Saturday, July 30, 2011

အရေးပါတဲ့ အစားအစာများ

လူတယောက် နေ့စဉ် လှုပ်ရှားသွားလာပြုမူနေထိုင်ရတဲ့ဘဝမှာ စွမ်းအားပြည့် ခွန်အားရှိရှိနဲ့ လှုပ်ရှားနေထိုင်နိုင်ဖို့ အာဟာရဓာတ်တွေ ဖြည်းဖြည်းမှန်မှန် ခန္ဓာကိုယ်ထဲကို စီးဝင်နေဖို့လိုပါတယ်။ ဒါ့အပြင် သွေးတွင်း သကြားဓာတ် ပမာဏဟာလည်း ညီညီမျှမျှ ရရှိနေစေဖို့အတွက် အမျိုးစုံ၍ မျှတမှုရှိသော စာေးသာက်မှုပုံစံရှိဖို့ လိုပါတယ်။ ကားဓာတ်ဆီတိုင်ကီထဲမှာ လောင်စာမရှိရင် ကားမောင်လို့ရမှာမဟုတ်ပါဘူး။ လူ့ရဲ့ခန္ဓာကိုယ်ဟာလည်း တခါတရံ နံနက်စာမစားဘဲ အိမ်ကထွက်ခွာလာမိတဲ့ အချိန်အခါမျိုးမှာ အားကုန်နွမ်းနယ်သွားလေ့ရှိပါတယ်။ အကြောင်းရင်းကတော့ သင့်ရဲ့ ခန္ဓာကိုယ်မှာ လုံလောက်တဲ့ လောင်စာဆီ မရှိလို့ပါပဲ။ အဲသည်လိုမဖြစ်ရအောင် ဘယ်လိုအစားအစာတွေကို ဘယ်လိုအချိန်တွေမှာ စားသင့်တယ်ဆိုတာ လေ့လာတင်ပြလိုက်ပါတယ်။

၁။ သွေးတွင်း သကြားဓာတ်ပမာဏပြဿနာ ဖြေရှင်းခြင်း။
လူတယောက်ရဲ့ သွေးထဲမှာ သွေးတွင်းသကြားဓာတ်ပမာဏ မျှမျှတတရှိသင့်တဲ့ ပမာဏအတိုင်း ထိန်းထားနိုင်ဖို့ လိုပါတယ်။ အကယ်လို့ အချိုရည်၊ ချောကလက်၊ သကြားလုံး၊ ထန်းလျက် စတဲ့ အမျိုးအစား အစာများ စားရင် သွေးထဲ အချိုဓာတ်တွေ မြန်မြန်ရောက်သွားပါတယ်။ ချိုတဲ့အစားအစာတွေဟာ လူအား နေထိုငလို့ကောင်းစေတဲ့ အငိဒိုဖစ်လိုပခေါ်တဲ့ ဟော်မုန်းတွေ ဦးနှောက်မှထွက်ခြင်းကို အားပေးသော်လည်း ဖြူဖွေးနူးညံ့အောင် ပြုလုပ်ထားသော အချိုပါတဲ့ အစားအစာများ စားလိုက်ရင်တော့ သွေးတွင်း သကြားဓာတ်ပမာဏကို အလွန်လျှင်မြန်စွာ တရှိန်ထိုး မြင့်မားသွားစေပါတယ်။ အဲဒီအခါ ပန်ကရိယလို့ခေါ်တဲ့ မုန့်ချိုအိတ်က သွေးတွင်း သကြားဓာတ်များမှုကို ချေဖျက်ဖယ်ရှားပေးမဲ့ အင်ဆူလင်လို့ခေါ်တဲ့ ဟော်မုန်းကို ဖယ်ရှားပေးပါတယ်။ ဤနားအားဖြင့် သွေးတွင် သကြားဓာတ် ပမာဏကို ညီမျှအောင်လုပ်ပေးပါတယ်။ အချိုဓာတ်ပါတဲ့ အစားအစာကို စားတော့ စွမ်းအင်တွေရလာတယ်။ အချိုစားလို့ သကြားဓာတ်ပမာဏ မြင့်လာတာကို အင်ဆူလင်က ချေဖျက်ပေးတယ်။ စွမ်းအင်တွေ လျော့သွားရင် စွမ်းအင်တွေရလာအောင် အချိုပါတဲ့ အစားအစာ စားချင်စိတ်တွေ ပေးပေါက်လာပြန်တယ်။ ဒီလိုနဲ့ပဲ ကလေးတွေ ကစားတဲ့ ဆီးဆောလိုလိုပဲ တဖက်ကမြင့်ရင် တဖက်က ကျလာကာ တက်လိုက်ကျလိုက် ဖြစ်နေတယ်။

ခန္ဓာကိုယ်ရဲ့ စွမ်းအင်တွေ ပုံမှန် တက်လိုက်ကျလိုက်ဖြစ်နေခြင်းဟာ ခုတမျိုး တော်ကြာတမျိုး ဖြစ်နေတဲ့
သွေးတွင်းသကြားဓာတ်ပမာဏကြောင့် ဖြစ်တယ်လို့ ဆိုနိုင်တယ်။ သွေးတွင်း သကြားဓာတ်ပမာဏကိုလည်း သင်စားလိုက် သောက်လိုက်တဲ့ အစားအစာတွေ အထူးသဖြင့် အချိုပါသော အစာနဲ့ ကော်စေးဓာတ်ပါသော အစားအစာများက ထိန်းချုပ်တယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ရဲ့ စွမ်းအင်တွေ တိုးတက်လာစေအောင် အရေးအကြီးဆုံး အချက်တခုကတော့ သွေးတွင်း သကြားဓာတ် ပမာဏကို ညီမျှအောင် ထိန်းသိမ်းခြင်းပါပဲ။

အစားအစာတိုင်းမှာ အချိုဓာတ် အညွှန်းကိန်း Giycagmic Index(GI) ဆိုတာ ရှိတယ်။ အဲဒီအညွှန်းကိန်းများတဲ့ အစားအစာတွေမှာ သကြားဓာတ်တွေ အများကြီးပါတယ်။ ဥပမာ-ကရေကရာတို့၊ ထန်းလျက်ရည်ဆမ်းစားရတဲ့ မုန့်လက်ကောက်၊ ဖြူဖြူ ဖွေးဖွေး နူးညံ့နေတဲ့ ပေါင်မုန့် စသည်တို့ပေါ့၊ နံနက်စာစားတဲ့အခါ အဲဒီအစာမျိုးကို မစားသင့်ဘဲ အချိုဓာတ် အညွှန်းနည်းသော သို့မဟုတ်-အလယ်အလတ်ရှိသော အစားအစာများကိုသာ စားသင့်တယ်။ ဥပမာ-ပေါင်မုန့်အကြမ်း၊ ပေါင်မုန့်အညို၊ အုတ်ဂျုံ၊ ဆန်လုံးညို၊ ပန်းသီးတို့ကို စားသင့်ပါတယ်။ ဒီအစားအစာတွေက ခန္ဓာကိုယ်ထဲမှာ တနေ့လုံး သကြားဓာတ်ကို ဖြည်းဖြည်းချင်း ထုတ်ပေးတယ်။ နူးညံ့ဖြူဖွေးအောင် ဖွပ်မထားတဲ့ ဆန်ဂျုံ စသည်တို့နဲ့ ပြုလုပ်ထားတဲ့ ---ခေါက်ဆွဲ၊ အာလူး၊ ပဲရာစာ၊ ကာလားပဲ တို့ကို စားပေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ကလပ်စည်းများကို သကြားဓာတ် ဖြည်းဖြည်းမှန်မှန် ရရှိစေပြီး စွမ်းအင်ကိုလည်း လွယ်လွယ်ကူကူ ရရှိစေတယ်။

၂။ အစာ စားရမယ့်အချိန်များ။
ကာယစိုက်ထုတ်ရမယ့် အလုပ်တွေ လုပ်ရမယ့်နေ့မှာ နံက်နက်စာကို ကျန်းမာရေးနဲပညီညါတ်စွာ ကြိုတင်ပြီး စားထားဖို့ လိုလိမ့်မယ်။ ဂျုံဆန်ပြုတ်တို့၊ ငှက်ပျော်သီးတို့ဟာ စွမ်းအင်ရရှိစေဖို့ အသင့်တော်ဆုံးသော စံပြအစား အစာများ ဖြစ်တယ်။ ငျက်ပျောသီးဟာ စွမ်းအင်ကို ချက်ချင်းရရှိစေပြီး ဂျုံကတော့ သကြားဓာတ်ကို ဖြည်းဖြည်း ချင်း ထုတ်လွှတ်ပေးတယ်။

တနေ့တာအချိန်အတွင်းမှာ ရေကိုများများသောက်ရမယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာကို နည်းနည်းစီ ပုံမှန် စားပေးရမယ်။ ဥပမာ-အစေ့အဆန် လက်တဆုပ်စာ၊ ထောပတ်သီး တခြမ်းတို့ ဖြစ်ပါတယ်။ လူကို ထိုင်းမှိုင်းလေးလံစေမယ့်  နေ့လည်စာ အများကြီးစားခြင်းကို ရှောင်ကြဉ်ပါ။ အများကြီးစားရင် နေ့လည်ခင်း 
ရောက်တာနဲ့ အိပ်ရာထဲ ပစ်လှချြင်စိတ် ပေါက်လာလိမ့်မယ်။ ကိုယ်ကာယ လေ့ကျင့်ခန်းတွေ လုပ်ဖို့ရှိရင် မလုပ်ခင် ၂-နာရီလောက်ကြိုပြီး အစာစားသင့်တယ်။ စားရင်လည်း ကာဗိုဟိုက်ဒြိတ်ဓာတ် အများကြီးပါတဲ့ အစာတွေ ဥပမာ-ဂျုံခေါက်ဆွဲ ပန်းကန်တလုံးစာ၊ ဟင်းသီးဟင်းရွက် ညှပ်ထားတဲ့ ဆမ်းဒဝစ်ခ်ျ ပေါင်မုန့်၊ ဂျုံကြမ်းဖြင့် ပြုလုပ်ထားတဲ့ ပေါင်မုန့်၊ ဆန်လုံးညို၊ ဟင်းရွက်သုပ် စသည်တို့ကို စားသင့်တယ်။ ဒါမှ စွမ်းအင်ကို တာရှည်ရရှိနိုင်မှာ ဖြစ်တယ်။

ကာဗိုဟိုက်ဒြိတ်ဓာတ်ငွေ့ကို ဂလိုင်လိုဂျင်အဖြစ် အသည်းနဲ့ ကြွက်သားတွေထဲမှာ သိုလှောင်သိမ်းဆည်းထားပါ တယ်။ ဂလိုငလိုဂျင်ဓာတ် ကုန်ခန်းသွားရင် အားကစားလုပ်နေရင်း စွမ်းအင်တွေလျော့ကာ နံရံဆောင့်မိပြီး ဒယိမ်းဒိုင်ဖြစ်တတ်တယ်။ ဂလိုင်ဂျင်က အနည်းငယ်မျှသာ သိုလှောင်နိုင်တဲ့အတွက် ကဗြိုဟိုက်ဒြိတ်ဓာတ်ပါတဲ့ အစားအစာကို အားစိုက်ပြီး လုပ်ရမယ့် လှုပ်ရှားမှုများ မပြုလုပ်မီ နာရီအနည်ငယ်ခန့်က ကြိုတင်ပြီး စားထားသင့်တယ်။ လေ့ကျင့်ခန်းမလုပ်ခင် အချိန်ကပ်ပြီး ငှက်ပျောသီးလို အစာမျိုးကိုလည်း စားပေးသင့်တယ်။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက် လောင်စာ ပြန်လည်ဖြည့်တင်းမှုကလည်း ပြန်လည်အားပြည့် လာစေရန်နှင့် ဂလိုင်လိုဂျင် ပြန်လည် စာဆောင်းစေရန် အရေးကြီးတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ နာရီအနည်းငယ်အတွင်း ဖြစ်နိုင်ရင် အချိုဓာတ်ညွှန်းကိန်း (GI)မြင့်မားတဲ့ အစာတွေ စားသင့်တယ်။ အဲဒီထဲမှာ ကာဗိုက်ဟိုက်ဒြိတ်နဲ့ အသားဓာတ်ပါရမယ်။

၃။ ရေဓာတ် မခန်းခြောက်အောင် နေပါ။
ရေဟာ ခန္ဓာကိုယ်ထဲမှာ အာဟာရဓာတ်များကို တနေရာမှ တနေရာသို့ ပို့ဆောင်ပေးတယ်။ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များ ချေဖျက်ပေးရာမှာလည်း ကူညီတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းတာဝန်များ အကောင်းဆု့း အလုပ်လုပ်ပေးနိုင်အောင်လည်း ကူညီပေးတယ်။ သင်ဟာ တနေ့လျှင် ရေ-၂-လီတာ လောက်
သောက်တဲ့အကျင့် မရှိသေးဘူးဆိုရင် အနည်းဆုံး တနေ့ တလီတာ တပတ်ခန့် သောက်ပေးပါ။ အံ့သြစရာကောင်းလောက်အောင် စွမ်းအင်တွေ ပြည့်ဝလာတာ တွေ့ရပါလိမ့်မယ်။

၎။ သဘာဝ အစားအစာများကို စားသုံးပါ။
တာရှည်ခံအောင် ပြုပြင်စီစဉ်ထားသော အစားအစာများ၊ အချိုကဲသော အစားအစာများ၊ ကြော်လှော်ထားသော အစားအစာများကို ဖြတ်ပါ။ အဲဒီအစားအစွာေဟာ ခန္ဓာကိုယ်အတွက် အပိုဖြစ်စေပြီး စွမ်းအင်ကို နည်းပါးစေပါတယ်။ အစားအစာများကို အတတ်နိုငဆုံး သဘာဝအတိုင်းနှင့် အရောင်မျိုးစုံပါဝင်သော အစားအစာများဖြစ်အောင် ရွေးချယ်ပါ။ အသီးအရွက်များရဲ့ သဘာဝအရောင်များဟာ အပင်မှရသော ဓာတုပစ္စည်းများ မျိုးစုံပါဝင်လျက်ရှိကြောင်း ညွှန်ပြလျက်ရှိပါတယ်။ ဟင်းသီးဟင်းရွက်များကို အတတ်နိုင်ဆုံး သဘာဝအတိုင်း (အစိမ်း) စားသင့်ပါတယ်။ ချက်ပြုတ်လိုက်ရင် ဗီတာမင်နဲ့ သတ္ထုဓာတ်များ ဆုံးရှုံးစေနိုင်ပါတယ်။ သဘာဝအစားအစာတွေထဲမှာ အစာကို ကြေညက်စေတဲ့ အင်ဇိုင်းများ ပါဝင်ပါတယ်။ အကယ်လို့ ပူပူနွေးနွေး စားချင်ရင် ချက်ပြုတ်ထားတဲ့ အသားဟင်းပေါ်မှာ ဟင်းသီးဟင်းရွက်အစိမ်းများကို အုပ်လိုက်ပြီး စွပ်ပြုတ်ဟင်းချိုအဖြစ် သောက်နိုင်ပါတယ်။

၅။ အာဟာရစွမ်းအားမြှင့်တင်ပေးတဲ့ အစားအစာများ။
သင်စားမယ့် အစားအစာထဲမှာ အောက်ပါ အာဟာရဓာတ်များ ပါဝင်အောင် စားကိုစားရပါမယ်။ အဲဒီ အာဟာရဓာတ်တွေကတော့ ဗီတာမင် B1/ ဗီတာမင် B2/ ဗီတာမင် B5/ဗီတာမင် B6/ဗီတာမင် C နဲ့ သတ္ထုဓာတ်များဖြစ်တဲ့ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ ဇင့်သတ္ထုဓာတ်တို့ ပါဝင်ပါတယ်။ အဲဒီအစားအစာတွေကတော့ ဂျုံကြမ်း၊ ဆန်လုံးညို၊ ကုလားပဲ၊ နှမ်း၊ နေကြာစေ့၊ တစေးဒိန်ခဲ၊ ဘန်ဒါစေ့၊ ဥအမျိုးမျိုး၊ ငါး၊ အစေ့အဆန်များ၊ ပဲရာဇာ၊ အသည်း၊ မြေပဲ၊ ပဲပုတ်ပဲ၊ မုန်လာဦနီ၊ ငှက်ပျောသီး၊ ဘရိုကိုလီ ပန်းမုန်လာစိမ်း၊ ပန်းမုန်လာ၊ အနီရောင် အသားများ၊ ကြက်သား၊ နို့ စသည်တို့ ဖြစ်ပါတယ်။ ဒီအစားအစောတွဟာ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ကောင်းစေတယ်၊ ခန္ဓာကိုယ် ခုခံအားကို မြှင့်စေတယ်၊ စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။ စွမ်းအင်ကို ရရှိစေတယ်။

၆။ အသားဓာတ် (ပရိုတင်း) ရအောင် စားပါ။
စားတဲ့အစာအားလုံးထဲမှာ အသားဓာတ်ရအောင် စားပါ။ အသားဓာတ်က ဟော်မုန်းများကို ထွက်စေပြီး အစာခြေခြင်း လုပ်ငန်းစဉ်ကို နှေးစေခြင်းဖြင့် သွေးတွင်း သကြားဓာတ်ပမာဏ ပါဝင်မှုကို ဖန်တီးပေးတယ်။ အသားဓာတ် အလုံအလောက် သိုလှောင်ထားခြင်းအားဖြင့် ခန္ဓာကိုယ်ခုခံအားစနစ်ကိုလည်း အားကောင်းစေတယ်။

၇။ ကဖင်းဓာတ်လျှော့ပါ။
ကဖင်းဓာတ်ပါတဲ့ စိတ်ကို တက်ကြွစေတဲ့ အစားအစာများဟာ ခန္ဓာကိုယ်ရဲ့ စွမ်းအင်ထုတ်လုပ်စေတဲ့ သဘာဝစွမ်းဆောင်ရည်ကို လျော့ပါေးစပေါတယ်။ ဒါ့အပြင် သံဓာတ်နဲ့ ကယ်လ်ဆီယမ်ဓာတ် စုပ်ယူမှုကို တားဆီးခြင်းအားဖြင့် သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါကို ရရှိသေနိုငတယ်။ ဒါကြောင့် လက်ဖက်ရည် (သို့) ကော်ဖီ ၂-ခွက်ထက် ပိုမသောက်ပါနှင့် ကော်ဖီ (သို့) လက်ဖက်ရည်သောက်ချင်စိတ် ပေါ်လာရင် ရေကို
သောက်ချလိုက်ပါ။

၈။ သစ်သီးလတ်လတ်ဆတ်ဆတ် ဖျော်သောက်ပါ။
သဘာဝသစ်သီးဖျော်ရည်များဟာ အရသာရှိတဲ့အပြင် ကျန်းမာရေူအတွက်လည်း သိပ်ကောင်းပါတယ်။ အဲဒီအထဲမှာ ဗီတာမင်တွေ၊ သတ္ထုဓာတ်တွေ၊ အင်ဇိုင်းတွေ အများကြီးပါပြီး စွမ်းအင်ကိုလည်း မြင့်စေတယ်။ နာမကျန်းဖြစ်မှုမှလည်း ကင်းဝေးစေတယ်။

ဒေါက်ထွေး (ဆေး/မန်း)
( ကလျာ ၂၀၀၆ အောက်တိုဘာ)

Friday, July 29, 2011

နိုးတဝက် အိပ်မက် မဖြစ်စေလို

အိပ်စက်ခြင်းဟာ အကောင်းဆုံးအနားယူခြင်း ဖြစ်တာကြောင့် လူတိုင်းရယူလိုကြစမြဲပါ။ ဒါပေမဲ့ အိပ်လို့မပျော်ဘူးဆိုတဲ့ စကားကို မိမိကိုယ်တိုင်ကသော်၎င်း၊ တဦးတယောက်ဆီမှာသော်၎င်း ပြောမိ ကြားမိဖူးမှာပါ။ ဒါဟာ လူတိုင်း မကြာခဏဆိုသလို ကြုံတွေပခံစားနေရတဲ့ နေ့စဉ် အဖြစ်အပျက်တွေထဲက အဖြစ်အပျက်တခုလို့ ဆိုရပေမယ့် ကြာလာတာနဲ့အမျှ ရောဂါသဘောသက်ရောက်လာပြီး ကျန်းမာရေး ထိခိုက်စေနိုင်သလို နေ့စဉ် လူမှုဘဝရဲ့ လုပ်ငန်းဆောင်တာ ဆက်သွယ်ပြောကြားရာမှာ မလိုလားအပ်တဲ့ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။


ဒီ“-ရောဂါကို သိခြင်းသည် ကုသမှုကို တဝက်ပြီးမြောက်စေ၏-”လို့ဆိုရိုးရှိပါတယ်။ ဒါကြောင့် လူတိုင်း သိရှိနားလည်စေဖို့ အိပ်မရခြင်းရဲ့ ရောဂါလက္ခဏာ ခြောက်ခုကို ဖော်ပြလိုက်ပါတယ်။


အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်း---
စားရင်းကိုင် အလုပ်လုပ်သူ အသက် ၃၂-နှစ်အရွယ် Laura တယောက် ညဘက်အိပ်ပျော်နေတုန်း တပတ်ကို တကြိမ် သို့မဟုတ်-နှစ်ကြိမ် သူ့ရဲ့ အိမ်ခန်းတဝိုက်မှာ ဦးတည်ရာမဲ့ လမ်းထလျှောက်နေတတ်ပါတယ်။ အဲဒီလို ဖြစ်တာကို သူ့အမျိုးသား မိတ်ဆွေက အားလပ်ရက်အနားယူဖို့ တိုကတွန်းကြည့်တဲ့အခါ သူက “ကျွန်မကိုယ် ကျွန်မ ဒီလို သတိလက်လွတ် ညဘက် လမ်းလျှောက်နေတာကို ကြောက်ရွံ့မိတယ်”လို့ ပြန်ပြောပါတယ်။
ဒီလိုဖြစ်ရခြင်းရဲ့ ဇာစ်မြစ်ကို သေသေချာချာ မသိ၇သေးပေမယ့် သိသာတာကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှု အဆင့်မှာ ဖြစ်ပေါ်တတ်ပြီး ဝေဒနာရှင် စိတ်ဖိစီးမှု ခံစားရချိန်မှာ ပိုမိုဖြစ်လေ့ဖြစ်ထရှိတာကို
တွေ့ရတယ်လို့ စိတ်ပညာရှင် Cliff Arnoll က ဆိုပါတယ်။


အိပ်ပျော်နေစဉ် လမ်းထလျှောက်သူ တယောက်ဟာ သူဘာလုပ်နေတယ်ဆိုတာကို မသိနိုင်ပါဘူး။ ဒီလိုဖြစ်နေချိန်မှာ သူဟာ သူ့ရဲ့အိမ်မှာရှိပြီး ဘယ်နေရာမှာ ဘာပစ္စည်းရှိတယ်ဆိုတာ သိရင်ကောင်းပါတယ်။ အဲဒီလိုမဟုတ်ဘဲ လမ်းမပေါ် လမ်းထွက်လျှောက်မယ် ဒါမှမဟုတ် တခုခုနဲ့ ဝင်တိုက်မိမယ်ဆိုရင်တော့ အန္တရာယ်များလှပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ အသိဉာဏ်က လမ်းကြောင်းသွေဖည် သွားနိုင်ကြောင်း Loughborough တက္ကသိုလ်မှ အိပ်စက်ခငြ်းသုတေသနဌာနရဲ့ ပါမောက္ခ Jim Home က ဆိုပါတယ်။


ကျွမ်းကျင်သူများက ကြိုတင်သတိပေးပြင်ဆင်တဲ့အနေနဲ့ ဝေဒနာရှင် အိပ်ရာမဝင်ခင် ချွန်ထက်တဲ့အရာများကို အဝေးတနေရာရာမှာ လုံခြုံစွာ သိမ်းထားဖို့နဲ့ အဖော် ဒါမှမဟုတ်-မိသားစုဝင်တဦးဦးကို စောင့်ကြည့်ခိုင်းဖို့ လိုအပ်သလို စောင့်ကြည့်သူအနေနဲ့ ဝေဒနာရှင် ညဘက်အိပ်ပျော်နေစဉ် လမ်းထလျှောက်တဲ့အခါ လှုပ်မနိုးမိစေဘဲ ညင်သာစွာ ပွေ့ဖက်ပြီး အိပ်ရာထဲကို ပြန်ခေါ်သွားပေဖို့ လိုအပ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ လှုပ်နိုးမိမယ်ဆိုရင် ရုတ်တရက် ထိတ်လန့်မှုက ကြီးမားတဲ့စိတ်သောက ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။


ဆိုးရွားတဲ့ရောဂါ အခြေအနေမျိုးမှာ ဆရာဝန်အနေနဲ့ စိတ်ငြိမ်ဆေးအပျော့စားကို စားသုံးဖို့ တိုက်တွန်းကောင်း တိုက်တွန်းပါလိမ့်မယ်။ ယေဘုယျအားဖြင့်တော့ စိတ်ဖိစီးမှုကို ဖြစ်ပေးစေတဲ့အကြောင်းခြင်းရာကို
ဖော်ထုတ်နိုင်ရန် ရောဂါဖြစ်ပွားမှု အလားအလာကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ကလေးငယ်တွေမှာ ဒီရောဂါ ခံစာေးနရတယ်ဆိုတာသိရင် ရက်အနည်းငယ်လောက် အိပ်ရာပြောင်းသိပ်ပေးပါက ညဘက်အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်းကို ရပ်တန့်စေနိုင်မှာ ဖြစ်တယ်လို့ ပါမောက္ခ Home က အကြံပေးထားပါတယ်။


အိပ်ပျော်နေစဉ် စကားပြောခြင်း---
သူနဲ့ စေ့စပ်ထားသူက ရံဖန်ရံခါ သူ အိပ်နေစဉ် စကားပြောနေတာကို ကြားရတယ်လို့ ပြောလိုကတဲ့အခါ မှာတော့ အသက် ၂၃-နှစ်အရွယ် သူနာပြုဆရာမ Julia တယောက် တအံ့တသြ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်မ ဘာပြောတယ်ဆိုတာကို သူ နားမလည်နိုင်ပါဘူးလို့ သူကဆိုပြီး ကျွန်မ အခု အိပ်နေစဉ် စကားပြောတယ်ဆိုရင်တော့ ဟားတိုက်ရယ်မိမှာပဲလို့ ဆိုပါတယ်။


“အိပ်ပျော်နေစဉ် စကားပြောသူ တော်တော်များများဟာ သူတို့တဦးတည်းရှိနေစဉ်မှာ ဒီလိုပြောဆိုတတ်တာ ကြောင့် လူဘယ်နှစ်ယောက် ဒီလိုဖြစ်တတ်သလိုဆိုတာ ခန့်မှန်းဖို့မလွယ်ကူလှပါဘူး။ ဒါပေမဲ့ ဒီလိုပြောဆိုခြင်းဟာ အန္တရာယ်မရှိနိုင်ပါဘူး။ တခြားသူများကို အနှောင့်အယှ့်မဖြစ်ဘူးဆိုရင်ပေါ့”လို့ ပါမောက္ခ Home က ဆိုပါတယ်။ ဒီလူတော်တော်များများဟာ ပြောဆိုရာမှာ စကားလုံး အနည်းငယ်ထက် ပိုမပြောတတ်ကြပါဘူး။


အိပ်နေစဉ် စကားပြောခြင်းဟာ အိပ်မက်များအကြားမှာ ဖြစ်တတ်ပါတယ်။ လူတယောက်ဟာ မိနစ်ကိုးဆယ်ခြားတိုင်း အိပ်မက်မက်လေ့ရှိပြီး အိပ်မက်မက်ချိန် မိနစ်နှစ်ဆယ်မှ သုံးဆယ်ထိ ကြာတတ်ပါတယ်။ ဒီလိုခြင်းဖြင်းဟာ သာမန်အားဖြင့် တွေးတောမှုရှုပ်ထွေးခြင်းရဲ့ လက္ခဏာတခုဖြစ်ပြီး စိုးရိမ်စရာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ဟာ အမြဲမပြတ် နိုးကြားနေလို့ပဲ ဖြစ်ပါတယ်။


ညဘက် ယောင်ယမ်းအော်ဟစ်ခြင်း---
ညဘက်ယောင်ယမ်းအော်ဟစ်တယ်ဆိုတာ ရုတ်တရက် လန့်နိုးပြီး ကယောင်ကတမ်း အော်ဟစ်တိာကု ပြောတာပါ။ ဒီလိုဖြစ်ပွားမှုဟာ များသောအားဖြင့် ကလေးငယ်များမှာ တွေပရပါတယ်။ နေ့ဘက်အချိန် တွေ့ကြုံကြားသိခဲ့၇တဲ့ မကျေနပ်မှုရဲ့ စေ့ဆော်တိုကတွန်းမှုကြောင့် ဖြစ်ရပြီး အသက်အရွယ်မရွေး သက်ရောက်စေနိုင်ပါတယ်။
နောက်ပြီး ဒါဟာ မကြာခဏဆိုသလို အတိတ်က စိတ်ဒုက္ခရောက်ဖွယ်အဖြစ်အပျက်များနဲ့ ဆက်စပ်နေပါတယ်။ လူတွေက သူတို့အနေနဲ့ အဖြစ်အပျက်ကို မေ့ပစ်ခဲ့ပြီလို့ထင်ပေမယ့် ဒီအသိစိတ်က ညဘက်ကျမှ ပြန်ပေါ်လာပါတယ်။ အရွယ်ရောက်သူများအနေနဲ့ စိတ်ကသိကအောက် ဖြစ်ရခြင်းရဲ့ အခြေအမြစ်ကို သိအောင်ကြိုးစားပြီး သက်ဆိုင်ရာကုထုံး ဆရာဝန်နဲ့ တွေပဆုံတိုင်ပင်သင့်ပါတယ်။


ညဘက် အိပ်နေစဉ် ခြေထောက်လှုပ်ယမ်းသည့်ရောဂါ---
ညစဉ်လိုလို အသက် ၂၈-နှစ်အရွယ် ဆရာမ Emma တယောက် မသက်မသာ လှုပ်လှုပ်ရွရွ ခံစားနေရပါတယ်။ အဲဒါကတော့ သူဲ့ရဲ့ ခြေထောက်တွေကို ဟိုဘက်သည်ဘက် လှုပ်ယမ်းခြင်းမှ မရပ်တန့်နိုင်ခငြ်းပဲ ဖြစ်ပါတယ်။
နောက်ပြီး သက်သာရာရမယ်ထင်ရတဲ့ ဟာတွေ လုပ်တော့လည်း ဘာမျှမထူးခြားလာပါဘူး။ ဒီလိုဖြစ်ရခြင်းရဲ့ နောက်ကွယ်မှာ ရိုးစင်းတဲ့အကြောင်းတရား တခုတော့ ရှိစမြဲပါ။ အဲဒါကတော့ မဂ္ဂနီဆီယမ်ဓာတ် လျော့နည်းရခြင်းဖြစ်ပြီး ဖြည့်စွက်စားသုံးပေးခြင်းဖြင့် လိုအပ်တဲ့ချို့တဲ့မှုကို ဖြည့်စွမ်းပေးနိုင်မှာ ဖြစ်ပါတယ်။


ကိုယ်ဝန်ဆောင်နေစဉ်အချိန် ဒါမှမဟုတ်-ကောင်းမွန်တဲ့ သွေးလှည့်ပတ်စီးဆင်းမှုမရှိတဲ့ အချိန်တွေမှာ ဒီလိုဖြစ်တတ်တာမို့ ဝေဒနာရှင်များအနေနဲ့ ကျန်းမာရေးလေ့ကျင့်ခန်း ပိုမိုပြုလုပ်သင့်ပါတယ်။ လိုအပ်ရင် ဆရာဝန်ဆီသွားရောက်ပြသပြီး ညွှန်ကြားမှုကို ရယူသင့်ပါတယ်။


ညဘက် အိပ်နေစဉ် သွားကြိတ်ခြင်း---
စိတ်ဖိစီးမှုက သွားကြိတ်ခြင်းကို ဖြစ်ပေးစေပါတယ်။ ခန့်မှန်းခြေအားဖြင့် လူနာ ၈၀-ရာခိုငနှုန်းလောက်မှာ ဒီလိုဝေဒနာမျိုး ဖြစ်ပေါ်တာကို တွေ့ရကြောင်း သွားအလှကုသမှုဆိုင်ရာ ဆရာဝန် Jonathan က ခန့်မှန်းပြောဆိုထားပါတယ်။


သွားကြိတ်ခြင်းက သွာေးတွကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ မေးရိုး၊ လည်ပင်း၊ ကျောနဲ့ ပခုံးတွေမှာ နာကျင်ကိုက်ခဲစေမှု ဖြစ်စေနိုင်သလို အကျိုးဆက်အနေနဲ့ ခေါင်းတခြမ်း ကိုက်ခဲခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။


အထူးစီမံပြုလုပ်ထားတဲ့ ပါးစပ်အကွာအကွယ် (Mouth-guard) က သွားကြိတ်ခြင်းကို ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် အကြောင်းရင်းခံဖြစ်တဲ့ စိတ်ဖိစီးမှု ပပျောက်အောင် ပုံမှန်လေ့ကျင့်ခန်း
ပြုလုပ်ခြင်းနဲ့ အပန်းဖြေလျေ့ကင့်ခန်းပြုလုပ်ပေးခြင်းသည်သာ အကောင်းဆုံး နည်းလမ်းတွေ ဖြစ်ပါတယ်။


ညဘက်အိပ်နေစဉ် လေဖြတ်သလို ကိုယ်လက်လှုပ်မရခြင်း---
အိပ်နေစဉ်နဲ့ အိပ်မက်မက်နေစဉ် ခန္ဓာကိုယ် ကြွက်သားများလှုပ်ရှားမရဖြစ်နေတာ ခံစားရတတ်ပြီး ဒါကို မသိနားမလည် ဖြစ်ရပါတယ်။ တခါတရံ ကိုယ့်စိတ်က လန့်နိုးနေပေမယ့် ခန္ဓာကိုယ်ကြီးက လေဖြတ်သလို ခံစားရတာဟာ အရမ်းကို ကြောက်စရာကောင်းပါတယ်။ ဒီလိုမျိုး တွေ့ကြုံခံစားရသူများ ပြန်ပြောပြတဲ့အထဲမှာ အဓိကပါဝင်တဲ့ အခြေအနေတွေကတော့ တဝီဝီမြည်သံ၊ တစုံတယောက် ကိုယ်နဲ့အတူ အခန်းထဲမှာရှိနေသလို ခံစားရတာမျိုးနဲ့ ကြက်သီးမွေးညင်းထရလောက်အောင် တစုံတယောက်က ကိုယ့်ကိုဖက်လုံးထွေးနေသလို ဒါမှမဟုတ် ကိုယ်က တခြားတနေရာကို ရောက်နေသလိုခံစားရတာတွေ ဖြစ်ကြပါတယ်။


ဒီလိုညဘက် အိပ်နေစဉ် လေဖြတ်သလို ဖြစ်တာမျိုး နော်ကထပ်မဖြစ်ရအောင် မျက်စိကိုဖွင့်လိုက် ပိတ်လိုက် လုပ်ပြီး မျက်တောင်ကို လျင်မြန်စွာ ခတ်ပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုအခြေအနေမျိုးမှာ မျက်စိက လှုပ်ရှားနိုင်နေသေးပြီး အဲဒီလို မျက်တောင်ကို လျင်မြန်စွာ ခတ်ပေးခြင်းက စိတ်ချောက်ချားဖွယ် အိပ်မက်ဆိုးမှ လွတ်မြောက်စေနိုင်မှာ ဖြစ်ပါတယ်။
Ref: She, February, 2001


ထင်လင်း 
(Life style ၂၀၀၁-သြဂုတ်လ)

နိုင်ငံတော် ခေါင်းဆောင်ကြီးများ ဈာပန

E-Book-N-Japana

အသည်းရောဂါ မေးစရာ

ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း (အသည်းရောဂါ အထူးကု ဆရာဝန်ကြီး) ဖြေသည်။

အသည်းရောင် အသားဝါရောဂါဖြစ်ရင် ဘယ်လိုကုမှာလဲ---
သိပ်မေးသင့်တဲ့ မေးခွန်းပါ။ ဘာလို့လဲဆိုတော့ ဆေးဝန်ထမ်းတွေရော ပြည်သူတွေပါ အယူအဆတွေ မျိုးစုံနဲ့ အသည်းရောင် အသားဝါရောဂါကို ကုကြတာမှာ လွဲနေတာတွေ အများကြီး တွေ့နေရလို့ပါ။ ဒါကြောင့် အသားဝါရောဂါကို ဘယ်လို ကုရမယ်ဆိုတာ မပြောခင် လွဲမှာေးနတဲ့ ကုထုံးအယူအဆတွေကို အရင်ဆုံး ရေးပြသွားပါမယ်။ 

လွဲမှားနေတဲ့ အယူအဆတွေ---
၁။ ရေ များများ သောက်ရမယ်။
အသားဝါဖြစ်ရင် ထုံးစံအားဖြင့်တော့ လူနာကို တနေ့ ရေ-၆-ပုလင်းလောက် တိုက်လေ့ရှိတယ်။ အသားဝါ မကျဘူးဆိုရင်လည်း ဝိုင်းပြောကြတယ်။ ကောင်လေးက တော်တော် ဝါနေသေးတာပဲ၊ အဝါဓာတ်က ဘယ်ကျပါ့မလဲ ရေသောက်တာက သိပ်နည်းတာကိုး၊ ရေ ၃-ပုလင်းလောက် သောက်ရုံနဲပတော့ အဝါမကျနိုင်ဘူး။ သောက်သာသောက် များများသောက်၊ သောက်နိုင်သလောက်သောက်၊ ဒါမှ အဝါကျမှာ ဆိုပြီး ရေကို ဂါလံပုံးနဲ့ ပါးစပ်ထဲ လောင်းမထည့်ရုံတမယ်ပဲ၊ အဲဒီလောက်တောင် ရေကိုတိုက်ချင်ကြတာ၊ ကျွန်တော်က ကိုယ်တိုင် အသားဝါဖြစ်ဖူးတဲ့သူ ဆိုတော့ ကျွန်တော့အတွေ့အကြုံကို ပြောရမယ်ဆိုရင် အသားဝါ ဖြစ်နေတဲ့အချိန်မှာ နုံးပြီး ပျို့ချင်အန်ချင် ဂိုင်းဂလန် ဖြစ်နေတာ။ တနေ့ထဲ ရေ ၆-ပုလင်း
သောက်ရမယ်ဆိုရင်တော့ သေဖို့သာ ရှိတော့တယ်။ ဘယ်သောက်နိုင်ပါ့မလဲ။ နောက်ပြီးတော့ ရေကို မတန်တဆတိုကလို့ ပျို့မယ်၊ အန်မယ်ဆိုရင် အစာမျိုလမ်းကြောင်းရဲ့ အဆုံးနားက သွေးကြောလေးတွေ 
ပေါက်ပြီး သွေးအန်နိုင်တယ်။ သွေးအန်တယ်ဆိုတာနဲ့ အဲဒီလူဟာ သတိလစ်ပြီလို့သာ တွက်လိုက်တော့။ ဒါကြောင့် ရေအများကြီး သောက်ခိုင်းတာက အသားဝါရောဂါသည် တယောက်အတွက် အန္တရာယ် ရှိနိုင်ပါတယ်။

ရေအများကြီးသောက်လို့ ဒုက္ခရောက်နိုင်တဲ့ နောက်တချက်ကတော့ အသည်းရော်ငအသားဝါ ရောဂါ
ဖြစ်နေတဲ့သူဟာ နဂိုကတည်းက အသည်းအားနည်းတဲ့ အသည်းခြောက်တဲ့ရော၈ါအခံသာ ရှိမယ်ဆိုရင်တော့
ရေ ၆-ပုလင်းသောက်တာနဲ့ ခြေထောက်ရောင်၊ ရေဖျင်းစွဲ ဒုက္ခလှလှကြီး တွေပပါလိမ့်မယ်။ ရေအများကြီး
သောက်ခိုင်းတာဟာ ပြည်သူတွေထဲမှာသာမက ဆေးလောကထဲမှာလည်း ပျံ့နှံ့နေတဲ့ အယူအဆပါ။ ဆရာဝန် တော်တော်များကလည်း အသည်းရောင် အသားဝါဖြစ်တဲ့ လူနာတွေ့တာနဲ့ တခါတည်း ခင်များ-ရေများများသောက်၊ ဒါမှ အဝါကျမှာ-လို့ ပြောကြပါတယ်။ ရောများများသောက်ရင် အဝါကျမယ်ဆိုတဲ့ အယူအဆဟာ ဘယ်ကစလို့ ဘယ်လိုပျံ့နှံ့နေသလဲတော့ မသိပါ။ ဒါပေမယ့် အဲလို အသားဝါရောဂါသည် တွေကို ရေအများကြီးတိုက်တာဟာ ကျွန်တော်တို့ဆီမှာ လူအများစု လက်ခ့တဲ့ သက်ဝင်ယုံကြည်တဲ့ အသည်းရောင်အသာဝါ ကုထုံးတရပ်ပါ။ ရေများများသောက်ရင် အဝါဓာတ်လို့ ခေါ်တဲ့ ဘီလီရူဘင် (Bilirubin) ကျသွားနိုင်သလားဆိုတာ စဉ်းစားကြည့်ကြရအောင်။


ဘီလီရူဘင်ဆိုတာ သွေးနီဥလေးတွေ သက်တန်းစေ့ပြီး ပျက်စီးသွားရာကနေ ထွက်လာတဲ့ ဓာတ်တမျိုးပေါ့။ အဲဒီ ဘီလီရူဘင်တွေကို အသည်းက တာဝန်ယူ ဖျက်ဆီးပစ်လိုက်ပြီး ဆီးထဲမှာ တချို့ စွန့်ထုတ်ပစ်တယ်။ ဒါကြောင့် ဆီးနဲ့ဝမ်းဟာ ဝါနေတာ။ အသည်းဟာ ရောင်နေတယ်၊ အသည်းကောင်းကောင်း အလုပ်မလုပ်ဘူး ဆိုတာနဲ့ အသည်းက အဝါဓာတ်တွေကို စွန့်ထုတ်မပစ်နိုင်တော့ဘူး။ အဲဒီမှာ အဝါဓာတ်တွေဟာ သွေးထဲကို လျှံလာပြီး တကိုယ်လုံးကို အဝါဓာတ်တွေ ပျံ့နှံ့တော့တာ။ အဲဒါကို အသည်းရောင် အသားဝါလို့ခေါ်တာ။ သက်တန်းစေ့လို့ ပျက်စီးသွားတဲ့ သွေးနီသတွေက နေ့စဉ်ပုံမှန် အဝါဓာတ်တွေကို သွေးထဲကို အမြဲပို့ပေးနေမှာ။ အဲဒါတွေကို အသည်းက မဖျက်ဆီးနိုင်တော့ဘူး၊ စွန့်မပစ်တော့ဘူးဆိုတော့ အသားဝါဖြစ်တော့တာပေါ့။ ကျွန်တော်တို့ပြောနေတဲ့ အသားဝါနဲ့ ရေဇာတ်လမ်းကို ပြည်စဉ်းစားကြည့်ရအောင်။


ကျွန်တော်တို့ ရေတွေကို ဘယ်လောက်ပဲသောက်သောက် အသည်းနဲ့ကျောက်ကပ် ကောင်းနေတဲ့ လူတယောက်မှာ သွေးထဲက ရေပမာဏကို ပုံသေဖြစ်အောင် ထိန်းထားတာ တနည်းပြောရရင်
သွေးအပြစ်အကျဲ ပြောင်းလွဲမှုတွေမရှိအောင် သာမန်လူကောင်းတွေမှာ ခန္ဓာကိုယ်က ထိန်းစိမ်းထားပြီး သားပါ။ အဲတော့ေ၇တွေ များများကြီး သောက်ပေမယ့်လဲ သွေးက ကျဲသွားမှာမဟုတ်ဘူး။ အဝါဓာတ်ကလည်း လျော့သွားတော့မှာ မဟုတ်ပါ။ ပြီးတော့ ဒဏ်ရာရနေတဲ့ အသည်းကလည်း ရေသောက်လို့
ကောင်းလာမှာ မဟုတ်ဘူးဆိုတော့ ရေကြောင့် အဝါဓာတ်ကျလာမှာ မဟုတ်ဘူးဆိုတာ ရှင်းပြီ။ 


နော်ကတခု စဉ်းစားရမှာက ရေ ဘယ်လောက်သောက်ရမလဲ၊ အများကြီး မသောက်ရဘူးဆိုရင်
လျှော့သောက်ရမလား၊ အဖြေမှန်ကတော့ ရေကို လုံလောက်အောင် သောက်ရပါ့မယ်။ ရေအများကြီး မသောက်ရဘူး ဆိုပေမယ့် လုံလော်ကတဲ့ ရေပမာဏ ရအော်ငတော့ သောက်ရမှာပါ။ ဆန္ဒရှိသလောက်ပဲ
သောက်ပါ။ အရည်ကို လုံးဝ မသော်ကနိုငဘူး ပျို့အန်နေမယ်ဆိုရင်တော့ ပုလင်းကြီး ချိတ်ပေးရပါလိမ့်မယ်။ တနေ့ကို အနည်းဆုံး အရည် ၁၅၀၀ cc-တာ့ ဝင်ဖို့လိုပါလိမ့်မယ်။ အရည်ဆိုတာ ရေတခုတည်းကိုပြောတာ မဟုတ်ပါဘူး။ ဘာအရည်ဖြစ်ဖြစ်ကို ပြောတာပါ။ Fluid intake ကို ဆိုလိုတာ၊ ဟင်းချိုသောက်သောက် သရက်သီး၊ သင်္ဘောသီးဖျော်ရည်၊ ဘာအရည်ကို ဖြစ်ဖြစ် ၂၄-နာရီအတွင်းမှာ အရည်ဝင်တာဟာ ၁၅၀၀ cc ကျော်နေရင် မဆိုးပါဘူး။ ၁၅၀၀ cc ဆိုတာ drip ပုလင်းကြီး သုံးပုလင်းစာလောက်ပေါ့။ အဲဒီလောက်တော့ ဝင်အောင် သွင်းပေး၊ သောက်ပေးရလိမ့်မယ်။ ဒါကြောင့် ပြန်ပြောရမယ်ဆိုရင် အသည်းရောင်အသားဝါ
ရောဂါသည်တယောက်ဟာ လုံလောက်တဲ့ အရည်သောက်သုံးမှု ရှိရပါမယ်။ အရည်တွေ ရေတွေ အလွန်အကျွံ သောက်ဖို့ မလိုပါဘူး။ ပြန်ပြောရမယ်ဆိုရင် အသည်းရောင် အသားဝါဖြစ်နေတဲ့ လူနာတေယာက်ကို သူ့အာသီသရှိသလောက် သောက်ချင်သလောက် သောက်ပါစေ။ ဇွတ်မတိုက်ပါနဲ့။ အဲလို သူ့သဘောနဲ့သူ သောက်ခိုင်းလို့မှ အရည်တွေ မသောက်နိုင်ဘူး၊ ပျို့အန်နေတယ်ဆိုရင် drip သွင်းပေးပါ။
ဇွတ်ကြီး ရေတွေကိုက်ရင် လူနာအခြေအနေ ပိုဆိုးပါလိမ့်မယ်။ 

မှတ်သားဖို့ရာ---
က။ အသည်းရောင် အသားဝါ ဖြစ်နေတဲ့သူကို ရေအများကြီး မသောက်ခိုင်းပါနဲ့။
ခ။ ရေတွေအများကြီးသော်ကလို့ အဝါမကျပါ။ အသည်းရောင်တာ မပျောက်ပါ။
ဂ။ လုံလောက်တဲ့ အရည် သောက်ပါစေ။ 
     (Adequate fluid intake) အလွန်အကျွံ ရေသောက်တာ (Excessive fluid intake) မဖြစ်ပါစေနဲ့။
ဃ။ ရေတွေအများကြီး သောက်ခိုင်းတာဟာ အသည်းရောင် အသားဝါလူနာအတွက်   
       အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း (အသည်းရောဂါ အထူးကုဆရာဝန်ကြီး)
( ကလျာမဂ္ဂဇင်း ၂၀၀၆-အောက်တိုဘာလ)



ချဉ်ဆီခမ်း၍ တလှမ်းချင်း

ချဉ်ဆီခမ်း၍ တလှမ်းချင်း လျှောက်နေရသည့် ဦးပေါက်ချမ်း

အသက် ၆၃-နှစ် ရှိပြီဖြစ်သော ကိုးကန့်အမျိုးသား ဦးပေါက်ချမ်းတယောက် တုတ်ကောက်တချောင်း အားပြုကာ ကျွန်တော့်တို့ဆေးရုံသို့ မကြာခဏ ရောက်လာတတ်သည်။ ဆေးခန်းအတွင်းရှိ ခုတင်ပေါ်တွင် ထိုင်မိသည်နှင့် ဆရာကြီး ကျွန်တော့်ခါးက အရင်လိုပဲ နာနာနေတယ်၊ လမ်းကို ကောင်းကောင်းမလျှောက်နိုင်ဘူး-ဟု ညည်းရှာသည်။ မှန်ပါသည်၊ ဦးပေါက်ချမ်းတယောက် ကျွန်တော်တို့ဆေးရုံသို့ လာရောက်ပြသကုသမှု ခံယူနေသည်မှာ ၅-နှစ်ကျော် ၆-နှစ်ခန့် ရှိနေလေပြီ။

သူ၏ခါးနာရောဂါမှာ အခြားလူနာများတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ခါးရိုးအကြောညှပ် (P.L.D) ခေါ် PROLAPSED INTER VERTEBRAL DISC ရောဂါမျိုး မဟုတ်၊ သူ၏ခါးတွင်းရှိ အရိုးများ တဖြည်းဖြည်း ပါးသွားပြီး ခန္ဓာကိုယ်အား ထိန်းအားလျော့သွား၍ ပျော့သွား၍ဖြစ်သည်၊ အမှန်တော့ ခါးကို မတ်အောင်ထိန်းထားသော ခါးရိုးအထူးကြီး ငါးခုအတွင်းရှိ (CALCIUM) ခေါ် ထုံးဓာတ်များ လျော့သွားသည့် (OSTEOPOROSIS) ရောဂါကြောင့် ဖြစ်သည်။ အသက်ကြီးလာလျှင် ခန္ဓာကိုယ်အား တည်ဆောက်ထားသည့် လက်မောင်းရိုး၊ ပေါင်ရိုး၊ ခါးရိုးများတွင် ထုံးဓာတ်နည်းသွားပြီး အနည်းငယ် ဒဏ်ရာရရုံဖြင့် ပေါင်ရိုးကျိုး၊ လက်ရိုကျိုး၊ ခါးရိုးကျိုး ရောဂါများ ဖြစ်တတ်သည်။ 

ယခု ကျွန်တော်တို့ ဆေးရုံသို့ရောက်ရှိနသည့် ဦးပေါက်ချမ်း၏ ခါးရိုးကို ဓာတ်မှန်ရိုက်ကြည့်သည့်အခါတွင် သူ၏မဏ္ဍိုင်ခါးရိုး ၅-ခုစလုံး အရိုးများပါး၍ ကျိုးတော့မည့်အသွင် ဆောင်နေသည်။ ထို့ကြောင့် ဦးပေါက်ချမ်းအား ခါးရိုးကို များစွာ အားမပြုဖို့၊ ကြာရှည်စွာ ထိုင်မနေဖို့၊ လေးလံသော ပစ္စည်းများကို မ,ခြင်း မပြုဖို့ မှာထားရသည်။ ထို့အပြင် သူ့အား အရိုးများ ပြန်လည်အားကောင်းလာစေမည့် ကယ်လ်ဆီယမ် (CALCIUM)ခေါ် ထုံးဓာတ်ပါသော နွာါ်နို့များ၊ ကယ်လ်ဆီယမ်ဆေးပြားများ၊ ဗီတာမင် ဒီ-တူး ဆေးများ တိုကကျွေးထားသည်။ အကိုက်အခဲ အနာအကျင်ပျော်ကဆေးများကိုပါ တွဲ၍ ပေးထားပါသည်။

အမှန်တော့ ဤအရိုးပါး ချဉ်ဆီခမ်း ရောဂါများမှာ အနော်ကနိုင်ငံများတွင်သာ အဖြစ်များသည်။ အာရှတိုက်နှင့် ကျွန်တော်တို့ မြန်မာပြည်တွင် အဖြစ်နည်းသည်။ အဖြစ်နည်းသည့်ကြားမှ တဦးစ နှစ်ဦးစ ပေါ်လာလျှင် ဤတဦးစ နှစ်ဦးစ လူနာများကို အထူးဂရုစိုက်၍ ကုသပေးရသည်။ ထိုသု့ ကုသ၍ မပေးပါက သူတို့၏ ပါးလိုက်လာသော ခါးရိုးများသည် အရိုးတခုနှင့်တခု ဖိ၍ကျိုးကာ အရိုးကြားမှထွက်လာသော အာရုံကြောများကို ဖိပြီး အကြောသေရောဂါ၊ လမ်းမလျှောက်နိုင်၊ ခန္ဓာကိုယ်အောက်ပိုင်း မလှုပ်ရှားနိုင်သည့် ရောဂါများ ကွင်းဆက် ပေါ်လာတတ်သည်။

အမျိုးသမီးများတွင် သွေးဆုံးချိန်၊ ရာသီဆုံးချိန်၌ ဤရောဂါမျိုး ပေါ်လာတတ်သည်။ အရိုးများ ထုံးဓာတ် ကုန်ခမ်းမှုကြောင့် ပါးသွားပြီဆိုလျှင် အရိုး ပြန်ထူထောင်ကုသဖို့ လွယ်မယောင်နှင့် ခက်လာသည်။ (LUMBAGO)ခေါ် တော်ရုံတန်ရုံ ခါးနာခါးကိုက် ရောဂါဆိုလျှင် လိမ်းဆေးများလိမ်းပေး၊ နော်ကဆုံးပေါ် (DICLOFENAC) ထိုးဆေးများ ထိုးပေးက သက်သာနိုင်သည်။ စအိုတွင်းသို့ ထည့်ရသော (SUPPOSITORY) ခေါ် (VOLTAREN) အကိုက်ပျောက်ဆေးများလည်း သုံး၍သက်သာနိုင်သည်။

ထို့ကြောင့်ပင် အသက်အရွယ် ကြီးလာသူများအား အရိုးဒဏ်ရာ မရအောင် အထူးဂရုစိုက်ရသည်။ အထူးသဖြင့် ရေချိုးခန်းတွင်း ချော်လဲ၍ ပေါင်ရိုးဆွေးကျိုးသည့်ရောဂါ၊ လက်ကော်ကဝတ်ကျိုးသည့်
ရောဂါသည်များများစွာတွေ့ရသည်။ ဆေးဝါးအဖြစ် အစားအသောက်ကိုလည်း ဂရုစိုက်ဖို့လိုပြန်သည်။

အစားများ၍ အဝလွန်ရောဂါ မဖြစ်အောင် မနည်းသတိထားကြရသည်။ ဝသောသူများသည် လူကသာ ဝနေသည်။ သူ၏ အရိုးများ၊ နှလုံးများ၊ ကျောက်ကပ်များသည် မှန်တနမ်း ကိုယ်ခန္ဓာရှိသူများလောက် မသန်မာ၊ မခိုငမာတော့၊ အတိမ်းအစောင်း မခံ၊ ဒဏ်ရာအနည်းငယ်ရရုံဖြင့် မထူနိုင် မထနိုင် မလူနိုင် ဖြစ်တတ်သည်။

ဤအရိုးတွင်း ချဉ်ဆီခမ်း အရိုးပါးရောဂါများသည် ခန္ဓာကိုယ်အတွင်း ပျက်စီးယိုယွင်းလာသော ရောဂါဖြစ်၍
ပျောက်ခဲလှသည်။ ပေါင်ရိုးကျိုးလျှင် အိပ်ရာထက်တွင် ဗုံးဗုံးလဲနေရတော့သည်။ ထို့ကြောင့် ဤပျောက်ခဲလှသော တည့်တည့်ပြောရလျှင် မပျောက်နိုင်တော့သော ဤရိုးတွင်းချဉ်ဆီခမ်းရောဂါ မဖြစ်ရအောင် အသွားသတိ၊ အလာသတိ၊ နေသတိ၊ ထိုင်သတိ၊ သတိအမြဲတမ်း ထားကြပါဟု တိုက်တွန်းလိုက်ပါသည်။

ကမ္ဗောဇ ခင်လှိုင်
(ကလျာမဂ္ဂဇင်း ၂၀၀၆-အောက်တိုဘာ)


ယောဂ လေ့ကျင့်ခန်းများ

E.Thuta ( 7-24-11)

E-thuta (7-24-11)

Thursday, July 28, 2011

ထုံကျဉ် ရောဂါ

မြင်းချေးနဲ့ အရက်ဆီကို ရောဖျော်ပြီး လိမ်းပေးပါက 
ထုံကျဉ်ကိုက်ခဲ, အကြောသေ, အကြောကပ် ဝေဒနာတွေကို သက်သာပျောက်ကင်းစေရုံသာမက 
လေးဖက်နာနဲ့ လေဖြတ်တဲ့ ဝေဒနာတွေကိုပါ သက်သာစေပါတယ်။

ဖျာပုံ-ရည်လွင်အောင်

မနုဿတ္တ ဒုလ္လဘ

မနုဿတ္တ ဒုလ္လဘ
ရအောင် ခဲကြမင်း၊
ဗြဟ္မာပြည်က အပ်ကိုချ 
လူ့ပြည် အပ်တစင်း၊
အပ်သွားချင်းသာ ထိဖွယ်ရာ
ပမာမှတ်ကြမင်း၊

မနုဿတ္တ ဒုလ္လဘ
မရ များလေပြီ၊
အရတော်စွ သည်ဘဝ
လှလှကျင့်ထိုက်ပြီ။

ထွဋ်ခေါင်ဆရတော်ကြီး

သွေးအန်ရောဂါနှင့် အိမ်တွင်းကုသနည်း

ဥဏှဝါယောလွန်ကဲ၍ အပူကြီးမားမှုကြောင့် ဤရောဂါမျိုး ဖြစ်ရသည်။ မြန်မာ့ဆေးပညာအရ တေဇောဓာတ် လွန်လျှင် မိတ်ဖက်ဖြစ်သော ဝါယောဓာတ် လွန်ကဲခြင်းကြောင့် လေနှင့်အပူ သို့မဟုတ်-တေဇောနှင့် ဝါယော သဘာဝထက်လွန်၍ အဆုတ်နှင့် အစာအိမ်ရှိ သွေးကြောငယ်ကလေးများကို နှောင့်ယှက်ပျက်စေမှုကြောင့်
သွေးအန်လာရခြင်း ဖြစ်သည်။ အဆုတ်မှထွက်သော သွေးသည် နီရဲ၍ အမြှုပ်ထလေ့ရှိသည်။ 
အစာအိမ်မှထွက်သော သွေးသည် အမြှုပ်ထခြင်း မရှိ၊ 
သွေး၏အရောင်သည် နီညိုလက္ခဏာရှိကြောင်းကို အာယုဗ္ဗေဒနှင့် မြန်မာဆေးကျမ်းများ၌ ပြဆိုထားသည်။


မြန်မာဆေးပညာအရ ဤရောဂါကုသနည်းသည် သီတပထဝီဓာတ်စာဖြင့် ကုသမှုကို ပြုပေးရမည်။သီတပထဝီ ဆိုရာ၌ အရသာသည် အေး၊ ချို၊ ဆိမ့် ဖြစ်ရမည်။ အဖန်ဓာတ် အနည်းငယ် ပါဝင်စေရန် လိုအပ်ပါသည်။ အိမ်တွင်ကုသနည်းသည် ဇွန်းခြစ်အရွယ် အုန်းသီးနုနုနှင့် အုန်းရည်ကို အိမ်သုံးသကြား ချိုချို
ရေခဲအနည်းငယ်နှင့် ရောစပ်ကာ စားသုံးပေးရမည်။ ထိုသို့ ကုသပေးရမည်။
ဤကုသမှုသည် ရောဂါကို သက်သာစေနိုင်ပါသည်။ ကုသမှုကို ပြန်လည်သုံးသပ်ကြည့်လျှင် ရေခဲ၏ သဘာဝဓာတ်သည် ခန္ဓာကိုယ်အတွင်းပိုင်းရှိ ဆံချည်မျှင် သွေးကြောများကို ကျုံ့သွားစေခြင်းဖြင့်
သွေးအန်ခြင်းကို တားဆီးစေရာတွင် အထောက်အပံ့ ဖြစ်စေလေသည်။ ဤကုသမှုသည် အပူကြီး၍ လေနှင့်ပြိုင်ကာ သွေးအန်လေ့ရှိသော ရောဂါကိုသာလျှင် သက်သာပျောက်ကင်းစေနိုင်ပြီး အဆုတ်နာရောဂါကို မပျောက်ကင်းနိုင်ကြောင်းကို ဆေးအဖြစ် ကုသမှုဆောင်ရွက်မည့် စာဖတ်သူများသို့ သတိပြု မှတ်သားသင့်ပါသည်။

နောက်ထပ် အိမ်တွင်း ကုသနိုင်သည့် ကုပုံကို တင်ပြပါမည်။
တလည်းသီးပြုတ်ရည်ကို သကြားချိုချို အနည်းငယ်ထည့်၍ သောက်ပေးနိုင်ပါသည်။ ထို့ပြင် ဆီးဖြူသီးပြုတ်ကို အထက်ပါအတိုင်း သောက်ပေးနိုင်ကြောင်းကို ရေးသားတင်ပြလိုက်ရပါသည်။


ကျော်တင့်ဆွေ

ခေါင်းအုံ၊ မူးဝေရောဂါနှင့် အိမ်တွင်းကုသနည်း

အအေးဓာတ်၊ အပူဓာတ်နှင့် ပိုင်ဆိုင်ရာတွင် ဝါယောဓာတ်လွန်ပျက်သဖြင့် ခေါင်းအုံ မူးဝေခြင်း ဖြစ်သည်။ တခါတရံတွင် ရာသီဥတုကြောင့်သော်၎င်း၊ အစားအစာ ဓာတ်ကြောင့်သော်၎င်း ဖြစ်တတ်သည်။ မြန်မာ့
ဆေးပညာစစ်တမ်းအရ ကုထုံးဆေးချက်အရ အိမ်တွင်းကုသနည်း တရပ်အဖြစ် ရှောက်ချဉ်သီးအရည်နှင့် ပျားရည်ကို ဆတူရောစပ်၍ သောက်ပေးပါ။ သက်သာစေမှုကို ရရှိစေနိုင်ပါသည်။


အပူ ခေါင်းကိုကရောဂါနှင့် အိမ်တွင်းကုသနည်း---
မြန်မာဆေးပညာ အခြေခံအရ အပူလွန်သော ဥတု၌သော်၎င်း၊ ပူသော ဥတု၌သော်၎င်း၊ ကမ္မကြောင့်သော်၎င်း၊ ရုတ်တရက် သောကပွားမှုကြောင့်သော်၎င်း၊ အစားအစာကြောင့်သော်၎င်း၊ ခေါင်းကိုက်ခဲခြင်းရောဂါ ဝေဒနာကို ရရှိစေတတ်ပေသည်။ ထို့ကြောင့် ဤရောဂါဝေဒနာသည် လွန်ပျက်သည့် သည်းခြေတေဇော ခေါ် ဥဏှတေဇောပင် ဖြစ်သည်။ ကုထုံးဆေးချက်အနေဖြင့် သီတပထဝီဖြင့် ကုသပေးရသည်။ လွယ်ကူ၍ ထိရောက်သော အစာကုသနည်းမှာ ရှောက်ချဉ်သီးကိုနွှာ၍ ထန်းလျက်နှင့် စားပေးရမည်။ ဤသို့ မစားသောက်မီ ဦးခေါင်းကို လျှော်ပေးရမည်။

ခေါင်းချွေးထွက်၊ ခေါင်းမူးဝေရောဂါနှင့် အိမ်တွင်းကုသနည်း---
ခေါင်းချွေးထွက်ရခြင်းမှာ လေဓာတ်နှင့် အပူဓာတ် ပေါင်းစပ်၍ ရေဓာတ်ကို တွန်းထုတ်လေသောကြောင့်
ချွေးထွက်ရခြင်း ဖြစ်ပေသည်။ ခန္ဓာကိုယ်တခုလုံးမှာ ချွေးထွက်မှု မညီမျှမှုကြောင့် ဦးခေါင်းတလုံးတည်း ကွက်၍ ချွေးထွက်မှုကြောင့်လည်း မူးဝေရတတ်၏။ နေ့စဉ်စားသုံးသော အစားအစာများမှာလည်း အပူစာများ ဖြစ်နေခြင်း၊ ရာသီဥတုကလည်း ပူနေခြင်း၊ ပတ်ဝန်းကျင်၏ ဆူညံသံများကြောင့်လည်း ဤရောဂါနှင့် ကြုံတွေပရတတ်၏။ ဤရောဂါဝေဒနာကို မြန်မာ့ဆေးပညာ အခြေခံအရ စစ်တမ်းကောက်မည် ဆိုပါက ဥဏှ ဝါယော ပျက်မှုကြောင့် ဖြစ်ရပေသည်။ ထိုရောဂါကုထုံးအချက်မှာ သီတအာပေါပင် ဖြစ်ပါသည်။ အေး၍ မွှေးသောပစ္စည်းများကို ရှူရှိုက်ပေးပါ၊ သို့မဟတု- လိမ်းပေးနိုင်သည်။ သို့တည်းမဟုတ်- ငွေပန်း၊ စံပယ်ပန်း၊ မာလကာရွက်၊ သပြေရွက်တို့ တမျိုးမျိုး ရရာကို ရှူပေးပါ။ ချို၊ ချဉ်၊ ဖန် အရသာ ပေါ်လွင်စေသည့် ဆီးဖျော်ရည်ကို ရေခဲသင့်တင့်ရုံမျှ ထည့်၍ တိုကကျွေးပါက ချွေးထွက်ခေါင်းမူး
ရောဂါ ကုသရေးအတွက် ထိရောက်မှု ရှိသော အိမ်တွင်းကုသနည်းများ ဖြစ်ကြောင်းကို
ရေးသားတင်ပြလိုက်ရပေသည်။။


ကျော်တင့်ဆွေ

Wednesday, July 27, 2011

ဘုရားငါးဆူ အန္တရာယ်ကင်း ဂါထာ

အရပ်ဒေသတခုကို ရောက်တဲ့အခါ ရွတ်ဆိုတဲ့ လယ်တီဆရာတော်ဘုရားကြီး စီရင်တဲ့ ဘုရားငါးဆူ အန္တရာယ်ကင်း ဂါထာတော်

၁။ ကကုသန္ဓော ကောဏာဂမနော၊ ကဿပေါ ဂေါတမော မုနိ။
မေတ္တေယျော ပဉ္စဗုဒ္ဓါ တေ၊ သီသေ မေ သေန္တု သဗ္ဗဒါ။

၂။ ဧတေသံ အာနုဘာဝေန၊ ယက္ခာ ဒေဝါ မဟိဒ္ဓိကာ။
သဗ္ဗေပိ သုခိတာ ဟောန္တု၊ မမ မိတ္တာ သဟာယကာ။

ပထမဂါထာက အရိမေတ္တေယျ ဘုရားအပါအဝင် ဘုရားငါးဆူကို ရှိခိုးကန်တော့တာပါ။ 
ဒုတိယဂါထာက ဘုရားရှင်ကြီးတို့ရဲ့ တန်ခိုးရှိန်စော် အာနုဘော်တော်ကြောင့် အားလုံးသော နတ်အပေါင်းတို့ ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာကြပါစေ၊ ဂါထာရွတ်ဆိုသူနဲ့ မိတ်ကောင်းဆွေကောင်း ဖြစ်ကြပါစေ-လို့ နတ်များကို မေတ္တာပို့ပြီး မိတ်ဆွေဖွဲ့တာပါ။ 
ဒါကြောင့် အရပ်ဒေသတခုကို ရောက်တဲ့အခါမှာ အဲဒီဂါထာကို ရွတ်ပြီး အဲဒီအရပ်မှာရှိတဲ့ နတ်တွေနဲ့ မိတ်ဆွေဖွဲ့ပါ။ 

သုဂတော ၅-ချက် ဂါထာ

ကိစ္စတခုခုနဲ့ စကားပြောရတော့မယ့်အခါ ရွတ်ဆိုပါ။

သုဂတော သုဂတဓာနံ၊ သုဂတော သုန္ဒရမ္ပိ စ။
နိဗ္ဗာနံ သုဂတော ယာတိ၊ သုဂတော တေ နမော နမာ။

အဂ္ဂမဟာပဏ္ဍိတ အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မော်လမြိုင်မြို့ တောင်လေးလုံး ဆရာတော် ဘုရားကြီး အမြဲရွတ်ဆိုတော်မူတယ်လို့ ဆိုပါတယ်။ အဲဒီဂါထာကို ရွတ်ရင် ဝိဇ္ဇာနဲ့ တွေ့နိုင်တယ်၊ ဝိဇ္ဇာဓရိက ဂါထာလို့ ခေါ်တယ်လို့လည်း အဆိုရှိပါတယ်။ 


သုဂတဓာနံ-ကောင်းသောစကားကို ဆိုတော်မူတတ်သောကြောင့်လည်း၊ သုဂတော-သုဂတမည်တော်မူ ပါပေ၏။
သုန္ဒရမ္ပိစ-ကောင်းသောသဘောရှိသောကြောင့်လည်း၊ သုဂတော-သုဂတ မည်တော်မူပါပေ၏။
နိဗ္ဗာနံ-နိဗ္ဗာန်အမြတ် ကောင်းမြတ်သောအရပ်သို့၊ ယာတိ-သွားတော်မူတတ်သောကြောင့်လည်း၊ သုဂတော-သုဂတ မည်တော်မူပါပေ၏။
သုဂတော-သုဂတဂုဏ်ရှင် မြတ်ဘုရားသခင်၊ တေ-ရှင်ပင်ဘုရားအား၊ နမော-နမာ-လွန်ထူးကဲစွာ ရှိခိုးပါ၏ ဘုရား။

သစ္စာအနက် ၁၆-ချက် ဂါထာ

ပဌမံ ဂါထာလို့ လူသိများတဲ့ သစ္စာအနက် ၁၆-ချက် ဂါထာပါ။

ပဌမံ သကလက္ခဏ မေကပဒံ၊ ဒုတိယာဒိ ပဒဿ နိဒဿနတော။
သ-မ-နိ၊ ဒု-နိ-မ၊ သ-မ-ဒု၊ သ-နိ-ဒု၊ ကမတော ဝိဘဇေ ပဌမေန ဝိနာ။

သစ္စာအနက် ၁၆-ချက်ကို အကျဉ်းချုပ်ထားတဲ့ ဂါထာပါ။ 
ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးရဲ့ မနောရထပူရဏီ သင်္ဂြိုဟ်ခက်ဆစ် အလင်းပြ အဖြေကျမ်းမှာ အဲဒီဂါထာနဲ့ ပတ်သက်လို့ ဂါထာကို အမြဲမပြတ် ရွတ်ဖတ်သရဇ္ဈာယ်လို့ရှိရင် ထင်ထင်ရှားရှား အကျိုးထူးခံစားရမယ်-လို့ ဆိုထားပါတယ်။


အန္တရာယ်ကင်း ဂါထာ

လယ်တီဆရာတော်ဘုရားကြီး စီရင်တဲ့ ဓာတ်ကမ္မဋ္ဌာန်း ကျမ်းသစ် နိဂုံးမှာလာတဲ့ ဗုဒ္ဓေါဝ မင်္ဂလော လောကေ-အစချီသော ၆-ဂါထာသည် ရောဂါဆိုး, အနာဆိုး, ကပ်ဥပါဒ်ဆိုး, အမျိုးမျိုးတို့မှ ကင်းဝေးစေတတ်လို့ အသက်ထက်ဆုံး စွဲမြဲပါဟု ဆရာတော်ကြီး မိန့်ဆိုထားပါသည်။

၁။ ဗုဒ္ဓေါဝ မင်္ဂလော လောကေ၊ ဒေဝ ဣန္ဒ ဗြဟ္မိဿရော။
ဗုဒ္ဓံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ။

၂။ ဓမ္မောဝ မင်္ဂလော လောကေ၊ သဗ္ဗပါပ ဝိနာသကော။ ဓမ္မံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ။

၃။ သံဃောဝ မင်္ဂလော လောကေ၊ ဘယဝေရ ဝိနောဒနော။  သံဃံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ။

၎။ ဧတံ ခေါ မင်္ဂလံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
ဧတံ မင်္ဂလ မာဂမ္မ၊ သဗ္ဗပါပ ပမုစ္စရေ။


၅။ ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏ မုတ္တမံ။
ဧတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ။


၆။ ဧတံ ခေါ ရတနံ ခေမံ၊ ဧတံ ရတန မုတ္တမံ။
ဧတံ ရတန မာဂမ္မ၊ သဗ္ဗဒေါသာ ပမုစ္စရေ။


အဲဒီဂါထာ ၆-ပုဒ်ကို အိပ်ရာဝင်တဲ့အခါ နေ့စဉ် သက်စေ့ရွတ်၊ သားငယ် သမီးငယ်ရှိတဲ့ မိဘတွေ အနေနဲ့ သားငယ် သမီးငယ်တို့အတွက် ပိုပြီး ရွတ်ပါလို့ ဆရာတော်ဘုရားကြီးက မှာထားပါသည်။

သဗ္ဗဇယ မင်္ဂလာ ဂါထာ

သဗ္ဗဇယ မင်္ဂလာဂါထာလို့ ခေါ်တဲ့ ဒိဝါတပတိ အာဒိစ္စော-ဂါထာ

၁။ ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။

၂။ အထသဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ၊ 
တာဒိသံ တေဇသမ္ပန္နံ၊ ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ။

သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီးဟာ ၁၃၂၀-ပြည်နှစ်က သူ့ဇာတိ လင်းယဉ်ရွာမှာ စိုက်ထူခဲ့တဲ့ ကျောက်စာတိုင်မှာ ဒီဂါထာကို ရေးထိုးခဲ့ပါသည်။ 

အဲဒီဂါထာကို ဆရာ မင်းသုဝဏ်က -
နေ့အခါ နေမင်း တောက်ပ၏၊
ညအခါ လမင်း တောက်ပ၏၊
ချပ်ဝတ်တန်ဆာ ဆင်ပြီးခါ ရာဇာလူမင်း တောက်ပ၏၊
မြတ်သာဝကာ ရဟန္တာ ဈာန်ဝင်စားခါ တောက်ပ၏၊
ဗုဒ္ဓမြတ်စွာ ဘုရားမှာကား နေ့ရော,ညပါ အခါခပ်သိမ်း တောက်ပ၏၊


လို့ မြန်မာပြန်ခဲ့ပါသည်။
 

Tuesday, July 26, 2011

နမော တဿ ဘုရားရှိခိုး

ဤ နမော တဿ-သည် ဘာရဒွါဇ ပုဏ္ဏားကြီး၏ ဇနီး ဓနဉ္စာနီမည်သော သောတာပန်ပုဏ္ဏေးမသည် မိမိခင်ပွန်းအတွက် ထမင်းလာပေးစဉ် ချော်လဲ၍ ဘုရားကို သတိရကာ သုံးကြိမ် ကျူးရင့်ခဲ့သော ဥဒါန်းအဖြစ် သဂါထာဝဂ္ဂ ဗြာဟ္မဏသံယုတ် အရဟန္တဝဂ် စာမျက်နှာ ၁၆၂-၌ လာရှိခဲ့သည်။
         ဗြဟ္မာယုမည်သော ဗြာဟ္မဏပါမောက္ခ ဆရာကြီးသည် တပည့် ဥတ္တရလုလင်ထံမှ ဗုဒ္ဓရှင်တော်မြတ်၏ ဂုဏ်ကျေးဇူးများကို ကြားသိရသောအခါ လွန်စွာကြည်ညိုလှ၍ ဘုရားမြတ်ရှိရာသို့ ရှေ့ရှု လက်အုပ်ချီလျက် နမော တဿ-ဖြင့်ပင် ဥဒါန်းကျူးခဲ့ကြောင်း မဇ္ဈိမပဏ္ဏာသ ဗြာဟ္မဏဝဂ် ဗြဟ္မာယုသုတ်၌
တွေ့ရပြန်သည်။
    ထို့ပြင် ဒီဃနိကာယ် မဟာဝဂ္ဂ သက္ကပဥှသုတ်၌ သကြားမင်း၏ ဥဒါန်းအဖြစ်၎င်း, ဒုကင်္ဂုတ္တရ သမစိတ္တဝဂ်၌ အာရာမဒဏ္ဍပုဏ္ဏား၏ ဥဒါန်းအဖြစ်၎င်း လာရှိပြန်သည်။
          ဓမ္မပဒ သာရိပုတ္တတ္ထေရဝတ္ထု အသာရေ သာဂမတိနော-စသော ဂါထာအဖွင့်၌ မဟိန္ဒမင်းကြီးသည် မိမိသားတော်များဖြစ်ကြသော ဖုဿဘုရားနှင့် ပဌမအဂ္ဂသာဝက, ပုရောဟိတ်သားဖြစ်သော ဒုတိယအဂ္ဂသာဝက သုံးပါးတို့ကို ကြည့်ကာ အားရဝမ်းမြောက်လှ၍ နမော တဿ-ဖြင့်ပင် ဥဒါန်းကျူးခဲ့ကြောင်း မိန့်ဆိုခဲ့ပေသည်။

ဥဒါန်း---
ဥဒါနံ ဥဒါနေသိ-ဥဒါန်းကျူးသည်-ဟူသော စကားနှင့် အမြဲယှဉ်တွဲလျက် တွေ့ရသော ဤ နမော တဿ-ကို ပေါရာဏ ပဏာမ ဥဒါန-ရှေးဟောင်း ဘုရားရှိခိုး ဥဒါန်း-ဟု ဆိုသင့်၏။
ဥဒါန်းဟူသည်မှာ ပီတိအဟုန်သည် ဖြစ်စေအပ်သော စကားပင်ဖြစ်၏။
ချင်ခွက်မဆံ့၍ လျှံဖိတ်စီးယိုသောဆီကဲ့သို့၎င်း, ရေကန်မဆံ့၍ လျှံတက်စီးဆင်းလာသော
ရေအယဉ်ကဲ့သို့၎င်း, ပီတိအရှိန်ကြောင့်ဖြစ်သော အတွင်းစိတ်အကြံသည် အတွင်းနှလုံးထဲ မဆံ့ဘဲ လျှံတက်ကာ ဝစီဒွါရဖြင့် စကားအဖြစ် အပြင်သို့ ထွက်ပေါ်လာရသော အသံစကားအထူးကို ဥဒါန်းဟု ဆိုရသည်။ ထို့ကြောင့် ဘုရားရှင်ဂုဏ်တော်ကို ကြည်ညိုခြင်းကြောင့်ဖြစ်သော ပီတိအဟုန် ပြင်းထန်စွာ
ဖြစ်လာသူတို့ ရွတ်ဆိုအပ်သော ဤ“နမော တဿ”မှာ ဥဒါန (ဥဒါန်း) အမည်ရခဲ့ခြင်း ဖြစ်သည်။

အဆိုတမျိုး-
သာတာဂီရိနတ်သည် “နမော”ဟုဆို၍၄င်း,
အသုရိန်နတ်မင်းသည် ”တဿ“ဟုဆို၍၄င်း,
စတုမဟာရာဇ်နတ်မင်းသည် “ဘဂဝတော”ဟုဆို၍၄င်း,
သကြားမင်းသည် “အရဟတော”ဟုဆို၍၄င်း,
ဗြဟ္မာမင်းသည် “သမ္မာသမ္ဗုဒ္ဓဿ”ဟုဆို၍၄င်း,
အသီးသီး ရှိခိုးကြသည်တို့ကို စုပေါင်း၍ နမော တဿ ဖြစ်လာရပုံကို ကျမ်းနက်ခေါ် သဒ္ဒါငယ်ကျမ်း၌ -
သာတာဂီရိ နမော ယက္ခော၊ တဿ စ အသုရိန္ဒကော။
ဘဂဝတော မဟာရာဇာ၊ သက္ကော အရဟတော တဿ။
သမ္မာသမ္ဗုဒ္ဓဿ ဗြဟ္မာ၊ ဧတေ ပဉ္စ နမဿန္တိ-ဟု ဆို၏။

ကစ္စာယန ဘေဒဋီကာသစ်၌လည်း “တထာဟိ သာတာဂီရိယက္ခော နမော နမောတိ ဝန္ဒနံ ကရောတိ”စသည်ဖြင့် နတ်ငါးဦး ရှိခိုးကြောင်းပင်ဆို၏။ လက်ဝဲနော်ရထာဆို ယိုးဒယားနိုင် မော်ကွန်း 
တွင်လည်း တပုဒ်စီ ရှိခိုးကြောင်း အဆိုရှိခဲ့၏။

နတ်ဗြဟ္မာငါးဦး တပုဒ်စီ ရှိခိုးခဲ့ကြောင်း သံဂါယနာဝင်ကျမ်းဂန်များ၌ အဆိုမရှိသောကြောင့်၎င်း, ပါဠိ အဋ္ဌကထာများအရ ဥဒါနအဖြစ်ဖြင့် တပေါင်းတည်း ကျူးရင့်ခဲ့ကြသည်မှာ အထင်အရှားပင်
ဖြစ်သောကြောင့်၎င်း, ထိုသို့ နတ်ဗြဟ္မာငါးဦး တပုဒ်စီ ရှိခိုးခဲ့သည်ဟူသောအဆိုကို ပိဋကတ်ပညာရှိတို့ အတည်ပြု လက်ခံခြင်း မရှိခဲ့ကြပေ။

(သပြေကန် ပရိတ်ကြီး နိဿယသစ် စာမျက်နှာ ၁၇)

Monday, July 25, 2011

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာဆိုတာ-
ကံ, ကံရဲ့အကျိုးကို ယုံကြည်တာ၊
အကြောင်း အကျိုး ဆက်နွယ်မှုကို သဘောပေါက်တာ၊
ဖြစ်ပေါ်သမျှ ချုပ်ပျောက်တယ်ဆိုတဲ့ အချက်ကို ဉာဏ်အမြင်ပေါက်တာပါ။

ပထမအချက်က- ကံ,ကံရဲ့အကျိုးကို ယုံကြည်တာ၊
ဒုတိယအချက်က- ကြောင်းကျိုးဆက်နွယ်မှုကို သဘောပေါက်တာ၊
တတိယအချက်က- ဖြစ်ပေါ်သမျှ ချုပ်ပျောက်တယ် ဆိုတာကို ဉာဏ်အမြင်ပေါက်တာပါ။
အဲဒီအချက် ၃-ခုက တခုနဲ့တခု ဆက်နေပါတယ်။

ကံ, ကံရဲ့အကျိုးကို ယုံကြည်ရင် ဖြစ်သမျှ တရားတွေဟာ အကြောင်းကြောင့် အကျိုး ဖြစ်ကြတယ် ဆိုတဲ့ ကြောင်းကျိုးဆက်နွယ်မှုကို သဘောပေါက်နိုင်ပါတယ်။
ကြောင်းကျိုး ဆက်နွယ်မှုကို သဘောပေါက်ရင် ဖြစ်ပေါ်သမျှ အလုံးစုံ ချုပ်ပျောက်တယ်ဆိုတဲ့ အချက်ကို တဆင့်တက်ပြီး သဘောပေါက်နိုင်ပါတယ်။

ဖြစ်ပေါ်သမျှတို့ အလုံးစုံ ချုပ်ပျောက်တယ်ဆိုတဲ့အချက်ကို သဘောပေါက်တဲ့အချက်ကို သဘောပေါက်တဲ့ အနေမျှသာ မဟုတ်ဘဲ ကိုယ်ပိုင်ဉာဏ်နဲ့ တကယ်အသိဉာဏ်ပေါက်ရင် ဗုဒ္ဓဘာသာမှာ ကိစ္စပြီးပါတော့တယ်။ ကျွန်တော် အဲဒီလိုပဲ လက်ခံထားတယ်။

ဒီနေရာမှာ အလျဉ်းသင့်လာလို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသရဲ့အမြင်ကိုလည်း ပြောပြချင်ပါသေးတယ်။
ဆရာတော် အရှင်ဇနကာဘိဝံသ ဟောကြားထားတာက-
၁။ သတ္တဝါတိုင်းမှာ အဝိဇ္ဇာ နှင့် တဏှာ အခြေခံနေပါသတဲ့။
၂။ အဲဒီတရား ၂-ပါး မကုန်ခန်းသမျှ သံသရာမှာ ဒုက္ခမျိုးစုံခံ၍ တဘဝပြီး တဘဝ ကျင်လည်နေကြရမှာပါတဲ့။
၃။ အဝိဇ္ဇာနဲ့ တဏှာ ကုန်ခန်းမှ ရဟန္တာအဖြစ်ရောက်ပြီး သံသရာဘဝအစဉ်ပြတ်မှာပါတဲ့။
၎။ ဗုဒ္ဓမြတ်စွာတဆူ ပွင့်တော်မူလာခြင်းရဲ့ ပဓာနအကျိုးကတော့ အဝိဇ္ဇာ, တဏှာ ကုန်ခန်းဖို့ပါပဲ။ အဝိဇ္ဇာ, တဏှာ မကုန်ခန်းသူတွေ အဖို့ ထိုက်တန်တဲ့ သုခချမ်းသာကို ရကြဖို့ ဖြစ်ပါသတဲ့။
၅။ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ ဆိုတဲ့ တရား၃-မျိုးဟာ ခုနက ပြောခဲ့တဲ့ အကျိုးတွေကို ထိုက်တန်သမျှ ပေးစွမ်းနိုင်ကြပါသတဲ့။

အရှင်ဇနကာဘိဝံသဟောကြားခဲ့တဲ့ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ အမြင်ဟာ ဗုဒ္ဓဘာသာဝင်တိုင်း လက်ခံရမယ့်အမြင် ဖြစ်ပါတယ်။

ဆရာကြီးဦးကျော်ထွဋ် အမြင်က မဉ္ဇူသက ပဋိစ္စသမုပ္ပါဒ် ဟောစဉ်မှာ ဗုဒ္ဓဘာသာတရားရဲ့ အကျဉ်းချုပ် တနည်းပြောရရင် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့အမြင်ကို ထည့်ပြီးဟောခဲ့ပါတယ်၊
ဆရာကြီး ဟောထားတာက ဗုဒ္ဓဘာသာတရားရဲ့ အကျဉ်းချုပ်ကို ပြောပါဆိုရင် ကိလေသာဝဋ်ဆိုတဲ့ ကိလေသာကို ပယ်ဖို့က လိုရင်းပဲတဲ့။

အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ရှိရင် ကုသိုလ် အကုသိုလ်ကံတွေကို လုပ်မယ်၊ ကုသိုလ် အကုသိုလ်ကံ မျိုးစေ့ရှိရင် အပင်ပေါက်မယ်၊ လူပင်ပေါက်မယ်၊ နတ်ပင်ပေါက်မယ်၊ ဗြဟ္မာပင်ပေါက်မယ်၊ တိရစ္ဆာန်ပင်တွေလည်း ပေါက်မယ်၊ ကိလေသာက ရွှံ့ညွှန်ရေနဲ့ တူတယ်၊ ကုသိုလ် အကုသိုလ်ကံက မျိုးစေ့နဲ့တူတယ်၊ ဘုရား ရဟန္တာတို့ရဲ့  ကုသိုလ်ကံတွေကိုတော့ အဘိဓမ္မာမှာ ကြိယာလို့ ခေးတယ်၊ နော်ကဘဝ ပဋိသန္ဓေအကျိုး မပေးတော့တဲ့အတွက် ကြိယာလို့ခေါ်တာပါတဲ့၊ ပုထုဇဉ်မှာတော့ ကံတွေလုပ်သမျှ ပဋိသန္ဓေ အကျိုးတွေ ရနေမှာပါ။ ဒါကြောင့် အရေးကြီးတာကတော့ ကိလေသာဝဋ်ကို ပယ်ဖို့ပါပဲ။


ဆရာကြီး ဦးရွှေအောင် ပြောခဲ့တာကတော့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရဟာ လူ့ဘဝကို ဒုလ္လဘအဖြစ် တန်ဖိုးထားပြီး အချင်းချင်း အနစ်နာခံခငြ်း အလောဘ၊ အချင်းချင်း ငဲ့ညှာခြင်း အဒေါသ၊ ယထာဘူတကျကျ မြင်တတ်ခြင်း အမောဟတို့နဲ့ အများရဲ့ ကောင်းကျိုး လောကတ္ထကို ပထမ၊ အသိုက်အဝန်းရဲ့ အကျိုး ဉာတတ္ထကို ဒုတိယ၊ မိမိအကျိုးအတ္တကို တတိယ ထားခြင်းပါပဲ။

ကနေ့ ဗုဒ္ဓသာသနာကို ကြည့်လိုက်တဲ့အခါ ဗုဒ္ဓဘုရားရှင်ကို မျက်ဝါးထင်ထင် မမြင်ရတာကလွဲလို့ ကျန်တာတွေက အင်္ဂါစုံရှိနေပါတယ်
ရှုမဟာသီလဝံသ-က
ဆုတောင်းခန်းပျို့ နိဂုံးမှာ 
ဘုရားကိုယ်ထင်
မမြင်ရသည်
တမည်သာမြို့
အင်မချို့သည်
ဤသို့ သာသနာတော်တည်း-လို့ ရေးဖွဲ့ခဲ့ပါတယ်။


ရှင်တော်ဘုရား ဟောကြားခဲ့တဲ့ သုတ်၊ ဝိနည်း၊ အဘိဓမ္မာဆိုတဲ့ တရာေးတွလည်း ရှိတယ်။ အဲဒီ သုတ် ဝိနည်း အဘိဓမ္မာတွေကို သင်္ဂါယနာအဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်ပြီး ဟောဖော်ညွှန်ကြား ဆိုဆုံးမပေးတဲ့ သံဃာတော် အရှင်သူမြတ်တွေလည်း ရှိတယ်၊ အဲဒါကြောင့်-
ဘုရားဘဂဝန်
အလားလွန်၍ 
ထားညွှန်နောက်ခေတ်
အဆစ်ဆစ်ဝယ်
ရှစ်ယောက်ခုရှိ
သမ္မုတိအရိယာ
မြတ်သံဃာကြောင့်
ရတနာရှစ်ပါး
ကွာမခြားဘဲ
ဘုရားမမေ့
တရားတွေ့၏-
ဆိုတဲ့စာလို သံဃာတော်အရှင်သူမြတ်တွေရဲ့ ကျေးဇူးတရားကြောင့် ဘုရားမမေ့တဲ့အပြင် တရားလည်း တွေ့နေရပါတယ်။



ဒူးတွင်ပေါက်တဲ့ သစ်ငုတ်နာ

၁၉၄၇-ခုနှစ် ကျောင်းဆရာဘဝက ဖြစ်ပါသည်။ နွေရာသီ အတန်းတင် စာမေးပွဲများ ရက်နီးနေ၍ ကျွန်တော့်မှာ ကျောင်းသားများကို အားကြိုးမာန်တက် စာသင်ပေးနေစဉ်-
တနေ့ ကျွန်တော်၏ ညာဘက်ဒူးတွင် အနာစိမ်းလိုလို အဖုကလေး ပေါက်လာပါရော၊ အမှတ်တမဲ့မို့ အသေးအဖွဲ ပါဟု အရေးမထားခဲ့ပါ။ နှစ်ရက်လောက်ကြာတော့ ဒူးအနာမှာ ပို၍ စူထွက်လို့လာပါသည်။ ဒူးမှာ ကွေးလို့ဆန့်လို့ မရ ဖြစ်နေ၏။ ကျွန်တော့်မှာ တပည့် မောင်ထွန်းလင်း အကူအညီဖြင့်
တောင်ဝှေးထောက်ကာ ကျောင်းတက်နေရရှာပါသည်။

လမ်းတွင် ကျွန်တော်၏ ငယ်ဆရာအရင်း ဆရာကြီး ဦးချစ်သန်း (ငြိမ်း) နှင့်တွေ့ရာ-
ဟေ့-တပည့်ဆရာလေး၊ ဘယ်လိုဖြစ်နေတာလဲ”
“ဟာ-ဆရာကြီးရယ်၊ ကျွန်တော့် ညာဘက်ဒူးမှာ အနာစိမ်းလိုလို ပေါက်နေလို့ပါ ခင်ဗျာ”
ဟဲ့-ပြစမ်းပါဦး
ဆရာကြီးက ကျွန်တော့်ဒူးခေါင်းကိုကြည့်ကာ-
ဟင်-မင်းဥစ္စာက အနာသစ်ငုတ်နာကွ၊ အနာသိ ဆေးရှိပါတယ်၊
ဆရာက ကျွန်တော့်ကို ကရုဏာမျက်လုံးနှင့်ကြည့်ကာ ကျောင်းမှာရှိတဲ့ ဆေးမြစ်များနှင့် ကုသပေးပါသည်။
ဆေးက လွယ်မှလွယ်၊
 အုန်းမြစ်၊ ငရုတ်ကောင်းမြစ်၊ လက်ထုတ်ကြီးမြစ် သုံးမျိုးကို သွေး၍ လိမ်းပေးလိုက်တာပါ။
ညနေပိုင်းမှာ နေသာထိုင်သာ ရှိသလို ဒူးမှ အမြစ်တွေပါ ထွက်၍ သက်သာပျောက်ကင်းခဲ့ရပါသည်။ အမှတ်တရအဖြစ် ဆေးနည်း ဓမ္မဒါန ပြုလိုက်ရတာပါ။


(ဆရာကြီး ဦးချစ်သန်း (၇၈)နှစ် ဇီးခုံ အ.မ.က ကျောင်းအုပ် (ငြိမ်း)အား ဤစာစုဖြင့် ကန်တော့ပါ၏)


အောင်စည်တိုး (ဇေယျဝတီ)

ညောင်းညာထုံကျဉ် သက်သာပျောက်ကင်းစေချင်

အနင်းခံရမှ အိပ်ပျော်သူများ၊ ခါးဆစ်, ဒူးဆစ်, ခြေဆစ်, လက်ဆစ်များ ကိုက်ခဲထုံကျဉ် ညောင်းညာသူများ အတွက် အစွမ်းထက် မြန်မာ့ရိုရာ လိမ်းဆေးနည်းတလက် တင်ဆက်လိုက်ပါတယ်။

လိုအပ်သော ဆေးအမည်များမှာ---
၁။ မီးတောက် ချက်အရက် ၁-ပုလင်း၊
၂။ ချင်းတက် (ထုထောင်းထည့်) ၁၀-ကျပ်သား၊
၃။ မိဿလင်ဥ (ထုထောင်းထည့်) ၁၀-ကျပ်သား၊
၎။ လေးညှင်းပွင့် ၁၀-ကျပ်သား၊
၅။ ရှောက်ချဉ်သီး ရင့်ရင့်ကြီးကြီး ၁-လုံး (အကွင်းလိုက် လှီးထည့်ပါ)။

အထက်ပါ ဆေးအမည်ငါးပါးကို ကြွေအိုးတွင် စိမ်ပြီး မွှေပေးပါ။ လေလုံစွာ ပိတ်ပါ၊ လေမလုံလျှင် ဆေးငွေ့များ ပြယ်ပြီး ဆေးအာနိသင်လျော့ပါးစေပါသည်။ ၇-ရက်ရှိလျှင် ဆေးရည်ဖြစ်ပြီ။

ညောင်းညာထုံကျဉ် ကိုက်ခဲသော အဆစ်အမြစ်များပေါ်သို့ ဖိနှိပ်ဆွဲလိမ်းပေးပါ။ တနေ့လျှင် ၂-ကြိမ်မှ ၃-ကြိမ်အထိ လိမ်းနိုင်ပါသည်။
အညောင်းသမားများ အနင်း အနှိပ်ခံစရာမလိုအောင် ကောင်းသော အသုံးပြုသင့်သည့် မြန်မာ့ရိုးရာ လိမ်းဆေးနည်းတလက် ဖြစ်၍ တင်ပြလိုက်ပါသည်။

ကျန်းမာချမ်းသာ လန်းဖြာကြပါစေ
နတ်မောက် မင်းသန့်နိုင်

အမတ်ကြီး ဦးပေါ်ဦး-၏ ယမမင်းထံ အစစ်ခံ သံပေါက်

ဦးပေါ်ဦးကို ရွှေဘိုမြို့နယ်၌ မြန်မာနှစ် ၁၁၂၁-ခုနှစ်တွင် မွေးဖွားသည်။ ဘိုးတော်ဗဒုံမင်း အိမ်ရှေ့မင်းဖြစ်စဉ်က အိမ်တော်ပါ ငယ်ကျွန်ရင်းလည်း ဖြစ်၏။ ရှင်ဘုရင်နှင့် မိဖုရား လှေပြိုင်ပွဲ အရှုံးအနိုင်၊ ဧရာဝတီမြစ် ခုန်ကူးမည့် မင်းကွန်းက ခြင်္သေ့ကြီး၊ ဘုန်းတော်ကြောင့် ရေတိုးတာ မဟုတ်ဘဲ ရေရောင်တာပါဘုရား-စသည်ဖြင့် ဟာသ ဇဝနဉာဏ် ရွှင်ရွှင်ဖြင့် လျှောက်တင်ဖြေရှင်းနိုင်ခဲ့သူလည်း ဖြစ်ပါသည်။
ကုန်းဘောင်ခေတ် ဘိုးတော်၊ ဘကြီးတော်၊ သာယာဝတီမင်း သုံးဆက်တိုင်တိုင် ပညာရှိအမတ်ကြီးအဖြစ် ခစားထမ်းရွက်ခဲ့ပြီး မြန်မာနှစ် ၁၂၀၀-ပြည့်နှစ် အသက် ၈၀-နီးနီး အရွယ်ရောက်မှ ကွယ်လွန်ခဲ့သည်။ ဦးပေါ်ဦး ကွယ်လွန်ချိန် ဈာပနအခမ်းအနားတွင် သူ၏ကြိုတင်မှာကြားချက်အရ အလောင်းထည့်ရာမှာ လက်တဖက်ကို ခေါင်းပြင်ဘက်သို့ ထုတ်ထားခဲ့သည်။ အသက်ထင်ရှားရှိစဉ်က ပိုင်ဆိုင်ခဲ့သော စည်းစိမ်ဥစ္စာ ဂုဏ်ဒြပ် ဟူသမျှ သေရာသို့ ယူမသွားနိုင်၊ လက်ဗလာဖြင့်သာ သွားရကြောင်း လူအများသိစေလိုသော ရည်ရွယ်ချက် ဖြစ်ပါသည်။ ယခုတိုင် ပြောစမှတ်တွင်နေသော ဖြစ်ရပ်ပါ။


ယမမင်းထံ အစစ်ခံ သံပေါက်၏ မြစ်ဖျားခံရာမှာ မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသ ပါဠိတော်နှင့် အင်္ဂုတ္တိုရ်ပါဌိတော်များတွင်လာရှိသော ဒေဝဒူတသုတ် ဖြစ်ပါသည်။ ဒေဝဒူတ ဆိုသည်မှာ နတ်တမန်-ဟု အဓိပ္ပါယ်ရ၏။ ကလေးသူငယ်၊ သူအို၊ သူနာ၊ သူသေ၊ အကျဉ်းသား-ဆိုသော နတ်တမန်သဖွယ် ပုဂ္ဂိုလ်ငါးဦးဖြင့် ယမမင်းကြီးက ငရဲသားအား မေးစိစစ်ပုံများကို ဖော်ပြထားသောသုတ် ဖြစ်ပါသည်။ ကျေးဇူးရှင် နိုင်ငံကျော် ဓမ္မကထိက အဂ္ဂမဟာပဏ္ဍိတ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် နာယကချုပ်ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသ ရေးဖွဲ့သော သံပေါက်လင်္ကာများကို ရှုပါ။

၁။ ရပ်ကြိုရပ်ကြား၊ လှည့်ပတ်သွား၊ ငါးပါးတမန်တော်၊
မြင်သူနည်းပါး၊ မမြင်များ၊ ထူးခြားလှပါသော်၊
မမြင်လေလား၊ မြင်လေလား၊ စဉ်းစားကြပါနော်။


၂။ ဟစ်အော်ဆုံးမ၊ တရားပြ၊ ငါးဝတမန်တော်၊
ကြားသူနည်းပါး၊ မကြားများ၊ ထူးခြားလှပါသော်၊
မကြားလေလား၊ ကြားလေလား၊ စဉ်းစားကြပါနော်။


၃။ ကလေးလေးက၊ မြတ်ဓမ္မ၊ ဟောပြတွေ့တိုင်းသာ၊
ကျွန်ုပ်လိုပဲ၊ သင်တို့လည်း၊ ဖြစ်မြဲဓမ္မတာ၊
မဖြစ်ခင်က၊ ကုသလ၊ ပြုကြဖန်ခါခါ၊
ဇာတိလွတ်ရေး၊ မြှော်ထောက်တွေး၊ မနှေးကျင့်ကြပါ။ 

၎။ သူအိုကြီးက၊ မြတ်ဓမ္မ၊ ဟောပြတွေ့တိုင်းသာ၊
ငါအိုသလိုပဲ၊ သင်တို့လည်း၊ အိုမြဲဓမ္မတာ၊
မအိုခင်က၊ ကုသလ၊ ပြုကြဖန်ခါခါ၊
အအိုလွတ်ရေး၊ မြှော်ထောက်တွေး၊ မနှေးကျင့်ကြပါ။ 


၅။ သူနာကြီးက၊ မြတ်ဓမ္မ၊ ဟောပြတွေ့တိုင်းသာ၊
ငါနာသလိုပဲ၊ သင်တို့လည်း၊ နာမြဲဓမ္မတာ၊
မနာခင်က၊ ကုသလ၊ ပြုကြဖန်ခါခါ၊
အနာလွတ်ရေး၊ မြှော်ထောက်တွေး၊ မနှေးကျင့်ကြပါ။

၆။ သူသေကြီးက၊ မြတ်ဓမ္မ၊ ဟောပြတွေ့တိုင်းသာ၊
ငါသေသလိုပဲ၊ သင်တို့လည်း၊ သေမြဲဓမ္မတာ၊
မသေခင်က၊ ကုသလ၊ ပြုကြဖန်ခါခါ၊
အသေလွတ်ရေး၊ မြှော်ထောက်တွေး၊ မနှေးကျင့်ကြပါ။ 


၇။ အကျဉ်းသမားက၊ မြတ်ဓမ္မ၊ ဟောပြတွေ့တိုင်းသာ၊
ကျွန်ုပ်လိုပဲ၊ သင်တို့လည်း၊ ဖြစ်မြဲဓမ္မတာ၊
မဖြစ်ခင်က၊ ကုသလ၊ ပြုကြဖန်ခါခါ၊
နှောင်ဖွဲ့လွတ်ရေး၊ မြှော်ထောက်တွေး၊ မနှေးကျင့်ကြပါ။ 


ယမမင်းကြီးက ငရဲပြည်ရောက်လာသူများကို မေးစိစစ်ရသည်ဆိုသော်လည်း သူကိုယ်တိုင်ကမူ အပါယ်ဘုံသား မဟုတ်ပါ။ စတုမဟာရာဇ်နတ်ဘုံ၌ ပါဝင်သော ဝေမာနိကပြိတ္တာမျိုး ဖြစ်ပါသည်။
ဝေမာနိကပြိတ္တာတို့၏ အရှင်ဘုရင်ဖြစ်၍ နတ်နန်းဗိမာန်၊ နတ်သမီးအခြံအရံ၊ ဥယျာဉ်ပဒေသာပင်  စသည်ဖြင့် နတ်စည်းစိမ်ခံစားရသူပါ။


ကုသိုလ် အကုသိုလ် နှစ်မျိုးရောစပ်ပြုခဲ့သော ကံကြောင့် နတ်ပြိတ္တာ ဖြစ်ရသည်။ တခါတရံမှာ အကုသိုလ်အကျိုးကိုလည်း ခံစားရ၏၊ ယမမင်းက တယောက်တည်းရှိတာ မဟုတ်ပါ၊ ငရဲကြီးရှစ်ထပ်၏ တံခါးဝတိုင်းမှာ ရှိပါသည်၊ ငရဲတထပ်  တံခါးလေးခုဖြစ်၍ ယမမင်းပေါင်း ၃၂-ယောက်ပင် ရှိ၏။


သူက နတ်ပြိတ္တာမျိုးဖြစ်၍ တရားနာ တရားအားထုတ်ခွင့်ရပြီး ကျွတ်တန်းဝင်ခွင့် ရှိပါသည်။ တရားထူးရလျှင် အကုသိုလ်ကံအကျိုးပေး မခံစားရတော့ဘဲ မင်းကောင်းမင်းမြတ်များ ဖြစ်လာကြပါသည်။ ယမမင်းအကြောင်း အကျယ်တဝင့် သိလိုပါက (မ၊ ဌ၊ ၄-၁၆၄) တွင် ရှုပါ။


ယမမင်းထံ အစစ်ခံ ဆိုပေမယ့် ဘဝတပါးပြောင်းသွားသူတိုင်း အစစ်ခံရခြင်း မဟုတ်ပါ၊ လူ့ဘုံ၊ နတ်ရပ်
ရောက်ထိုက်သော ကုသိုလ်ရှင်များ ဆိုင်ရာသုဂတိဘုံသို့ ရောက်သွားကြသလို အကုသိုလ်ကံကြီးသူ တို့မှာလည်း ထိုက်သင့်ရာ ငရဲသို့ တိုက်ရိုက်ပင် ရောက်သွားကြပါ၏။ အကုသိုလ်ကံ အနည်းငယ်ပြုသူတို့သာ ယမမင်းထံ အစစ်ခံကြရပါသည်။ ယမမင်းက ထိုသူ၏ မေ့လျော့နေသော ကောင်းမှုကုသိုလ်များကို အစဖော်ပေးသဖြင့် ကယ်တင်ရှင်ဟုပင် ဆိုနိုင်ပါသည်။ သံပေါက်လင်္ကာများကို မှတ်သားကြပါဦးစို့။


၁။ အိုကွယ့်ယောက်ျား၊ လူ့ပြည်သား၊ ဘယ်တရားများ ကျင့်ခဲ့တယ်၊?
ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။


၂။ ကုသိုလ်ကောင်းမှု၊ တခုခု၊ မပြုခဲ့လားကွယ်၊?
ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍နေရှာတယ်။ 


၃။ အမောင်ယောကျာ်း၊ သတိထား၊ စဉ်းစားပါဦးကွယ်၊?
ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်၊?
ကျွန်တ်ာတို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။ 

၎။ ပဗ္ဗဇ္ဇိတ၊ ဒုလ္လဘ၊  မရခဲ့လားကွယ်၊?
သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မသက်တယ်။ 


၅။ ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်၊?
ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာ မဝင်တယ်၊
ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာရောက်တော့တယ်။


၆။ ယောက်ျားစစ်ပ၊ လှလှရ၊ မင်းဘဝကို နှမြောတယ်၊
လူတို့ပြည်ရွာ၊ အမောင့်မှာ၊ ဘာများလုပ်ခဲ့တယ်၊?
ကျွန်တော့်မယား၊ စားဖို့များ၊ ကြိုးစားလုပ်ခဲ့တယ်။


၇။ အမောင်အမောင်၊ ယောင်တောင်တောင်၊ အမောင်မှားခဲ့တယ်၊
သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်၊?
သားကြီးရှင်ဖြစ်၊  ကျွန်တော်စစ်၊ ညှစ်၍လှူခဲ့တယ်။


၈။ လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်၊?
သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာလျှောက်တော့မယ်၊
ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူမျှော်မိတယ်။
ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။
ကျွန်တော့်စိတ်မှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။


၉။ ယုတ်မြတ်မဟူ၊ စားသောက်သူ၊ ကြည်ဖြူပါလားကွယ်၊?
ငွေကူများရာ၊ လူချမ်းသာ၊ မျက်နှာလိုက်၍ ကျွေးခဲ့တယ်၊
မျက်နှာနည်းပါး၊ လူမွဲများ၊ မလွှဲသာကျွေး ကျွေးရတယ်။
လူချမ်းသာပင်၊ မဏ္ဍပ်ဝင်၊ ဖျာလျှင် သင်ဖြူး ခင်းပေးတယ်၊
သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျိုဗျာမစဲ ခေါ်ခဲ့တယ်၊
ကွမ်းဆေးလက်ဖက်၊ ဆီစက်စက်၊ ဝက်နှင့်ကြက်သား ကျွေးခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ ငွေမျက်နှာ၊ သည်လိုဟာမှ သဒ္ဓါတယ်။


၁၀။ မင်းအလှူမှာ၊ ငွေကုန်သာ၊ နှမြောပါဘိကွယ်၊ 
ပရိက္ခရာ၊ ဆောင်ရန်မှာ၊ ကောင်းစွာ လှူလားကွယ်၊?
ပရိက္ခရာ၊ ညံ့လှစွာ၊ အဖိုးချိုတာ ရွေးဝယ်တယ်။


၁၁။ လှူသောအခါ၊ ပစ္စည်းမှာ၊ စင်ကြယ်ပါလားကွယ်၊?
ကျွန်တော်လှူတာ၊ ပစ္စည်းမှာ၊ ခိုးတာများခဲ့တယ်။


၁၂။ ပစ္စည်းကုန်မှာ၊ မင်းလှူတာ၊ ဝမ်းနည်းပါလေတယ်။
ဘုန်းကြီးပင့်ခန်း၊ အလမ်းလမ်း၊ ပြောစမ်းပါဦးကွယ်၊?
အကျင့်သိက္ခာ၊ ရွေးချယ်ကာ၊ မြတ်ရာကိုယ်တော်ပင့်လားကွယ်၊?
သည်လိုဟာမှာ၊ မလေ့လာ၊ မျက်နှာနာမှ ပင့်ခဲ့တယ်၊
နှုတ်ဆက်ခေါ်ငင်၊ မျက်နှာရွှင်၊ ပုဂ္ဂိုလ်ကောင်းလို့ ထင်ခဲ့တယ်၊
သည်လိုဆရာ၊ ကျွန်တော်မှာ၊ များစွာပင့်ခဲ့တယ်၊
တို့အမျိုးပါ၊ တို့ဆရာ၊ တို့ရွာကိုယ်တော်ပင့်ဦးမယ်၊
ပြောင်းနှင့်စပါး၊ မင်းတို့များ၊ ဘယ်လောက်ရလားကွယ်၊
ကျောင်းကိုများသွား၊ ရယ်ဟားဟား၊ လက်ဖက်ကွမ်းဆေး စားခဲ့တယ်၊
ငှက်ပျောအုန်းသီး၊ ဒကာကြီး၊ မြည်းစမ်းပါဦးကွယ်၊
ဒီလိုခေါ်ဆို၊ မျက်နှာချို၊ ထိုပုဂ္ဂိုလ်မှ ပင့်ခဲ့တယ်၊
ကျွန်တော်တို့ရွာ၊ လှူကြတာ၊ ဒီလိုချည်းသာ ပင့်ကြတယ်၊


၁၃။ အမောင်လှူတာ၊ ဗလချာ၊ တန်ပါဦးတော့ကွယ်၊
အင်္ဂါငါးလီ၊ ပဉ္စသီ၊ ဆောက်တည်မြဲလားကွယ်၊?
သီလငါးပါး၊ ကျင့်တရား၊ ပျက်ပြားများခဲ့တယ်၊
သက်သတ်ခိုးမှု၊ ကာမေသု၊ တခုမကျန် ပေါက်ခဲ့တယ်၊
မုသားသေရည်၊ ဤနှစ်လီ၊ ဝသီရှိတိုင်း ကျင့်ခဲ့တယ်။


၁၄။ ဖြစ်ခဲလေစွ၊ လူ့ဘဝ၊ သနားလှတော့တယ်၊
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ လူတကာလည်း ပျက်ကြတယ်၊
မိန်းမတွေဟာ၊ ပျက်လိုက်တာ၊ ဈေးဝယ်ရာတောင် ရန်ဖြစ်တယ်။


၁၅။ သည်မှတခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်၊
ဘုရား တရား၊ သံဃာများ၊ ဝပ်တွားပါလားကွယ်၊?
ဘုရားဖူးများ၊ တဟားဟား၊ ပျော်ပါးရအောင် လိုက်ဖူးတယ်။


၁၆။ လိုက်သောအခါ၊ မြတ်ဗုဒ္ဓါ၊ ကြည်ညိုလှစွာ ဖူးလားကွယ်၊?
ဗုဒ္ဓဂုဏော၊ စိတ်မစော၊ ရယ်မော စားသောက် ပြန်ခဲ့တယ်။


၁၇။ မာတာပိတ၊ မိနှင့်ဘ၊ ညွတ်ခယလားကွယ်၊?
မညွတ်ခဘဲ၊ ကျွန်တော်လည်း၊ ဆဲတောင်ဆဲသေးတယ်။


၁၈။ မှားစွမှားစွ၊ မောင်ဗာလ၊ သနားပါဘိကွယ်၊
တရားတော်မှာ၊ ဒေသနာ၊ ကြားနာရဲ့လားကွယ်၊?
စိတ်ကမပါ၊ ရှက်လိုက်တာ၊ လူဆိုမှာကြောင့် နာဖူးတယ်။


၁၉။ နာသောအခါ၊ မင်းစိတ်မှာ၊ သဒ္ဓါကြည်နူးရှိလားကွယ်၊?
ကယောင်ချောက်ချား၊ စိတ်ကသွား၊ တောထဲများတောင် ရောက်သေးတယ်။


၂၀။ ပုဂ္ဂိုလ်များစွာ၊ ဟောကြားပါ၊ သည်တခါလားကွယ်၊?
ကျွန်တော်မျိုးမှာ၊ တခါသာ၊ လူမျက်နှာကြောင့် လိုက်သေးတယ်။


၂၁။ သည်တခါနာ၊ အမောင့်မှာ၊ ကြည်ညိုပါလားကွယ်၊?
တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ပြန်ခဲ့တယ်၊
မိန်းမတွေဟာ၊ ငိုက်လိုက်တာ၊ ကျွန်တော့်ထက်တောင် သာသေးတယ်။


၂၂။ စံကျောင်းဝိဟာ၊ မြတ်သံဃာ၊ ဆည်းကပ်ပါလားကွယ်၊?
ဆွမ်းမုန့်ငှက်ပျော၊ ကျောင်းမှာပေါ၊ ရော၍လိုက်ဖူးတယ်။


၂၃။ လိုက်သောအခါ၊ ထေရ်သံဃာ၊ ရဟန္တာလို့ ထင်လားကွယ်၊?
ဘုန်းကြီးနားမှာ၊ မရောက်ပါ၊ တော်ရာချောင်က ခိုခဲ့တယ်။


၂၄။ ခိုသောအခါ၊ မင်းစိတ်မှာ၊ ကြည်ညိုပါလားကွယ်၊?
ကြည်ညိုဝေးကွာ၊ ကျွန်တော့်မှာ၊ စားစရာသာ ကြည့်ခဲ့တယ်၊
 စားစရာမြင်၊ မကျွေးလျှင်၊ စိတ်တွင်ပြစ်မှားတယ်၊ 
ဘုန်းကြီးနှယ်ကွာ၊ နှမြောတာ၊ သည်လိုများတောင် ဆိုမိတယ်၊
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ သူတကာလည်း ဆိုကြတယ်။


၂၅။ ကျောင်းပစ္စည်းများ၊ အမောင်အား၊ ရှောင်ရှားရဲ့လားကွယ်၊?
စားသည့်ထမင်း၊ ဝမ်းတောင့်တင်း၊ ကျောင်းက အနိုင်ဆင်းခဲ့တယ်။


၂၆။ စားသည်မယွင်း၊ ကျောင်းတလင်း၊ ခတ်ခြင်း တံမြက် လှည်းလားကွယ်၊?
မလှည်းမိပါ၊ ကျွန်တော့်မှာ၊ စားပြီးသောက်ခါ ပြန်ခဲ့တယ်၊
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ သည်လိုချည်းသာ စားကြတယ်။


၂၇။ အမောင်ယောက်ျား၊ မင်းဖြစ်ငြား၊ သနားပါဘိတယ်၊
ဥပုသ်စောင့်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်၊
ဥပုသ်အင်္ဂါ၊ အရိယာ၊ ဖြူစွာသီလ စောင့်လားကွယ်၊?
ဘုန်းကြီးများထံ၊ သီလခံ၊ ကျွက်ဆူညံအောင် ပြောခဲ့တယ်။


၂၈။ ပြောသောစကား၊ မင်းဖြစ်ငြား၊ တရားကြောင်းလားကွယ်၊?
တရားကြောင်းရာ၊ မဟုတ်ပါ၊ ရောက်မိရောက်ရာ ပြောပါတယ်၊
လယ်ယာ-ကျွဲ-နွား၊ ပြောင်း-စပါး၊ သားမယားကြောင်း ပြောခဲ့တယ်၊
စပ်မိစပ်ရာ၊ ပြောလိုက်တာ၊ နွားချင်းလဲရာ ရောက်သေးတယ်၊
စကားမဆုံး၊ တနေ့လုံး၊ အုန်းအုန်းကျွတ်ကျွတ် ညံခဲ့တယ်၊
ဥပုသ်စောင့်ရာ၊ ပြောကြတာ၊ မိုးမရွာကြောင်းသာ များကြတယ်။


၂၉။ သီလပျောက်ကျား၊ စောင့်လေငြား၊ မိုးကားကွက်ကြား ရွာတတ်တယ်၊
မင်းတို့လူ့ဘောင်၊ သီလကြောင်၊ မိုးရှောင်ကွင်းတတ်တယ်၊
မင်းတို့ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်တွေးပကွယ်၊
မင်းတို့စောင့်တာ၊ ဥပုသ်မှာ၊ ထမင်းဆာတာ သနားတယ်၊
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းပါလားကွယ်၊?
ကမ္မဋ္ဌာန်းဘာဝနာ၊ အလုပ်မှာ၊ လွန်စွာ နည်းခဲ့တယ်။

၃၀။  တရားစကား၊ အမောင့်အား၊ ဆွေးနွေးပါလားကွယ်၊?
တတ်သည်ဆိုလျှင်၊ ကျွန်တော်ပင်၊ အလွန်မေးချင်တယ်။


၃၁။ မေးသောအခါ၊ အကြောင်းရာ၊ ဘာဝနာလားကွယ်၊?
ပရိသတ်ဘောင်၊ လူလယ်ကောင်၊ အထင်ကြီးအောင် မေးခဲ့တယ်၊
မဖြေနိုင်က၊ အရှက်ရ၊ နာမည်လှလှ ပျက်ခဲ့တယ်၊ 
တခါတခါ၊ ကျုပ်တို့ရွာ၊ စာစကားသာ ပြောကြတယ်၊
သင်္ဂြိုဟ်ဘေးပေါက်၊ ကောက်သင်းကောက်၊ ရောက်မိရောက်ရာ ငြင်းကြတယ်၊
ကျွန်တော်ကတောင်၊ တတ်ဟန်ဆောင်၊ ဖောင်ဖောင်လန်အောင် ငြင်းခဲ့တယ်။


၃၂။ ငြင်းသောအခါ၊ မင်းစိတ်မှာ၊ ဘယ်လိုပါလဲကွယ်၊?
ကျွန်တော်ကပင်၊ ဂုဏ်လိုချင်၊ တတ်သည်ထင်အောင် ငြင်းခဲ့တယ်၊
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ စာငြင်းတာနဲ့ ရန်ဖြစ်တယ်၊


၃၃။ အမောင်ယောက်ျား၊ လျှောက်စကား၊ အမှားတွေသာ များခဲ့တယ်၊
အားကိုးစရာ၊ ကုသိုလ်မှာ၊ ဘယ်ဟာကိုမှ မရှိတယ်၊
တခုကိုမှ၊ မေးမရ၊ ဝမ်းနည်းလှချေတယ်၊
အမောင်ဖြစ်ထွေ၊ သနားလေ၊ လူ့ပြည်မယား မကယ်တယ်၊
မကယ်ဖြစ်တာ၊ မင်းတခါ၊ ကြမ္မာမှောက်တော့မယ်၊
အမောင့်ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်သနားတယ်၊
ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍ နေတော့တယ်၊
သည်သောအခါ၊ ငရဲရွာ၊ ဆွဲကာချတော့တယ်၊
ချသောအခါ၊ သူ့ခမျာ၊ အော်ကာ ခံရတယ်၊
သံပေါက်အလာ၊ နှလုံးမှာ၊ မြဲစွာမှတ်ကြကွယ်။


ယမမင်းမေးလို့မှ ပြောစရာ ကောင်းမှု တခုမရှိ၊ ဒါန၊ သီလ၊ ဘာဝနာ ကင်းကွာ ဝမ်းစာရှာဖွေမှုဖြင့် အချိန်ကုန်ခဲ့ရပုံ၊ တသက်မှတခါ သားကြီးရှင်ဖြစ် အလှူပွဲမှာပင် ပကာသန ရှေ့တန်းတင်၍ လှူရကျိုးမနပ်ခဲ့ပုံ၊ အကျင့်ပျက်ပြား၊ မိဘနှစ်ပါး မရိုသေ၊ အသိတရား ပေးမည့် တရားဒေသနာပွဲကြုံလို့မှ မနာယူမိပုံ၊ ရှားရှားပါးပါး အခါကြီးရက်ကြီး ကျောင်းကန်ဘုရားရောက်ခိုက်ကလေးမှာပင် စားသောက်ငြင်းခုံ အချိန်ကုန်ခဲ့ပုံ စသော ပုထုဇဉ်လူသားတို့ ချို့ယွင်းချက် အဖုံဖုံကို အတိအလင်း ဖော်ထုတ်ထားပါ၏။


တဖက်မှကြည့်လျှင် ရှေးဘိုးဘွားများခေတ်က သိုက်မြိုက်စည်ကားစွာ ဘုရားသွားကျောင်းတက် ကုသိုလ်ဆက်ခဲ့ကြပုံ၊ ဥပုသ်သီတင်း စောင့်သုံးသူ များပြားခဲ့ပုံ၊ တရားစကား ပြောဆိုဆွေးနွေးကြပုံ စသည့် မြင်ကွင်းများကို ထင်ယောင်လာစေနိုင်သော သံပေါက်လင်္ကာများလည်း ဖြစ်နေပြန်ပါသည်။


ကျေးဇူးတော်ရှင် ဘာသာဋီကာ ကျမ်းပြုအကျော် မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးက အနာဂတ်သာသနာရေး ကျမ်းမှာ “သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍လှူခဲ့တယ်”စသည့် လင်္ကာပိုဒ်များ ကိုးကားလျက် ငွေကုန်လူပန်း အကျိုးမဲ့ ပကာသနအလှူများ ရပ်တန်းက ရပ်ကြဖို့ ဆုံးမတော်မူခဲ့ပါသည်။ ဓမ္မကထိက အကျော်အမော် ဆရာတော်ကြီးများ၏ တရားပွဲနှင့် ကြုံကြိုက်သော်မှ “တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ပြန်ခဲ့တယ်”ဟု ဆိုရလောက်အောင်ပင် ကျွန်တော်တို့ဘက်က ချို့ယွင်းချက်တွေ တလှေကြီးနဲ့ပါလား။

ကုသိုလ်ရဖို့လုပ်လျှင် ကုသိုလ်ဖြစ်ဖို့ အရေးကြီးပါသည်၊ ချွေးဒီးဒီးကျ အားစိုက်ရှာဖွေခဲ့ရသော ဥစ္စာဓနကို  စွန့်လွှတ်လှူဒါန်း ပေးကမ်းခြင်းသည်၊ တသက်တာ ဝမ်းမြောက်ကြည်နူး ကုသိုလ်ပွားဖွယ် ဖြစ်သင့်ပါ၏။ ပကာသနကိစ္စများဖြင့် မိမိအလှူဒါနကို မလျော့ပါးစေသင့်ပါ။ ဘုရားဖူးလျှင် ဘုရားဂုဏ်တော်ပွားများ ဆင်ခြင်မိစေဖို့၊ အနန္တဂိုဏ်းဝင် မိဘနှစ်ပါးကို ရိုသေလုပ်ကျွေးဖို့၊  ဥပုသ်စောင့်တာ ထမင်းဆာ အဖတ်မတင်စေဘဲ ပုတီးစိပ် ဘာဝနာတရားဖြင့် အကျိုးများခဲ့ဖို့ လိုပါသည်။


လိုရင်းကိုသိမှ လိုရာကို ရပါမည်။ လိုရင်းမရောက်ဘဲ အလွဲလွဲအချော်ချော် လုပ်နေတတ်ကြပုံများကို “ယမမင်းထံ အစစ်ခံ သံပေါက်”က အထင်အရှား ပြသခဲ့ပါ၏။ ယင်းသံပေါက်လင်္ကာများကို အကျင့်စာရိတ္တ ပြုပြင်ရေး စာပေအဖြစ် ဘိုးဘွားမိဘများ စွဲမက် နှစ်ခြိုက်ခဲ့ကြသည်။ ကျွန်တော်တို့ အတွက်လည်း အံဝင်ခွင်ကျ ရှိနေဆဲ။ နောင်နှစ်ပေါင်းများစွာလည်း အသိအမြင် အလင်းရောင်ပေးနေဦးမည်သာ။


မင်းစော (တောင်သမန်)
(သူရဇ္ဇ ၂၀၁၀-ဇန်နဝါရီလ)

Sunday, July 24, 2011

မီးယပ်သွေးတက်ရောဂါနှင့် အိမ်တွင်းကုသနည်း

ပိန်ကြုံသောအမျိုးသမီးများတွင် သွေးအားနည်းပါး၍ မီးယပ်သွေးခန်းကာ မီးယပ်သွေးတက်ရောဂါအဖြစ် လက္ခဏာပြသတတ်ပါသည်။ နေ့စဉ်စားသောက်နေသည့် အစားအစာများသည် အပူစာများ အဖြစ်များခြင်း၊ ရာသီဥတု ပူလွန်းခြင်း၊ မူလရုပ်ခံသဘာဝမှာလည်း အပူရုပ်ကပ်ခြင်း၊ ပူပင်သောကများလွန်းသူများ၌ အဖြစ်များတတ်၏၊ အာယုဗ္ဗေဒ ဆေးပညာအရ ရောဂါကုထုံးဆေးချက်မှာ ဥဏှဝါယော ပျက်၏၊ အေး-ချို-ချဉ်-မွှေး-သီတအာပေါဓာတ်ဖြင့် ကုသမှုကို ဆောင်ရွက်ရပေသည်။ အဆိုပါအရသာများသည် သွေးအားကို
ဖြစ်ထွန်းစေကာ အကြောအခြင်တို့ကို မူမှန်သန်မာစေပါသည်။ နှလုံးကို ကြည်လင်စေသည့် အာနိသင်များ တည်ရှိမှုကြောင့် သွေးတက်ခြင်းလက္ခဏာတို့ကို ပြေစေသည်။ လျော့ကျသက်သာစေသည်။ ထို့ကြောင့် အိမ်တွင်း ကုသမှုပြုရာ၌ မီးဖိုဆောင်အတွင်း ရရှိစေနိုင်သည့် သံပရာသီးကို ရွေးချယ် အသုံးပြုနိုင်ပါသည်။ ကုသမှုကို စီစဉ်ရာတွင် အစားအစာကုထုံးအနေနှင့် သံပရာသီးကို အေး-ချို-ဖြစ်စေရန် ဖျော်စပ်ကာ
သောက်ပေးနိုင်ပါသည်။ 


အခြား အိမ်တွင်းကုသနည်းများမှာ မန်းကျည်းဖျော်ရည်၊ ဆီးဖျာ်ရည်၊ ရှောက်ချဉ်သီးဖျော်ရည် စသည်များသည် အထက်ပါရောဂါတွင် အသုံးဝင်သော ဖျော်ရည်များဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။


ကျော်တင့်ဆွေ

မိုးပရိတ်

လယ်တီဆရာတော်ဘုရားကြီး-၏ ဘေးဆိုး ရန်ဆိုး ကပ်ဆိုး အန္တရာယ်ဆိုး ရောဂါဆိုးကြီးများ ကင်းပျောက်၍ မိုးသည်းထန်စွာ ရွာစေတတ်သော အန္တရာယ်ကင်း မိုးပရိတ် ဂါထာပါဌ် အနက်---

၁။ အဋ္ဌဝသတိ သမ္ဗုဒ္ဓါ၊ ဣဒ္ဓိမန္တော ဇုတိန္ဓရာ။
     ဣဒ္ဓိယာ ဇုတိယာ တေသံ၊ အန္တရာယာ သမေန္တု မေ။
၂။ သဗ္ဗေဒူရေ ပလာယန္တု၊ ပိသာစာ ယက္ခ ရက္ခသာ။
     သမ္မာဒေဝေါ ပဝဿန္တု၊ မောဒေန္တု သုခိတာ ဇနာ။

၁။ အဋ္ဌဝီသတိ သမ္ဗုဒ္ဓါ-နှစ်ကျိပ်ရှစ်ဆူသော မြတ်စွာဘုရားတို့သည်၊
ဣဒ္ဓိမန္တော-တန်ခိုးတော်အနန္တတို့နှင့်လည်း ပြည့်စုံတော်မူပေကုန်၏၊
ဇုတိန္ဓရာ-တောက်ပလွှမ်းမိုး အစွမ်းသတ္တိတန်ခိုေးတာ် အနန္တတို့ကိုလည်း ဆောင်တော်မူပေကုန်၏။
တေသံ-ထိုနှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားကြီးတို့၏၊
ဣဒ္ဓိယာ-တန်ခိုးတေဇာ အရှိန်အဝါတို့ဖြင့်၎င်း၊ (ဝါ) တန်ခိုးတေဇာ ရှိန်အဝါတို့ကြောင့်၎င်း၊
ဇုတိယာ-တောက်ပလွှမ်းဘိ အစွမ်းသတ္တိ တန်ခိုးတော်တို့ဖြင့်၎င်း၊
မေ-အကျွန်ုပ်အား၊
အန္တရာယာ-ဘေးဒဏ်ရန်မာန် အန္တရာယ်အပေါင်း မကောင်းဟူသမျှတို့သည်၊
သမေန္တု-ကင်းငြိမ်းပပျောက် မရောက်သည်သာ ဖြစ်ပါစေကုန်သတည်း။


၂။ သဗ္ဗေ-ခပ်သိမ်းကုန်သော၊
ပိသာစာ-မြေဖုတ်ဘီလူးတို့သည်၎င်း၊
ယက္ခရက္ခသာ-တောဘီလူး, တောင်ဘီလူး, ရေဘီလူး အစားကြူး အသောက်ကြူးတို့သည်၎င်း၊
ဒူရေ-ဝေးရာဌာနသို့၊
ပလာယန္တု-ထွက်ပြေးတိမ်းရှောင်ကြကုန်လော့၊
သမ္မာ-ကောင်းမွန်ညီညွတ်စွာ၊
ဒေဝေါ-မိုးတို့သည်၊
ပဝဿန္တု-အရည်ထန်စွာ ရွာပါစေကုန်သတည်း။
ဇနာ-ကမ္ဘာသူ, ကမ္ဘာသား သတ္တဝါအများတို့သည်၊
သုခိတာ-ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းရှိကြကုန်သည်ဖြစ်၍၊
မောဒေန္တု-ဝမ်းမြောက်ဝမ်းသာ ကြည်လင်ရွှင်ပျ ရှိကြပါစေကုန်သတည်း။


မိုးကိုရွာစေလို၍ ရွတ်သောအခါ သမ္မာဒေဝေါ ပဝဿန္တု-ကို ၃-ကြိမ် ၄-ကြိမ် စသည်ဖြင့် အခေါက်များစွာ ရွတ်လေ။ အခေါက်ကို ရေတွက်၍မနေဘဲ မရွာမချင်း ပြင်းထန်ခိုင်ခံ့သော ဝီရိယ ဥဿာဟတို့ မလျော့စေဘဲ ရွတ်ဖတ်လျှင် ရွာသွန်းလိမ့်မည်။ 


မြဝင်း (ဒဿန)

မျက်မြှေးရောရောဂါ နှင့် အိမ်တွင်း ကုသနည်း

ဤရောဂါ၏ လက္ခဏာတို့သည် မျက်လုံးကျိန်းစပ်ခြင်း၊ အလင်းရောင်ကို လုံးဝ မကြည့်နိုင်ခြင်း၊ မျက်ဝတ်ထွက်ခြင်း၊ မျက်ရည်ပူကျခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာရည်ယိုခြင်း၊ မျက်သားနီခြင်း၊ မျက်လုံးအိမ်
ရောင်ခြင်း စသည့် လက္ခဏာတို့ကို တွေ့ရှိနိုင်ပါသည်။ မြန်မာ့ဆေးပညာအရ ရောဂါစစ်တမ်းသည်
တေဇောနှင့် လေပျက်လွန်းခြင်းဟု သတ်မှတ် ပြဋ္ဌာန်းထားပါသည်။ ကုထုံးဆေးချက်အဖြစ် သီတအာပေါ အာကာသ-ဟု ဖွင့်ဆိုထားပါသည်။ အထက်ပါရောဂါကို အိမ်တွင်း ကိုယ်ပိုင်ကုသလိုသူများအတွက် မီးဖိုဆောင် စားသုံးသီးနှံဖြစ်သည့် မန်ကျည်းနှင့် သံပုရာသည် ရောဂါကုသရာတွင် အသုံးဝင်စေပါသည်။


ဤရောဂါကို ကုသရာတွင် မန်ကျည်းဖျော်ရည်ချိုအေးကို တိုက်ကျွေးပေးနိုင်ပါသည်။ သို့မဟုတ် သံပုရာဖျော်ရည် ချိုအေးမွှေးကို တိုက်ကျွေးပေးစေခြင်းဖြင့် ပျောက်ကင်းသက်သာမှုကို ရရှိစေနိုင်ပါသည်။


အပူမျက်နှာရောဂါနှင့် အိမ်တွင်းကုသနည်း---
မျက်စိပူခြင်း၊ မျက်စိစူးခြင်း၊ မျက်စိကျိန်းခြင်း၊ မျက်စိနီခြင်း၊ မျက်သားနီခြင်း၊ မျက်ဝတ်ထွက်ခြင်း၊ မျက်ရည်ပူကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောထိုးခြင်း လက္ခဏာတို့သည် အပူနာ မျက်စိနာရောဂါမျိုး ဖြစ်၏။ အကြောင်းရင်းများကို စစ်ဆေးလျှင် နေ့စဉ် အပူစာများကို စားသောက်မိခြင်း၊ ရာသီဥတုပူခြင်း၊ အပူဒေသခံ ဖြစ်နေခြင်း စသည်တို့ကို တွေ့ရှိစေနိုင်ပါသည်။ မြန်မာ့ဆေးပညာအရ စစ်တမ်းထုတ်ကြည်လျှင်
တေဇောဓာတ် လွန်ခြင်းပင် ဖြစ်၏။ ကုထုံးဆေးချက်အဖြစ် သီတအာပေါ ဖြဟ်၏။


အစာဖြင့် ကုသနည်းသည် မန်းကျည်ဖျော်ရည် အေးအေးချိုချို ရိုးရိုးကို တိုက်ကျွေးပေးနိုင်ပါသည်။ ထို့ပြင် သင်္ဘောသီးမှည့်ကို စားပေးခြင်းဖြင့် သက်သာလာစေနိုင်ပါသည်။ အထူးသဖြင့် ဤရောဂါအတွက် ဖရဲသီးသည် အကောင်းဆုံးအစာအဖြစ် မြန်မာ့ရိုးရာ ဆေးပညာရှင်များ၏ အယူအဆများကို တင်ပြလိုက်ရပါသည်။


ကျော်တင့်ဆွေ
(သူရဇ္ဇ ၂၀၁၀-ဇန်နဝါရီလ)

Saturday, July 23, 2011

ပိစပ်ရွက်

အစာအိမ်ရောဂါ 
အစာအိမ်ကင်ဆာ
လေးဖက်နာ
ဖြစ်ခဲ့သော် 
ပိစပ်ရွက်ကို ထောင်း
အရည်ညှစ်ပြီး  ဟင်းသောက်ဇွန်းနှင့် မနက် တဇွန်း, ည တဇွန်း ပုံမှန်သောက်လေ ပျောက်၏။

ချောင်းဆုံအုန်းသွင်

ကြို့ကြီးထိုးသော် မခက်လော၊ ဒီဆေးသောက်သော် မပျောက်လော

ပျားရည်တဇွန်းနှင့် ကြက်ဥတလုံး ဖျော်သောက်လိုက်ပါ။ တနေ့ ၂-ကြိမ် သောက်ပါ။ ၃-ရက် မကူးပါ။ သက်သာပျောက်ကင်းသွားပါလိမ့်မည်။
အထူးသတိပြုရန်မှာ အလောတကြီး ပျားရည်ကို မသောက်မိရန် ဖြစ်ပါသည်။ ပျားရည်သီးပါက အသက်ရှူလမ်းကြောင်း ပိတ်သွားတတ်ပါသည်။ ထို့ကြောင့် အနည်းငယ်လျက်၍ သောက်ရပါမည်။

ညီအောင်

ကိုယ်ဝန်ဆောင် မိခင်လောင်များ အော့အန်သော်

ကိုယ်ဝန်ဆောင် မိခင်လောင်းတိုင်း အော့အန်ခြင်း၊ ထမင်းဟင်း မစားချင်ခြင်းတို့မှ သက်သာပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေးပညာ နည်းစနစ်များ တင်ပြလိုက်ရပါသည်။

နွားနို့စိမ်း တဖန်ခွက်တွင် ထန်းလျက် နှစ်လုံး သုံးလုံး ထည့်ဖျော် သောက်ပေးခြင်းဖြင့် အော့အန်ခြင်း သက်သာပျောက်ကင်းသည့်အပြင် အားအင်ပါ ပြည့်ဖြိုးစေပါသည်။

တနည်း-အဝါရောင်ရှိသော ရှောက်သီးတလုံးအရည်ကို ထန်းလျက်နှင့် သောက်ကောင်းအောင် ဖျော်သောက်ပါ။

နောက်တနည်း-မည်ကျည်းသီးအနှစ် တိုက်ယူပြီး ပျားရည်စစ်စစ်နှင့် ဆတူနယ်၍ လက်ဖက်ရည်ဇွန်းတဇွန်းခန့် စားပေးပါ။ ဝမ်းမှန်၍ ထမင်းပါ စားကောင်းပါသည်။ အော့အန်ခြင်းများလည်း သက်သာပျောက်ကင်း သွားပါလိမ့်မည်။


အထက်ပါ မြန်မာ့တိုင်းရင်းဆေး နည်းစနစ် ၃-မျိုးထဲမှ မိမိတတ်စွမ်းရာ နီးစပ်ရာကို ပြုလုပ်သုံးစွဲခြင်းဖြင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများ အော့အန်ခြင်း၊ ထမင်းဟင်းအနံ့ မခံချင်, မစားချင်, မသောက်ချင်
ဖြစ်နေသော ရောဂါဝေဒနာများ သက်သာပျောက်ကင်းပြီး သားကောင်းမိခင်များ ဖြစ်ကြပါလိမ့်မည်။


ဇွဲလှမြင့်(နတ်မောက်)

ကိုယ်အောက်ပိုင်းသေ သက်သာပျောက်ကင်းနည်း

ဆန်အရက်ဦးရည် (၁၀)ကျပ်သား၊
ဓာတ်ဆီ (၁၀)ကျပ်သား၊
ရှောက်ရည် (၁၀)ကျပ်သား၊
မင်သော် (၁)ကျပ်သား၊
အပ်အသေး (အဝတ်ချုပ်အပ်) (၁၀)ချောင်း၊
၎င်းဆေးအစု (ဆေးအမည်)ငါးမျိုးကို သန့်ပြန့်သောပုလင်းထဲတွင်ထည့်။
နေပူပူတွင် လှန်း။ (ရက်သတ္တ လေးငါးပတ်ကြာလျှင် ပျော်ဝင်သွားနိုင်၏)
ဝေဒနာရင့်က လနှင့်ချီ၍ ဆေးရည်ကို လူးလိမ်းပါ၊ အဝတ်သန့်နှင့် စည်းပေးပါ။ 
ဝဋ်နာ ကံနာ မဟုတ်လျှင် သက်သာပျောက်ကင်းမည်။

မြလေးဖြူ(ဖြူး) 

အသံဝင်ပျောက် ချမ်းသာရောက်

ယခုဖော်ပြမည့် ဆေးနည်းသည် အပူကြောင့် အသံဝင်လို့ပဲ ဖြစ်ဖြစ်၊ ချောင်းဆိုးရလွန်းလို့ပဲ အသံဝင်ဝင်၊ အစားမှား, ရေချိုးမှား, အဆီအစ်လို့ပဲ အသံဝင်ပါစေ မည်သို့သော အသံဝင်ပဲဖြစ်ဖြစ် အားလုံးအတွက် ယုံကြည် စိတ်ချစွာ အသုံးပြုပေးနိုင်မည့်နည်း ဖြစ်ပါသည်။

ပြုလုပ်ဖော်စပ်ပုံမှာ ခေါင်းလျှော်ရာတွင် အသုံးပြုရသော ကင်ပွန်းသီး တတောင့်အား ပြာချပါ။ ရရှိလာသော ကင်ပွန်းသီးပြာအား ကြွေပန်းကန်တခုတွင် ထည့်ပါ။ ထို့နောက် ၄င်းထဲသို့ ပျားရည်နှင့် ရှောက်ရည် သင့်လျော်ရုံထည့်ပါ။ ထို့နောက် ၄င်းဆေးစုအား သမအောင်ဖျော်ပြီး လျက်ပေးပါ။ အသံမထွက်မချင်း လျက်ပေးနိုင်ပါသည်။

အများအားဖြင့် ဆေးတခွက်လျက်ပေးရုံနှင့် သက်သာပျောက်ကင်းကြသည်က များပါသည်။ လွန်သည် မှားသည် များသည် ဟူ၍ မရှိပါ။ 

သီတာထက် (ဥပဒေ)

ကလေးသူငယ် ချွဲကျပ်အတွက် အစွမ်းထက်တဲ့ ဆေးတလက်

ကလေးငယ် ချွဲကျပ် အသက်ရှူမဝ ဖြစ်ခဲ့သော် နှမ်းဆီ နှင့် ပရုတ်ဆီ ပါးပါး လက်ဖဝါးတွင်ထည့်ဖျော်၍ ကလေး၏ ရင်ခေါင်းမှ ဆီးခုံထိ အောက်သို့ သပ်ချလိမ်းပေးလိုက်ပါ။
ပြီးလျှင် ကွမ်းရွက်စိမ်တရွက်ကို ခြေမွပြီး သတ္တုရည် ညစ်ထားပါ။
ပြီး သနပ်ခါးအမြစ်ကိုလည်း ရေနှင့်အနှစ်ရအောင် သွေးထားပါ။ 
ကွမ်းရွက်စိမ်း သတ္တုရည်နှင့် သနပ်ခါးအမြစ် အနှစ်ကိုရော၍ ကလေးကို လက်ဖက်စားတဇွန်းလျော့လျော့ တိုက်လိုက်ပါ။  
ပြီး ကလေး မိခင်ကိုပါ ဟင်းသောက်ဇွန်းတဇွန်းလောက် တိုက်လိုက်ပါ။

မိခင်ကိုပါ တိုက်ရခြင်းအကြောင်းက ကလေးဆီကို ဆေးတိုက်ရိုက်တိုက်ထားတဲ့အပြင် ကလေးနို့စို့တဲ့အခါ နို့ရည်ကတဆင့် ဆေးဓာတ် ဆက်သွားအောင်လို့ပါ။  


နတ်မောက် မင်းသန့်နိုင်

အသည်းအဆီဖုံးရောဂါအတွက် လဲလူရွက်

ယခုတလော အဖြစ်များနေသော ရောဂါမှာ အသည်းအဆီဖုံးရောဂါ ဖြစ်သည်။ နေ့စဉ် စားသောက်နေသော အစားအသောက်များက အဆီအဆိမ့်များခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ အအိပ်အနေ လွန်ကဲခြင်း တို့ကြောင့် အသည်းအဆီဖုံးရောဂါ ဖြစ်ရသည်။ အများအားဖြင့် အဝလွန်သူ၊ လမ်းလျှောက်နည်းသူ၊ ဇိမ်ခံလွန်းသူ လူတန်းစားတို့ အဖြစ်များ၏။

တနေ့တွင် စာရေးသူ၏ ဆေးဆိုင်သို့ အသည်းအားဆေး Livolin (လစ်ဗိုလင်) လာရောက်ဝယ်ယူသူ တဦးက-
ကျွန်တော့်မိန်းမ အသည်းအဆီဖုံးရောဂါ ဖြစ်နေတာကြာပြီ ဆရာရယ်၊ သူက လမ်းလျှောက်ပါဆိုရင်လည်း မလျှောက်၊ နေ့ခင်း ထမင်းစားပြီးလည်း အိပ်၊ စားတော့လည်း ဝက်သားအဆီတို့၊ ငါးမြင်းဗိုက်သားတို့
ထောပတ်ထမင်းတို့ မဖြစ်ခံနိုင်တော့မလား။ ခုတော့ အသည်းပါရဂူကို လုပ်ကျွေးနေရပြီ

သူက ဆေးဝယ်ရင်းဖြင့် ဇနီဖြစ်သူ အသည်းအဆီဖုံး ရောဂါသည်အကြောင်း ရင်ဖွင့်နေသည်။ သူ့ရင်ဖွင့်သံကို ကြား၍ ထင်သည်၊ စာရေးသူ၏ ခေါင်းရင်းအိမ်မှ ဦးကျော်သန်းက စာရေးသူ၏ဆိုင်ဘက်သို့ ကူးလာပြီး-
ကဲ-နောင်ကြီးမိန်းမ အသည်းအဆီဖုံးရောဂါဖြစ်တာ ဘာမှမပူနဲ့၊ ဆေးနည်းပေးလိုက်မယ်၊ ခင်ဗျား သေသေချာချာ မှတ်ထား။


အသည်းအူ လဲလူ-တဲ့၊ အသည်းရောဂါနဲ့ ပတ်သက်သမျှကို လဲလူပင် ပဉ္စငါးပါးက နိုင်နင်းတယ်။ အသည်းရောင်၊ အသည်းအဆီဖုံး၊ အသည်းကြီး၊ အသည်းခြောက် ဘာမဆို သောက်လို့ရတယ်။
ဆေးနည်းကလည်း ခက်ခက်ခဲခဲမဟုတ်ဘူး၊ လဲလူမြစ်ရရင် အမြစ်၊ မရရင်လည်း လဲလူရွက် လက်တဆုပ်စာကို ရေစင်စင်ဆေး၊ ပြီးတော့ အဲဒီ လဲလူရွက်ကို ဟင်းချိုချက်သောက်၊ ပြုတ်တို့၊ ငါးရံ့နဲ့ ဟင်းချက်စား။ အရွယ်လက်တဆုပ်ကို သုံးခွက်တခွက်တင် ကျိုသောက်။ အသည်းအူ လဲလူ-ဆိုတဲ့ စကားအတိုင်း အသည်းရောဂါတင်မကဘဲ အစာအိမ်၊ အူသိမ်၊ အူမတွေမှာ ဖြစ်တဲ့ရောဂါတွေပါ ပျောက်ကင်း သက်သာတယ်။ ကျွန်တော့်သူငယ်ချင်း အင်းစိန် ပေါက်တောရပ်ကွက်က ကိုမင်းနိုင်ဆိုရင် အသည်းကင်ဆာ
ဖြစ်တာတောင် သက်သာတယ်။ မိတ်ဆွေ ယုံယုံကြည်ကြည် သုံးပေတော့။


ဦးကျော်သန်းပြောပြသော ဆေးနည်းကို အသည်းအားဆေး လာဝယ်သူက သေချာစွာ လိုက်လံမှတ်သားနေပါသည်။ ပြီးမှ သူသိလိုသော လဲလူအကြောင်းကို ဦးကျော်သန်းကို
မေးကြည့်လိုက်ပါသည်။


ဒါနဲ့ လဲလူက ဘယ်မှာ ရှာရမှာလဲ၊ ကျွန်တော်လည်း လဲလူရွက်ကို တခါမှ မမြင်ဖူးဘူး။
လဲလူပင်က အထက်အညာဒေသမှာတော့ ပေါတယ်။ ရေစကြိုနယ်မှာ ဆိုရင် လဲလူဖို၊ လဲလူမ -လို့တောင် အဖိုပင် အမပင်ရှိတယ်။ ဧရာဝတီတိုင်း ကျိုက်လတ်ဘက်မှာလည်း ပေါတယ်။ ရန်ကုန်နဲ့ အနီးဆုံးပြောရမယ် ဆိုရင်တော့ လှည်းကူးမြို့နယ်ထဲက ငါးဆူတောင်ဘက်မှာ ရှိတယ်။ တခါတခါလည်း အင်းစိန် တညင်းကုန်း ဘူတာဈေးမှာ ကုန်စိမ်းရောင်းတဲ့ ဟင်းရွက်သည်တွေဆီမှာ ပါလာတတ်တယ်။ မေးဝယ်လို့ရတယ်။ ကြိုတင်မှာထားလို့လဲ ရတယ်။ တကယ်ထက်တယ်၊ ပြောမယုံ ကြုံဖူးမှသိ ဆိုသလို သုံးကြည့်ရင် သိလိမ့်မယ်။


ထိုဆေးဝယ်သူ ပြန်သွားပြီး နှစ်ရက် သုံးရက်ခန့်အကြာတွင် တညင်းကုန်းဘူတာဈေးမှ လဲလူရွက်များရ၍ သူ့ဇနီးဖြစ်သူ စားသုံးနေကြောင်း သိရပါသည်။
၁၀-ရက်ခန့်အကြာတွင် ဆေးဝယ်လာသူသည် အပူငြိမ်းဆေး လာဝယ်ရင်းဖြင့် သူ့ဇနီးသည် ခံစားနေရသော အသည်းအဆီဖုံးရောဂါဝေဒနာ သက်သာပျောက်ကင်းသွားပြီဖြစ်ကြောင်း အားရဝမ်းသာ ပြောပါသည်။
ဆေးနည်းဒါနပြုသော ဦးကျော်သန်းကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောရင်း စာရေးသူ ပီတိဖြစ်နေမိပါတော့သည်။


ဗအုပ်ခိုင်
(သူရဇ္ဇ ၂၀၀၉-ခု ဇူလိုင်လ)

ဤသို့ပြုသောကြောင့် ဤသည့်ဝေဒနာများ သက်သာပျောက်ကင်းခဲ့သည်

စာရေးသူဟာ သဘာဝဓမ္မ တိုင်းရင်းဆေးပညာရှင်တဦး ဖြစ်ပါတယ်။ ကြွားဝါလိုသောကြောင့် ပြောခြင်း မဟုတ်ပါ။ ဆေးကုသက် အနှစ် ၂၀-ဝန်းကျင်ရှိပြီး လူနာပေါင်းများစွာ ရောဂါပေါင်းတော်တော်စုံစုံကို ကုသဖူးပါတယ်။ တချို့ရောဂါတွေဟာ အခံရခက်ပြီး ဆေးမှား၊ ဆရာလွဲနဲ့ ကြုံကာ နာတာရှည်
ဖြစ်သွားတတ်ပါတယ်။

ဒါကြောင့် စာဖတ်သူမှာ ဒါမှမဟုတ် စာဖတ်သူနဲ့ တွေ့ကြုံရတဲ့သူတွေမှာ ဒီလိုအခက်မျိုးနဲ့ကြုံရင် ဒီနည်းလေးတွေ ပြောပြပြီး ဇီဝိတဒါနပြုပေးနိုင်ပါစေ-ဆိုတဲ့ စေတနာနဲ့ တင်ပြအပ်ပါသည်။

* ခြေဖဝါးမှာ အတွင်းက အရိုးအတက်ထွက်သလိုလို ဘာလိုလိုနဲ့ ခုံဖိနပ်တောင် မစီးနိုင်ဘဲ နာအောင့်နေသူကို ပန်းစက္ကူရွက်တွေ ထုထောင်းပြီး ပတ်တီးနဲ့ စည်းပေးထားရင် ရက်အနည်းငယ်အတွင်း သက်သာပျောက်ကင်းပါတယ်။ 
* ဘာစားစား ခံတွင်းမလိုက်ဘဲ မစားချင်မသောက်ချင် ဖြစ်နေသူကို နေ့လယ်ပိုင်းမှာ ရှောက်ရွက်နဲ့ ထန်းလျက် ကျိုတိုက်လိုက်ပါ။
* စမြင်းခံပြီး ဝမ်းသွားရခက်နေသူကို ညအိပ်ရာဝင်မှာ ပဲနီလှော် လက်တခုပ်လောက်စားပြီး ရေအေး
 သောက်ခိုင်းလိုက်ပါ။ နံနက်မှာ စမြင်း လွင်လင့်တကူ ကျလာပါတယ်။
* ချောင်းဆိုးတဲ့အခါ သလိပ်မရဘဲ ချောင်းခြောက်ချဉ်း ဆိုးနေသူကို ထန်းလျက်နဲ့ ရှောက်ရည် ဖျော်ပြီး တစွတ်စွတ် လျက်ခိုင်းပါ။ ရင်ကျပ်နဲ့အမောကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
* နွေရာသီ နေပူပူမှာ ဆန်ကိုလှော်ပြီး လက်ဖက်ခြောက်နဲ့ ရော၍ ရေနွေးကြမ်းမှာ ထည့်သောက်ရင် အပူဒဏ်ခံနိုင်တယ်။ သက်ကြီးရွယ်များရဲ့  အမောရောဂါကို သက်သာစေပြီး အားရှိစေပါတယ်။
* ဘာအကြောင်းကြောင့် ဖြစ်စေ လှိုက်မောမောနေရင် မိုးနံသီးကို များများ အစိမ်းအတိုင်း စားပေးပါ။
* ဘာကြောင့် အနာဖြစ်ဖြစ် အမြန်ပျောက်ချင်ရင် သနပ်ခါးရွက်၊ ကွမ်းရွက်၊ ကြက်ဟင်းခါးရွက်တို့ကို ဆတူထောင်းပြီး ဆားနည်းနည်း ခတ်သောက်ပါ။ တခါသောက် ဟင်းစားဇွန်း တဇွန်း၊ တနေ့ ၄-ကြိမ်သောက်ပါ။ အနာမန်း သိမ်းလှပါတယ်။ ညှော်အတွက် ရှိန်းခို လက်ဖက်ရည်ဇွန်းဝက်ခန့် မကြာခဏ ဝါးပေးပါ။
* ကိုယ့်အမျိုးထဲကဖြစ်ဖြစ် အမြင်မတော်လို့ဘဲ ဖြစ်ဖြစ် သာမဏေ ကိုရင် တပါးပါးရဲ့ ဦးခေါင်းမှာ ဒက်တွေ၊ ပွေးတွေ ပေါက်နေရင် သွပ်ပြားသန့်သန့်ပေါ်မှာ အုန်းမှုတ်ခွက်ကို မီးရှို့လိုက်ပါ။ အနက်ရောင်အစေးတွေ ထွက်လာပါလိမ့်မယ်။ အဲဒါကို လိမ်းဆေးအဖြစ် ဒါနပြုပါ။
* ခေတ်သဘောအရ မလွဲမသွေ ကြုံတွေ့ရမယ့် အရက်နာကျနေသူကို ပျားရည်နဲ့ ရေနွေး အကြိမ်များစွာ ဖျော်တိုက်ပါ။ အသက်ပြင်းပြင်းရှူခိုင်းပါ။ နောက်ပြီး ထမင်းရည်ကို အားဖြည့်ဓာတ်စာအဖြစ် ပေးပါ။
* အသက်ရလာလို့ ဒူးနာရောဂါဖြစ်သူကို ထမင်းကြမ်း၊ မြေနီ၊ ဆား ရောကြိတ်ပြီး ပတ်တီးစည်းထားပါစေ။ တခါတရံ ကျောက်ဖရုံသီးရဲ့ အူကို ယမ်းစိမ်းလေးဖြူးပြီး ပတ်တီးစည်းပါ။
* ဆီးပူ၊ ဆီးအောင့်ပြီး အခြေအနေ အတော်ဆိုးနေသူကို ကြက်သွန်နီ ၂-ဥလောက် အခွံခွါ၊ ရေသန့်သန့်ဆေး၊ ပါးပါးလှီးပြီး သကြားနဲ့ နယ်ကာ စားပစ်လိုက်ပါ။ သုံးခါလောက် စားမိရင်ပဲ အခြေအနေ ကောင်းသွားပါမယ်။
* တညင်းသီး ကြိုက်တတ်သူတွေဟာအစားအလွန်ပြီး တခါတည်း ဆေးရုံဆေးခန်းသို့
ရောက်သွားတတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ တညင်းသီး စားပြီးတိုင်း ထန်းလျက်စားပေးပါ။ နောက် တညင်းသီးကို ထက်ခြမ်းခွဲလိုက်တဲ့အခါ ဝတ်ဆံလေး တွေ့ပါမယ်။ အဲဒါလေးကိုလည်း ဖယ်ပြီးမှ စားပါ။
* ကိုယ်ဝန်ဆောင်သည်များ ဘာအကြောင်းကြောင့်ဖြစ်စေ ကိုယ်ဖော ကိုယ်ရောင်လာရင် ကနဖော့ရွက် ပြုတ်ပြီး ရေချိုးပါ။
* ခြေဆီမထွက်လို့ ခြေဖဝါးတွေ ကြမ်းရှပြီး အနေရခက်ရင် ညအိပ်ရာဝင်မှာ ၅-မိနစ်လောက် ဆားနင်းပေးပါ။ 


မြင်းမူ-ဦးအောင်မြင့်သိမ်း (အရှေ့တိုင်းပညာ)
(သူရဇ္ဇ ၂၀၀၉-ခု ဇူလိုင်လ)

ဆီးချုပ်လျှင် ဆေးနည်းတိုများ

ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး-ဆိုသကဲ့သို့ အမျိုးသားများတွင် ဆီးချုပ်၊ ဆီးကျန်ခြင်း၊ ဆီးသွားရ အားမရခြင်းရောဂါ အဖြစ်များတတ်ပါသည်။
ထိုကဲ့သို့ ဆီးချုပ်ခြင်းအတွက် အလွယ်သုံးဆေးနည်းတိုများ တင်ပြအပ်ပါသည်။ မိမိနှင့် နီးစပ်ရာ၊ အလွယ်တကူ ရနိုင်ရာ ဆေးအမည်နှင့် ပြုလုပ်သုံးစွဲနိုင်ပါသည်။

* ငုရွှေဝါပင်၏ အနှစ်ကို ရေနှင့်သွေး၍ ချက်အောက်ဆီးခုံပေါ် မကြာခဏ လိမ်းပေးပါ။
* ကုလားမျက်စိအရွက် ပြုတ်ရည်ကို သောက်ပေးပါ။ (ဇံရွေးနွယ်ပင်ကို ကုလားမျက်စိပင်ဟု ဆိုပါသည်)
* ခွေးလေးယားစေ့အမှုန့် ၅-ရွေးသား ရေနှင့် ဖျော်သောက်ပေးပါ။
* တောကြက်မောက်ဆူးပင် ပဉ္စငါးပါးသတ္တုရည် တဇွန်းနှင့် သံပရာရည်ကို ရေနှင့်ဖျော်သောက်ပါ။
* တမာသီးကို စားပေးပါ။
* ဆေးမြင်းခွါရွက် သတ္တုရည်ကို သကြားနှင့် ဖျော်သောက်ပေးပါ။
* ဒန္တသုခပင် တပင်လုံး အခြောက်လှန်းပြီး လက်ဖက်ခြောက်ကဲ့သို့ ရေနွေးတွင် ခတ်သောက်ပေးပါ။

အလွယ်သုံး သက်သာပျောက်ကင်းစေသော ဆေးနည်းတိုများ ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

နတ်မောက် မင်းသန့်နိုင် 
(သူရဇ္ဇ ၂၀၀၉-ခု ဇူလိုင်လ)