အခါမျှ ပျောက်ပျက်မသွား၊ အစဉ်တွေ့မြင်နေရ၍ အခြားသူ မသိသော်လည်း မိမိသိ၍ မြင်တိုင်း သိတိုင်း ငါခိုးမိသည်၊ ယူမိသည်ဟု စိတ်နှလုံး မချမ်းမသာ ဖြစ်နေမည်။ တသက်လုံး ၀ိပ္ပဋိသာရ=စိတ်နှလုံး မသာရွှင်မှု၊ ပူပန်မှု ဖြစ်နေရမည်။

ဇင်္ဂမဥစ္စာကို ခိုးမှု၌ ကုသိုလ်ကောင်းမှု အထပ်ထပ်ပြုနေ၍ သီလ ဘာဝနာ ပွားများ၍ အကုသိုလ်မပျောက်သည့်တိုင် အားသေးသွား၍လည်းကောင်း၊ ကုသိုလ်က အားကောင်း၍လည်းကောင်း အပါယ်ပဋိသန္ဓေ မပေးနိုင် ဖြစ်သွားသော်လည်း ထာဝရဥစ္စာ ခိုးမှုမှာ ပစ္စည်းက မပျောက်မပျက်၊ တသက်လုံး တွေ့မြင်နေရပြီး တွေ့မြင်တိုင်းလည်း ၀ိပ္ပဋိသာရ ဖြစ်ရတော့ သည်။ ကုသိုလ်ပြုတိုင်းလည်း ၀ိပ္ပဋိသာရဖြစ်နေ၍ ရွှင်ပျကြည်လင် သာရွှင်ခြင်းမဖြစ်၍ အဒိန္နာဒါန အကုသိုလ်က အပါယ်အကျိုး မပေးသည့်တိုင်အောင် ယင်းဝိပ္ပဋိသာရက အပါယ်သို့ ပို့ဆောင်တတ်လေသည်။ ထို့ကြောင့် ထာဝရဥစ္စာ လယ်ယာ မြေခြံတို့ကို မခိုးယူမိအောင် အထူးပင် ရှောင်ကြဉ်သင့်ပါသည်။
***********************************************************************************
(လျှပ်စစ်မီးနှင့် ဖယောင်းတိုင်)
(မေး) အရှင်ဘုရား၊ ဘုရားမီးပူဇော်ခြင်းနှင့် ပတ်သက်၍ နေ့လယ်ပိုင်း အလင်းရောင်ရှိနေစဉ်နှင့် မီးချောင်း ရောင်ခြည်တော် တို့ဖြင့် ပူဇော်ထားလျှင် ထပ်မံ၍ ဖယောင်းတိုင်ဆီမီးဖြင့် ပူဇော်ခြင်း မပြုရပါ ဆိုသည်ကို ဖြေကြားပေးတော်မူပါဘုရား။
(ဒေါ်အေးအေး၊ ရန်ကုန်)

(ဖြေ)
နေ့လယ် နေရောင် ထွန်းလင်းနေချိန်၌ ဖယောင်းဆီမီး ပူဇော်ခြင်းမှာ အဓိပ္ပါယ်မရှိလှ၊ နေလွဲချိန်တွင် ဆွမ်းကပ်လှူသကဲ့သို့ အချိန်အခါနနှင့် ပူဇော်လှူဒါန်းမှု လွဲချော်နေ၍ ကုသိုလ်အထူး ဖြစ်ဖွယ်မရှိပါ။ သို့သော် ညဥ့်အခါ၌ လျှပ်စစ်မီးရောင် လင်းနေသော်လည်း ဖယောင်းဆီမီး ညှိထွန်းပူဇော်မှုကား အဓိပ္ပါယ်မရှိ မဟုတ်ပါ။ 

ဘုရားလက်ထက်တော်ကပင် အခြားသူများ အဖိုးတန်ပန်းများ လှူဒါန်းထားသော်လည်း (နတ်များက မန္ဒာရ နတ်ပန်းများဖြင့် ပူဇော်ထားသော်လည်း) ဆင်းရဲသူမလေးတဦးက အဖိုးမတန်သော သပွတ်ခါးပန်းကလေးဖြင့် စေတနာထက်သန်စွာ လှူဒါန်းသဖြင့် တန်ခိုးကြီးသော နတ်သမီး ဖြစ်ရကြောင်း ၀တ္ထုရှိပါသည်။ သူဌေးသူကြွယ်များ အဖိုးတန်သော ဆွမ်းများဖြင့် ပူဇော်လှူဒါန်းထားသည့်ကြားမှ မိမိတတ်အားသမျှ ၀င်ရောက်လှူဒါန်းသည်ကိုလည်း မတားမြစ်အပ်ပါ။ ထို့အတူ လျှပ်စစ်မီးများ ပူဇော်ထားသည့်ကြားမှပင် ဖယောင်းတိုင်စသည်တို့ဖြင့် ထွန်းညှိပူဇော်ခြင်းမှာ ပြုသင့်ပြုထိုက်သော လှူဒါန်းပူဇော်မှုပင် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
***********************************************************************************
(ဘုရားအနေကဇာတင်နှင့် ဆန်ပန်းပေါက်ပေါက်)
(မေး) အရှင်ဘုရား၊ ဘုရားအနေကဇာတင်သော အလေ့အကျင့်သည် မည်သည့်ခေတ်က ပေါ်ပေါက်ခဲ့ပါသလဲ ဘုရား။ အနေကဇာတင်ဂါထာများကို ရွတ်ဆို၍ ဆန်ပန်းပေါက်ပေါက်တို့ဖြင့် ဆင်းတုတော်ကို ပက်ခြင်း၏ အကျိုးအာနိသင်ကို ရှင်းပြပေးတော်မူပါဘုရား။
(ဦးထွန်းရင် ရွှေပြည်သာမြို့)

(ဖြေ)
ဘုရားအနေကဇာတင်ခြင်းကို ဗုဒ္ဓါဘိသေက မင်္ဂလာပြုခြင်း အနေဖြင့် အင်းဝခေတ်ပြု ၀ိနည်းဋီကာဖြစ်သော ၀ိနယာလင်္ကာရဋီကာတွင် တောင်ဖီလာဆရာတော် ရေးခဲ့သည်ကို တွေ့ရ၍ မြန်မာနိုင်ငံ သာသနာတော်တလျှောက်လုံးပင် ပြုလုပ်ခဲ့သည်ဟု ယူဆရ၏။ ထို့ထက်စော၍ ဘုရင့်နောင်မင်းတရားကြီး လက်ထက်တွင် ပြုလုပ်ခဲ့ကြောင်း အထောက်အထားလည်း တွေ့ရသေးသည်။ 

ဆန်ပန်းပေါက်ပေါက် ဆိုင်ရာမှာ ”ဒဗ္ဗတိဏ၊ သုဒ္ဓတဏ္ဍုလ၊ သိဒ္ဓတ္ထ၊ သုမနမကုလ၊ လာဇသင်္ခါတာနိ”ဟူသော ဇာတ်ဋီကာစကားအရ နေစာမြက်၊ ဆန်ပန်း၊ မုန်ညင်း၊ မလေးငုံပေါက်ပေါက် ဤငါးမျိုးမှာ ပစ်ပေါက် ပူဇော်ရသော ပန်းငါးမျိုးဟု ကျမ်းဂန်တို့တွင် ဆိုသည်။ ယင်းငါးမျိုးလုံးကိုဖြစ်စေ လေးမျိုး သုံးမျိုး နှစ်မျိုး-မရနိုင်အဆုံး တမျိုးတည်းကို ဖြစ်စေ ဘုရားစသည်၌ ပစ်ကြဲ၍ ပူဇော်ကြရကုန်၏။ ဤခေတ်တွင် ဆန်ပန်း (အစိမ်း၊ အနီ၊ အ၀ါ စသည် ဆေးဆိုးထားသောဆန်)နှင့် ပေါက်ပေါက်ကို ရော၍ အသုံးပြုလေ့ရှိကြသည်။ 
***********************************************************************************
(ပိသုဏ၀ါစာ မဂ်ပယ်ရာ)
(မေး) အရှင်ဘုရား၊ မနောကံ သုံးပါး၌ ပိသုဏ၀ါစာကို အနာဂါမိမဂ်က ပယ်ကြောင်း ”ပိသုဏ၀ါစာ ဖရုသ၀ါစာ ဗျာပါဒေါတိ တတိယဉာဏ၀ဇ္ဇာ”ဟု ၀ိသုဒ္ဓိမဂ်၌ ဆိုပါသည်။ သို့သော်”ပါဏာတိပါတော အဒိန္နာဒါနံ မိစ္ဆာစာရော မုသာဝါဒေါ ပိသုဏ၀ါစာ မိစ္ဆာဒိဋ္ဌီတိ ဣမေတာဝ သောတာပတ္တိ မဂ္ဂေန ပဟိယျန္တိ”ဟူ၍  ပိသုဏ၀ါစာကို သောတာပတ္တိမဂ်ပယ်ကြောင်း အင်္ဂုတ္တရ အဋ္ဌကထာက ဆိုပါသည်။ ထိုအဖွင့်အဆို နှစ်မျိုးအား မည်ကဲ့သို့ ညှိယူရမည်ကို ဖြေကြားတော်မူပါဘုရား။
(အရှင်သုမင်္ဂလ-မန်း)

(ဖြေ)
ပိသုဏ၀ါစာကို ၀ိသုဒ္ဓိမဂ်၌ အနာဂါမိမဂ်ပယ်ကြောင်း အင်္ဂုတ္တရအဋ္ဌကထာ၌ သောတာပတ္တိမဂ် ပယ်ကြောင်း အဆိုမညီ ရှိသော်လည်း ကုက္ကုစ္စကို ထို့အတူပင် အဆိုမညီရှိရာ၌ ”ကထာကတာ ကုသလာကုသလ ၀ိသယံ”စသည်ဖြင့် ၀ိသုဒ္ဓိမဂ် ဋီကာ ဖွင့်ဆိုကာ အပါယ်လားကြောင်း  ကမ္မပထဖြစ်သော ကုက္ကုစ္စကို သောတာပတ္တိမဂ်က ပယ်၍ အပါယ်လားကြောင်း မဟုတ်သော ကုက္ကုစ္စအနံ့ကို အကြွင်းအကျန်မရှိ  အကုန်အစင် အနာဂါမိမဂ်က ပယ်ကြောင်းဆိုသကဲ့သို့ပင် အပါယ်လားကြောင်း ကမ္မပထမြောက် ပိသုဏ၀ါစာကို သောတာပတ္တိမဂ်က ပယ်၍ အပါယ်လားကြောင်း မဟုတ်သည့် သိမ်မွေ့သော သုခုမဒေါသကို အနာဂါမိမဂ်က အကုန်အစင်ပယ်ကြောင်း ယူသင့်သည်ဟု ဆရာအရှင်သူမြတ်တို့ ဆုံးဖြတ်တော်မူကြပါသည်။
***********************************************************************************
(ကာမေသု အမျိုးဆက်လား)
(မေး) အရှင်ဘုရား၊ အချို့သော ယောက်ျားလေးများသည် ကျားကျားလျားလျား မရှိဘဲ မိန်းမစိတ်ပေါက်ကာ မိန်းမလျာ ဖြစ်နေကြပါသည်။ သနပ်ခါးလိမ်း၊ နှုတ်ခမ်းနီ၊ ပါးနီ မိတ်ကပ်ခြယ်သကာ မိန်းမကဲ့သို့ ၀တ်စားပြင်ဆင်၍ သူတို့၏ လက်ရှိဘ၀နှင့် အံမ၀င်ခွင်မကျ ဖြစ်နေရခြင်းမှာ-
(၁) ရှေးရှေးဘ၀က အကုသိုလ်၏အကျိုးဆက်ကြောင့် ဟူသည် မှန်ပါသလား။
(၂) လူအများ ပြောကြသကဲ့သို့ ၄င်းတို့သည် ယခင်ဘ၀များက ကာမေသုမိစ္ဆာစာရကံကို ပြုခဲ့၍ ဟူသည် မှန်ပါသလား။
ဖြေကြားပေးပါရန် လျှောက်ထားပါသည် အရှင်ဘုရား။
(သိန်းလွင်၊ ရေပြားကျေးရွာ-ဖြူးမြို့နယ်)

(ဖြေ)
ယောက်ျားဘ၀၊ ယောက်ျားစစ်စစ် ဖြစ်လျက် ယောက်ျားစိတ်မရှိ၊ မိန်းမစိတ်ပေါက်လျက် စိတ်မမှန်သူ မိန်းမလျာများမှာပြဿနာရှင် ဆိုလိုသကဲ့သို့ ကာမေသုမိစ္ဆာစာရကံ အကုသိုလ် အကျိုးဆက်ကြောင့် ဖြစ်ရသည်ဟု ဆိုလျှင် မမှားပါ။ 
အရှင်အာနန္ဒာလောင်းသည် ပါရမီပြည့်စုံသော ယောက်ျားစင်စစ် ရွှေပန်းတိမ်သည်သား ဖြစ်ရာမှ လူပေါင်းမှား၍ ကာမေသုမိစ္ဆာစာရကံ (အကုသိုလ်)ကို ပြုမှားမိပြီး ထိုဘ၀မှနောက် မဟာရောရုဝငရဲ၌ ကာလနှစ်ပေါင်း သိန်းသောင်းသင်္ချေ အကုဋေမက ခံရပြီးမှ ဆိတ်၊ မျောက်၊ နွားဘ၀တို့၌ ဖြစ်၍ အသင်းခံရ၏။ ထို့နောက် ကျား-မ မဟုတ်၊ ပဏ္ဍုတ် မိန်းမလျာ ဘ၀တို့၌ ဖြစ်ပြန်ရလျက် ယောက်ျားဘ၀ကို ကမ္ဘာများစွာပင် ပြန်မရဘဲ ရှိနေရကြောင်း သံဝေဂ၀တ္ထုဒီပနီ စသည်တို့၌ ပါရှိလေသည်။ ထို့ကြောင့် မိန်းမလျာတို့သည် ကာမေသုမိစ္ဆာစာရကံ၏ အကျိုးဆက် အကျိုးဖျားကို ခံစားနေရသူများ ဖြစ်သည်ဟု ဆိုထိုက်ပါသည်။
***********************************************************************************
(ဘုရားလောင်းများ ငယ်မည်)
(မေး) အရှင်ဘုရား၊ ပွင့်ပြီးကုန်သော နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားများ၏ (ဂေါတမ မြတ်စွာဘုရား၏ သိဒ္ဓတ္တ-ဟူသော အမည်လို) ငယ်မည်များကို နှစ်ကျိပ်ရှစ်ဆူလုံး အစဉ်လိုက် ၁-ကအစ ၂၈-အဆုံး ဖြေကြားပေးတော်မူပါဘုရား။ တပည့်တော်တို့ နှစ်ကျိပ်ရှစ်ဆူ ဘုရားသမိုင်းကို ဘောချပ်တင်၍ လှူဒါန်းလို၍ ဖြစ်ပါသည်ဘုရား။
(ကိုငြိမ်း၊ ကြိမ်ခါးကုန်းရွာ၊ ကျောက်တံခါးမြို့နယ်၊ ပဲခူးတိုင်း)

(ဖြေ)
နှစ်ကျိပ်ရှစ်ဆူဘုရားများ ဗုဒ္ဓ၀င်တွင် ငယ်မည်မပါကြ။ ဒီပင်္ကရာဘုရားမှစ၍ ဘုရားအမည်တော်၊ ကမ္ဘာ၊ ဗောဓိပင်၊ ခမည်းတော်၊ မယ်တော်၊ မိဖုရား၊ သားတော်၊ တောထွက်ရာ၌ ယာဉ်၊ လက်ယာရံ၊ လက်ဝဲရံ၊ ရဟန္တာ၊ ရဟန္တာမ အလုပ်အကျွေး စသည်မျှသာ ပါရှိပါသည်။ များသောအားဖြင့် ဘုရားအမည်တော်တို့မှာ အမည်ရင်း(ငယ်မည်များ) မဟုတ်၊ အနွယ်တော်ဆိုင်ရာ အမည်များသာ ဖြစ်သည်။ ငယ်မည်ကို ဖော်ပြရေးသားလျှင် မရိုသေရာကျသဖြင့် အနွယ်အမည်ကိုသာ အသုံးပြုကြရသည်။ ငါတို့ဘုရားအမည် ဂေါတမဘုရားဟူသည်မှာလည်း ဂေါတမအနွယ်က ဖြစ်လာသဖြင့် ထိုအမည်ဖြင့် ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ကဿပအနွယ်မှဖြစ်၍ ကဿပဘုရား၊ ကောဏာဂမန အနွယ်မှ ဖြစ်၍ ကောဏာဂုံဘုရား စသည်တို့ ဖြစ်ပါသည်။

ဘဒ္ဒန္တတိလောကသာရ (ရဝေထွန်း)
(မြတ်မင်္ဂလာ ၂၀၀၀-ပြည့် ဇန်န၀ါရီလ)

မစားရက် မသုံးရက်သော ကုဋေကြွယ်သူဌေး

ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင်သီတင်းသုံးနေတော်မူစဉ် တနေ့သ၌ ကောသလမင်းကြီးရောက်လာ၍ ”အရှင်ဘုရား၊ ယနေ့ သားသမီး အမွေဆက်ခံရန် မကျန်ရစ်ခဲ့သော သူဌေးတယောက်၏ စည်းစိမ်ဥစ္စာ အမြောက်အများကို မင်းဘဏ္ဍာအဖြစ် သိမ်ဆည်းပြီး လာခဲ့ရပါသည်-ဟု လျှောက်ထား၏။ ထိုသူဌေးသည် ပစ္စည်းဥစ္စာ ကြွယ်ဝလှပါသော်လည်း ဆန်ကွဲထမင်းနဲ့ ပုံးရည်ဟင်းကိုသာ စားပါသည်။ အ၀တ်ကိုလည်း ပိုက်ဆံလျှော်အ၀တ်ကိုသာ ၀တ်ဆင်ပါသည်။ ရထားကောင်းများ ရှိပါလျက်လည်း ရထားအဟောင်းသာ စီးပါသည်။ သစ်ရွက်ထီးကိုသာ ဆောင်းပါသည်။ ဘယ်အကြောင်းကြောင့်ပါလဲဘုရား” ဟုလျှောက်ထားရာ ဘုရားရှင်က ရှေးအဖြစ်ကို ဟောပြတော်မူ၏။

ရှေးဘ၀တခု၌ ထိုသူဌေးသည် ပစ္စေကဗုဒ္ဓါအရှင်မြတ်အား ဆွမ်းလောင်းရန် ဇနီးကိုပြော၏။ မိမိဇနီးက ဆွမ်းလောင်းပြီးသော အခါ၌ သပိတ်ထဲတွင်ကြည့်လိုက်ရာ ဖွယ်ဖွယ်ရာရာ ဟင်းအစုံတို့ကို တွေ့ရ၍ သူ့စိတ်တွင် နှမြောဝန်တိုစိတ် ဖြစ်ပေါ်လာ၏။ ဤမျှ ကောင်းသောအစားအစာများကို ငါ၏လုပ်သားများကို ကျွေးလျှင် လုပ်အားအများကြီးရမည်။ ဤရဟန်းကား အကောင်းတွေစားပြီး အိပ်နေမှာပဲ-ဟု စိတ်တွင် ပြစ်မှားမိ၏။ ၄င်းပြင် ပစ္စည်းများကို ခွဲဝေပေးရမည်စိုး၍ အမွေဆိုင် တူ-တယောက်ကို သတ်ခဲ့ဖူး၏။ ထိုကံနှစ်မျိုးအနက် ဆွမ်းလှူသောကံကြောင့် နတ်စည်းစိမ် ခံစားခဲ့ရ၏။ လှူပြီးမှ စိတ်၌ ပြစ်မှားမိခဲ့သောကြောင့် မွန်မြတ်သော အစားအ၀တ်များ သုံးချင်စိတ်မရှိဘဲ အညံ့အဆိုးတို့ကိုသာ သုံးစွဲခဲ့ရ၏။ တူကို သတ်သောကံကြောင့် သားသမီး အမွေခံ မရဘဲ မိမိပစ္စည်းများကို ခုနစ်ကြိမ်တိုင်တိုင် မင်းဘဏ္ဍာအဖြစ် အသိမ်းခံခဲ့ရသည်။ ယခုအခါ ကံဟောင်းကုန်ပြီး ကုသိုလ်ကံအသစ်လည်း မပြုဘဲ သေသွားသဖြင့် မဟာရောရုဝ ငရဲ၌ ခံနေရလေပြီ-ဟု မိန့်တော်မူကာ အောက်ပါဂါထာကို ဟောကြားတော်မူ၏။

ပါဠိဂါထာ
ဟနန္တိ ဘောဂါ ဒုမ္မေဓံ၊ နော စ ပါရဂဝေသိနော။
ဘောဂတဏှာယ ဒုမ္မေဓော၊ ဟန္တိ အညေ၀ အတ္တာနံ။

မြန်မာပြန်
စည်းစိမ်ဥစ္စာတို့သည် ပညာမဲ့သူကိုသာ ဖျက်ဆီးကုန်၏။
နိဗ္ဗာန်တည်းဟူသော တဖက်ကမ်းကို ရှာမှီးသူတို့ကိုကား မဖျက်ဆီးနိုင်ကုန်။
ပညာမဲ့သူသည် စည်းစိမ်ဥစ္စာကို တပ်မက်ခြင်းဖြင့် သူတပါးတို့ကို ဖျက်ဆီးသကဲ့သို့ မိမိကိုယ်ကိုလည်း ပျက်စီးစေ၏။

အကျဉ်းဆောင်ပုဒ်
စည်းစိမ်ဥစ္စာ၊ များဘဏ္ဍာသည်၊ ပညာမဲ့အား၊ ဖျက်ဆီးငြားလည်း၊ တရားကျင့်ပြီး၊ ခရီးနိဗ္ဗူ၊ သွားမည့်သူအား၊ မဖျက်ငြားတည်း။
တွယ်ထားတဏှာ၊  ဥစ္စာတပ်မက်၊ ထိုသူပျက်သာ၊ တဏှာစိုးပိုင်၊ ပျက်စီးနိုင်၏။
(တဏှာဝဂ်၊ အပုတ္တကသေဋ္ဌိဝတ္ထု)

ဦးချိုရှိန်

( ၅ ) စိဉ္စမာဏကို အောင်ခြင်း

မြတ်စွာဘုရားသခင်သည် တာဝတိံသာနတ်ပြည်၌ ၇-၀ါမြောက် ၀ါဆိုတော်မူသည်။ ထို့နောက် သင်္ကဿနဂိုပြည်သို့ သက်ဆင်းတော်မူကာ သာဝတ္ထိပြည်သို့ ကြွတော်မူသည်။ ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူသည်။ ထိုစဉ် စိဉ္စမာဏ၀ိကာ အမည်ရှိသော ပရိဗိုဇ်မ၏ ရန်ပြုခြင်းကို ခံရသည်။ 

မြတ်စွာဘုရားသခင်အဖို့  ပထမဗောဓိခေါ်သော ၀ါတော်နှစ်ဆယ်အတွင်း၌ တပည့်သာဝကများ ဒီရေအလား တနေ့တခြား တိုးပွားလာသည်။ ဘုရားရှင်အား ကြည်ညိုသူ ပရိသတ်များ အထူးများပြားလာသည်။ ထိုသူတို့၏ ပူဇော်သက္ကာရပြုမှုကို ခံယူရရှိကာ အတိုင်းမသိ လာဘ်သပ်ပကာ ပေါများလာသည်။

နေမင်းထွက်သောအခါ ပိုးစုန်းကြူးတို့ မှေးမှိန်သွားကြသကဲ့သို့ တိတ္ထိတို့မှာ မှေးမှိန်သွားကြသည်။ တန်ခိုးအရှိန်အ၀ါ လျော့နည်းသွားကြသည်။ လာဘ်ပူဇော်သက္ကာရများ တနေ့တခြား ခေါင်းပါးလာသည်။ ဤတွင် တိတ္ထိတို့သည် ၀န်တိုစိတ် ဖြဟ်လာကြကာ ဘုရားရှင်ဂုဏ်သတင်းပျက်ရန် အားထုတ်ကြသည်။ 

သူတို့သည် သာဝတ္ထိပြည်ရှိ စိဉ္စမာဏအမည်ရှိသော ပရိဗိုဇ်မကို စည်းရုံးကြသည်။ စိဉ္စမာဏသည် အလွန်ချောမော လှပသည်။ အရွယ်လည်း နုပျိုသည်။ ရုပ်အဆင်းလည်း အလွန်တင့်တယ်သည်။ ကျက်သရေမင်္ဂလာနှင့်လဲ ပြည့်စုံသည်။

တိတ္ထိတို့သည် စိဉ္စမာဏကို ခေါ်၍ "နှမ စိဉ္စမာန် ငါတို့ကို ရဟန်းဂေါတမက နှိပ်စက်ညှဉ်းပန်းကာ လာဘ်လာဘခေါင်းပါးကို ပြုလုပ်နေသည်ကို သင်မသိသလော"ဟု အပြစ်တင်စကား ပြောကြား၏။

စိဉ္စမာဏကလည်း "အရှင်ကောင်းတို့ ထိုအကြောင်းကို  တပည့်တော် မသိရပါ။ ဤကိစ္စ၌ တပည့်တော်မသည် အဘယ်သို့သော အမှုကို ပြုလုပ်ပေးရပါမည်နည်း"ဟု မေးမြန်း၏။

တိတ္ထိတို့က "နှမ စိဉ္စမာန် သင်သည် ငါတို့၏ ချမ်းသာရေးကို အလိုရှိပါလျှင် ရဟန်းဂေါတမ၏ မကောင်းသတင်း ဖြစ်ပေါ်အောင် ပြုပါလော့၊ ရဟန်းဂေါတမ၏ လာဘ်ပူဇော်သက္ကာရကို ပျက်ပြားစေပါလော့"ဟု ပြောဆိုကာ တာဝန်ပေးကြသည်။

စိဉ္စမာဏကလည်း ကောင်းပါပြီ အရှင်ကောင်းတို့၊ ရဟန်းဂေါတမ၏ မကောင်းသတင်း  ဖြစ်ပေါ်စေရန် တပည့်တော်မ တာဝန်ယူပါသည်။
ထို့နောက် စိဉ္စမာဏသည် တိတ္ထိတို့ထံမှ ထွက်ခွာခဲ့သည်။ မိန်းမမာယာတို့၌ လိမ္မာပါးနပ်သူဖြစ်ရကား သာဝတ္ထိပြည်သူ လူအပေါင်းတို့ ယုံမှားသံသယဖြစ်စေရန် စတင်ဆောင်ရွက်သည်။ သူသည် ပိုးပရန်အသွေး နီတွေးသောအဆင်းရှိသော အ၀တ်ကို ၀တ်ရုံသည်။ နံ့သာပန်းစသည်တို့ကို လက်စွဲလျက် တရားနာပရိသတ်များ ဇေတ၀န်ကျောင်းတိုက်မှ ထွက်လာကြ သောအချိန်တွင် ကျောင်းတိုက်သို့ ရှေးရှုသွားသည်။

လမ်း၌ တွေ့သူအများက "အို-စိဉ္စမာန်၊ ယခုအချိန်၌ သင်အဘယ်အရပ်သို့ သွားမည်နည်း"ဟု မေးကြသည်။
စိဉ္စမာဏက ကျွန်ုပ် သွားမည့်အရပ်ကို သိသဖြင့် သင်တို့အတွက် အဘယ်အကျိုးရှိမည်နည်း-ဟု ထင်မှားဖွယ်ရာ စကားကို ပြောကြားသည်။ ထို့နောက် ဇေတ၀န်ကျောင်းတိုက်အနီး တိတ္ထိတို့ကျောင်း၌ ညဥ့်အိပ်နေထိုင်သည်။

သာဝတ္ထိမြို့မှ ဒါယကာ ဒါယိကာမတို့သည် ဘုရားရှင်ထံ အလျင်လက်ဦး ဖူးမြော်ရန် နံနက်စောစောသွားကြသည်။ ထိုအချိန်၌ စိဉ္စမာဏသည် တိတ္ထိတို့ကျောင်းမှ ထွက်လာခဲ့သည်။ ဇေတ၀န်ကျောင်းတိုက်ဝယ် ညဥ့်အိပ်နေခဲ့သည့် ပုံဟန်ဆောင်၍ သာဝတ္ထိမြို့တွင်းသို့ ၀င်သည်။

လမ်း၌တွေ့သူ လူအပေါင်းတို့က အို-စိဉ္စမာန်၊ အဘယ်အရပ်၌ သင်ညဥ့်အိပ်နေခဲ့သနည်း-ဟု မေးကြသည်။
ကျွန်ုပ် အိပ်ခဲ့သည့်နေရာကို သင်တို့သိသဖြင့် အဘယ်အကျိုးရှိမည်နည်း၊ မသိချင်ကြပါနဲ့-ဟူ၍ စိဉ္စမာဏက အထင်မှားဖွယ်စကားကို ပြောကြားလေသည်။

ဤနည်းနှင်နှင် နေ့စဉ်သွားလာပြောဆိုသည်။
တလခန့်ကြာသောအခါ လမ်း၌တွေ့သူ လူအများက ရှေးနည်းအတူ မေးမြန်းကြသော် စိဉ္စမာဏက "ကျွန်ုပ်သည် ဇေတ၀န်ကျောင်းတိုက် အတွင်းဝယ် ဂန္ဓကုဋိကျောင်း တခုတည်း၌ ရဟန်းဂေါတမနှင့် အတူ ညဥ့်အိပ်နေခဲ့ရပါသည်"ဟု စွပ်စွဲစကား စတင်ပြောကြားလေ၏။

ဤသို့ဖြင့် သုံးလ လေးလ လွန်သောအခါ စိဉ္စမာဏသည် ပုဆိုးကြမ်းတို့ဖြင့် ၀မ်းကိုရစ်ပတ်သည်။ မိမိကိုယ်ကို ကိုယ်ဝန်ဆောင်သော မိန်းမအသွင် ပြုသည်။ ထို့နောက် နီးမြန်းသော အ၀တ်ကို ၀တ်ရုံကာ "ရဟန်းဂေါတမကို အစွဲပြု၍ ကျွန်ုပ်သည် ကိုယ်ဝန်ရှိနေပါပြီ"ဟု စွပ်စွဲပြောကြားသည်။ ထိုအခါ အချို့သူတို့ ယုံမှားသံသယ ဖြစ်စပြုလာ၏။

ဤနည်းဖြင့် ရှစ်လ၊ ကိုးလလွန်သောအခါ စိဉ္စမာဏသည် တမျိုးဟန်ဆောင်ပြန်သည်။ သူသည် တကယ့်ကိုယ်ဝန်အရင့်အမာ ရှိနေဟန် ပြုသည်။ ဘဲဥထက်ဝက်ခြမ်းပုံ သစ်သားဖုကို ၀မ်းဗိုက်၌ ကပ်၍ ကြိုးများဖြင့် ချည်နှောင်သည်။ အ၀တ်ဖြင့်ပတ်သည်။ ထို၏အထက်၌ နီမြန်းသောအ၀တ်ကို ၀တ်ရုံသည်။ ထို့နောက် လက်ဖမိုး ခြေဖမိုးတို့ကို နွားမေးရိုးဖြင့် ထုနှက်သည်။ မွေးဖွားခါနီး၍ ခြေလက်များ အန်းနေသည့်ဟန်ပြုသည်။ ပင်ပန်းနွမ်းနယ်နေဟန်ဆောင်သည်။

စိဉ္စမာဏသည် ညနေချမ်းအချိန်ဝယ် မြတ်စွာဘုရားသခင် ဗုဒ္ဓါသနပလ္လင်၌ ထိုင်နေတော်မူ၍ ပရိသတ်အား တရားဟော နေတော်မူစဉ် သွားရောက်သည်။
ဘုရားရှင်၏ ရှေ့တည့်တည့်မှရပ်၍ "ရဟန်းကြီး၊ သင်သည် လူအပေါင်းအား တရားဟော၍သာ နေသည်၊ ကျွန်တော်မမှာမူ သင်ရဟန်းကြီးကိုစွဲ၍ ကိုယ်ဝန်ရှိနေပြီ။ ကိုယ်ဝန်မှာလည်း ယခု ရင့်မာနေပြီ။ သင်ရဟန်းကြီးကား ကျွန်တော်မအတွက် သားဖွားရန် အိမ်ကိုလည်း မစဉ်စား၊  ထောပတ်ဆီ စသည်များကိုလည်း မရှာဖွေ၊ နေနိုင်အားတော့သည်။ ထိုကိစ္စများကို ကိုယ်တိုင် မပြုလျှင်လည်း သင်၏ ဒါယကာ ဒါယိကာမများအနက် တဦးဦးကို ပြုလုပ်စောင့်ရှောက်စေသင့်ပါသည်။ ယခုမူ သင်ရဟန်းကြီးသည် ထိုသို့လည်း မပြုခဲ့၊ သင်ရဟန်းကြီးကား မွေ့လျော်ပျော်ပါးဖို့ရန်သာ စဉ်းစားသည်။ ကိုယ်ဝန်သားကို စောင့်ရှောက်ရန်ကိုမူ မစဉ်းစားတော့ပါတကား"ဟု ပရိသတ်အလယ်၌ စွပ်စွဲပြောဆိုလေတော့သည်။

ထိုအခါ ဘုရားရှင်သည် ဟောနေသော တရားစကားကို ခေတ္တရပ်နားလိုက်သည်။ ခြင်္သေ့မင်းကဲ့သို့ ရဲရင့်သောအသံဖြင့် "နှမ စိဉ္စမာန်၊ သင် ယခုပြောကြားသော စကား မှန် မမှန်ကို သင်နှင့်ငါသာ သိကြကုန်၏"ဟူ၍ မိန့်တော်မူသည်။
စိဉ္စမာဏကား အလျှော့မပေး "ဟုတ်ပေသည် ရဟန်းကြီး၊ သင်နှင့် ငါတို့နှစ်ဦးသာ သိကြသောကြောင့် ယခုလို ကိုယ်ဝန် အရင့်အမာ ဖြစ်ရပေသည်"ဟူ၍ တဖန် ထပ်၍ စွပ်စွဲပြန်သည်။

ထိုခဏ၌ ထိုဖြစ်ရပ်ကို သိကြားမင်း သိရှိသွားသည်။ စိဉ္စမာန် မိန်းမယုတ်သည် ဘုရားရှင်ကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲနေပြီ။ ပရိသတ်အလယ်၌ အဖြစ်မှန်ကို သိအောင် ငါ ရှင်းရတော့မည်-ဟု ကြံစည်သည်။
ချက်ချင်းပင် နတ်သား လေးယောက်တို့နှင့်အတူ ဇေတ၀န်ကျောင်းတော်ရှိ ဘုရားရှင် တရားဟောရာဌာနသို့ လာရောက်ကြ လေသည်။

ထိုနေရာသို့ ရောက်သည်နှင့် တပြိုင်နက် နတ်သားလေးယောက်တို့သည် ကြွက်ငယ်အယောင်ဆောင်ကြသည်။ စိဉ္စမာဏ ၀ှက်ချည်ထားသော သစ်သားဖု၏ ကြိုးများကို တပြိုင်နက် ကိုက်ဖြတ်ကြလေသည်။ လေကလည်း စိဉ္စမာဏ ၀တ်ရုံထားသော အ၀တ်ကို အထက်သို့ တိုက်လွှင့်လေသည်။ တခဏအတွင်းမှာပင် သစ်သားဖုကို ၀ှက်ချည်ထားသော ကြိုးများ ပြတ်ကုန်ကြသည်။ သစ်သားဖုလည်း အောက်သို့ ကျသွားသည်။ စိဉ္စမာဏ၏ ခြေဖမိုးထက်၌ ကျလေရာ ခြေဖျားနှစ်ဖက်တို့ သွင်သွင်ကျိုးလေ၏။

တရားနာပရိသတ်တို့လည်း အဖြစ်မှန်ကို သိရှိသွားကြသည်။ စိဉ္စမာဏအား ဆဲဆိုလျက် ခဲ၊ တုတ်၊ လှန်ကန်တို့ဖြင့် ပစ်ခတ်ရိုက်နှက်ကြကာ ကျောင်းတော်မှ နှင်ထုတ်လိုက်လေသည်။
စိဉ္စမာဏသည် ဘုရားရှင် မျက်ကွယ်ရာသို့ရောက်သောခဏ၌ မြေမျိုခံရသည်။ အ၀ီစိမှ မီးလျှံများသည် စိဉ္စမာဏအား ရစ်ပတ်၍ အ၀ီစိငရဲသို့ ခေါ်ဆောင်သွားလေသည်။ ဤကား မြတ်စွာဘုရားသခင်၏ ငါးခုမြောက် အောင်ခြင်း ဖြစ်ပေသည်။

(မြတ်မင်္ဂလာ ၂၀၀၀-ပြည့်နှစ် ဇန်န၀ါရီလ) 

Sunday, April 17, 2011

ဆင်ဖြူတော်

ရှေးမြန်မာမင်းများသည် ဆင်ဖြူတော်များကို အလွန်ပင် အရေးထားခဲ့ကြကြောင်း တွေ့ရှိရသည်။ အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ်(သီရိလင်္ကာ)၊ မလေးဆူးမတြား၊ ယိုးဒယား စသော အာရှတိုက်သားတို့သည် ရှေးအခါက ဆင်များကို အများအပြား သုံးစွဲခဲ့ကြ၏။

ဆင်နှင့်ဆိုင်သော (တိရစ္ဆာန်ဗေဒ) ပညာရပ်များကို သိရှိနားလည်ကြသည့် ဂဇင်ကိစ္ဆ(ဆင်ကုထုံး) ကျမ်းအမျိုးမျိုးတို့ကိုလည်း ရေးသားခဲ့ကြသည်။ ဆင်ကြန်ကျမ်းများတွင် ဆင်ဇာတ်အမျိုးမျိုး၊ ဆင်ဖြစ်ရာဒေသ အမျိုးမျိုး၊ ဆင်ကြန်အင် လက္ခဏာအမျိုးမျိုး၊ အကျိုးအပြစ် အမျိုးမျိုး၊ အသုံးပြုနည်း အမျိုးမျိုးတို့ကို အကျယ်တ၀င့် ရေးသားဖော်ပြခဲ့ကြ၏။

Saturday, April 16, 2011

မုလေးပန်း

မုလေးပန်းသည် အပွင့်နံ့သာတို့တွင် အမြတ်ဆုံး ဖြစ်သည်။ မြတ်လေးပန်း ဟုလည်း ခေါ်ကြသည်။ မုလေးပင်ကို ရုက္ခဗေဒအလိုအရ ဂျစ်စမင်နမ် ဂရန်ဒီဖလိုရမ်ဟု ခေါ်သည်။ မူလပေါက်ရောက်ရာအရပ်မှာ ဟိမ၀န္တာတောင်၏ အနောက်မြောက်ဘက်ဒေသ ဖြစ်သည်။ မုလေးပင်သည် ချုံနှင့် နွယ်မျိုးဝင်ဖြစ်ပြီး အိုလီစီအီး မျိုးရင်းဝင်ဖြစ်သည်။ မျိုးစိတ်ပေါင်း ၁၀၁-ခန့်ရှိသည်။

ဆီးချိုရောဂါ ဝေဒနာရှင်များအတွက် အစားအစာ

(၁) စိတ်ကြိုက်စားနိုင်သောအစားအစာများ

(က) သကြားဓါတ် (ခေါ်) ကစီဓါတ် အလွန်နည်းသည့် အစားအစာ၊ ဟင်းသီးဟင်းရွက် အမျိုးမျိုး၊ ကန်စွန်းရွက်၊ ဗူးသီး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ရုံးပတီသီး၊ ဒန့်ဒလွန်သီး၊ ရှောက်သီး၊ ဂေါ်ရခါးသီး၊ သံပုရာသီး၊ ကြောင်လျှာသီး၊ ဗူးညွှန့်၊ ချဉ်ပေါင်ရွက်၊ ဆလပ်ရွက်၊ သင်္ဘောရွက်၊ ဂေါ်ဖီထုတ်၊ ဂေါ်ဖီပန်း၊
မြင်းခွာရွက်၊ ရဲယိုရွက်၊ ပဒတ်စာ၊ ပဲပင်ပေါက်၊ မှို၊ မျှစ်၊ မုံလာဥ၊ မုံညင်း၊ နံနံပင်၊ ရှမ်းနံနံ၊ ဟင်းနုနွယ် စသည်များ
 

(ခ) ဟင်းခတ်မဆလာ၊ ငရုတ်သီး၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှာလကာရည်၊ ဂျင်းစိမ်း၊ မိတ်သလင် စသည်များ

(ဂ) ကော်ဖီ၊ လက်ဖက်ရည် (နို့ဆီ နှင့် သကြား လုံးဝ မထည့်ရပါ) ဆေးသကြား (Equal, Saccharin) သုံးနိုင်ပါသည်။


(ဃ) အသားအမျိုးမျိုး၊ ကြက်သား၊ ငါး၊ ပုဇွန်၊ အမဲသား စားနိုင်ပါသည်။
အဆီများသော ဝက်သား၊ ဘဲသား၊ ဆိတ်သား စသည်တို့ကို ဆရာဝန် ညွှန်ကြားသည့်
အတိုင်း စားသုံးရပါမည်။ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ တို့ကို အသင့်အတင့်
စားသုံးနိုင်ပါသည်။

(၂) ဆရာဝန်ညွှန်ကြားသည့်အတိုင်းစားရမည့်အစားအစာများ

(က) ဆန်၊ ဆန်ထွက် ပစ္စည်းနှင့် ပြုလုပ်ထားသော အစားအစာများ၊ ထမင်း၊
ဆန်ပြုတ်၊ မုန့်တီ၊ မုန့်ဟင်းခါး၊ ကောက်ညှင်း၊ ဆန်ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲ
စသည်များ
(ခ) ဂျုံ၊ ဂျုံထွက်ပစ္စည်းများနှင့် ပြုလုပ်ထားသော အစားအစာများ၊ ခေါက်ဆွဲ၊
ပေါင်မုန့်၊ ချာပါတီ၊ ပလာတာ၊ ထပ်တရာ၊ အီကြာကွေး၊ နံပြား၊ ဘီစကွတ်၊ ကရက်ကာ စသည်များ
(ဂ) ကစီဓါတ်များသော အစားအစာများ၊ အာလူး၊ ပြောင်းဖူး၊ ကန်စွန်းဥ၊ ပိန်းဥ၊
ရွှေဖရုံသီး၊ ချိုသော အသီးများ၊ သင်္ဘောသီးမှည့်၊ သရက်သီးမှည့်၊ ဖရဲသီး စသည်များ

(၃) လုံးဝရှောင်ရမည့်အစားအစာများ

(က) သကြားဓါတ် အလွန်များသော အစားအစာများ၊ သကြား၊ ဂလူးဂို့စ်၊ ကြံသကာ၊ ထန်းလျှက်၊ ယိုစုံ အမျိုးမျိုး
(ခ) သကြားလုံး၊ ချောကလက်၊ အိုက်စကရင်၊ ကိတ်မုန့်၊ ပူတင်း၊
(ဂ) အရက်၊ ဝိုင်၊ ရှာလပတ်ရည်၊ ဘီယာ၊ ဘိလပ်ရည်၊ စည်သွပ်ဗူး၊ အချိုရည် စသည်များ

ဆီးချိုရောဂါသည် ရောဂါဖြစ်မှန်း စတင်သိရှိချိန်မှစ၍ ဆီးချိုထိန်းဆေးကို ဆရာဝန်ညွှန်ကြားသည့် အတိုင်း မှန်မှန်သောက်ရန် လိုအပ်ပါသည်။ ဆီးချိုရောဂါဟာ လေဖြတ်ခြင်း၊ နှလုံးသွေးကြော ကျဉ်းခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း၊ အနာကျက်ရန် ခက်ခဲခြင်းမှတစ်ဆင့် ခြေထောက် ဖြတ်ပစ်ရခြင်း၊ မျက်စိကွယ်ခြင်း စသည့် လူမှုဒုက္ခများ ခံစားရရှိနိုင်ပါသည်။ ဆီးချိုရောဂါကို သေသေချာချာ ကုသပါက ဖော်ပြပါ နောက်ဆက်တွဲ ရောဂါဝေဒနာဆိုးများကို ကာကွယ်နိုင်သဖြင့် ထိရောက်စွာ ကုသရန် အရေးကြီးကြောင်း ဝေဒနာရှင်ကိုယ်တိုင် နားလည်ခံယူ လိုက်နာကျင့်သုံးရန် လိုအပ်ပါသည်။ 
မှတ်ချက်။
အွန်လိုင်းမှ ကူးယူဖော်ပြသည်။ 
မော်လူး 

ဆီးချိုရောဂါ အတွက် စိတ်မညစ်နဲ့တော့ ပျောက်ပြီးမှတ်




ဆီးချိုရောဂါ အတွက် ဆေးတစ်လက်ပါ။.......လွယ်လို့မယုံ မရှိနဲ့ဗျို့...

ဆေးနည်း......

ကြက်သည်းခြေ နေ့တိုင်း စားပေးရပါတယ်။
ကြက်သည်းခြေကို ဆီသုတ်ပြီး ကြက်သည်းခြေကို အခြောက်လှန်းရပါတယ်။
ကြက်သည်းခြေဟာ  ခြောက်သွားတော့  အနံ့အသက် သိပ်မထွက်တော့ဘူး။
သေးငယ်တော့ စားရတာ လွယ်ကူပါတယ်။

ကျန်းမာကြပါစေ..........မင်းမင်းဇော်

ဆီးချို

ဆီးချိုရောဂါသည် ရှောင်ကြဉ်ရမည့် အစားအသောက်များ

By Indrew

သကြား၊ ယို၊ ပျားရည်၊ သကြားလုံးနှင့် ချောကလက်များ၊ ရေခဲမုန့်၊ သစ်သီးဖျော်ရည်၊ အချိုရည်၊ ပေါင်မုန့်ဖြူ၊ မာဂျရင်း၊ ဝေဖာ၊ ကွတ်ကီ၊သစ်သီးခြောက်၊ သစ်သီးများထဲတွင်- စပျစ်သီး၊ ငှက်ပျောသီး၊ နာနတ်သီး၊ ဖရဲသီး။

သကြားအစားထိုး ပစ္စည်းများ ဖြစ်သော- ဂလူးကိုစ့်မှုန့်၊  နို့ဆီ၊ ထန်းလျက်၊ ကြံသကာ၊ ၄င်းတို့ဖြင့် ပြုလုပ်ထားသော အစားအစာများ၊

မှတ်ချက်။ 
အွန်လိုင်းမှ ကူးယူသည်
မော်လူး  

ဆီးချို

ဆီးချိုသွေးချိုရောဂါဟာ ခန္ဓာကိုယ်တွင်းရှိ ပန်ကရိယမှ အင်ဆူလင်ဟော်မုန်း လုံလောက်စွာ
မထုတ်လုပ်နိုင်၍၎င်း၊ ခန္ဓာကိုယ်မှ အင်ဆူလင်ဟော်မုန်းအား ထိရောက်စွာအသုံးမချနိုင်၍၎င်း၊
သွေးအတွင်းအချိုဓါတ်(Glucose)မြင့်တက်၍ ခန္ဓာကိုယ်တွင်းရှိအင်္ဂါအစိတ်အပိုင်းများ အချိန်
နှင့်အမျှချို့ယွင်းပျက်စီးစေသော ရောဂါဖြစ်ပါတယ်။

ဆီးချိုသွေးချိုရောဂါ သက်သာစေ၇န် ……
  • သင့်တော်သည့်အစားအစာများကို ရွေးချယ်၍ ဆင်ဆင်ခြင်ခြင် စားသုံးခြင်း၊
  • ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း၊
  • ကယ်လိုရီစားသုံးမှု လျှော့ချခြင်း နှင့်
  • ကိုယ်အလေးချိန် လျှော့ချခြင်း တို့ဖြစ်ပါတယ်။

ဆီးချိုရောဂါဝေဒနာရှင်များအနေဖြင့် ဂလူးကို့စ်သကြားကို ဖြည်းဖြည်းနှင့်မှန်မှန် ထုတ်ပေး
နိုင်သည့်အစာများကို ရွေးချယ်စားသုံးသင့်ပါတယ်။ အစာတစ်မျိုးကိုစားသုံးလိုက်ပြီးနောက်
ထိုအစာတွင်ပါဝင်သည့် ကစီဓါတ်(carbohydrate)များသည် ဂလူးကို့စ် (Glucose)အဖြစ်
သွေးအတွင်း၌ မည်မျှုမြန်မြန်နှင့်များများ ရောက်ရှိသွားသည်ကိုတိုင်းတာသည့် ယူနစ်တစ်
ခုမှာ “Glycaemic Index” ဖြစ်ပါတယ်။ Glucose ၏ Glycaemic Index ကို ၁၀၀ ဟူ၍
စံထားပြီး အစားအစာအမျိုးမျိုး၏ သွေးအတွင်းသကြားဓာတ် မြင့်မားစေသည့်နှူန်း
Glycaemic Index ကိုဖော်ပြလေ့ရှိပါတယ်။Glycaemic Index မြင့်ခြင်းသည် သွေးအတွင်း
သကြားဓာတ်မြင့်တက်နှူန်းမြန်ဆန်သည့် အဓိပ္ပါယ်ဖြစ်ပြီး Glycaemic Index နိမ့်ခြင်းသည်
သွေးအတွင်းသကြားဓာတ် မြင့်တက်နှူန်း နှေးကွေးသည့်အဓိပ္ပါယ် ဖြစ်ပါတယ်။
အစားအစာများကိုရွေးချယ်ရာတွင် -----
  • Glycaemic Index နိမ့်သောအစာများကို ရွေးချယ်တတ်ဖို့လိုပါမည်။
  • အစားအစာနှစ်မျိုးသည် Glycaemic Index ချင်းတူနေလျှင် အစားအစာ၌ပါဝင်သည့်
    ကစီဓါတ်(carbohydrate)ပမာဏ ကိုကြည့်၍ ကစီဓါတ်(carbohydrate)နည်းသော
    အစာကို ရွေးရပါမည်။


Glycaemic Load
Eg. အစားအစာတစ်မျိုး၏ Glycaemic Index = 70
ထိုအစားအစာ 100g တွင် carbohydrate 40g ပါလျှင်






Glycaemic Load= Glycaemic Indexxအစာတွင်ပါ ၀င်သည့် carbohdrate အလေးချိန်/အစာ၏စုစုပေါင်းအလေးချိန်

= 70x40/100

= 28




























































အစားအစာGlycaemic IndexGlycaemic Load
ကောက်နှံများ
ဆန်ဖြူ (Instant)၈၇၃၆
ဘာစမာတီဆန် (Basmati)၅၈၂၂
ဆန်လုံးညို၅၀၁၆
ခေါက်ဆွဲ (Instant)၄၇၁၉
ပေါင်မုန့် (White Bread)၇၀၁၀
ပေါင်မုန့် (Whole wheat Bread)၇၇
သစ်ဥသစ်ဖုများ
အာလူး (Microwaved)၈၂၂၇
အာလူး (မီးဖုတ်)၈၅၂၆
အာလူးကြော်၇၅၂၂
အာလူးပြုတ်၈၈၁၆
ကန်စွန်းဥ၆၁၁၇
မျောက်ဥ (Yam)၃၇၁၃
မုန်လာဥနီ (Carrot)၄၇
ပဲဆန်အမျိုးမျိုး
ကုလားပဲ၂၈
ပဲကတ္တီပါ၂၈
ပဲထောပါတ်၃၁
ပဲနီလေး (Lentil)၂၉
ပဲပုတ်၁၈
သစ်သီးအမျိုးမျိုး
ငှက်ပျောသီး၅၁၁၃
သင်္ဘောသီး၅၉၁၀
သရက်သီး၅၁
စပျစ်သီး၄၆
နာနတ်သီး၅၉
ပန်းသီး၃၈
လိမ္မော်သီး၄၈
ဆီးသီး၃၉
ဖရဲသီး၇၂
သစ်တော်သီး၃၈
နို့နှင့်နို့ထွက်ပစ္စည်းများ
နို့ဆီ၆၁၃၃
ဒိန်ချဉ်(Yogurt,Low Fat)၃၃၁၀
ရေခဲမုန့်၆၁
နို့(အဆီထုတ်)၃၂
နို့၂၇
သကြားအမျိုးမျိုး
ဂလူးကို့စ်(Glucose)၁၀၀၁၀
ပျားရည်၅၅၁၀
ကြံသကြား(Sucrose)၆၈
နို့သကြား(Lactose)၄၆
သစ်သီးသကြား(Fructose)၁၉
အချိုရည်အမျိုးမျိုး
လင်မနစ်(Lemonade)၆၆၁၃
လိမ္မော်ရည်၅၂၁၂
ပန်းသီးဖျော်ရည်၄၀၁၂
ကိုကာကိုလာ၆၃

ဆီးချိုရောဂါဝေဒနာရှင်များအတွက် အကြမ်းအားဖြင့် အဓိကအစာအုပ်စု(၃)မျိုး
ကို လိုက်နာစားသုံးသင့်ပါတယ်။
(၁) လုံးဝရှောင်ကြဉ်ရမည့် အစားအစာများ
ဂလူးကို့စ်၊ သကြား၊နို့ဆီ၊ ထန်းလျက်၊ ကြံသကာ၊ ၄င်းတို့ဖြင့်ပြုလုပ်ထားသော
အစားအစာများ၊
(၂) အသင့်အတင့်သာစားသုံးနိုင်သော အစားအစာများ
ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ စသည့် ကစီဓါတ်များသော အစာများ၊
ချိုသောအသီးအနှံများ၊ ပဲအမျိုးမျိုးနှင့် ၄င်းတို့ဖြင့် ပြုလုပ်ထားသောအစားအစာများ၊
(၃) ဆန္ဒရှိသရွေ့ စားသုံးနိုင်သော အစားအစာများ
အသား၊ ငါး၊ အချိုဓါတ်မရှိသော အသီးအနှံများ၊ အရွက်များစသည်တို့ကို စားသုံး
နိုင်ပါတယ်။
 
ဒေါက်တာ ၀င်းသိန်း

မှတ်ချက်။ 
အွန်လိုင်းမှ ကူးယူဖော်ပြပါသည်။ 
မော်လူး

ဆီးချို

ဆီးချိုရောဂါကို ထိန်းချုပ်ကုသရာမှာ ၁၂-နာရီ အစာမစားဘဲ နေခိုင်းပြီး တိုင်းတဲ့သွေးထဲက သကြားအဆင့်ကို (၇၀-၁၂၀) မီလီဂရမ် သွေး(၁၀၀)မီလီမီတာနဲ့ အဖြစ်နိုင်ဆုံးနီးနီး အမြဲတမ်း ထိမ်းထားနိုင်ဖို့ လိုပါတယ်။

ဒါကြောင့် သွေးထဲမှာ သကြားဓာတ်ပါရှိတဲ့နှုန်းကို စစ်ဆေးတဲ့အခါမှာ တညလုံး အချိုဓာတ်မစားဘဲ မနက်အိပ်ရာထချိန်မှာ တိုင်းတော့ သွေးထဲရှိ အချိုဓာတ် FASTING BLOOD GLUCOSE ပမာဏသည် 8M Moil ထက်ကျော်လျှင် ဆီးချိုရှိတယ်။ 6M Moil ထက်နည်းလျှင် ဆီးချိုမရှိ ဆိုတာကို ကျွန်တော်တို့ လူနာတွေ ယေဘုယျသိထားရပါမယ်။

လူနာတဦးတွင် မနက်အိပ်ရာထ မည်သည့်အစာမျှမစားခင် သွေးထဲရှိ သကြားဓာတ် FASTING BLOOD GLUCOSE သည် 8M Moil ထက်မျာလျးှင် ၊ သို့မဟုတ် နေ့လယ်နေ့ခင်း အစာစားပြီး တိုင်းသော သွေးထဲရှိ သကြားဓာတ် RANDOM BLOOD  GLUCOSE သည် 11M Moil  ထက်များလျှင် ဆီးချိုရောဂါ ရှိနေပြီလို့ ယူဆနိုင်ပါတယ်။ 

ဒါကြောင့် ကျွန်တော်တို့ လူနာတွေ သိမ်းထားရတဲ့ ဆီးချို သွေးချို စစ်ချက်မှတ်တမ်းစာအုပ်လေးတွေထဲမှာ ဓာတ်ခွဲခန်းက ဆရာတွေ ရေးမှတ်ထားတဲ့ REFVALUE(F) ၆၅-၁၁၀ mg  တချို့ကလည်း ၇၀-၁၂၀ အတွင်းပေါ့ 3.7- 6.2M Moil အတွင်းရအောင် ထိန်းထားနိုင်ရပါမယ်။ (R)ဆိုရင် ၆၅-၁၈၀ mg တချို့ကလည်း ၉၀-၁၈၀ အတွင်းပေါ့။ 3.7 ကနေ 10.0 M Moil အတွင်း ရအောင် ထိန်းထားနိုင်ရပါမယ်။ (F) FASTING (R) က RANDOM ကို ဆိုလိုတာပါ။ 

FASTING ကိုပဲ စစ်စစ် RANDOM ကိုပဲစစ်စစ် ဒီလို သူ့သတ်မှတ်ချက်အတွင်း ရှိနေအောင် အစားအသောက်ကို ဆင်ခြင်စားသောက်ရပါမယ်။ အစားအသောက်ဟာ ဆီးချိုရောဂါ ဝေဒနာရှင်များ အတွက် အရေးအကြီးဆုံးသော ကဏ္ဍမှာရှိပါတယ်။ အစားအစာ မစားသောက်ဘဲ လိုအပ်တဲ့ သကြားဓာတ် မပေးပါက လူဟာ အသက်ရှင်မည်မဟုတ်ပါ။ သကြားဓာတ်ကို လိုအပ်သည်ထက် မပိုရန်သာ အဓိကဖြစ်ပါတယ်။

ဆီးချိုရောဂါကုသရာမှာ အစားအသောက်ဆင်ခြင်မှုဟာ အမာခံအုတ်မြစ် ဖြစ်ပါတယ်။ ဒီအစားအသောက် ဆင်ခြင်မှုကို ခဏတဖြုတ်လောက်ပဲ လုပ်လို့မရပါဘူး။ ကာလအပိုင်းအခြား အကန့်အသတ်မရှိ ကျင့်သုံးသွားရမယ့် လမ်းစဉ်ဖြစ်ပါတယ်။

ဆီးချိုသမားတယောက်အနေဲ့ အဆီစားသုံးမှုကို တတ်နိုင်သမျှ ရှောင်ရန်လိုပါတယ်။ စားသုံးဆီနှင့် အခြားအဆီများကို ဆီးချိုရောဂါ၏ ရန်သူသဖွယ် မှတ်ယူထားနိုင်လျှင် အကောင်းဆုံးဖြစ်ပါတယ်။ အချိန်လွန်မှ စားသောက်ခြင်းနှင့် အကြော်အလှော်နဲ့ ပရိုတင်းများတဲ့ အစားတွေကိုလည်း ရှောင်ပါ။

ဒါကြောင့် ဆီးချိုရောဂါ မဖြစ်သေးသူတွေအဖို့ မိမိနေ့စဉ် စားသောက်နေသည့် အစားအသောက်များကို သတိကြီးစွာနှင့် သာမန်ထက် မပိုအောင် စားသောက်ခြင်းသည်သာလျှင် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ အစားအသောက် လွန်ကြူးခြင်းဟာ သာမန်ထက် ပိုဝနေခြင်းများကြောင့် အင်ဆူလင်ကိုလည်း ဖြုန်းတီးရာရောက်ပါတယ်။

ကျွန်တော်တို့လို ဆီးချိုသမားများအဖို့ ဆီးချိုကို ထိန်းသိမ်းသည့် ပုံစံသည် သုံးချောင်းထောက် ခွေးခြေခုံလေး တလုံးနဲ့ တူပါတယ်။ အစာလည်းဆေး, ဆေးလည်းအစာ ဆိုသလို
၁။ မိမိတို့နဲ့ သင့်တင့်မယ့်အစာမျိုး စားခြင်းဖြင့် ဓာတ်စာသဘောမျိုး ဖြစ်ပါတယ်။
၂။ လေ့ကျင့်ခန်းတခုအနေဖြင့် ကိုယ်လက်လှုပ်ရှားမှုကို မဖြစ်မနေ လုပ်ရပါမယ်။
၃။ ဆေးဝါးအဖြစ် အင်ဆူလင်၊ သို့မဟုတ်-ဆီးချိုသောက်ဆေး အစရှိသည်တို့ဟာ ခြေထောက်သုံးချောင်း ဖြစ်ပါတယ်။ ခြေထောက်တချောင်း ကျိုးသွားရင် ခွေးခြေခုံလည်း လဲပြီပေါ့။

လေ့ကျင့်ခန်းဟာ အသည်းနဲ့ ပန်ကရိယတို့ရဲ့ လုပ်ငန်းလုပ်ဆောင်မှုကိုလည်း တိုးတက်စေပါတယ်။ အမြန်လမ်းလျှောက်ခြင်း၊ ဖြည်းဖြည်းမှန်မှန် ပြေးခြင်းနဲ့ ယောဂကျင့်စဉ်တို့လို ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများဟာ သိပ်အကျိုးရှိပါတယ်။ 
* * * * * * * * * * * * 
လျှာပေါ်ဝဲမယ့် တဒင်္ဂ အရသာလေးကိုသာ ကြည့်ပြီး အစားအသောက်တွေကို မဆင်မခြင် စားသုံးကြမယ် ဆိုလျှင်  အချိန်ကာလ ကြာမြင့်လာသောအခါ ဆီးချိုသမားများသည် အတွင်းတိမ်၊ သို့မဟုတ်-ရေတိမ် ဖြစ်လာနိုင်ပါတယ်။ အဓိက အဖြစ်များသည်ကတော့ မျက်လုံး၏ နောက်ဘက်ရှိ မြင်လွှာ(RETINA)၏ သွေးကြောမျှင်များ ပျက်စီးမှုဖြစ်ပါတယ်။ ဆီးချိုရောဂါကို အနည်းဆုံး ၂၅-ရာခိုင်နှုန်းခန့်ခံစားရသူများ၏ ၇၀-ရာခိုင်နှုန်းမှာ တွေ့ရတတ်ပါတယ်။ ဆီးချိုသက် ၂၅-နှစ်ကျော်လာသော ရောဂါရှင်များတွင် ၆၅-ရာခိုင်နှုန်းခန့်သည် နာဗ်ကြောပျက်စီးမှု အထူးသဖြင့် ခြေထောက်ပိုင်းတွင် ဖြစ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ခြေထောက်နဲ့ မတော်ဘဲ ကျပ်နေတဲ့ ဖိနပ်များကို မစီးမိဖို့ သတိထားရပါမယ်။ ဖိနပ်ကျပ်ကျပ်များကို စီးမိပါက သွေးအသွားအလာ မကောင်းသဖြင့် ခြေမ-ပုပ်ခြင်း, ခြေထိပ် အနာဖြစ်ခြင်းမျိုး ဖြစ်တတ်ပါတယ်။ အနာဖြစ်လျှင် ပစ်မထားဘဲ ဂရုတစိုက်ပြုစုရပါမယ်။


ပြီးတော့ ဆီးချိုသမားတွေမှာ ဖြစ်နိုင်တဲ့ မျက်စိရောဂါ အကြောင်းတွေကို ရေးပြပါဦးမယ်။ ဆီးချိုရောဂါဟာ မျိုးရိုက်လိုက်ပြီးဖြစ်တာ ရှိသလို အစားအသောက်ကို ခန္ဓာကိုယ်အတွက် လိုအပ်တာထက် ပိုမိုစားသုံးတဲ့အတွက် ကိုယ်အလေးချိန်တွေတက်လာပြီး အလွန်ဝလာတဲ့အခါ ကိုယ်လက်လှုပ်ရှားမှု နည်းလာတဲ့အခါ ဆီးချိုရောဂါ ဖြစ်လာတတ်ပါတယ်။ သွေးထဲမှာ လိုအပ်တာထက် ပိုနေတဲ့ အချိုဓာတ်တွေကို ကျောက်ကပ်က တာဝန်ယူပြီးတော့ ဆီးထဲကတဆင့် ခန္ဓာကိုယ်ရဲ့ အပြင်ဘက်ကို ထုတ်ပစ်လိုက်ပါတယ်။


ဆီးချိုရောဂါ ခံစားနေရသူတဦးရဲ့ သွေးချိုနှုန်း အနည်းအများကိုပါ လိုက်ပြီး မျက်မှန်ပါဝါအပြောင်းအလဲ ဖြစ်တတ်ပါတယ်။ သွေးထဲမှာ အချိုဓာတ် ပါဝင်မှုနှုန်း များလာရင် မျက်စိမှာ အနုတ်ပါဝါ တိုးလာပြီး အစာကိုထိန်း ဆေးစားခဲ့လို့ သွေးထဲမှာ အချိုဓာတ် ပြန်နည်းသွားရင် အပေါင်းပါဝါဘက် ပြန်ပြောင်းသွား ပါတယ်။

ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတခုကတော့ ဆီးချိုရောဂါသည်များ အနေနဲ့ သက်တူရွယ်တူ ဆီးချိုရောဂါမရှိသူများနဲ့ နှိုင်းစာလျှင် အတွင်းတိမ်(CATARACT)စောစောဖြစ်တတ်ပါတယ်။ သက်ငယ် ဆီးချိုရောဂါရှိတဲ့ လူနာဟာ ဆီးချိုရောဂါစတင်ဖြစ်ပွားပြီး ၁၀-နှစ်နဲ့ အနှစ် ၂၀-အတွင်းမှာ အတွင်းတိမ် ဖြစ်တတ်ပါတယ်။

နောက်ထပ် ဆီးချိုရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ အရေးကြီးသော နောက်ဆက်တွဲ ဆိုးကျိုးတခုက ဆီးချိုရောဂါကြောင့် ရေတိမ်ရောဂါ ဖြစ်လာတတ်ပါတယ်။ ဆီးချိုရောဂါကြောင့် အဲဒီဖြစ်လာတဲ့ ရေတိမ် အမျိုးအစားဟာ အလွန်ဆိုးရွားပြီး ကြောက်စရာကောင်းလှပါတယ်။


ဆီးချိုရောဂါ စတင်ဖြစ်ပွားတဲ့ ရောဂါသက်တမ်းနှစ်ပေါင်း ၂၀-ကျော်လာရင် ၆၀-ရာခိုင်နှုန်းမှ ၇၀-ရာခိုင် နှုန်းရဲ့ အမြင်အာရုံခံလွှာတွေဟာ ပျက်စီးယိုယွင်းပြီး မျက်စိကွယ်သွားတာဟာ အသက်ကြီးမှ ဆီးချိုရောဂါ ဖြစ်လာတဲ့ လူနာတွေအဖြစ်များပါတယ်။ သွေးချိုကို စနစ်တကျ ထိန်းချုပ်မထားသူများ အနေနဲ့ကတော့ ပိုမိုလျင်မြန်စွာ မျက်စိကွယ်သွားနိုင်ပါတယ်။ မျက်စိရောဂါကို ကာကွယ်ရန် နည်းလမ်းမှာ ဆီးချိုသမား များဟာ ခြောက်လ၊ သို့မဟုတ်-တနှစ်လျှင် အနည်းဆုံး တကြိမ် မျက်စိအထူးကု သမားတော်နှင့် ပြသစစ်ဆေးသင့်ပါတယ်။
*****************
ကဲ...အဲဒီလိုဝေဒနာတွေ စောစောစီးစီး မခံစားချင်ရင်တော့ ဆီးနဲ့သွေးကို မှန်မှန်စစ်ပြီး အင်ဆူလင် ထိုးတန်ထိုး၊ ဒါမှမဟုတ်-ဆီးချိုထိန်းဆေးတွေကို ဆရာဝန်ညွှန်ကြားသလို သောက်ရပါမယ်။ အကြောင်း ကတော့ ဆီးချိုရောဂါဟာ ဂရုမစိုက်လျှင် ကြောက်စရာကောင်းလို့ပါပဲ။ ဂရုစိုက်ပြီး ကောင်းစွာ ထိမ်းသိန်းနိုင်ရင်တော့ ကြောက်စရာမလိုတော့ပါဘူး။ ဆီးချို သက်တမ်း ၁၀-နှစ်ကျော်လာလျှင် ဆီးချိုရောဂါ ကြာရှည်လာရင် ကျောက်ကပ်ကို ရောဂါ ရလာစေနိုင်ပါတယ်။


ကျွန်တော်ကတော့ လောလောဆယ် အင်ဆူလင်အပေါ် မမှီရသေးတဲ့ ဆီးချိုရောဂါသည် အမျိုးအစား ၂-ဖြစ်ပါတယ်။ ဒါပေမဲ့ ဆေးဝါးတွေရဲ့ အများဆုံး တိုက်ကျွေးနိုင်တဲ့ ပမာဏကို တိုက်ကျွေးပေမဲ့ အကျိုးမထူးတော့တဲ့အခါမှာ အင်ဆူလင်ထိုးပေးဖို့ လိုအပ်လာပါတယ်။ ဒါကလည်း သွေးထဲက သကြားဓာတ် အဆင့်တွေကို ထိန်းချုပ်နိုင်ဖို့ပါ။ အဲ-တချက်သတိထားဖို့ကတော့ အင်ဆူလင်ထိုးနေရတဲ့ အခြေအနေရောက်လာပြီးမှတော့ ဆေးပြန်စားလို့ မထိရောက်နိုင်တော့ဘူးဆိုတာပါပဲ။


အခု ကျွန်တော်သောက်နေတဲ့ DIABEND တို့ RECLIDE တို့ဆိုတာ  GLICALAZIDE  အုပ်စုကတော့   SULPHONYLUREA ဆာဖိုနိုင်လ် ယူရီးယားအုပ်စုဝင် ဆေးတွေပါပဲ။ သူနဲ့ မထိန်းချုပ်နိုင်လို့   BIGUANIDE ဘိုင်ဂွါနိုက်အုပ်စုဝင် METRO-RMIN မက်ဖော်မင်ကို တွဲစားရကတည်းက ကျွန်တော်တို့ လူနာတွေ သတိထားရမယ့်အဆင့် ရောက်ပါပြီ။ နို့်မဟုတ်လို့ကတော့ မကြာခင် အင်ဆူလင်နဲ့တွဲထိုးဖို့ လိုလာတော့မှာပါ။


ဆာဖိုနိုင်လ်ယူရီးယား အုပ်စုဝင်ဆေးတွေဟာ အင်ဆူလင်ကို မမှီခိုရတဲ့ ဆီးချိုရောဂါကိုကုသတဲ့နေရာမှာ ပထမဆုံး ရွေးချယ်လေ့ရှိကြတဲ့ ဆေးတွေဖြစ်ပါတယ်။ ဒီဆေးတွေဟာ မလိုလားအပ်တဲ့ ဘေးထွက်အကျိုး သက်ရောက်မှု SIDE-EFFECTS တွေ နည်းပါတယ်။ 


အစာစားပြီး နှစ်နာရီအကြာမှာ သွေးထဲသ သကြားအဆင့်တွေကို လျော့ကျစေရာမှာ အကောင်းဆုံး ရလဒ်ကို ရရှိစေဖို့အတွက် ပုံမှန်အားဖြင့် SULPHONYLUREA ကို အစာမစားမီ နာရီဝက်လောက်အလိုမှာ စားဖို့ ညွှန်ကြားလေ့ရှိပါတယ်။ 

BIGUANIDE ဘိုင်ဂွါနိုက်တွေဟာ တချို့လူနာတွေမှာ မောပန်းနွမ်းနယ်တာ၊ ကြွက်သားတွေ အားနည်းတာ ကိုယ်အလေးချိန် အရမ်းကျသွားတာတွေလည်း ဖြစ်စေနိုင်ပါတယ်။ နှလုံး၊ အသည်း၊ သို့မဟုတ် ကျောက်ကပ်ရောဂါတွေ ရှိရင် ပုံမှန်အားဖြင့် ဒီဆေးတွေ ညွှန်လေ့မရှိပါဘူး။ ဆာဖိုနိုင်လ်ယူရီးယား ဆေးတွေနဲ့ သွေးထဲကသကြားဓာတ် မြင့်မားမှုကို ထိရောက်အောင် မထိန်းချုပ်နိုင်တဲ့အခါမှာ ဘိုင်ဂွါနိုက်ကို ဆာဖိုနိုင်လ်ယူရီးယားနဲ့ တွဲပေးတတ်ပါတယ်။


ကဲ-နိဂုံးချုပ်ရရင် ကျွန်တော်ပြောခဲ့သလိုပဲ ဆီးချိုကို ထိန်းသိမ်းပုံစံဟာ သုံးချောင်းထောက်ခွေးခြေခုံကလေး တလုံးနဲ့တူပါတယ်။ ဓာတ်စာ ကိုယ်လက်လှုပ်ရှားမှု အင်ဆူလင်-သို့မဟုတ် ဆီးချိုသောက်ဆေး အစရှိသည်တို့ဟာ ခြေထောက်သုံးချောင်း ဖြစ်ပါတယ်။ အဲ-ခြေထောက် တချောင်း ကျိုးသွားရင် ခွေးခြေခုံလေးလည်း လဲတော့မယ်ပေါ့။


ဒီတော့ ပါးစပ်အလိုကို အရမ်းမလိုက်ကြပါနဲ့။ တပိုင် တနိုင် လေ့ကျင့်ခန်းလေးတွေ လုပ်ပေးကြပါ။ အဲ-လေ့ကျင့်ခန်း လုပ်ဖို့ သုံးရက်ဆက်တိုက် ပျက်ကွက်ရင် လေ့ကျင့်ခန်းကြောင့် ရရှိထားတဲ့ အကျိုးကျေးဇူးတွေ ဆုံးရှုံးသွားတတ်ပါတယ်။ ခရီးဝေးသွားလည်း လုံလောက်တဲ့ ဆေးဝါးလေးတွေ ယူဆောင်သွားကြပါ။ ဘာကြောင့်လဲဆိုတော့ ဆီးချိုရောဂါဟာ ထိပ်တန်းစားရင်းဝင် လူသတ်ရောာဂ ဆယ်မျိုးအနက် တမျိုးဖြစ်လို့ပါပဲ။


မောင်ငွေလှိုင်း(အဲယား)
(ငွေတာရီမဂ္ဂဇင်း ၂၀၀၃-ခု ဖေဖော်ဝါရီလ)

Friday, April 15, 2011

ဥပသမ္ပဒ ကမ္မ၀ါစာ ( မဟာစည် မူ )


မဟာစည် ဆရာတော်ဘုရားကြီး စီစစ်တော်မူထားသော 
ဥပသမ္ပဒ ကမ္မ၀ါစာ
ရဟန်းလောင်းအား မြန်မာသက်သက်ဖြင့် ညွှန်ကြားသင်ပြ ဆုမ္မပုံ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

           ဥပဥမ္ပဒကံ မဆောင်မီ ရှေးဦးစွာ ဥပဇ္ဈာယ်ဆရာကို ယူစေရမည်ဟု ဗုဒ္ဓမြတ်စွာ မိန့်မှာတော်မူခဲ့သောကြောင့် ယခုအခါ သင်ပဉ္ဇင်းလောင်း (တို့) သည် ဥပဇ္ဈာယ်ဆရာကို ယူ(ကြ)ဦးလော့။
ဥပဇ္ဈာယော မေ (နော) ဘန္တေ ဟောဟိ၊ ( ၃-ကြိမ် )
အရှင်ဘုရား၊ အရှင်ဘုရားသည် ဘုရားတပည့်တော် (တို့) ၏ အပြစ်ကြီး အပြစ်ငယ်ကို ကြည့်ရှု၍ ဆိုဆုမ္မသော ဥပဇ္ဈာယ်ဆရာ  ဖြစ်တော်မူပါ အရှင်ဘုရား။
ပါသာဒိကေန သမ္ပာဒေဟိ ( သမ္ပာဒေထ ) ( ၃-ကြိမ် )။
ကြည်ညိုဘွယ်ကိုဆောင်သော ကိုယ်အမူအရာ နှုတ်အမူအရာ စိတ်အမူအရာနှင့် ပြည့်စုံ (ကြ) စေလော့။ ( ပြည့်စုံအောင် အားထုတ်၍ နေထိုင်ကြရမည် )။
အာမ ဘန္တေ။ ( ကောင်းပါပြီဘုရား ပြည့်စုံစေပါမည် )။
     (ဥပဇ္ဈာယ်ဆရာဆိုတာ တပည့်ရဟန်းသစ်အား ၀ိနည်းသိက္ခာပုဒ်များနှင့် အညီ ကျင့်တတ်-နေထိုင်တတ်အောင် သားငယ်ကို စောင့်ရှောက်သော ဖခင်ကဲ့သို့ သင်ပြဆုမ္မပေးတဲ့ ဆရာမြတ်ပဲ၊ ဥပဇ္ဈာယ်ယူထားတဲ့ တပည့် ကလဲ ဥပဇ္ဈာယ်ဆရာကို ဖခင်ကဲ့သို့ ရိုသေလေးစားရတယ် )။
ဥပဇ္ဈာယ်ယူစေပြီးလျှင် သပိတ်သင်္ကန်းကို ပြောကြားရမည်ဟု ဗုဒ္ဓ မြတ်စွာ မိန့်မှာတော်မူခဲ့သောကြောင့် ယခုအခါ သင်ပဉ္ဇင်းလောင်း(တို့) အား သပိတ်သင်္ကန်းကို ပြောကြားမယ်။ ( ဒီလိုပြောကြားရတာကလဲ ဘုရား လက်ထက်တော် ကာလတုန်းက ရဟန်းခံကြရာမှာ ဥပဇ္ဈာယ်ဆရာက ပေးတဲ့ သပိတ်သင်္ကန်းနဲ့ ရဟန်းခံပေးကြတာပဲ များတယ်၊ ဒါကြောင့် ခေတ္တ ခဏ ငှါးတာလေလားလို့ သံသယဖြစ်ဖွယ် ရှိနေတဲ့အတွက် အဲဒီလို သံသယ မဖြစ်ရအောင် ရဟန်းလောင်း၏ ကိုယ်ပိုင် သပိတ် သင်္ကန်းများ  ဖြစ်ကြောင်းပြောကြားရခြင်း ဖြစ်တယ်။ 

အဲဒီတုန်းက  အစဉ်အလာအရ  ယခုအခါမှာလဲ  ကိုယ်ပိုင်  သပိတ် သင်္ကန်းဖြစ်ကြောင်း ထင်ရှားအောင် ပြောကြားရတာပဲ။)
           သင်ပဉ္ဇင်းလောင်း(တို့)၏ ရှေ့၌ချထားသော (အသီးသီးသော) သပိတ်ဟာ သင် (တို့) ၏ ကိုယ်ပိုင် သပိတ်ပဲ၊ အဲဒါကို မိမိ (တို့) ၏ ကိုယ်ပိုင်သပိတ်လို့ မှတ် (ထားကြ)။
သပိတ်ပေါ်မှာတင်ထားတဲ့ (အသီးသီးသော) နှစ်ထပ်သင်္ကန်း ကြီးဟာ သင် (တို့) ၏ ကိုယ်ပိုင် နှစ်ထပ်သင်္ကန်းကြီးပဲ၊ အဲဒါကို မိမိ (တို့) ၏ ကိုယ်ပိုင် နှစ်ထပ်သင်္ကန်းကြီးလို့ မှတ် (ထားကြ)။
သင် (တို့) ၏ ကိုယ်မှာရုံထားတဲ့ ဧကသီသင်္ကန်းဟာ သင် (တို့) ၏ ကိုယ်ပိုင် ဧကသီသင်္ကန်းပဲ၊ အဲဒါကို မိမိ(တို့)၏ ကိုယ်ပိုင် ဧကသီသင်္ကန်းလို့ မှတ် (ထားကြ)။
သင် (တို့) ၏ ခါးမှာဝတ်ထားတဲ့ သင်းပိုင်သင်္ကန်းဟာ သင် (တို့) ၏ ကိုယ်ပိုင် ခါးဝတ်သင်းပိုင်သင်္ကန်းပဲ၊ အဲဒါကို မိမိ (တို့) ၏ ကိုယ်ပိုင် ခါးဝတ်သင်းပိုင်သင်္ကန်းလို့ မှတ် (ထားကြ)။
( ရဟန်းလောင်းမှာ ယခုပြောခဲ့တဲ့ သပိတ်တလုံးနဲ့ သင်္ကန်း သုံးထည် ပြည့်စုံရတယ်၊ အဲဒီ သပိတ်တလုံးနဲ့ သင်္ကန်းသုံးထည် ပြည့်စုံယင် သပိတ်သင်္ကန်း ပြည့်စုံပြီလို့ ဆိုရတယ်၊ အဲဒီလို ပြည့်စုံမှ ရဟန်း ခံပေးရတယ်။ ဒါကြောင့် အဲဒီ သပိတ်သင်္ကန်းများ ပြည့်စုံကြောင်း ထင်ရှားအောင်လို့ ယခုပြောကြားရတာပဲ)။

( အမည်မှည့်ပုံ )။ ။ ယခုအခါ ဥပသမ္ပဒကံ ဆောင်ရာ၌ ဉတ်ကမ္မ၀ါစာ ရွတ်ဖတ်၍ လွယ်ကူစေခြင်းအကျိုးငှါ ရဟန်းလောင်းကို နာဂ-ဟု အမည်သစ် မှည့်ပါ၏၊ သံဃာတော်အရှင်မြတ်တို့က ရဟန်းလောင်းကို နာဂ-ဟု မှတ်တော်မူကြပါ၊ ရဟန်းလောင်းကလဲ မိမိအမည်ကို နာဂ-ဟု မှတ်ထားပါ။
     ( ရဟန်းလောင်း ၂-ပါးဖြစ်လျှင် အကြီးရဟန်းလောင်းကို နာဂ-ဟု မှည့်ပါ၏၊ အငယ်ရဟန်းလောင်းကို ဒတ္တ-ဟု မှည့်ပါ၏-ဟူ၍၄င်း။ 
    ၃-ပါးဖြစ်လျှင် အကြီးဆုံးရဟန်းလောင်းကို နာဂ-ဟု မှည့်ပါ၏၊ အလတ်ရဟန်းလောင်းကို ဒတ္တ-ဟု မှည့်ပါ၏၊ အငယ်ရဟန်းလောင်းကို မိတ္တ-ဟု မှည့်ပါ၏ ဟူ၍၄င်း။
      ၄-ပါးရှိလျှင် ၂-ပါးတစုံ ၂-ပါးတစုံပြု၍၊ သို့မဟုတ် အကြီး ၂-ပါးကို တစုံ ၊ အငယ် ၂-ပါးကို တစုံ ပြု၍ ထို ၂-စုံတွင် တစုံတစုံထဲမှ အကြီး ၂-ပါးကို နာဂ-ဟု မှည့်ပါ၏၊ အငယ် ၂-ပါးကို ဒတ္တ-ဟု မှည့်ပါ၏-ဟူ၍၄င်း။
     ၆-ပါးစသည်ရှိလျှင် အစဉ်အတိုင်း သုံးပါးစီ တစုတစုပြု၍ ထိုတစု တစုထဲမှ အကြီးရဟန်းလောင်းများကို နာဂ-ဟု မှည့်ပါ၏၊ အလတ် ရဟန်းလောင်းများကို ဒတ္တ-ဟု မှည့်ပါ၏၊ အငယ်ရဟန်းလောင်းများကို မိတ္တ-ဟု မှည့်ပါ၏-ဟူ၍၄င်း အမည်မှည့် ကြေငြာပြီးလျှင်၊ သံဃာတော် အရှင်မြတ်တို့က ထို ၂-ပါးထဲက အကြီးရဟန်းလောင်းကို နာဂ-ဟု၊ အငယ်ရဟန်းကို ဒတ္တ-ဟု မှတ်တော်မူကြပါ-ဟူ၍၄င်း။
ထို ၃-ပါးထဲမှ အကြီးကို နာဂ-ဟု, အလတ်ကို ဒတ္တ-ဟု, အငယ်ကို မိတ္တ-ဟု မှတ်တော်မူကြပါ-ဟူ၍၄င်း။
ထို ၂-စုံထဲမှ အကြီး ၂-ပါးကို နာဂ-ဟု, အငယ် ၂-ပါးကို ဒတ္တ-ဟု, မှတ်တော်မူကြပါ-ဟူ၍၄င်း။
ထိုတစုတစုထဲမှ အကြီးရဟန်းလောင်းများကို နာဂ-ဟု, အလတ် ရဟန်းလောင်းများကို ဒတ္တ-ဟု, အငယ် ရဟန်းလောင်းများကို မိတ္တ-ဟု, မှတ်တော်မူကြပါ-ဟူ၍၄င်း၊ ရဟန်းလောင်းများကလဲ မိမိတို့၏ အမည်သစ်ကို  နာဂ,   ဒတ္တ,   မိတ္တဟု   အသီးသီး   မှတ်ထားကြ-ဟူ၍၄င်း ပြောကြားရာ၏။)
 
ဥပသမ္ပဒကံ ဆောင်ရာ၌ ဉတ်ကမ္မ၀ါစာ ရွတ်ဖတ်၍ လွယ်ကူစေခြင်း အကျိုးငှါ၎င်း၊ ဂရုဂါရ၀ ဖြစ်စေခြင်းအကျိုးငှါ၎င်း ရဟန်းလောင်း(တို့)၏ ဥပဇ္ဈာယ်ဆရာတော် အရှင်မြတ်ကို (အရှင်) တိဿ-ဟု အမည်သစ် မှည့်ပါ၏၊ သံဃာတော်အရှင်မြတ်တို့က ရဟန်းလောင်း(တို့) ၏ ဥပဇ္ဈာယ်ဆရာတော်ကို (အရှင်) တိဿ-ဟု အမည်သစ်ဖြင့် မှတ်တော် မူကြပါဘုရား၊ (ဥပဇ္ဈာယ်ဆရာတော် အရှင်မြတ်ကလဲ မိမိ၏အမည်ကို (အရှင်) တိဿ-ဟု မှတ်တော်မူပါ အရှင်ဘုရား။)

           ( သံဃာ့အလယ်မှ အပြင်ထုတ်ပုံ )
           ပဉ္ဇင်းလောင်း နာဂ ( ဒတ္တ-မိတ္တ-တို့ )၊ ယခုအခါ သင် (တို့) အား ညွှန်ကြားသင်ပြရန် အချိန်ကျရောက်လာပြီ၊ သို့သော်လဲ သံဃာတော်၏ အလယ်မှာ ညွှန်ကြားသင်ပြရန် မသင့်တော်တဲ့အတွက် မတ်တတ်ထပြီး သံဃာတော်ကို လက်အုပ်ချီကာ နောက်ဆုတ်နောက်ဆုတ် ထွက်သွားပါ၊ (တိုးတိုးမှန်မှန်ပြောတဲ့စကားကို သံဃာတော်များ မကြားလောက်ရာ နားမလည်လောက်ရာ) တဆယ့်နှစ်တောင်ထွာခန့် ဝေးကွာတဲ့ ဟိုအရပ်မှာ ခေတ္တခဏ ရပ်တည်နေပါချေ။(အဲဒီနရာသို့ ငါ-လာ၍ ညွှန်ကြား သင်ပြပေးပါမည်)။

(ရဟန်းလောင်းတပါးအတွက် အနုသာသကသမ္မုတိဉတ်)
သုဏာတု မေ ဘန္တေ သံဃော၊ နာဂေါ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခော၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ နာဂံ အနုသာသေယျံ။

( ၂-ပါးအတွက် သမုစ္စယဉတ် )
သုဏာတု မေ ဘန္တေ သံဃော၊ နာဂေါ စ ဒတ္တော စ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ နာဂံ စ ဒတ္တံ စ အနုသာသေယျံ။
( ၃-ပါးအတွက် )
သုဏာတု မေ ဘန္တေ သံဃော၊ နာဂေါ စ ဒတ္တော စ မိတ္တော စ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ နာဂံ စ ဒတ္တံ စ မိတ္တံ စ အနုသာသေယျံ။
( ၂-ပါးအတွက် ဒွန္ဒသမာသဉတ် )
သုဏာတု မေ ဘန္တေ သံဃော၊ နာဂဒတ္တာ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ နာဂဒတ္တေ အနုသာသေယျံ။
( ၃-ပါးအတွက် ဒွန္ဒ )
သုဏာတု မေ ဘန္တေ သံဃော၊ နာဂဒတ္တမိတ္တာ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ နာဂဒတ္တမိတ္တေ အနုသာသေယျံ။

           (နာဂဒတ္တမိတ္တ အများအတွက် သမုစ္စယဉတ်)
           သုဏာတု မေ ဘန္တေ သံဃော၊ နာဂါ စ ဒတ္တာ စ မိတ္တာ စ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ နာဂေ စ ဒတ္တေ စ မိတ္တေ စ အနုသာသေယျံ။
(နာဂဒတ္တ ၂-စုံအတွက် ဒွန်ဉတ်မှာ ၂-ပါးအတွက် ဒွန္ဒနှင့် ပါဠိတူ၏။ နာဂဒတ္တမိတ္တ အများအတွက်ဒွန်မှာ ၃-ပါးအတွက် ဒွန္ဒနှင့် ပါဠိအတူပင်)

( ညွှန်ကြားသင်ပြပုံ )။ ။ စူးစိုက်ပြီးနားထောင်(ကြ)ပါ ပဉ္ဇင်းလောင်း နာဂ (ဒတ္တ-မိတ္တတို့)၊ယခုအခါ သင်(တို့)သည် အမှန်ကို ဖြေဆိုလျှောက်ထားရမည့်အခါ၊ အဟုတ်ကို ဖြေဆို လျှောက်ထားရမည့်အခါ ဖြစ်သည်၊ သင်(တို့)၏ သန္တာန်၌ ဖြစ်ပေါ်လျက်ရှိသော အကြောင်းအရာအမှု ၀တ္ထုသဘောကို သံဃာ့အလယ်၌ သမ္မုတိရသောမထေရ်က မေးမြန်းတဲ့ အခါမှာ ထင်ရှားရှိလျှင် ဟုတ်မှန်လျှင် ရှိပါသည်ဘုရား၊ ဟုတ်ပါသည်ဘုရား ဟု လျှောက်ထားဖြေဆို(ကြ)ရမည်၊ ထင်ရှားမရှိလျှင် မဟုတ်မမှန်လျှင် မရှိပါဘုရား မဟုတ်ပါဘုရားဟု လျှောက်ထား ဖြေဆို(ကြ)ရမည်။ မလျှောက်ဝံ့ မဖြေဆိုဝံ့ပဲ ကြောက်ရွံ့မနေ(ကြ)နဲ့၊ ရဲရဲရင့်ရင့် ပီပီသသ အသံကျယ်ကျယ်နဲ့    လျှောက်ထား   ဖြေဆို(ကြ)ရမည်၊   ရှက်စရာတွေကိုမေးရမည်လားဟု နှလုံးမသာ မျက်နှာမလှ မရှိ(ကြ)နဲ့၊ ယခုပြောမည့် အခြင်းအရာအားဖြင့် သင် (တို့) ကို မေးကြလိမ့်မယ်၊
သင်(တို့)မှာ ဤသို့သောအနာများ ရှိသလား၊ (ကုဋ္ဌံ) နူနာရှိသလား (ဒီလိုလဲ မေးကြလိမ့်မယ်၊ အမှန်အတိုင်း ဖြေရုံပဲ၊ မရှိဘူးမဟုတ်လား၊ မရှိယင် မရှိပါဘုရားလို့ လျှောက်ထားဖြေဆိုရမယ်။)
နောက်ပြီးတော့ (ဂဏ္ဍော) ထွတ်မြင်းခေါ်ဆို အသားပို မြင်းဖုနာ ရှိသလား၊ (ဒီလိုလဲ မေးကြလိမ့်မယ်၊ မရှိယင် မရှိပါဘုရားလို့  လျှောက်ထားဖြေဆိုရမယ်။)
နောက်ပြီးတော့ (ကိလာသော) အရေပြားတွင် နီဖြူအကွက် သမင်ယက် သမင်ဖြူအနာ ရှိသလား၊ (ဒီလိုလဲ . . ဖြေဆိုရမယ်)။
နောက်ပြီးတော့   (သောသော)    ချောင်းဆိုးသွေးပါ    အဆုတ်နာ မြစ်ခြောက်နာ ရှိသလား၊ (ဒီလိုလဲ . . ဖြေဆိုရမယ်။)

           နောက်ပြီးတော့ (အပမာရော) သည်းခြေရူး နတ်ဖမ်းစားရူးနာ ရှိသလား၊ (ဒီလိုလဲ မေးကြလိမ့်မယ်၊ အမှန်အတိုင်း ဖြေရုံပဲ၊ မရှိဘူး မဟုတ်လား၊ မရှင်ယင် မရှိပါဘုရားလို့ လျှောက်ထားဖြေဆိုရမယ်။)
(ဒီလိုမေးရတာကလဲ အကြောင်းရှိတယ်၊ ဘုရားလက်ထက်တော်ကာလ တုန်းက ယခုပြောခဲ့တဲ့ နူနာအစရှိသော အနာကြီးငါးမျိုး စွဲကပ်နေတဲ့ သူတွေက သမားတော် ဆရာဇီဝက၏ အကုအသ ခံချင်တဲ့အတွက် သာသနာတော်မှာ ၀င်ပြီး ရဟန်းပြုကြတယ်၊ ရောဂါပျောက်တဲ့အခါ ကျတော့ လူ့ဘောင် ပြန်ထွက်သွားကြတယ်၊ အဲဒါကို အကြောင်းပြုပြီး ဆရာဇီဝက-က ကဲ့ရဲ့တယ်၊ နောက်ပြီးတော့ ဗုဒ္ဓသာသနာတော်မှာ စက်ဆုပ်ဖွယ်ရောဂါ စွဲကပ်နေတဲ့သူတွေ မရှိသင့်ဘူး၊ အဲဒီ အကြောင်း များကြောင့် မြတ်စွာဘုရားက အနာကြီးငါးမျိုး စွဲကပ်နေတဲ့လူကို ရှင်ရဟန်း ပြုမပေးရ-လို့ သိက္ခာပုဒ် ပညတ်တော်မူတယ်။ ဒါကြောင့် ယခုပြောခဲ့တဲ့အတိုင်း မေးကြလိမ့်မယ်၊ မေးတဲ့အခါမှာ အမှန်အတိုင်း ဖြေရုံ ပါပဲ၊ မရှိယင် မရှိပါဘုရားလို့ ဖြေဆိုရမယ်။)
နောက်ပြီးတော့ လူသားစင်စစ် ဟုတ်ရဲ့လားလို့လဲ မေးကြလိမ့်မယ်၊ (အဲဒီလို မေးရတာကတော့ ဘုရားလက်ထက်တော် ကာလတုန်းက နဂါးတကောင်က သာသနာတော်ကို ကြည်ညိုတာနဲ့ လူယောင်ဖန်ဆင်းပြီး သံဃာတော်များထံ ရဟန်းအဖြစ် တောင်းပန်တယ်၊ သံဃာတော်က အဲဒီနဂါးကို လူသားထင်ပြီး ရဟန်းပြုပေးလိုက်တယ်၊ နောက်ကျတော့ သူ့အမှုမှန်က ပေါ်လာတယ်၊ အဲဒီအခါ လူသားမဟုတ်တဲ့သူကို ရဟန်းပြု မပေးထိုက်တဲ့အတွက် မြတ်စွာဘုရားက-တိရစ္ဆာန်ကို ရဟန်းပြု မပေးရ-လို့ သိက္ခာပုဒ် ပညတ်တော်မူတယ်၊ ဒါကြောင့် လူသားစင်စစ် ဟုတ်ရဲ့လားလို့ မေးရတာပဲ၊ သင်ပဉ္ဇင်လောင်း (တို့) ကတော့ လူသားဖြစ်ကြောင်း ထင်ရှားနေပါတယ်။ ဒါကြောင့် ဟုတ်ပါတယ်ဘုရားလို့ လျှောက်ထားဖြေဆိုရုံပါပဲ။)
နောက်ပြီးတော့ ယောက်ျားစင်စစ် ဟုတ်ရဲ့လားလို့လဲ မေးကြလိမ့် မယ်၊ ဟုတ်ယင် ဟုတ်ပါတယ်ဘုရားလို့ လျှောက်ထားဖြေဆိုရမယ်။
နောက်ပြီးတော့ ကိုယ့်ကိုယ်ကို အစိုးပိုင်သူ ဟုတ်ရဲ့လား လို့လဲ  မေးကြလိမ့်မယ်၊   ဒီလိုမေးရတာကလဲ   ရှေးတုန်းက   ကျွန်-ဆိုတာရှိခဲ့တယ်၊ အဲဒီကျွန်ဟာ သူ့ကိုယ်ကိုယ် သူ အစိုးမပိုင်ဘူး၊ သူ့အရှင်သခင်က အစိုးပိုင်နေတယ်၊ ယခုခေတ်မှာတော့ အဲဒီလို ကျွန်-ဆိုတာ မရှိပါဘူး၊ ဒါကြောင့် ကိုယ့်ကိုယ်ကို အစိုးပိုင်သူ ဟုတ်ရဲ့လားလို့ မေးတဲ့အခါ ဟုတ်ပါတယ်ဘုရားလို့ လျှောက်ထားဖြေဆိုရမယ်။
နောက်ပြီးတော့ ကြွေးမြီကင်းသူ ဟုတ်ရဲ့လားလို့လဲ မေးကြ လိမ့်မယ်။ ကြွေးမည်ကင်းသူ ဟုတ်ယင် ဟုတ်ပါတယ်ဘုရားလို့ လျှောက်ထား ဖြေဆိုရမယ်။
နောက်ပြီးတော့ မင်းမှုထမ်းအဖြစ်မှ ကင်းလွတ်သူ ဟုတ်ရဲ့လား လို့လဲ မေးကြလိမ့်မယ်၊ ဟုတ်ယင် ဟုတ်ပါတယ်ဘုရားလို့ လျှောက်ထားဖြေဆိုရမယ်၊ ယခုခေတ်မှာ မင်းမှုထမ်း ဟုတ်ပေမဲ့ အခွင့်ယူထားခိုက်မှာ ဆိုယင် မင်းမှုထမ်းအဖြစ်မှ ကင်းလွတ်နေတယ်လို့ပဲ ယူရပါတယ်။
နောက်ပြီးတော့ ရဟန်းပြုရန် မိခင်ဖခင်တို့က ခွင့်ပြုသူ ဟုတ်ရဲ့လား လို့လဲ မေးကြလိမ့်မယ်၊ ဗုဒ္ဓသာသနာဝင်မိဖတွေက ခွင့်ပြုတာချည်းပါပဲ၊ ခွင့်ပြုတယ်မဟုတ်လား၊ မိဖမရှိသူဆိုယင်တော့ ခွင့်တောင်းဘို့တောင် မလိုပါဘူး၊ ဒါကြောင့် ခွင့်ပြုသူ ဟုတ်ရဲ့လားလို့ မေးယင် ဟုတ်ပါတယ် ဘုရားလို့ လျှောက်ထားဖြေဆိုရမယ်။
နောက်ပြီးတော့ အသက်နှစ်ဆယ် ပြည့်ပြီလားလို့လဲ မေးကြ လိမ့်မယ်၊ ၁၉-နှစ်နှင့် သုံးလ ငါးလ ဆိုယင် အသက်နှစ်ဆယ် ပြည့်ပြီလို့ ဆိုရတယ်၊ ဒါကြောင့် အဲဒီလို အသက်နှစ်ဆယ် ပြည့်နေရင် ပြည့်ပါပြီဘုရား လို့ လျှောက်ထားဖြေဆိုရမယ်။
နောက်ပြီးတော့ သင်ပဉ္ဇင်းလောင်း(တို့)မှာ သပိတ် သင်္ကန်း ပြည့်စုံ ပါပြီလားလို့လဲ   မေးကြလိမ့်မယ်၊   ဒါကတော့  ခုတင်က  ပြောခဲ့တဲ့အတိုင်း ပြည့်စုံနေကြောင်း ထင်ရှားနေပါပြီ၊ ဒါကြောင့် ပြည့်စုံပါပြီဘုရားလို့ လျှောက်ထား ဖြေဆိုရမယ်။
နောက်ပြီးတော့ သင်ဟာ အဘယ်အမည်ရှိသလဲလို့လဲ မေးကြလိမ့် မည်၊ သင့်ကို နာဂ-လို့ အမည်သစ် မှည့်ထားတယ်၊ ဒါကြောင့် ဘုရားတပည့်တော် နာဂ အမည်ရှိပါသည်ဘုရားလို့ လျှောက်ထား ဖြေဆိုရ မယ်။ ယခု ငါမေးကြည့်မယ် ဖြေဆိုကြည့်စမ်း၊ သင်ဟာ အဘယ်အမည် ရှိသလဲ၊ (ဘုရားတပည့်တော် နာဂ အမည်ရှိပါသည်ဘုရား)(၂-၃-ကြိမ်မေးကြည့်ပါ)

           နောက်ပြီးတော့ သင်၏ ဥပဇ္ဈာယ်ဆရာဟာ အဘယ်အမည်ရှိပါ သလဲ-လို့လဲ မေးကြလိမ့်မယ်၊ သင်၏ ဥပဇ္ဈာယ်ဆရာတော်ကို အရှင်တိဿ လို့ အမည်မှည့်ထားတယ်၊ ဒါကြောင့် ဘုရားတပည့်တော်၏ ဥပဇ္ဈာယ် ဆရာတော်သည်  အရှင်တိဿမထေရ်  အမည်ရှိပါသည်ဘုရားလို့  လျှောက်ထားဖြေဆိုရမယ်။(၂-၃-ကြိမ် မေးကြည့်ပါ)။
သံဃာ့အလယ်မှာ မေးမြန်းစိစစ်မည့် မေးခွန်းများနှင့်စပ်၍ လျှောက်ထား ဖြေဆိုပုံများကို သင်ပဉ္ဇင်းလောင်းအား ညွှန်ကြားသင်ပြပြီးပြီ၊ ငါသည် သင်နှင့်အတူ သံဃာ့ထံသို့ မသွားအပ်-မသွားကောင်းဘူး၊ ဒါကြောင့် ဒီနေရာမှာပဲ ခေတ္တရပ်တည်နေရစ်ဦး၊ သံဃာတော်က လာခဲ့ရန် ခေါ်တဲ့အခါကျမှ သံဃာတော်ကို လက်အုပ်ချီပြီး လာခဲ့ရမယ်။
(ပဉ္ဇင်းလောင်း ၂-၃-ပါး စသည်တို့ကို ညွှန်ကြားသင်ပြသောအခါ စကားလုံးများကို သင့်လျော်အောင် ပြင်၍ ပြောဆိုရာ၏ )

( ရဟန်းလောင်း ၁-ပါး သံဃာ့အလယ်သို့ သွင်းရန် ဉတ် )
သုဏာတု မေ ဘန္တေ သံဃော၊ နာဂေါ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခော၊ အနုသိဋ္ဌော သော မယာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ နာဂေါ အာဂစ္ဆေယျ။ ( လာခဲ့တော့လို့ ခေါ်ပါ )

( ၂-ပါး ၃-ပါးအတွက် သမုစ္စယသြသာရဏ ဉတ် )
သုဏာတု မေ ဘန္တေ သံဃော၊ နာဂေါ စ ဒတ္တော စ ( မိတ္တော စ ) အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ၊ အနုသိဋ္ဌာ တေ မယာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ နာဂေါ စ ဒတ္တော စ ( မိတ္တော စ ) အာဂစ္ဆေယျုံ။

( အများမှ ၃-ပါးကို သွင်းရန် သမုစ္စယဉတ် )
သုဏာတု မေ ဘန္တေ သံဃော၊ နာဂါ စ ဒတ္တာ စ မိတ္တာ စ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ၊ အနုသိဋ္ဌာ တေ မယာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ ပဌမ၀ဂ္ဂေ နာဂေါ စ ဒတ္တော စ မိတ္တော စ အာဂစ္ဆေယျုံ၊
( ပဌမအစု ၃-ပါး လာခဲ့ကြလို့ ခေါ်ပါ )။ဒုတိယ၀ဂ် စသည်ကိုလဲ နည်းမှီး၍ ဆိုရာ၏။
၂-စုံတွင် ပဌမအစုံကို သွင်းရာ၌ ပဌမယုဂေ-ဟု ၀ိသေသန မ-၍ ဆိုရာ၏။

             ( ဒွန္ဒသြသာရဏ ဉတ် )
           သုဏာတု မေ ဘန္တေ သံဃော၊ နာဂဒတ္တာ (နာဂဒတ္တမိတ္တာ) အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ၊ အနုသိဋ္ဌာ တေ မယာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ နာဂဒတ္တာ (နာဂဒတ္တမိတ္တာ) အာဂစ္ဆေယျုံ။
(၂-စုံရှိရာ ၂-စု ၃-စု စသည် ရှိရာတို့၌ ပဌမယုဂေ နာဂဒတ္တာ-ဟူ၍၄င်း၊ ပဌမ၀ဂ္ဂေ နာဂဒတ္တမိတ္တာ-ဤသို့ စသည်ဖြင့်၎င်း သင့်လျှော်အောင် ဖြည့်စွက်ဆိုရာ၏)

( သံဃာ့အလယ်သို့ သွင်းပြီးလျှင်-ဘိက္ခူနံ ပါဒေ ၀န္ဒာပေတွာ-ဟူသော ညွှန်ကြားချက်နှင့်အညီ ရဟန်းသံဃာတော်တို့၏ ခြေတော်တို့ကို ရှိခိုးပါ၏-ဟု နှုတ်ဖြင့် ဆိုစေလျက် ရှိခိုးစေသင့်၏။ ထို့နောင် သံဃာတော်အား ရဟန်းပြုပေးရန် လျှောက်တောင်းရမည်-ဟု ပြောကြား၍ အောက်ပါအတိုင်း လိုက်ဆိုစေလျက် လျှောက်တောင်းစေရမည်)။

(လျှောက်တောင်းပုံ)။ ။ သံဃံ ဘန္တေ ဥပသမ္ပဒံ ယာစာမိ (ယာစာမ) ဥလ္လုပ္ပတု မံ (နော) ဘန္တေ သံဃော အနုကမ္ပံ ဥပါဒါယ။(ဒုတိယမ္ပိ-တတိယမ္ပိ)
အရှင်မြတ်တို့ဘုရား၊ တပည့်တော်(တို့)သည် သံဃာတော်ကို ရဟန်းအဖြစ်(ကို)   သုံးကြိမ်တိုင်တိုင်   လျှောက်တောင်းပါ(ကုန်)၏  အရှင်မြတ်တို့ဘုရား၊  သံဃာတော်သည်  တပည့်တော်(တို့)ကို  သနားချီးမြှောက်ခြင်းကို အကြောင်းပြု၍ (၀ါ-သနားချီးမြှောက်သော အားဖြင့်) (မြင့်မြတ်သော ရဟန်းအဖြစ်သို့) မြှင့်တင်ပေးတော်မူပါ အရှင်ဘုရား။

( တပါးအတွက် ပုစ္ဆကသမ္မုတိ ဉတ် )
သုဏာတု မေ ဘန္တေ သံဃော၊ အယံ နာဂေါ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခော၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ နာဂံ အန္တရာယိကေ ဓမ္မေ ပုစ္ဆေယျံ။ ။


           ( ၂-ပါး ၃-ပါးအတွက် သမုစ္စယဉတ် )
           သုဏာတု မေ ဘန္တေ သံဃော၊ အယံ စ နာဂေါ အယံ စ ဒတ္တော (အယံ စ မိတ္တော) အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ နာဂံ စ ဒတ္တံ စ (မိတ္တံ စ) အန္တရာယိကေ ဓမ္မေ ပုစ္ဆေယျံ။ ။
           ( ဒွန်ဉတ် )
သုဏာတု မေ ဘန္တေ သံဃော၊ ဣမေ နာဂဒတ္တာ (ဣမေ နာဂဒတ္တ မိတ္တာ) အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ နာဂဒတ္တေ (နာဂဒတ္တမိတ္တေ) အန္တရာယိကေ ဓမ္မေ ပုစ္ဆေယျံ

(မေးမြန်း စိစစ်ပုံ)။ ။ ပဉ္ဇင်းလောင်း နာဂ (ဒတ္တ-မိတ္တတို့) စူးစိုက်ပြီး နားထောင်(ကြ)၊ ယခုအခါ သင်(တို့)သည် အမှန်ကို ဖြေဆိုလျှောက်ထား ရမည့်အခါ၊ အဟုတ်ကို ဖြေဆိုလျှောက်ထားရမည့်အခါ ဖြစ်သည်၊ သင်(တို့)၏ သန္တာန်၌ ဖြစ်ပေါ်လျက်ရှိသော ရဟန်းပြုပေးရာဝယ် အန္တရာယ်နှင့် စပ်ဆိုင်သော အကြောင်းအရာအမှု ၀တ္ထုသဘောကို မေးပါ၏၊ ထင်ရှား ရှိလျှင် ဟုတ်မှန်လျှင် ရှိပါသည်ဘုရား ဟုတ်ပါသည်ဘုရားဟု လျှောက်ထားဖြေဆို(ကြ)ရမည်၊ ထင်ရှားမရှိလျှင် မဟုတ်မမှန်လျှင် မရှိပါဘုရား၊ မဟုတ်ပါ ဘုရားဟု လျှောက်ထားဖြေဆို(ကြ)ရမည်၊ သင်(တို့)မှာ ဒီလိုအနားများ ရှိသလား၊ သရုပ်ဖော်၍ မေးရလျှင်-
နူနာရှိသလား ( မရှိပါဘုရား )
ထွတ်မြင်းခေါ်ဆို အသားပိုမြင်းဖုနာ ရှိသလား ( မရှိပါဘုရား )
အရေပြား နီ ဖြူ အကွက် သမင်ယက် သမင်ဖြူနာ ရှိသလား (မရှိပါဘုရား)
ချောင်းဆိုးသွေးပါ အဆုတ်နာ မြစ်ခြောက်နာ ရှိသလား ( မရှိပါဘုရား )
သည်းခြေရူး နတ်ဖမ်းစားရူးနာ ရှိသလား ( မရှိပါဘုရား )
သင်(တို့)ဟာ လူသားစင်စစ် ဟုတ်ရဲ့လား ( ဟုတ်ပါတယ်ဘုရား )
ယောက်ျားစင်စစ် ဟုတ်ရဲ့လား ( ဟုတ်ပါတယ်ဘုရား )
ကိုယ့်ကိုယ်ကို အစိုးပိုင်သူ ဟုတ်ရဲ့လား ( ဟုတ်ပါတယ်ဘုရား )
ကြွေးမြီကင်းသူဟုတ်ရဲ့လား ( ဟုတ်ပါတယ်ဘုရား )
မင်းမှုထမ်းအဖြစ်မှ ကင်းလွတ်သူ ဟုတ်ရဲ့လား ( ဟုတ်ပါတယ်ဘုရား )

ရဟန်းပြုရန် မိခင်ဖခင်တို့က ခွင့်ပြုသူ ဟုတ်ရဲ့လား           (ဟုတ်ပါတယ်ဘုရား)
အသက်နှစ်ဆယ် ပြည့်ပါပြီလား                                  (ပြည့်ပါပြီဘုရား)
သပိတ်သင်္ကန်း ပြည့်စုံပါပြီလား                                  ( ပြည့်စုံပါပြီဘုရား )
သင် အဘယ်အမည်ရှိသလဲ (ဘုရားတပည့်တော် နာဂ အမည်ရှိပါသည် ဘုရား)
(သင်ရဟန်းလောင်းတို့ အသီးသီး အဘယ်အမည် ရှိကြသလဲ၊ ဘုရားတပည့်တော် နာဂအမည်ရှိပါသည်ဘုရား၊ ဒတ္တ အမည်ရှိပါသည် ဘုရား၊ မိတ္တ အမည်ရှိပါသည်ဘုရား။)
သင်(တို့)၏ ဥပဇ္ဈာယ်ဆရာတော်သည် အဘယ်အမည် ရှိပါသလဲ
(ဘုရားတပည့်တော်(တို့)၏ ဥပဇ္ဈာယ် ဆရာတော်သည် အရှင်တိဿ မထေရ် အမည်ရှိပါသည်ဘုရား)။


( ဥပသမ္ပဒ ကမ္မ၀ါစာ )
သုဏာတု မေ ဘန္တေ သံဃော၊ အယံ နာဂေါ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခော ပရိသုဒ္ဓေါ အန္တရာယိကေဟိ ဓမ္မေဟိ၊ ပရိပုဏ္ဏဿ ပတ္တစီဝရံ၊ နာဂေါ သံဃံ ဥပသမ္ပဒံ ယာစတိ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော နာဂံ ဥပသမ္ပာဒေယျ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန။ ဧသာ ဉတ္တိ။
သုဏာတု မေ ဘန္တေ သံဃော၊ အယံ နာဂေါ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခော ပရိသုဒ္ဓေါ အန္တရာယိကေဟိ ဓမ္မေဟိ၊ ပရိပုဏ္ဏဿ ပတ္တစီဝရံ၊ နာဂေါ သံဃံ ဥပသမ္ပဒံ ယာစတိ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ သံဃော နာဂံ ဥပသမ္ပာဒေတိ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန။ ယဿာယသ္မတော ခမတိ နာဂဿ ဥပသမ္ပဒါ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ သော တုဏှဿ၊ ယဿ နက္ခမတိ၊ သော ဘာသေယျ။
ဒုတိယမ္ပိ ဧတမတ္ထံ ၀ဒါမိ။ တတိယမ္ပိ ဧတမတ္ထံ ၀ဒါမိ။

ဥပသမ္ပန္နော သံဃေန နာဂေါ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ ခမတိ သံဃဿ၊ တသ္မာ တုဏှီ၊ ဧ၀မေတံ ဓာရယာမိ။

           ( ဒွိဥပသမ္ပဒါပေက္ခ သမုစ္စယူပသမ္ပဒ ကမ္မ၀ါစာ )

           သုဏာတု မေ ဘန္တေ သံဃော၊ အယံ စ နာဂေါ အယံ စ ဒတ္တော အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ ပရိသုဒ္ဓါ အန္တရာယိကေဟိ ဓမ္မေဟိ၊ ပရိပုဏ္ဏိမေသံ ပတ္တစီဝရံ၊ နာဂေါ စ ဒတ္တော စ သံဃံ ဥပသမ္ပဒံ ယာစန္တိ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော နာဂံ စ ဒတ္တံ စ ဥပသမ္ပာဒေယျ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန။ ဧသာ ဉတ္တိ။
သုဏာတု မေ ဘန္တေ သံဃော၊ အယံ စ နာဂေါ အယံ စ ဒတ္တော အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ ပရိသုဒ္ဓါ အန္တရာယိကေဟိ ဓမ္မေဟိ၊ ပရိပုဏ္ဏိမေသံ ပတ္တစီဝရံ၊ နာဂေါ စ ဒတ္တော စ သံဃံ ဥပသမ္ပဒံ ယာစန္တိ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ သံဃော နာဂံ စ  ဒတ္တံ စ  ဥပသမ္ပာဒေတိ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန။ ယဿာယသ္မတော ခမတိ နာဂဿ စ ဒတ္တဿ စ ဥပသမ္ပဒါ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ သော တုဏှဿ၊ ယဿ နက္ခမတိ၊ သော ဘာသေယျ။
ဒုတိယမ္ပိ ဧတမတ္ထံ ၀ဒါမိ။ တတိယမ္ပိ ဧတမတ္ထံ ၀ဒါမိ။

ဥပသမ္ပန္နာ သံဃေန နာဂေါ စ ဒတ္တော စ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ ခမတိ သံဃဿ၊ တသ္မာ တုဏှီ၊ ဧ၀မေတံ ဓာရယာမိ။

           ( တိဥပသမ္ပဒါပေက္ခ သမုစ္စယူပသမ္ပဒ ကမ္မ၀ါစာ )

           သုဏာတု မေ ဘန္တေ သံဃော၊ အယံ စ နာဂေါ အယံ စ ဒတ္တော အယံ စ မိတ္တော အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ ပရိသုဒ္ဓါ အန္တရာယိကေဟိ ဓမ္မေဟိ၊ ပရိပုဏ္ဏိမေသံ ပတ္တစီဝရံ၊ နာဂေါ စ ဒတ္တော စ မိတ္တော စ သံဃံ ဥပသမ္ပဒံ ယာစန္တိ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော နာဂံ စ ဒတ္တံ စ မိတ္တံ စ ဥပသမ္ပာဒေယျ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန။ ဧသာ ဉတ္တိ။
သုဏာတု မေ ဘန္တေ သံဃော၊ အယံ စ နာဂေါ အယံ စ ဒတ္တော အယံ စ မိတ္တော အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ ပရိသုဒ္ဓါ အန္တရာယိကေဟိ ဓမ္မေဟိ၊ ပရိပုဏ္ဏိမေသံ ပတ္တစီဝရံ၊ နာဂေါ စ ဒတ္တော စ မိတ္တော စ သံဃံ ဥပသမ္ပဒံ ယာစန္တိ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ သံဃော နာဂံ စ  ဒတ္တံ စ  မိတ္တံ စ ဥပသမ္ပာဒေတိ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန။ ယဿာယသ္မတော ခမတိ နာဂဿ စ ဒတ္တဿ စ မိတ္တဿ စ ဥပသမ္ပဒါ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ သော တုဏှဿ၊ ယဿ နက္ခမတိ၊ သော ဘာသေယျ။
ဒုတိယမ္ပိ ဧတမတ္ထံ ၀ဒါမိ။ တတိယမ္ပိ ဧတမတ္ထံ ၀ဒါမိ။

ဥပသမ္ပန္နာ သံဃေန နာဂေါ စ ဒတ္တော စ မိတ္တော စ အာယသ္မတာ တိေဿန ဥပဇ္ဈာယေန၊ ခမတိ သံဃဿ၊ တသ္မာ တုဏှီ၊ ဧ၀မေတံ ဓာရယာမိ။

           ( သြ၀ါဒ ကထာ )
           တာဝဒေ၀ ဆာယာ မေတဗ္ဗာ၊ ဥတုပ္ပမာဏံ အာစိက္ခိတဗ္ဗံ၊ ဒိဝသ ဘာဂေါ အာစိက္ခိတဗ္ဗော၊ သင်္ဂီတိ အာစိက္ခိတဗ္ဗာ၊ စတ္တာရော နိဿယာ အာစိက္ခိတဗ္ဗာ၊ စတ္တာရိ အကရဏီယာနိ အာစိက္ခိတဗ္ဗာနိ။
           (၁) ပိဏ္ဍိယာလောပဘောဇနံ နိဿာယ ပဗ္ဗဇ္ဇာ၊ တတ္ထ တေ (ဝေါ) ယာဝဇီဝံ ဥဿာဟော ကရဏီယော။
အတိရေကလာဘော သံဃဘတ္တံ, ဥဒ္ဒေသဘတ္တံ, နိမန္တနံ, သလာကဘတ္တံ, ပက္ခိကံ, ဥပေါသထိကံ, ပါဋိပဒိကံ။
(၂) ပံသုကူလစီဝရံ နိဿာယ ပဗ္ဗဇ္ဇာ၊ တတ္ထ တေ (ဝေါ) ယာဝဇီဝံ ဥဿာဟော ကရဏီယော။
အတိရေကလာဘော ခေါမံ, ကပ္ပါသိကံ, ကောသေယျံ, ကမ္ဗလံ, သာဏံ, ဘင်္ဂံ ။
(၃) ရုက္ခမူလသေနာသနံ နိဿာယ ပဗ္ဗဇ္ဇာ၊ တတ္ထ တေ (ဝေါ) ယာဝဇီဝံ ဥဿာဟော ကရဏီယော။
အတိရေကလာဘော ၀ိဟာရော, အဍ္ဎယောဂေါ, ပါသာဒေါ, ဟမ္မိယံ, ဂုဟာ။
(၄) ပူတိမုတ္တဘေသဇ္ဇံ နိဿာယ ပဗ္ဗဇ္ဇာ၊ တတ္ထ တေ (ဝေါ) ယာဝဇီဝံ ဥဿာဟော ကရဏီယော။
အတိရေကလာဘော သပ္ပိ, န၀နီတံ, တေလံ, မဓု, ဖာဏိတံ။

(၁) ဥပသမ္ပန္နေန ဘိက္ခုနာ မေထုနော ဓမ္မော နပ္ပဋိသေ၀ိတဗ္ဗော အန္တမသော တိရစ္ဆာနဂတာယပိ။ ယော ဘိက္ခု မေထုနံ ဓမ္မံ ပဋိသေ၀တိ၊ အဿမဏော ဟောတိ အသကျပုတ္တိယော။
သေယျထာပိ နာမ ပုရိသော သီသစ္ဆိန္နော အဘဗ္ဗော တေန သရီရ- ဗန္ဓနေန ဇီဝိတုံ၊ ဧ၀မေ၀ ဘိက္ခု မေထုနံ ဓမ္မံ ပဋိသေ၀ိတွာ အဿမဏော ဟောတိ အသကျပုတ္တိယော၊ တံ တေ (ဝေါ) ယာဝဇီဝံ အကရဏီယံ။
(၂) ဥပသမ္ပန္နေန ဘိက္ခုနာ အဒိန္နံ ထေယျသင်္ခါတံ န အာဒါတဗ္ဗံ အန္တမသော  တိဏသလာကံ  ဥပါဒါယ။  ယော  ဘိက္ခု  ပါဒံ ၀ါ  ပါဒါရဟံဝါ အတိရေကပါဒံ ၀ါ အဒိန္နံ ထေယျသင်္ခါတံ အာဒိယတိ၊ အဿမဏော ဟောတိ အသကျပုတ္တိယော။
           သေယျထာပိ နာမ ပဏ္ဍုပလာသော ဗန္ဓနာ ပ၀ုတ္တော အဘဗ္ဗော ဟရိတတ္ထာယ၊ ဧ၀မေ၀ ဘိက္ခု ပါဒံ ၀ါ ပါဒါရဟံ ၀ါ အတိရေကပါဒံ ၀ါ အဒိန္နံ ထေယျသင်္ခါတံ အာဒိယိတွာ အဿမဏော ဟောတိ အသကျပုတ္တိယော။ တံ တေ (ဝေါ) ယာဝဇီဝံ အကရဏီယံ။
(၃) ဥပသမ္ပန္နေန ဘိက္ခုနာ သဥ္စိစ္စ ပါဏော ဇီဝိတာ န ဝေါရောပေ- တဗ္ဗော အန္တမသော ကုန္တကိပိလ္လိကံ ဥပါဒါယ။ ယော ဘိက္ခု သဉ္စိစ္စ မနုဿဝိဂ္ဂဟံ ဇီဝတာ ဝေါရောပေတိ အန္တမသော ဂဗ္ဘပါတနံ ဥပါဒါယ၊ အဿမဏော ဟောတိ အသကျပုတ္တိယော။
သေယျထာပိ   နာမ    ပုထုသိလာ    ဒွေဓာဘိန္နာ   အပ္ပဋိသန္ဓိကာ
ဟောတိ၊ ဧ၀မေ၀ ဘိက္ခု သဉ္စိစ္စ မနုဿဝဂ္ဂဟံ ဇီဝိတာ ဝေါရောပေတွာ အဿမဏော ဟောတိ အသကျပုတ္တိယော။ တံ တေ (ဝေါ) ယာဝဇီဝံ အကရဏီယံ။
(၄) ဥပသမ္ပန္နေန ဘိက္ခုနာ ဥတ္တရိမနုဿဓမ္မော န ဥလ္လပိတဗ္ဗော အန္တမသော သုညာဂါရေ အဘိရမာမီတိ။ ယော ဘိက္ခု ပါပိစ္ဆော ဣစ္ဆာပကတော အသန္တံ အဘူတံ ဥတ္တရိမနုဿဓမ္မံ ဥလ္လပတိ ဈာနံ ၀ါ ၀ိမောက္ခံ ၀ါ သမာဓိံ ၀ါ သမာပတ္တိံ ၀ါ မဂ္ဂံ ၀ါ ဖလံ ၀ါ၊ အဿမဏော ဟောတိ အသကျပုတ္တိယော။
သေယျထာပိ နာမ တာလော မတ္ထကစ္ဆိန္နော အဘဗ္ဗော ပုန၀ိရုဠှိယာ၊ ဧ၀မေ၀ ဘိက္ခု ပါပိစ္ဆော ဣစ္ဆာပကတော အသန္တံ အဘူတံ ဥတ္တရိမနုဿဓမ္မံ ဥလ္လပိတွာ အဿမဏော ဟောတိ အသကျပုတ္တိယော။ တံ တေ (ဝေါ) ယာဝဇီဝံ အကရဏီယံ။   ။( သြ၀ါဒကထာ နိဋ္ဌိတာ)။

ဥပသမ္ပဒခဏ္ဍံ နိဋ္ဌိတံ 
=============
( ဧကူပသမ္ပဒါပေက္ခ ခဏ္ဍ )
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

           ပဌမံ ဥပဇ္ဈံ ဂါဟာပေတဗ္ဗော၊ ဥပဇ္ဈံ ဂါဟာပေတွာ ပတ္တစီဝရံ အာစိက္ခိတဗ္ဗံ၊ အယံ တေ ပတ္တော၊ အယံ သံဃာဋိ၊ အယံ ဥတ္တရာသင်္ဂေါ၊ အယံ အန္တရ၀ါသကော။
             ဂစ္ဆ အမုမှိ သြကာသေ တိဋ္ဌာဟိ။
သုဏာတု မေ ဘန္တေ သံဃော၊ နာဂေါ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခော၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ နာဂံ အနုသာသေယျံ။
သုဏသိ နာဂ၊ အယံ တေ သစ္စကာလော ဘူတကာလော၊ ယံ ဇာတံ၊ တံ သံဃမဇ္ဈေ ပုစ္ဆန္တေ သန္တံ အတ္ထီတိ ၀တ္တဗ္ဗံ၊ အသန္တံ နတ္ထီတိ ၀တ္တဗ္ဗံ၊ မာ ခေါ ၀ိတ္ထာယိ၊ မာ ခေါ  မင်္ကု အဟောသိ၊ ဧ၀ံ တံ ပုစ္ဆိဿန္တိ-သန္တိ တေ ဧ၀ရူပါ အာဗာဓာ ကုဋ္ဌံ, ဂဏ္ဍော,ကိလာသော,သောသော,အပမာရော၊ မနုေဿာသိ၊ ပုရိသောသိ၊ ဘုဇိေဿာသိ၊ အနဏောသိ၊ နသိ ရာဇဘဋော၊ အနုညာတောသိ မာတာပိတူဟိ၊ ပရိပုဏ္ဏ၀ီသတိ ၀ေဿာသိ၊ ပရိပုဏ္ဏံ တေ  ပတ္တစီဝရံ၊  ကိန္နာမောသိ၊  ကောနာမော တေ ဥပဇ္ဈာယောတိ။
သုဏာတု မေ ဘန္တေ သံဃော၊ နာဂေါ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခော၊ အနုသိဋ္ဌော သော မယာ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ နာဂေါ အာဂစ္ဆေယျ။( အာဂစ္ဆာဟီ-တိ ၀တ္တဗ္ဗော )။
သံဃံ ဘန္တေ ဥပသမ္ပဒံ ယာစာမိ၊ ဥလ္လုမ္ပတု မံ ဘန္တေ သံဃော အနုကမ္ပံ ဥပါဒါယ။ ( ဒုတိယမ္ပိ-တတိယမ္ပိ )
သုဏာတု မေ ဘန္တေ သံဃော၊ အယံ နာဂေါ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခော၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ နာဂံ အန္တရာယိကေ ဓမ္မေ ပုစ္ဆေယျံ။
သုဏသိ နာဂ၊ အယံ တေ သစ္စကာလော ဘူတကာလော၊ ယံ ဇာတံ၊ တံ ပုစ္ဆာမိ၊ သန္တံ အတ္ထီတိ ၀တ္တဗ္ဗံ၊ အသန္တံ နတ္ထီတိ ၀တ္တဗ္ဗံ၊ သန္တိ တေ ဧ၀ရူပါ အာဗာဓာ ကုဋ္ဌံ,ဂဏ္ဍော,ကိလာသော,သောသော,အပမာရော၊ (န သန္တိ ဘန္တေ)၊
မနုေဿာသိ (အာမ ဘန္တေ)၊ ပုရိသောသိ (အာမ ဘန္တေ)၊ ဘုဇိေဿာသိ (အာမ ဘန္တေ)၊ အနဏောသိ (အာမ ဘန္တေ)၊ နသိ ရာဇဘဋော (အာမ ဘန္တေ)၊ အနုညာတောသိ မာတာပိတူဟိ (အာမ ဘန္တေ)၊ ပရိပုဏ္ဏ ၀ီသတိ ၀ေဿာသိ (အာမ ဘန္တေ)၊ ပရိပုဏ္ဏံ တေ ပတ္တစီဝရံ (အာမ ဘန္တေ)၊ ကိန္နာမောသိ (အဟံ ဘန္တေ နာဂေါ နာမ)၊ ကောနာမော တေ ဥပဇ္ဈာယော ( ဥပဇ္ဈာယော မေ ဘန္တေ အာယသ္မာ တိဿတ္ထေရော နာမ)။
 ==========