စာရေးသူ ပထမအကြိမ် ပဋ္ဌာန်းတရားတော်မြတ် ပစ္စယနိဒ္ဒေသကို ရွတ်ဖတ်ပူဇော်ရခြင်း အကျိုးထူးများ ကိုယ်တွေ့ဖြစ်ရပ်ကို ရေးသားတင်ပြခဲ့ပါတယ်။ ယခုတဖန် တပည့်မတဦး၏ ကိုယ်တွေ့ဖြစ်ရပ်ကို စာဖတ်သူများ သဒ္ဓါတရား ပွားများနိုင်စေရန် ထပ်မံရေးသား တင်ပြလိုက်ပါသည်။
Saturday, December 31, 2011
Thursday, December 29, 2011
မျက်စိနာအတွက် ဆေးနည်းတလက်
တနေ့ ညောင်လေးပင်မြို့ ရိုးမစားသောက်ဆိုင်ပိုင်ရှင် ဒေါ်အုန်းကြည်၏ မွေးနေ့ အလှူမင်္ဂလာပွဲသို့ ကျွန်တော်နှင့်အတူ ဆရာတော်ကြီး ဦးနာဂိန္ဒ အမှူးပြုသော သံဃာတော်များ ရောက်ရှိသွားကြပါသည်။ ဆရာတော်ကြီးနှင့် ပင့်သံဃာတော်များအား ဆွမ်းကပ်လှူ တရားနာအပြီး ဧည့်ပရိသတ်များနှင့် အတူ စကားလက်ဆုံ ပြောမိကြသည်။
Wednesday, December 28, 2011
တီဘီရောဂါအတွက် ဆေးတလက်
ကသစ်ပင်ရဲ့ အခေါက်ကို ခွါယူပြီး
ဆန်ဆေးရည် ဒုတိယရည်နဲ့
ရေနွေးကြမ်း ပန်ကန်လုံး တလုံး ပျစ်ပျစ်ရအောင် သွေး၊
တနေ့ ၃-ကြိမ်လောက် သောက်ပေတော့။-

ဖျားပြီး အပူကြီးသူ အပူကျ သက်သာစေဖို့ ဆေးနည်း
ကလေးရော လူကြီးပါ ဖျားလျှင် တချို့ အပူကြီးတတ်ပါသည်။ ထိုဖျားပြီး အပူကြီးနေသည်ကို အပူကျ၍ သက်သာပျောက်ကင်းစေသော ဆေးနည်းမှာ
ဥသျှစ်သီးအမှည့် အခွံကို သနပ်ခါးနှင့် ရောသွေးပါ၊ အပူကြီးသူကို နှစ်နာရီတကြိမ် တိုက်ပေးပါ။
အပူကျသွားပါက ဆက်တိုက်ရန် မလိုပါ။
အပူကြီးသည့် အနည်းအများအလိုက် တစ်ခါနှစ်ခါ တိုက်ရုံမျှဖြင့် အပူကျပြီး အဖျားရောဂါ သက်သာပျောက်ကင်းစေပါသည်။
တခါတိုက် လက်ဖက်ရည်ဇွန်း တစ်ဇွန်းမျှ ဖြစ်ပါသည်။
အေးဆွေ (ပန်းတောင်း)
(နက္ခတ္တ ၂၀၀၇-၄)

ကျားမှန်လျှင် အားသန်ရမည်
အမျိုးသား အားနည်းရောဂါ (ပန်းသေ ပန်းညှိုး) ဖြစ်တတ်သူများမှာ---
၁။ မေထုန်မှု လွန်ကဲသူများ
၂။ သဘာဝမဟုတ်သော ဟတ္ထမေထုန် ပြုသူများ
၃။ ကုန်ခန်းသွားသော သုက်ဓာတ်နဲ့ အင်အားများကို ဆေးဝါးဓာတ်စာနဲ့ ပြန်လည် မဖြည့်ဆည်းသူများ
၎။ အပျော်အပါးကို လိုက်စားသူများ
၅။ သားကြောဖြတ်ထားသူများ
၆။ မြစ်ခြောက်နာ ရှိသူများ
၇။ အဆုတ်ရောဂါ ရှိသူများ
၈။ လေဖြတ်ဖူးသူများနဲ့ လေငန်းရောဂါရှိသူများ
၉။ ဆီးချို သွေးချိုရောဂါရှိသူများ
၁၀။ လိပ်ခေါင်းရောဂါရှိသူများ
၁၁။ အသက်အရွယ်ကြီးရင့်သူများ
ပန်းသေ ပန်းညှိုး ဖြစ်တတ်ကြပါတယ်။
ပန်းသေ ပန်းညှိုး ရောဂါဆိုပြီး အလွယ်တကူ ပြောဆိုနေကြပေမယ့် အမှန်တကယ်တော့ ပန်းညှိုးပြီးမှ ပန်းသေရောဂါ ဖြစ်တတ်ကြပါတယ်။

Tuesday, December 27, 2011
ဆီးချို သွေးချိုရောဂါ
ဆီးချိုသွေးချို ရောဂါဆိုတာ သွေးထဲမှာ အချိုဓာတ်(သကြားဓာတ်) လွန်ကဲများပြားနေခြင်းကြောင့် ဖြစ်ပေါ် လာတဲ့ရောဂါ ဖြစ်ပါတယ်။ ယနေ့ သွေးဖောကါကြည့်လို့ ဆီးချိုသွေးချိုရောဂါ မရှိသေးဘူးဆိုပေမယ့် တနေ့နေ့ တချိန်ချိန်မှာ ဆီးချိုသွေးချိုရောဂါ ရှိလာနိုင်ပါတယ်။ ကျား/မ မရွေး ဖြစ်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာ ဝသူဖြစ်စေ၊ ပိန်သူဖြစ်စေ အစားအသောက် အနေအထိုင် မဆင်ခြင်ခဲ့လျှင် ဆီးချိုသွေးချိုရောဂါ ဖြစစ်နိုင်ပါတယ်။
သွေးတိုးသွေးတက်ရောဂါ သိကောင်းစရာများနှင့် ကုထုံး
ဒဂုံမြို့သစ် (တောင်ပိုင်း) သဘာဝဓမ္မ ဆေးကုခန်း ဆရာ ဦးသန်းဆွေထွန်း (တဆ-၀၂၀၆၂) နှင့် တွေ့ဆုံဆွေးနွေးခဲ့သော
သွေးတိုးသွေးတက်ရောဂါ သိကောင်းစရာများနှင့် ကုထုံး
သွေးတိုးရောဂါဟာ ဝဖြိုးသူများ ဖြစ်ပွားနိုင်သလို ပိန်သူတွေလဲ ဖြစ်နိုင်ပြီး ကျား-မ မရွေး ဖြစ်ပွားနိုင်တဲ့ ရောဂါ
ဖြစ်ပါတယ်။ သိပ္ပံဆေးပညာရှင်များက တိတ်တဆိတ် လူသတ်သမား (Silent Killer) လို့ တင်စားပြောဆိုကြပါတယ်။
Monday, December 26, 2011
ကျောင်း-အိမ် မခိုက်အောင် တက်နည်း
စာရေးသူသည် လောကီပညာ သိမှတ်စရာများနှင့် ပတ်သက်၍ လေ့လာသိရှိရသော အကြောင်းအရာများကို နက္ခတ္တရောင်ခြည် မဂ္ဂဇင်းမှတဆင့် အခါအားလျော်စွာ ရေးသားဖော်ပြနေလျက် ရှိပါသည်။
ယခုလည်း စာရေးသူအနေဖြင့် လောကီပညာနှင့် ပတ်သက်၍ ကျောင်းသစ်-အိမ်သစ်များ တက်ကြရာတွင် ကျောင်း-အိမ် မခိုက်အောင် တက်နည်းလေးကို နက္ခတ္တရောင်ခြည် မဂ္ဂဇင်းမှတဆင့် ဗဟုသုတအဖြစ် ရေးသားဖော်ပြလိုက်ရပါသည်။
တချို့ကျောင်းများ အိမ်များ တည်ဆောက်ကြရာတွင် ထိုအဆောက်အအုံများတွင် ပါရှိသော သစ်အမျက် အနာအဆာ (ဘေးဒုက္ခပေးနိုင်သောသစ်) များက ထိုအဆောက်အအုံများတွင် နေထိုင်ကြသောသူများအတွက် ခိုက်ရန်ပြုတတ်သည်ဟု ရှေးလောကီပညာရှင်ကြီးများက ဆိုထားခဲ့ကြပါသည်။
အကြောင်းမှာ ထိုအဆောက်အအုံများတွင် ပါရှိသော သစ် အမျက် အနာအဆာများက ထိုအဆောက်အအုံတွင် နေထိုင်ကြသောသူများအတွက် ကျန်းမာရေးဖြစ်စေ၊ အခြားနေထိုင်မှုများတွင်ဖြစ်စေ အဆင်မပြေမှုများဖြစ်စေနိုင်ကြောင်း သိရှိရပါသည်။
သို့ဖြစ်ပါ၍ ကျောင်းသစ်-အိမ်သစ်တွင် စတင်၍ တက်ရောက်နေထိုင်ကြတော့မည် ဆိုပါက ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးကြစေရန် ကျောင်းသစ်-အိမ်သစ် တက်သည့် မင်္ဂလာယူသော နည်းလေးကို ရေးသား ဖော်ပြလိုက်ရပါသည်။
* အိမ်သစ်တက်ငြား၊ သပြေသား၊ ဆောင်ထား တက်အပ်စွ။
* ကျောင်းသစ်တက်ငြား၊ သနပ်သား၊ ဆောင်ထားနိုင်နင်းလှ။
* ကျောင်းကြမ်း အိမ်ကြမ်း၊ နိုင်ရိုးတန်း၊ နည်းလမ်း ညွှန်ကာပြ။
ဆိုလိုသည်မှာ အိမ်အသစ် တက်ပါက သပြေသားကို အိုးသန့်သန့်တခုထဲတွင် ထည့်၍ လှေကားအရင်းတွင် ထားပြီး တက်ပါ။
ကျောင်းအသစ် တက်ပါက သနပ်သားကို အိုးသန့်သန့် တခုထဲတွင် ထည့်၍ လှေကားအရင်းတွင် ထားပြီး တက်ပါ။
ထိုသို့ ထည့်သည့်အခါ ရေပါထည့်ရပါမည်။
ဖော်ပြပါ အိုးများကို လှေကားအရင်းတွင် မကဘဲ လှေကားထိပ်မှာပါ လုပ်ပေးလျှင် ပို၍ ကောင်းပါသည်။
ဤကဲ့သို့ ပြုလုပ်ပြီး ကျောင်းသစ်-အိမ်သစ်များကို တက်ပါက ဘေးအန္တရာယ်မှ ကင်းဝေးကြောင်းကို ရှေးလောကီပညာရှင် ဆရာတော်ကြီးများက မိန့်မှာခဲ့ပါသည်။
ဖြိုးသန့်ကျော် (လွိုင်ကော်)

ပဋာစာရီ
သူဌေးသမီး ပဋာစာရာ (ပဋာစာရီ)သည် မိဘအိမ်တွင် ခိုင်းစေထားသော လူငယ်နှင့် ချစ်ကြိုက်ပြီး အိမ်မှထွက်ပြေး၏။ သားနှစ်ယောက်ရခါမှ မိဘထံ ပြန်လာရာ လမ်းခုလတ်တွင် လင်ယောက်ျား မြွေကိုက်၍ သေ၏။ သားငယ်ကို စွန်ချီ၍ သားကြီး ရေနစ်သေဆုံးပြန်သည်။
သောကပရိဒေဝဖြင့် တယောက်တည်းး ဆက်လက်သွား၍ မိဘမြို့သို့ ရောက်လာရာ၌ အမိအဖနှင့် မောင်တို့ ၃-ဦး မီးလောင် သေဆုံးနေသည်ကို တွေ့ရပြန်၏။ ဤသို့ သား-လင်-မိဘ-မောင်- ၆-ဦးစလုံး သေဆုံးမှု ကြုံရသော အဖြစ်ကြောင့် ရူးသွပ်သောအဖြစ်သို့ ရောက်သွားသည်။ အဝတ်မကပ်ဘဲ ဟိုဟိုသည်သည် ရောက်တတ်ရာရာ သွားနေလေသည်။
“သားငယ်ကို စွန်သုပ်၊ ရေမြုပ်၍ သားကြီးသေ၊ လင်သက်ဝေ မြွေခဲ၊ အိမ်လဲလို့ မိနှင့်ဖ၊ မောင်ကစ ဆုံးချေပြီ”ဟု အလီလီရွတ်ဆို၍ သွားနေရင်း ဇေတဝန်ကျောင်းတော် မြတ်ဘုရားထံ ရောက်လာခဲ့လေသည်။ ဘုရားရှင်၏ တရားတော်ကို ကြားနာရပြီး သောတာပန်တည်ကာ ထေရီမ ဖြစ်လာသည်။ တနေ့သောအခါ ပဋာစာရာသည် ခြေဆေးရေ၏ ရပ်တန့်မှုကိုကြည့်ပြီး အရွယ်သုံးပါး၏ ပျက်စီးခြင်းကို ဆင်ခြင်ရာ ဘုရားရှင်က ဂန္ဓကုဋီမှနေ၍ ရောင်ခြည်တော်လွှတ်လျက် ခန္ဓာငါးပါး ဖြစ်ပျက်မှုကို ဟောတော်မူသည်။
ပါဠိဂါထာ
ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။
မြန်မာပြန်
ခန္ဓာငါးပါး၏ အဖြစ်အပျက်ကို မရှုမမြင်ဘဲ အနှစ်တရာပတ်လုံး အသက်ရှည်ရခြင်းထက်
ခန္ဓာငါးပါး၏ အဖြစ်အပျက်ကို မပြတ်ရှုမြင်သော ပုဂ္ဂိုလ်၏ တရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။
ဆောင်ပုဒ်
ခန္ဓာငါးတန်၊ ဖြစ်ပျက်ဟန်ကို၊ ဉာဏ်ဖြင့်မယှဉ်၊ မသိမြင်မူ၊
နှစ်လျှင်တစ်ရာ၊ သက်ရှည်ပါလည်း၊ ဘာအကျိုးမျှ၊ ရှာမရတည့်။
ခဏဖြစ်လျက်၊ ခဏပျက်ကို၊ နှစ်သက်ဉာဏ်မွေ့၊ ထင်ရှားတွေ့က၊
တနေ့မျှသာ၊ နေရပါလည်း၊ တရာသက်ထက်၊ အမြတ်ထွက်၏။
(သဟဿဝဂ်၊ ပဋာစာရာ ဝတ္ထု)
ဦးချိုရှိန်

မိတ်ဆွေတုကို သတိပြုပါ
လူ့လောကတွင် အဆင်ပြေအောင် နေထိုင်နိုင်ရေးသည် အပေါင်းအသင်းများနှင့် ဆက်သွယ်၍နေ၏။ အပေါင်းအသင်းမထားဘဲ သီးခြားလွတ်လပ်စွာနေ၍ မဖြစ်ပေ။ ထို့ကြောင့် အလုပ်ပြီးမြောက်အောင်၊ စိတ်ချမ်းသာအောင်၊ စီးပွားတိုးတက်အောင် မိတ်ဆွေကောင်း ရွေးချယ်တတ်ရန်နှင့် မိတ်ဆွေတု ရှောင်နိုင်ရန် အရေးကြီးပေသည်။
ဤနေရာ၌ မြတ်စွာဘုရားက ကောသလမင်းကြီးအား ဟောညွှန်ပုံကို သတိပြုသင့်၏။ ဘုရားရှင်က မိန့်တော်မူ သည်မှာ---“ပုဂ္ဂိုလ်တယောက်၏ အကျင့်သီလ၊ အလေ့အထ၊ သဘောသကာယကို ကြာကြာပေါင်းကြည့်မှ သိနိုင်သည်။ ကြာကြာပေါင်းသော်လည်း သူ့အကြောင်းကို သတိထား လေ့လာမှ သိနိုင်သည်။ သတိထားသော်လည်း မိမိက စဉ်းစားဝေဖန်တတ်သော ဉာဏ်ရှိမှ သိနိုင်သည်။ မစဉ်းစား မဝေဖန်လျှင် မသိနိုင်” ဟူ၏။
တနေရာတွင် မြတ်စွာဘုရားက မိတ်ဆွေတု ၄-မျိုး၊ မိတ်ဆွေစစ် ၄-မျိုးကို ပြတော်မူ၏။
မိတ်ဆွေတု ၄-မျိုးမှာ---
(၁) အညဒတ္ထုပရမ မိတ်ဆွေတု=သူကသာ တောင်းတတ်၊ သူကသာ အသာယူတတ်သော မိတ်ဆွေတု။
မိမိက အနည်းငယ်ပေး၍ များများပြန်ရရန် မျှော်လင့်တတ်၏။
အကူအညီ လိုသောအခါ တကယ် စိတ်ရင်းစေတနာ မပါဘဲ တစုံတခုသော အကျိုးကို မျှော်လင့်၍ အပိုအမို လောကွတ်နှင့် ဟန်ဆောင် လုပ်ပေးတတ်၏။
(၂) ဝစီပရမ မိတ်ဆွေတု=နှုတ်သာပါ၍ လက်မပါသော မိတ်ဆွေတု။
လွန်ပြီးသောပစ္စည်းဖြင့် လောကွတ်လုပ်တတ်၏။ (မနေ့ကသာလာရင် ပေးနိုင်မှာပဲ၊ အခုတော့ ...)
နောက်လာမည့် ပစ္စည်းဝတ္ထုဖြင့် လောကွတ်လုပ်တတ်၏ (နောက်တခါတော့ အဆင်ပြေမှာပါ...)
အကူအညီတောင်းလျှင် အကြောင်းပြ၍ ငြင်းဆိုတတ်၏။ (မလွယ်လို့ပါ၊ မအားလို့ပါ၊ ချို့ယွင်းနေလို့ပါ စသည်ဖြင့် ရှောင်ဖယ်ခြင်း)
(၃) အနုပီယဘာဏီ မိတ်ဆွေတု=အလိုလိုက်၍ အကြိုက်ကိုသာ ပြောဆိုလေ့ ရှိ၏။
မကောင်းမှုကိစ္စများကို အားပေးအားမြှောက်ပြု၍ လိုက်လျောပြောဆိုတတ်၏။
ကုသိုလ်ကောင်းမှု ကိစ္စတွင် မိမိအကျိုး ရည်ရွယ်ချက်ကြောင့် ဟန်ဆောင်လိုက်လျောတတ်၏။
မိမိရှေ့တွင် အကြောင်းရှာ၍ ချီးမွမ်းပြောဆို အမွှမ်းတင်တတ်၏။ မျက်ကွယ်တွင် အပြစ်ပြော၍ အကျိုးပျက်စီးအောင် လုပ်တတ်၏။
(၄) အပါယသဟာယ မိတ်ဆွေတု=ပျက်စီးကြောင်းအမှုကိစ္စတို့၌ အပေါင်းအဖော် ပြုတတ်၏။
သေရည်အရက် သောက်ရာ၌ အဖော်ဖြစ်၏။ ပွဲလမ်းသဘင် စသော ပျော်ရွှင်မှု အလုပ်ပျက်လောက်အောင် လိုက်စားရာ၌ သွားဖော်သွားဖက် ဖြစ်၏။ အလောင်းအစား အကစားအလုပ်၌ အဖော်အဖြစ် အားပေးအားမြှောက် လုပ်၏။
ဒွါဒသနိပါတ် မိတ္တာမိတ္တဇာတ်တော်၌လည်း မိတ်ဆွေတု (ရန်သူ)၏ အချင်းအရာ လက္ခဏာများကို ရှစ်မျိုးခွဲခြား၍ ပြထားရာ မိတ်ဆွေတုကို ရှောင်ကြဉ်ရန် ကိစ္စသည် အရေးကြီးသောအချက် ဖြစ်သည်ကို သတိပြုသင့်ပေသည်။

Friday, December 23, 2011
ဘာသာရေး ပြဿနာ (၁၀၇)
( ဘဒ္ဒန္တ တိလောကသာရ ဖြေသည်)
(အမျှဝေခြင်း)
မေး။ ။ဘဝတပါးသို့ ပြောင်းသွားသောပုဂ္ဂိုလ်အတွက် ကျန်ရစ်သူ မိသားစုက ကောင်းမှုကုသိုလ်ပြုလုပ်၍ အမျှဝေလျှင် ရနိုင်ပါသလား၊ သတင်းစာမှာ ထည့်၍ အမျှဝေကြသည်ကို တွေ့ရပါသည်။ ဤသို့ အမျှဝေ၍လည်း ရနိုင်ပါသလားဘုရား၊ ဖြေကြားတော်မူပါရန်။
(စိုးမြင့်အောင်-ပညာရံသီ) ပိန္နဲကုန်းရပ်ကွက်၊ အင်းစိန်။
ဖြေ။ ။ ကွန်လွန်ပြီးနောက် ပေတဂတိသို့ရောက်၍ ပေတဂတိတွင်လည်း ပရဒတ္တူပဇီဝိက-ခေါ် သူတပါးပေးလှူ၍ အမျှဝေလျှင် သာဓုခေါ်နိုင်သော ပေတဘဝမျိုးသို့ ရောက်ရှိနေသူဖြစ်ရပါမည်။ ထိုသူမျိုးသည် သူကိုယ်တိုင်ကပင် “မိမိ၏ အိမ်သူအိမ်သား ဆွေမျိုးများက ငါ့အတွက် မည်သည့်အချိန်တွင် အလှူဒါနပြု၍ အမျှဝေပါမည်နည်း”ဟု ငံပလင့်စောင့်မျှော်နေတတ်ပါသည်။ ထိုသူမျိုးသာ သာဓုခေါ်ဆိုနိုင်ပြီး ကုသိုလ်ကောင်းမှုအကျိုးကို ခံစားနိုင်ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တိုင်း ကွယ်လွန်စ၌ ဖြစ်စေ၊ သုဿာန်၌ဖြစ်စေ၊ ရက်လည် လပတ် နှစ်ပတ်လည်တို့၌ဖြစ်စေ ကုသိုလ်ကောင်းမှုပြု၍ အမျှပေးဝေလေ့ရှိပါသည်။ ဤသို့ ကုသိုလ်ကောင်းမှုမပြုဘဲ သတင်းစာတွင်ထည့်၍ အမျှဝေရုံဖြင့်ကား ရနိုင်စရာအကြောင်း မရှိပါ။ ကုသိုလ်ပြု၍ အမျှဝေခြင်းသာ လိုရင်းဖြစ်ပါသည်။ ကုသိုလ်ကောင်းမှုပြု၍ အမျှပေးဝေပြီး သတင်းစာမှာ ထည့်ခြင်းမှာ အမဆားသာဓုခေါ်နိုင်ရန် ဖြစ်ပေလိမ့်မည်။
***************
(သရဏဂုံနှင့် အားထုတ်ကြိုးစားခြင်း)
မေး။ ။ အရှင်ဘုရား၊ “ဗုဒ္ဓေ မေ သရဏံ အညံ နတ္ထိ၊
ဓမ္မော မေ သရဏံ အညံ နတ္ထိ၊
သံဃော မေ သရဏံ အညံ နတ္ထိ၊ နှင့်
အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ”
ဤနှစ်ပုဒ် မည်သို့ ထူးခြားသည်ကို ရှင်းပြစေလိုပါသည်ဘုရား။
(မင်းအောင်-ဟုမ္မလင်း)
ဖြေ။ ။ ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ-စသည်တို့မှာ သရဏဂုံဖြစ်၍ အပါယ်ဘေးကြီး တားဆီးနိုင်ရေးအတွက် ကိုးကွယ်ခြင်း ဖြစ်သည်။
အတ္တာ ဟိ အတ္တနော နာထော-စသည်မှာ မဂ်တရား ဖိုလ်တရားများကို ရရှိရေးအတွက် မိမိကိုယ်တိုင် ကြိုးစားအားထုတ်ရမည်၊ အခြား မည်သူကမျှ မိမိအတွက် လုပ်ဆောင် မပေးနိုင်ဟု ဆိုလိုရင်း ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားသည် နည်းလမ်းညွှန်ပြ ဆုံးမသွန်သင်သူသာဖြစ်၍ ကယ်တင်ရှင် မဟုတ်ကြောင်း၊ မိမိကိုယ်သာ မိမိ၏ အားထားရာဖြစ်ကြောင့် သေဘာပေါက်၍ သမထ-ဝိပဿနာ ဘာဝနာ တရားများကို ကြိုးစားကြရမည်မှာ ဗုဒ္ဓဘာသာတိုင်း၏ တာဝန်ပင် ဖြစ်ပါသည်။
***************
(ရွှေစင်တမတ်၊ ငွေငါးကျပ်)
မေး။ ။ ရဟန်းသာမဏေတို့သည် ရှေးက ရွှေစင်တမတ် ငွေငါးကျပ် ကိုင်ဆောင် သုံးစွဲခွင့် ရှိသည်ဟု ကြားသိရဖူးပါသည်။ တပည့်တော် သိထားသည်မှာ ရဟန်း သာမဏေတိုပသစည် ဝိနည်းတော်အရ ငွေအသပြာကို လုံးဝ မကိုင်ဆောင်ရဟု ဖြစ်ပါသည်။ ဖြော့ားပေးတော်မူပါဘုရား။
(မချိုပြုံး-သိန္နီ၊ အ-မ-က စယ်အူ၊ သိန္နီမြို့)
ဖြေ။ ။ ရဟန်းသာမဏေတို့သည် ဝိနည်းသိက္ခာပုဒ်အရ ရွှေငွေ(အသပြာ)တို့ကို အလှူခံခြင်း၊ ကိုင်ခံသာယာခြင်း လုံးဝ မပြုလုပ်ရပါ။ ရွှေစင်တမတ် ငွေငါးကျပ်-အလှူခံကောင်းသည်ဟူသော စကားကို အချို့အရပ် (အထူး အားဖ်ြင့ ရှမ်းပြည်) တို့၌ ပြောလေ့ပြောထ ရှိသည်ကို သိရပါသည်။ ယင်းစကား၏ မူလမှာ အဒိန္နာဒါန သိက္ခာပုဒ်ဆိုင်ရာ ပါရာဇိက ကျရောက်နိုင်သော ရွှေငွေပမာဏကိုဆိုသော စကား ဖြစ်ပါသည်။ ဝိနည်းတော်တွင် ပါဒ, ပါဒရဟ, အတိရေပါဒ-တမတ်, တမတ်ထိုက်သောဥစ္စာ, တမတ်ထိက်ပိုသော ဥစ္စာတို့ကို ခိုးယူက ပါရာဇိကကျသည်ဟု အဆိုရှိသည်။
တမတ်ဟူသည်မှာ ငွေတမတ်ကို ဆိုလိုသ်ည မဟတု။ သိက္ခာပုဒ်ပညတ်ရာ မဂဓတိုင်းသုံး ရွှေစင်တမတ်ကို ဆိုသည်။ ယင်းရွှေစင်တမတ်မှာ ယင်းခေတ်, ငွေငါဒးကျပ်တန်သည်။ ထို့ကြောင့် ရွှေစင်တမတ်
ငွေငါးကျပ်သည် ရဟန်းတို့အဖို့ ပါရာဇိကဝတ္ထု ဖြစ်သည်ဟု ဆိုသောစကား ဖြစ်သည်။
ထိုစကားအမြွက်ကိုမှတ်၍ အချို့အရပ်တိုပတွင် ရွှေစင်တမတ် ငွေငါးကျပ် ရဟန်းတို့ ကိုင်ကောင်းသည်၊ အလှူခ့ကောင်းသည်ဟု ဆိုကာ လှူကြ အလှူခံကြသည်ကို တွေ့ရဖူးပါသည်။
အမှန်မှာ ရဟန်း သာမဏေတို့သည် ရွှေငွေ အသပြာတို့ကို နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မကိုင်ကောင်းဟု မှတ်ရပါမည်။ သို့သော် ဝိနည်းတော်နှင့်ညီညွတ်သော အလှူခံပုံ ခံနည်းများရှိရာ ဝိနည်းစည်းကမ်းကျနစွာ လှူဒါန်းခြင်း၊ အလှူခံခြင်းတို့ကား ခြွင်းချက်အနေဖြင့် ရှိပါကြောင်း ဖြေကြားအပ်ပါသည်။
***************
(အရိမေတ္တေယျ ဘုရားအလောင်း)
မေး။ ။ နောင်ပွင့်တော်မူမည့် “အရိမေတ္တေယျ” ဘုရားအလောင်း ယခု မည်သည့်ဘုံဘဝ၌ ရှိနေပါသနည်း။ စာစောင်တခုတွင် တရုတ်ပြည်ရှိ မီလဖူး၊ ဘိုးတော်အမ်းကုန်းသည် နောင်ပွင့်မည့် အရိမေတ္တေယျ ဘုရား ဖြစ်ကြောင်းဆိုထား၍ မေးရခြင်း ဖြစ်ပါသည်ဘုရား။
(ကိုတင်ဝင်းအောင်-ချိုးငှက်)
ဖြေ။ ။ အ၇ိမေတ္တေယ ဘုရားအလောင်းသည် ယခုအခါတွင် တုသိတာနတ်ပြည်၌ နတ်သားအဖြစ်ဖြင့် ရှိနေပါသည်။ မဓုရသဝါဟိနီကျမ်းတွင် အရှင်မာလယ မထေရ်သည် တာဝတိံသာ စူဠာမဏိစေတီသို့ သွားရောက်ဖူးမြော်ရာ တုသိတာမှလာ၍ ဘုရားဖူးသော မေတ္တေယျအလောင်းတော် နတ်သားနှင့် တွေ့ဆုံကြောင်း၊ မဟာဝံသတွင် ဒုဋ္ဌဂါမဏိမင်း နတ်ရွာစံခါနီး၌ မည်သည့်နတ်ပြည်က
ကောင်းမည်ကို မေးလျှောက်ရာ ရဟန္တာအရှင်မြတ်များက တုသိတာနတ်ပြည်သည် အရိမေတ္တေယျ ဘုရား အလောင်းနတ်သား ရှိသဖြင့် တရားနာနိုင၍ အကောင်းဆုံးဖြစ်သည်ဟု ဖြေကြားကြောင်း ပါရှိသည်။
ထေရဝါဒ မဟုတ်သော ဗုဒ္ဓဘာသာဝင်တို့ကား ပြဿနာရှင်ဆိုသော မီလဖူး-ကိုသာမက တိဘက် ဒလိုင်းလားမား စသည်တို့ကိုလည်း အရိမေတ္တေယျ ဘုရားလောင်းဖြစ်ကြောင်း ဆိုပါသည်။ ၄င်းတို့၏ ယုံကြည်ချက်အရ ဆိုခြင်း ဖြစ်ပေလိမ့်မည်။
***************
(ငရဲပြည်ကို တွေ့မြင်ခြင်း)
မေး။ ။ မကျန်းမမာဖြစ်၍ သတိလစ် မေ့မြောသွားရာ ငရဲပြည်သို့ ရောက်သွားသည် ဆိုသည်မှာ ဖြစ်နိုင်ပါသလား ဘုရား။
(ယွန်းအိ-ညောင်ဝိုင်း၊ အိမ်မဲမြို့)
ဖြေ။ ။ ဖြစ်နိုင်ပါသည်။ အဋ္ဌကထာတိုပတွင် ရဟန္တာတပါး၏ ခမည်းတော် မုဆိုးကြီးသည် ရဟန်းဝတ်၍ သားရဟန္တာထံတွင်နေရာ သေခါနီး၌ ငရဲနိမိတ်များ ထင်၍ ငရဲမီးများ၊ ငရဲခွေးကြီးများကို အော်ဟစ် နေကြောင်း၊ သားရဟန္တာက ၄င်းအား ခုတင် အိပ်ရာဖြင့် ဆောင်ယူစေလျက် ဘုရားရင်ပြင်တွင် ချထားပြီး ပန်းများ ပူဇော်ခိုင်း၍ တရားစကားများ ဟောပြောကြောင်း၊ ထိုအခါမှ ငရဲနိမိတ်များပျောက်၍ နတ်ပြည်ဆိုင်ရာ နိမိတ်များ ထင်လာကြောင်း ပါရှိသည်။
မကျန်းမမာ၍ မေ့မြောနေစဉ် ငရဲပြည်သို့ ရောက်သွားသည်၊ ထိုငရဲနိမိတ်ထင်စဉ် ကွယ်လွန်လျှင် ငရဲသို့ ရောက်သွားနိုင်သည်။ ၄င်းမှာ နိမိတ် ၃-မျိုးတွင် ဂတိနိမိတ်ပင် ဖြစ်သည်။ သို့သော် ထိုစဉ်က မသေလွန်ဘဲ ပြန်သတိလည်လာပြီး ကုသိုလ်ကောင်းမှုများကို ပြုလုပ်က ယင်းဂတိနိမိတ် ပျောက်၍ နတ်ပြည်စသည့် ကောင်းသောဂတိနိမိတ်များ ပြန်လည်ပေါ်ပေါက်လာကာ ကောင်းရာဘဝများသို့ ရောက်နိုင်ပေသည်။
(မြတ်မင်္ဂလာ ၁၉၉၁-ခု မတ်လ)

မေတ္တာစာ
အမြင့်မှာ နေလိုလျှင် လေတိုက်၍ ကြွေတတ်သည်။
အနိမ့်မှာ နေလိုလျှင် မြွေကိုက်၍ သေတတ်သည်။
စကားနှစ်တည်ကို ကြံစည်ယူလျှင် လူတို့ခွင်မှာ
နိမ့်လျှင်လည်း မတော်လွန်း၊ မြင့်လျှင်လွန်း မလျှော်လွန်း။
ကြီးလွန်းလျှင် အလွန်ဝ၊ ငယ်လွန်းလျှင် အလွန်လျ။
ဝလွန်းလျှင် မတင့်တယ်၊ လှလွန်းလျှင် မသပ္ပာယ်။
မငယ်-မကြီး, မနီး-မဝေး, မနှေး-မလျှင်, တံငါလုလင် မျှားကြိုးငင်သို့
ဆင်ခြင်စည်းစောင့် ဝမ်းထဲဖြောင့်လော့။
နှုတ်ကြောင့် သေ၊ လက်ကြောင့် ကြေ၊ ဆိုချေ၏ တချက်။
တိမ်နက်နီးဝေး အကြီးနှင့်အသေး တန်သော်ကား-ဆေး၊ လွန်သော်-ဘေး။
(မုံရွေးဆရာတော် မေတ္တာစာ)

သူများမကောင်းကြံ ကိုယ်သာခံ
လွန်ခဲ့သော ၁၀-နှစ်ခန့်အချိန်က ဖြစ်ပါသည်။ စာရေးသူ၏ ဖခင်သည် နေ့လယ်စာစားပြီးသည့်အခါတိုင်း အိမ်ဘေး မြေကွက်လပ်တွင် စာကလေး၊ ခို စသော ကျေးငှက်တိရစ္ဆာန်များအား ဆန်ကွဲ၊ ဆွမ်းတော်စာ စသည်တို့ကို ပက်ကြဲ၍ ကျွေးမွေးလေ့ရှိပါသည်။ ဖခင်ဖြစ်သူ မအားလပ်ပါက စာရေးသူတို့ မောင်နှမများ အနက်မှ တဦးဦးက ကျွေးမွေးရပါသည်။ ခိုများ စာကလေးများ လာရောက် စားသောက်ကြသည်ကို ကြည့်၍ စိတ်ထဲတွင် ကြည်နူးပီတိဖြစ်ရသည့် အရသာမှာ အခြားမည်သည့်အရသာနှင့်မျှ မတူပါ။
Thursday, December 22, 2011
အပ်ဝင် ပုဆိန်ထွက်
(ကော့ကရိတ်-ဖားအံ) အမြန်ယာဉ် ဂျစ်ကားကလေးသည် ခရီးသည်နှင့် ကုန်အပြည့်တင်ကာ နံနက် ၆-နာရီခွဲခန့် ခရီးစတင်ခဲ့သည်။ နံနက် ၁၀-နာရီထိုးတော့မည်ဖြစ်၍ အတန်ပင် ခရီးပေါက်လာခဲ့ပေပြီ။ ဂျစ်ကားကလေးမှာ ပစ္စည်း အထုပ်အပိုးများနှင့် ပြည့်ကျပ်လျက်ရှိရာ ခရီးသည်တို့မှာ ပစ္စည်းအိတ်များကြားတွင် ဖြစ်သလို လိုက်ပါကြရလေသည်။
ဣစ္ဆန္တော မန္တန်
၁။ ဘဂဝါ ဣစ္ဆန္တော သာသပဂဗ္ဘေပိ ဣတောစိတော စင်္ကမတိ။
၂။ ဘဂဝါ ဣစ္ဆန္တော စက္ကဝါဠဂဗ္ဘမှိ ကာယေန ဆာဒယိ။
ဧတေန သစ္စဝဇ္ဇေန၊ သိဒ္ဓိ (မေ) ဇယမင်္ဂလံ၊ အာယု (မေ) သုခါဝဟံ။
မြန်မာပြန်---
မြတ်စွာဘုရားသည် အလိုတော်ရှိသောအခါ မုန်ညင်းစေ့ထဲသို့ပင် စင်္ကြံကြွတော်မူနိုင်၏၊
မြတ်စွာဘုရားသည် အလိုတော်ရှိသောအခါ စကြာဝဠာတခုလုံးကိုပင် ကိုယ်တော်ဖြင့် ဖုံးကွယ် ကာဆီးတော်မူနိုင်၏။
ဤမှန်သော သစ္စာစကားကြောင့် ကျွန်ုပ်သည် အောင်ခြင်းမင်္ဂလာအပေါင်းနှင့် ပြည့်စုံ၍ ချမ်းသာစွာ အသက်ရှည်ပါစေသတည်း။

ဒဏ် ၁၀-ပါး၊ သူယုတ်အင်္ဂါ ၄-ပါး၊ သူတော်ကောင်းအင်္ဂါ ၄-ပါး၊ သေဘေးကို မကြောက်သူ ၄-မျိုး
ဒဏ် ၁၀-ပါး
မပြစ်မှားထိုက်သော ပုဂ္ဂိုလ်ကို ပြစ်မှားသူသည် အပြစ်ဒဏ် ၁၀-ပါးတို့တွင် တပါးပါးနှင့် ကြုံတွေ့ရတတ်သည်။
အပြစ်ဒဏ် ၁၀-ပါးကား---
၁။ ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးခြင်း။
၂။ ဆွေမျိုးများ ပျက်စီးဆုံးရှုံးခြင်း။
၃။ ကိုယ်ခန္ဓာ ချို့ယွင်းပျက်စီးခြင်း။
၎။ ရူးသွပ်ခြင်း။
၅။ အနာကြီးရောဂါ စွဲကပ်ခြင်း။
၆။ သူတပါး ကဲ့ရဲ့စွပ်စွဲ ခံရခြင်း။
၇။ မီးလောင်ခံရခြင်း။
၈။ ဖျားနာခြင်း။
၉။ မင်းပြစ်မင်းဒဏ် သင့်ခြင်း။
၁၀။ တရားရှုံးခြင်းတို့ ဖြစ်ပါသည်။
(ဓမ္မပဒဂါထာ-၁၃၅)
*****
သူယုတ်အင်္ဂါ ၄-ပါး---
၁။ သူတပါး၏အပြစ်ကို မမေးဘဲနှင့်ပင် ပြောတတ်ပြီး
မေးလျှင်ကား ချဲ့ကား၍ ပြောတတ်ခြင်း။
၂။ သူတပါး၏ဂုဏ်ကျေးဇူးကို မမေးလျှင် မပြော၊
မေးလျှင်ကား လျှော့ပေါ့၍ ပြောခြင်း။
၃။ မိမိ၏အပြစ်ကို မမေးလျှင် မပြော၊
မေးလျှင်လည်း လျှော့ပေါ့ထိမ်ချန်၍ ပြောခြင်း။
၎။ မိမိ၏ ဂုဏ်ကျေးဇူးကို မမေးဘဲနှင့်ပင် ပြောတတ်ပြီး
မေးလျှင်ကား ချဲ့ကား၍ ပြောခြင်း-ဟူသော
အင်္ဂါ ၄-ပါးနှင့်ပြည့်စုံသူကို သူယုတ်ဟု သိရမည်။
*****
သူတော်ကောင်းအင်္ဂါ ၄-ပါး---
၁။ သူတပါး၏အပြစ်ကို မမေးလျှင် မပြော၊
မေးလျှင်ကား ချဲ့ကား၍ မပြောဘဲ လျှော့ပေါ့၍ ပြောခြင်း။
၂။ သူတပါး၏ဂုဏ်ကျေးဇူးကို မမေးဘဲနှင့်ပင် ပြောတတ်ပြီး၊
မေးလျှင်ကား မထိမ်မချန်ဘဲ ပြည့်စုံအောင် ပြောခြင်း။
၃။ မိမိအပြစ်ကို မမေးဘဲနှင့်ပင် ပြောတတ်ပြီး၊
မေးလျှင်ကား မထိမ်မချန် ပြည့်စုံအောင် ပြောခြင်း။
၎။ မိမိ၏ဂုဏ်ကျေးဇူးကို မမေးဘဲနှင့် မပြော၊
မေးလျှင်လည်း ချဲ့ကား၍ မပြောဘဲ လျှော့ပေါ့၍ ပြောခြင်း-ဟူသော
အင်္ဂါ၎-ပါးနှင့် ပြည့်စုံသူကို သူတော်ကောင်းဟု သိရမည်။
(အံ-စတုက္ကနိပါတ်-သပ္ပုရိသသုတ်)
*****
သေဘေးကို မကြောက်သူ ၄-မျိုး---
လောက၌ သတ္တဝါတို့သည် အများအားဖြင့် သေဘေးကို ကြောက်ကြ၏။ သို့သော် သေဘေးကို မကြောက်သူများလည်း ရှိ၏။ အင်္ဂုတ္တိုရ် စတုက္ကနိပါတ် အဘယသုတ်၌ သေဘေးကို မကြောက်သူ ၄-မျိုးရှိကြောင်း ဟောကြားထားပါသည်။
၎င်းတို့မှာ
၁။ ကာမဂုဏ်အာရုံတို့၌ တွယ်တာတပ်မက်ခြင်း ကင်းသူ။
၂။ မိမိ၏ ကိုယ်ခန္ဓာ၌ တပ်မက်ခြင်း ကင်းသူ။
၃။ မကောင်းမှု အကုသိုလ်တို့ကို မပြုလုပ်ဘဲ ကုသိုလ်ကောင်းမှုကိုသာ ပြုလုပ်သူ။
၎။ သူတော်ကောင်းတရား၌ တွေးတောယုံမှားခြင်း ကင်းသူတို့ ဖြစ်ပါသည်။

ကုန်သွယ်မှုချင်း တူပါလျက် အကျိုးရချင်း ခြားနားချက်
အခါတပါး၌ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားအား ဤသို့ မေးလျှောက်လေ၏။
(၁) မြတ်စွာဘုရား ဤလောက၌ အချို့သောသူ၏ ကြိုးစားအားထုတ် ပြုလုပ်အပ်သော ကုန်သွယ်မှုသည် အခြားသူတို့၏ ကုန်သွယ်မှုနှင့် ကုန်သွယ်မှုချင်း တူမျှသည်သာဖြစ်ပါလျက် ရှုံး၏၊
ယင်းသို့ ဖြစ်ခြင်းကား အဘယ်အကြောင်းကြောင့်ပါနည်း။

သွေးတိုးရောဂါသည်များအတွက် ဆေးတလက်
ဆေးနည်းမှာ---
ရှောက်ဘီလူး ၁၀-လုံး
သံပရာသီး ၂၀-လုံး
သကြား ၁၀-ကျပ်သား
သိန္ဓော ၂-ကျပ်သား
ရှောက်ဘီလူး ပါးပါးလှီး၊ သံပရာသီ ပါးပါးလှီး သကြား သိန္ဓောတို့နှင့် ရောပြီး လေလုံ ပုလင်းသန့်သန့်ထဲ ၇-ရက်ကြာအောင် ထည့်ထားပါ။ ရေကျက်အေး အနည်းငယ်ထည့်ပါ။
အစာစားပြီးတိုင်း မနက် တဇွန်း၊ ညနေ တဇွန်းစီ သောက်ပေးပါ။ ရက်ကြာကြာထားလေ ပိုကောင်းလေ ဖြစ်သည်။
သစ္စာရည် (ဝါးခယ်မ)

ကိုယ်ဝန်ဆောင် အမျိုးသမီးများ စွဲ၍ စားသင့်သော ဆေး
အမျိုးသမီးများအဖို့ သန္ဓေတည် ကိုယ်ဝန်ဆောင်ပြီဆိုလျှင် မီးဖွားရာတွင် ချောမော ဖြောင့်တန်းစေရန်အတွက်
ရှေးမြန်မာ အမျိုးသမီးကြီးများ လက်စွဲအသုံးပြုခဲ့သော စားဆေးနည်း တင်ပြလိုက်ပါသည်။
ကိုယ်ဝန်ဆောင်သည်မှ မီးဖွားပြီးသည်အထိ နနွင်း တပိဿာ ကုန်အောင် စားသည်ဟု သိရပါသည်။
“နနွင်းမှုန့် စစ်စစ် တပိဿာကို ပျားရည်စစ်စစ်နှင့် ဆေးလုံး လုံးရသည်အထိ သမအောင် မွှေပေးပါ။ ပျားရည်နှင့် တေသည်ဟု ဆိုပါသည်။
အခြား မည်သည့်ဆေးဖက်မှ မပါပါ။ လုံး၍ရပြီဆိုလျှင် ဆီးစေ့ခန့် အလုံးလေးများ လုံးပြီး
နေရိပ်မှာ ခြောက်သွေ့အောင် ထားပါ။ တလုံးနှင့်တလုံး ထိကပ်ခြင်း မရှိတော့အောင် ခြောက်သွေ့ (မစိုမခြောက် မပျော့မမာ ဖြစ်သွား)ပြီ ဆိုမှ လေလုံဖန်ဘူးတွင် ထည့်ထားပါ။
နံနက်တိုင်း ကိုယ်ဝန်ဆောင် မိခင်လောင်းအနေဖြင့် ဘုရားဆေး၊ တရားဆေး၊ သံဃာဆေးဟု သုံးလုံး စားမျိုပေးပါ။ ရေအေး, ရေနွေး ကြိုက်ရာနှင့် စားနိုင်ပါသည်။ မီးဖွားရ ချောမောဖြောင့်တန်းစေပြီး သွေးသားသန့်စင် ကျန်းမာစေပါသည်။
အောင်အိုး (နတ်မောက်)

ဝက်ဆီဖြင့် ကြွက်နို့ သက်သာပျောက်ကင်းစေသောနည်း
ကြွက်နို့ပျောက်နည်း အမျိုးမျိုးကို နက္ခတ္တရောင်ခြည်မဂ္ဂဇင်း၌ များစွာဖော်ပြထားသည်ကို ဖတ်ရှုမှတ်သားရပါသည်။ သို့ပါသော်လည်း စာဖတ်သူများအနေဖြင့် လွယ်ကူစွာ ကုသ၍ ပျောက်ကင်းစေသော ဆေးတည်းတမျိုးကို ဖော်ပြလိုပါသည်။
Wednesday, December 21, 2011
ဆီးကျောက်တည်ရောဂါ
* ဆီးရောဂါ ဘယ်နှစ်မျိုး ရှိပါသလဲ---
* ဆီးနဲ့ ပတ်သက်တဲ့ရောဂါ ၅-မျိုးရှိပါတယ်။ အဲဒါတွေကတော့
၁။ ဆီးလွန်ရောဂါ (သောမရောဂါ)
၂။ ဆီးအောင့်ရောဂါ (မုတ္တကိစ်ရောဂါ)
၃။ ဆီးချုပ်ရောဂါ (မုတ္တဃာတ်ရောဂါ)
၎။ ဆီးကျောက်တည်ရောဂါ (အသ္မိရရောဂါ)
၅။ ဆီးချိုရောဂါ (မဓုမေဟရောဂါ)
ဆိုပြီး ဆီးနဲပပတ်သက်တဲ့ရောဂါ ၅-မျိုး ဖြစ်ပါတယ်။
* ဆီးပူညောင်းကျရောဂါရဲ့ ဖြစ်စဉ်ကို ဆက်ပြီး ပြောပြပေးပါဦး
* လူတို့ရဲ့ ကျောက်ကပ်အတွင်းမှာ ဆီးလို့ခေါ်တဲ့ ကျင်ငယ်ရည်ဟာ အစဉ်အမြဲ ဖြစ်ပေါ်နေပါတယ်။ အဲဒီ ဆီး(ကျင်ငယ်ရည်)များကို ထိန်းသိမ်း သိုလှောင်ထားတဲ့ ဆီးအိမ်(ကျင်ငယ်အိမ်) ဟာ ဆီးခုံရဲ့ တင်ဆုံကွင်းအတွင်းရှိ ပြောင်ချောတဲ့ ကြွက်သားများနဲ့ ပြုလုပ်ထားတဲ့ အင်္ဂါတခု ဖြစ်ပါတယ်။ လူတို့စားသောက်လိုကတဲ့ အစာအာဟာရများဟာ ပါးစပ်မှလည်ချောင်းတွင်းကို မျိုချလိုကတဲ့အခါ သလိပ်အိမ်ကို ဖောက်ပြီး အစာသစ်အိမ်ထဲ ရောက်သွားပါတယ်။
အဲဒီအစာသစ်အိမ်ထဲ ရောက်သွားတဲ့အခါ ပါစကတေဇောဓာတ်မီးက ကျိုချက်လိုက်တဲ့အတွက် အစာအားလုံးဟာ ကြေညက်ပြီး အရည်တခြား အဖတ်တခြား ဖြစ်သွားပါတယ်။ အဲဒီနောက် အမြှုပ်ကြမ်းစေချွဲချွဲမှ အမြှုပ်နု ဖြစ်လာပါတယ်။
အဲဒီနောက် အဖတ်၊ အမြှုပ်ကြမ်း၊ အမြှုပ်နု၊ အရည်ဆိုပြီး ထပ်ဆင့် ၄-မျိုး ကွဲသွားပါတယ်။ အဲဒီ ၄-မျိုးကို ဝါယောဓာတ်လေက မှုတ်ထုတ်လိုက်တဲ့အခါ အမြှုပ်ကြမ်း စေးချွဲချွဲဟာ သလိပ်အိမ်ထဲဝင်ပြီး သလိပ်ဖြစ်သွားပါတယ်။
အဆီအနှစ်ရှိတဲ့ အမြှုပ်နုဟာ အူအပြင်ဘက်ကို စိမ့်ဝင်ပြီး တကိုယ်လုံး ပျံ့နှံ့ကာ အသားအရေကို စည်ပင်ကြီးထွားစေပါတယ်။ အဖတ်ကြမ်းဟာ အူထဲဝင်ပြီး ကျင်ကြီးဖြစ်သလို အဖတ်ကြမ်းက ကြွင်းကျန်တဲ့အရည်က ဆီးအိမ်ထဲဝင်ပြီး ဆီး(ခေါ်) ကျင်ငယ်ရည် ဖြစ်လာပါတယ်။
အဲဒီ ဆီး(ခေါ်) ကျင်ငယ်ရည်ဟာ ဆီးအိမ်ထဲမှာ ၂၄-နာရီထက် ပိုနေခဲ့ရင် တေဇောဓာတ်မီး အရှိန်အခိုးကြောင့် ရေကို မီးနဲ့ကျိုချက်သလို ဆီးဟာ ပူလာပါတယ်။ အဲဒီနောက် ဆီးချုပ်လာတတ်ပါတယ်။ ဆီးပူနာ ရင့်လာတဲ့အခါ ဆင့်ပွားရော၈ါဖြစ်တဲ့ ဆီးပူညောင်းကျရောဂါ ဖြစ်ပွားလာခြင်း ဖြစ်ပါတယ်။
* ဆီးပူရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်းများကို သိပါရစေ
* ဆီးပူညောင်းကျရောဂါ ဖြစ်ပွားရတဲ့ အကြောင်းရင်းများကတော့
၁။ နေပူ မီးပူခံခြင်း။
၂။ နေပူမီးပူထဲမှာ အလုပ်လုပ်ရခြင်း။
၃။ နေပူခရီးပြင်းကို ကြာရှည်စွာ ခရီးသွားရခြင်း။
၎။ အပူ၊ အစပ်၊ အဖန်၊ အချုပ်စာများ လွန်ကြူးစွာ စားသောက်ခြင်း။
၅။ မေထုန်မှု လွန်ကဲခြင်း။
၆။ လိင်အပျော်အပါး လိုက်စားခြင်း။
၇။ အညောင်းထိုငမှု များခြင်း။
စတဲ့ အကြောင်းအချက်များကြောင့် ကျင်ငယ်အိမ် (ဆီးအိမ်)မှာ အပူငုပ်စွဲ လောင်မြိုက်တဲ့အတွက် သုက်ဓာတ်များ ပျက်စီးပြီး ဆီးပူညောင်းကျရောဂါ ဖြစ်ပွားရခြင်း ဖြစ်ပါသည်။
* ဆီးပူညောင်းကျရောဂါရဲ့ လက္ခဏာများကို ဆက်ပြီး ပြောပြပေးပါဦး
* ဆီးပူညောင်းကျရောဂါ ဖြစ်လာပြီဆိုရင် ပထမ ကျင်ချောင်းအတွင်း ပိုးကောင်လေးများ သွားလာနေသလို ရွစိရွစိဖြစ်ပြီး ယားတတ်ခြင်း၊ တပတ်ခန့်ကြားလာတြ့အခါ နို့ရည်၊ ကစီရည်ကဲ့သို့ ကျလာတတ်ခြင်း၊ ဆီးကို ခွက်နဲ့ခံကြည့်ရင် နို့အဖတ်ကဲ့သို့ တွဲနေခြင်း။
ဒုတိယအဆင့်ကတော့ ဆီးသွားတိုင်း နာကျင်ခြင်း၊ ဆီးသွားတိုင်း ပူစပ်သည့်ဝေဒနာ ခံစားရခြင်း၊ ဆီးအနည်းငယ် မကြာခဏ သွားခြင်း။
တတိယအဆင့်ကတော့ ဆီးသွားတဲ့အခါ ပထမ အပ်ချည်မျှင်ကဲ့သို့ အဖြူအမြွာများ ထွက်ပြီးမှ ဆီးသွားခြင်း။
အဲဒီနောက် အဖြူရောင် အဝါရောင်ပါခြင်း၊ တခါတရံ အကျိအချွဲများအတွင်း သွေးစသွေးနပါခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ ကျင်ချောင်းတွင် အနာဆန်ကာပေါက်ကဲ့သို့ ဖြစ်ခြင်း စတဲ့ အဆင့်သုံးဆင့် အစဉ်အလိုက် ဖြစ်ပွားတတ်ပါတယ်။ ဆီးပူညောင်းကျရောဂါ နုစဉ်က မကုသခဲ့ရင် နောက်ဆုံး တတိယအဆင့်ရောက်တဲ့အခါ အနာငန်းမန်းလိုက်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်တတ်ပါတယ်။
* ဆီးပူညောင်းကျရောဂါရဲ့ ကုထုံးနဲ့ ဆေးချက်များကို ဆက်ပြီး ပြောပြပေးပါဦး
*ဆီးပူညောင်းကျရောဂါဟာ ဥဏှ(အပူ) အကြောင်းခံပြီး အပူလွန်ငုပ်စွလြောင်မြှိုက်တဲ့ရောဂါ ဖြစ်တဲ့အတွက် အပူငြိမ်းစေတဲ့ ဆေးများ၊ အစာများနဲ့ ကုသရပါတယ်။
၁။ ငရုတ်ကောင်း ၄-ပဲသား
၂။ ဇဝက်သာ ၁-ကျပ်သား
၃။ ကျောက်ချဉ် ၁-ကျပ်သား
၎။ သိန္ဓော ၁-ကျပ်သား
၅။ မှန်ရောင်သကြား ၁၀-ကျပ်သား
(ဆေး ၅-မျိုး ဆေးအချိန် ၁၃-ကျပ်နှင့် ၄-ပဲသား)
အထက်ပါ ၅-မျိုးကို အမှုန့်ညက်အောင်ပြုလုပ်ပြီး ညနေ ၃-နာရီမှ ည ၁၀-နာရီအတွင်း ဆေးလက်ဖက်ရည်ဇွန်း တဇွန်းကို သံပရာရည်၊ အုန်းစိမ်းရည်၊ ထန်းရည်အချို၊ ဓနိရည်၊ ပေရည်၊ ဆန်ဆေးရည် တမျိုးမျိုးနှင့် သောက်သုံးရပါမယ်။
တိုင်းရင်းဆေးခန်းသုံး ဆေးများနဲ့ ကုသမယ်ဆိုရင် ဆေးအမှတ်(၁၅)သည်းခြေဆေးနဲ့ ဆေးအမှတ်(၁၆) အပူသတ်ဆေးတို့ကို ဆတူရောစပ်ပြီး နံနက်တကြိမ် ညတကြိမ် တနေ့ ၂-ကြိမ် တကြိမ်လျှင် လက်ဖက်ရည်ဇွန်း တဇွန်းခန့် သကြားရည်နဲ့ တိုက်ရပါမယ်။
ဆီးကြည်ဆီးရွှင်စေဖို့ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၂၁) ဆီးဆေးဖြူ လက်ဖက်ရည်ဇွန်း တဇွန်းခန့်ကို မြင်းခွါရွက်ပြုတ်ရည်နဲ့ ညအိပ်ရာဝင်ချိန်မှာ တိုက်ရပါမယ်။
ဆီး၊ ဝမ်း၊ လေမှန်ပြီး အပူအပုပ် ငြိမ်းစေဖို့ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၉) ဆီးဒူလာ ဆေးနဲ့ ဆေးအမှတ်(၁၀) ဆီးရွှင်ဝမ်းနုတ်ဆေးကို ဆတူရောစပ်ပြီး လက်ဖက်ရည် တဇွန်းခန့် ဝမ်းအခြေအနေကိုကြည့်ပြီး နံနက်စောစော (သို့မဟုတ်) ညအိပ်ရာဝင်ချိန် အစာနဲ့ ဝေးဝေး ၅-ရက်တကြိမ် တိုက်ရပါမယ်။
အစာလဲဆေး၊ ဆေးလဲအစာ ဆိုသလို ဆီးပူညောင်းကျရောဂါရှင်ကို အပူငြိမ်းပြီး ဆီးရွှင်စေဖို့ ဓာတ်စာအနေနဲ့ ရှောက်ချိုသီး၊ ကျွဲကောသီး၊ လိမ္မော်သီး၊ ဖရဲသီး၊ နာနတ်သီး၊ သံပရာဖျော်ရည်၊
ရှောက်ဖျော်ရည်၊ မန်းကျည်းဖျော်ရည် တမျိုးမျိုးကို ရေခဲမထည့်ဘဲ တိုက်ရပါမယ်။
ဟင်းလျာအနေနဲ့ ကြက်သား၊ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးရံ့၊ ငါးသလထြိုး စတဲ့ ရေချိုငါးများ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ရခါးသီး၊ ဘူးသီး၊ ကျောက်ဖရုံသီး၊ ဆလတ်ရွက်၊ မုန်ညင်းရွက်၊ ကန်စါန်းရွက်၊ ဟင်းနုနယ်ရွက်တို့ကို လိုအပ်သလို ချက်ပြုတ်စားသောက်နိုင်ပြီး အပူအစပ်လွန်ကဲတဲ့ အစားအစာများနဲ့ အမဲသား၊ ဝက်သား၊ ငါးမြင်း၊ ငါးတန်၊ ဝမ်းတွင်းသား အမျိုးမျိုး၊ ဒံပေါက်ထမင်း၊ အုန်းထမင်း၊ အရက်၊ ရေခဲရည်နဲ့ မူးယစ်ဆေးဝါးများကို အထူးရှောင်ကြဉ်ဖို့ လိုပါတယ်။ အသီးအနှံများအနေနဲ့ ငှက်ပျောသီး၊ မာလကာသီး၊ ရုံးပတေသီး၊ ထောပတ်သီး၊ ဒူးရင်းသီး စတဲ့ ဆိမ့်ချွဲဖန် သီးနှံများကို ရှောင်ကြည်ရပါမယ်။
အထက်မှာပြောခဲ့သလို ဆီးပူညောင်းကျရောဂါရှင်ကို ညွှန်ကြားထားတဲ့ဆေးများ အလှည့်ကျ တိုကကျွေးပြီး အစာလဲဆေး၊ ဆေးလဲအစာ၊ ဆေးနဲ့ဓာတ်စာ ထပ်တူပါဆိုတဲ့အတိုင်း သင့်တော်တဲ့ အစားအစာနဲ့ ဆေးများ တိုက်ကျွေးကုသသွားမယ်ဆိုရင် ဆီးပူညောင်းကျရောဂါဟာ တဖြည်းဖြည်း သက်သာပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။
* ဆီးကျိတ်ရောင် ရောဂါ ဖြစ်ရတဲ့အကြောင်းရင်းများကို သိပါရစေ
* ဆီးကျိတ်ရောင်ရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းများကတော့-
၁။ အပူအစပ်စာများ လွန်ကြူးစွာ စားသောက်ခြင်း။
၂။ ရေသောက်နည်းခြင်း။
၃။ အရည်ရွှမ်းသော အသီးအနှံများ စားသောက်မှု နည်းခြင်း။
၎။ ကာမဂုဏ်လွန်ကဲခြင်း။
၅။ ဆီးသွားချင်ပါလျက် ဆီးအောင့်ထားခြင်း။
၆။ နေပူမီးပူခံပြီး ရေချိုးခြင်း။
၇။ ကာမဆန္ဒအတွက် ဆေးဝါးအကူအညီဖြင့် သုက်ထိန်းခြင်း။
၈။ အမိုးအကာမပါဘဲ နေပူခရီးဝေး သွားခြင်း။
၉။ ခရီးဝေးသွားပြီး ဆီးထိန်းထားခြင်းကြောင့် တေဇောဓာတ်မီး အခိုးအပူမိခြင်း စတဲ့ အကြောင်းအချက်များကြောင့် ဆီးကျိတ်ရောင်ရောဂါ ဖြစ်ရတာပါ။
အဓိက အကြောင်းရင်းကတော့ ပရော့စတိတ်ဂလင်း (Prostate gland) ဆီးကျိတ်ကြီးလာခြင်းကြော်င့ ဆီးကျိတ်ရောင်ရောဂါ ဖြစ်ပွားရခြင်းပဲ ဖြစ်ပါတယ်။
*****
* ဆီးကျိတ်ရောင်ရောဂါရဲ့ လက္ခဏာများကို ဆက်ပြီး ပြောပြပေးပါဦး-
* ဆီးကျိတ်ရောင်ရောဂါ လက္ခဏာများကတော့
၁။ ဆီးအနည်းငယ် မကြာခဏ သွားတတ်ခြင်း။
၂။ ဆီးအိမ်ကျုံ့ခြင်း။
၃။ ဆီးတစက်တစက် သွားတတ်ခြင်း။
၎။ ဆီးအိမ် ကျင်ချောင်း ယားတတ်ခြင်း။
၅။ ဆီးသွား အားမရခြင်း။
၆။ ဆီးကျန်ခြင်း။
စတဲ့ လက္ခဏာများဟာ ဆီးကျိတ်ရောင်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာများ ဖြစ်ပါတယ်။
*****
* ဆီးကျိတ်ရောင်ရောဂါရဲ့ ကုထုံးနဲ့ ဆေးချက်များကိုလဲ သိပါရစေ၊
* ဆီးကျိတ်ရောင် ရောဂါရှင်များကို ရှားစောင်းလက်ပပ်ပင်အနှစ်နဲ့ ဆီးခုံပေါ် မကြာခဏ အုံပေးခြင်း၊ ကျောက်ဖရုံအူ(၁)ပိဿာကို သကြား(၅၀)ကျပ်သားနဲ့ ရောစပ်ကျိုချက်ပြီး တကြိမ်လျှင် ဖန်ခွက်တလုံးအပြည့် နံနက်, နေ့လည်, ညနေ တနေ့ ၃-ကြိမ် မှန်မှန်သောက်သုံးစေခြင်းဖြင့် ဆီးကျိတ်ရောင် ရောဂါ တဖြည်းဖြည်း သက်သာပျောက်ကင်းစေပါတယ်။
တိုင်းရင်းဆေးခန်းသုံး ဆေးများနဲ့ ကုသမယ်ဆိုရင် ဆေးအမှတ် ၂၁-ဆီးဆေးဖြူ လက်ဖက်ရည်ဇွန်း တဇွန်းခန့်ကို သံပရာရည်နဲ့ နံနက်-နေ့လည်-ည တိုက်ရပါမယ်။ ညအိပ်ရာဝင်ချိန်မှာ ဆေးအမှတ် ၁၀-ဆီးရွှင်ဝမ်းနုတ်ဆေး လက်ဖက်ရည်ဇွန်း တဇွန်းခန့်ကို ဝမ်းအခြေအနေကြည့်ပြီး ရေအေးနဲ့ တိုက်ရပါမယ်။
အထက်မှာ ပြောခဲ့တဲ့ ဆေးများနဲ့ အချိန်မှန်မှန် တိုက်ကျွေးကုသမယ်ဆိုရင် ဆီးကျိတ်ရောင်ရောဂါဟာ တဖြည်းဖြည်း သက်သာပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။
တဆက်တည်း ပြောရရင် တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၂၁-ဆီးဆေးဖြူ ၅-ကျပ်သားကို ပျားရည်စစ်စစ် ၁၀-ကျပ်သားနဲ့ မပျစ်မကျဲရောစပ်ပြီး တကြိမလျှင် လက်ဖက်ရည်ဇွန်း တဇွန်းခန့် သံပရာဖျော်ရည်နဲ့ နံနက်-နေ့လယ်-ညနေ တနေ့ ၃-ကြိမ် သောက်သုံးခြင်းဖြင့် ဆီးရွှင်စေပြီး ဆီးရောဂါအမျိုးမျိုး သက်သာ ပျောက်ကင်းစေတဲ့အပြင် အမျိုးသားအားနည်းရောဂါ (ပန်းညှိုး၊ ပန်းသေရောဂါ)ကို သက်သာပျောက်ကင်းစေပါတယ်။
*****
* ဆီးကျောက်တည်ရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းများကို ဆက်ပြီးပြောပြပေးပါဦး
* ဆီးကျောက်တည်ရောဂါဟာ ဆီးလွန်ရောဂါ၊ ဆီးအောင့်ရောဂါ၊ ဆီးချုပ်ရောဂါတို့ဖြစ်ခြင်း အကြောင်းရင်း များကို အခြေခံပြီး သည်းခြေ၊ လေ၊ ဒေါသနှစ်ပါးကြောင့် သလိပ်ဒေါသ ဦးဆောင်တဲ့ ကျင်ငယ်နဲ့ သုက်ဓာတ်တွေဟာ ကျောက်ကပ်ကစပြီး ဆီးအိမ်တိုင်အောင် လမ်းကြောင်းတောက်လျှောက် ကော်ရည်လို
ဖြစ်ရတဲ့ ရော၈ါကို ဆီးကျောက်တည်ရောဂါလို့ ခေါ်ခြင်းဖြစ်ပါတယ်။
“ကော်ရည်ရေမြှုပ်”ဟာ သည်းခြေနဲ့အတူ လေပူရဲ့အရှိန်ကြောင့် ခြောက်သွေ့မာကျောပြီး ကျောက်သားအဖြစ် ရောက်ရှိသွားပါတယ်။ အဲဒီကျောက်သားများဟာ ဆီးလမ်းကြောင်း၊ ဆီးအိမ်နဲ့ ကျင်ချောင်းများအတွင်းတည်ရှိပြီး ဆီးသွားတဲ့အခါ ပိတ်ဆို့ကာ ဆီးသွားခက်ခဲရခြင်း ဖြစ်ပါတယ်။
*****
* ကျောက်တည်ရောဂါ ဘယ်နှစ်မျိုး ရှိပါသလဲ
* ကျောက်တည်ရောဂါ ၄-မျိုး ရှိပါတယ်။ အဲဒါတွေကတော့
၁။ လေကြောင့်ဖြစ်သော ကျောက်တည်ရောဂါ။
၂။ သည်းခြေကြောင့်ဖြစ်သော ကျောက်တည်ရောဂါ။
၃။ သလိပ်ကြောင့်ဖြစ်သော ကျောက်တည်ရောဂါ။
၎။ သုက်ကို တားမြစ်ခြင်းကြောင့်ဖြစ်သော ကျောက်တည်ရောဂါ ဆိုပြီး ၄-မျိုး ရှိပါတယ်။
*****
* ကျောက်တည်ရောဂါ ၄-မျိုးရဲ့ လက္ခဏာများကို တမျိုးချင်း ရှင်းပြပေးပါဦး
* လေကြောင့်ဖြစ်တေဲ့ ကျောက်တည်ရောဂါလက္ခဏာ များကတော့
၁။ ဆီးသွားသောအခါ အလွန်နာကျင်ခြင်း။
၂။ သွားကြိတ်ခြင်း။
၃။ ဆီးသွားသောအခါ လိင်ချောင်းလှုပ်ခြင်း။ လိင်ချောင်းနဲ့ ချက်၌ နာကျင်ကိုက်ခဲခြင်း။
၎။ ဆီးသွားစဉ် အော်ဟစ်ရခြင်း။
၅။ ဆီးသွားတဲ့အခါ ကျင်ကြီးပါ ပါတတ်ခြင်း။
၆။ ဆီးတစက် တစက် ကျခြင်း။
၇။ ကျောက်၏ အရောင် မည်းခြင်း။
၈။ ကျောက်၌ ဆူးများထခြင်း လက္ခဏာတွေဟာ လေကြောင့်ဖြစ်တဲ့ ကျောက်တည်ရောဂါလက္ခဏာတွေ ဖြစ်ပါတယ်။
သည်းခြေကြောင့် ဖြစ်တဲ့ ကျောက်တည်ရောဂါလက္ခဏာများကတော့---
၁။ ဆီးအိမ်သည် မီးကဲ့သို့ ပူခြင်း။
၂။ ကျောက်ဟာ ဗားံသီးအခွံနဲ့တူပြီး ဝါခြင်း၊ နီခြင်း၊ ဖြူခြင်း စတဲ့ လက္ခဏာတွေဟာ သည်းခြေကြောင့်ဖြစ်တဲ့ ကျောက်တည်လက္ခဏာတွေ ဖြစ်ပါတယ်။
သလိပ်ကြောင့်ဖြစ်တဲ့ ကျောက်တည် လက္ခဏာတွေကတော့---
၁။ ဆီးအိမ်၌ အလွန်နာကျင် ကိုက်ခဲခြင်း။
၂။ ဆီးအိမ် အောင့်ခြင်း။
၃။ လေးလံခြင်း။
၎။ ကျောက်သည် ပျစ်ချွဲခြင်း၊ လုံးခြင်း၊ ဖြူခြင်းလက္ခဏာတွေဟာ သလိပ်ကြောင့်ဖြစ်တဲ့ ကျောက်တည် လက္ခဏာတွေ ဖြစ်ပါတယ်။
သုက်ကို တားမြစ်ခြင်းကြောင့် ဖြစ်တဲ့ ကျောက်တည်ရောဂါ လက္ခဏာများကတော့---
မေထုန်မှီဝဲစဉ် သုကို ထိန်းချုပ်တားမြစ်ထားခြင်းကြောင့် လိင်ချောင်း လိင်ဥ (ဝှေးဥ) တို့၏အလယ်၌ လေသည် သုက်ကို ခြောက်သွေ့စေလျက် ကျောက်ကို ဖြစ်စေ၏။
အဲဒီကျောက်ဟာ ဆီးအိမ်ကို အလွန်နာကျင်စေပါတယ်။ ဆီး(ကျင်ငယ်)ဟာ ခက်ခက်ခဲခဲ သွားရတတ်ပါတယ်။
လိင်ဥ(ဝှေးဥ)ဟာ ကိုယ်ခဲတတ်ပါတယ်။ လိုင်ချောင်း ကိုက်ခဲခဲ့ရင် လိင်ချောင်းက သုက်ထွက်ကျတတ်ပါတယ်။ အဲဒီအချက်အလက်များဟာ သုက်ကို ထိန်းချုပ်တားမြစ်ခြင်းကြောင့် ဖြစ်တဲ့ ကျောက်တည်ရောဂါ လက္ခဏာများ ဖြစ်ပါတယ်။
အထက်မှာ ပြောခဲ့တာတွေကတော့ ကျောက်တည်ရောဂါ ၄-မျိုးရဲ့ တမျိုးချင်း လက္ခဏာများ ဖြစ်ပါတယ်။
*****
* ဆီးကျောက်တည်ရောဂါရဲ့ နောက်ဆက်တွဲ ရောဂါများကို သိပါရစေ
* ဆီးကျောက်တည်ရောဂါ ဖြစ်ပြီဆိုရင် အဲဒီကျောက်တည်ရောဂါရှင်ဟာ ကိုယ်ခံအားနည်းခြင်း ဝမ်းဗိုက်ထိုးအောင့်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ ခန္ဓာကိုယ် ဝါဖျော့ခြင်း၊ ချက်၌ နာကျင်ခြင်း၊ ဆီးအောင့်ရောဂါဖြစ်ခြင်း၊ ဆီးချုပ်ခြင်းစတဲ့ နော်ကဆက်တွဲရောဂါတွေ ဖြစ်ပွားတတ်ပါတယ်။
*****
* မည်သည့်ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ကျောက်တည်ရောဂါ ဖြစ်နိုင်ပါသလဲ
* သည်းခြေနဲ့ ကျောက်ကပ်မှာ ကျောက်တည်ရောဂါ ဖြစ်နိုင်ပါတယ်။ သည်းခြေမှာ ကျောက်တည်ရင် သည်းခြေကျောက်တည်ရောဂါလို့ ခေါ်ပြီး ကျောက်ကပ်မှာ ကျော်ကတည်ရင်တော့ ကျောက်ကပ်ကျောက်တည် ရောဂါလို့ ခေါ်ဆိုကြခြင်းဖြစ်ပါတယ်။
*****
* ကျော်တည်ရောဂါဟာ အမျိုးသားများသာ ဖြစ်တတ်ပြီး အမျိုးသမီးတွေကော ဖြစ်တတ်ပါသလား၊ ဘယ်လိုရာသီ ဥတုတွေမှာ အဖြစ်များတတ်တယ်ဆိုတာ သိပါရစေ-
* ကျောက်တည်ရောဂါဟာ ကျား/မ မရွေး ဖြစ်တတ်တဲ့ရောဂါပါ။ ဒါပေမယ့် အမျိုးသားများမှာ ပိုဖြစ်တတ်တာ တွေ့ရပါတယ်။
ဘယ်လိုရာသီတွေမှာ ကျောက်တည်ရောဂါ ဖြစ်တတ်သလဲဆိုတော့ ပူအိုက်ပြီး စိုထိုင်းတဲ့ ရာဦဥတုတွေမှာ ကျောက်တည်ရောဂါ အဖြစ်များတတ်ပါတယ်။
ဘာကြောင့်လဲဆိုရင် ဗဟိဒ္ဓအပြင်ဘက်က ရာသီဥတု ပူအိုက်တဲ့အတွက် အဇ္ဈတ္တခန္ဓာကိုယ်အတွင်းရှိ အာပေါ ရေဓာတ်များဟာ ချွေးအဖြစ်ထွက်ရတဲ့အတွက် အရေဓာတ်ခန်းခြောက်နေပါတယ်။ ဒါကြောင့် အညစ်အကြေးစွန့်ထုတ်ပစ်ရန် ကျောက်ကပ်အတွင်း အာပေါဓာတ်ဆိုတဲ့ ရေဓာတ် အလုံအလောက်မရှိတဲ့အခါ
ကျောက်ကပ်ရဲ့လုပ်ငန်းကိစ္စ ဆောင်ရွက်မှု နှေးကွေးလာပြီး အနည်အနှစ်ဓာတုပစ္စည်းများ စုပုံပြီး ကျောက်တည်ရောဂါ ဖြစ်ရတာဖြစ်ပါတယ်။
*****
* ကျောက်တည်ရောဂါရဲ့ ပုဗ္ဗရုပ် ရှေ့ပြေးလက္ခဏာများကို သိပါရစေ
* ကျောက်တည်ရောဂါ ဖြစ်တော့မယ့် ရှေ့ပြေးလက္ခဏာများကတော့ ကျောက်တည်ရောဂါ ဖြစ်တော့မယ်သူရဲ့ ဆီးဟာ
၁။ ဆိတ်ရဲ့ ကျင်ငယ်ရည်ကဲ့သို့ အနံ့ဆိုးခြင်း။
၂။ ဝမ်းဗိုက် တင်းရောင်ခြင်း။
၃။ ဆီးသွားစဉ် အလွန်နာကျင်ခြင်း။
၎။ ခက်ခဲစွာ ဆီးသွားရခြင်း။
၅။ အစားအစာ စားချင်စိတ် မရှိခြင်း စတဲ့ လက္ခဏာတွေဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီလက္ခဏာတွေ ဖြစ်လာပြီဆိုရင် ကျောက်တည်ရောဂါဖြစ်တော့မယ်လို့ သတိပေးတာ ဖြစ်ပါတယ်။
*****
* ကျောက်တည်ရောဂါရဲ့ ကုထုံးနဲ့ ဆေးချက်များကို ဆက်ပြီး ပြောပြပေးပါဦး
* ကျောက်တည်ရောဂါရဲ့ ကုထုံးနဲ့ ဆေးချက်များကတော့
သတ္တဝါတွေဟာ ကံ-စိတ်-ဥတု-အာဟာရ ဆိုတဲ့ သမုဋ္ဌာန်အကြောင်းတရား လေးပါး လွဲမှားမှုကြောင့် ရောဂါဖြစ်ကြရတဲ့အတွက် အာဟာရသမုဋ္ဌာန်လိုပခေါ်တဲ့ အစားအစာကို ပြုပြင်ပေးခြင်း။
ဣရိယာပုထ် ၄-ပါးလို့ ခေါ်တဲ့ လျောင်း-ထိုင်-ရပ်-သွား လေးပါးကို မျှတအောင် နေထိုင်ဖို့ ညွှန်ကြားရပါတယ်။ ဥတသမုဋ္ဌာန်အနေနဲ့ အပူခံလွန်းခြင်း၊ အအေးခံလွန်းခြင်း စတဲ့ နေထိုငမှုမျိုးကို ရှောင်ကြဉ်စေပါတယ်။
ဆေးအချက်အနေနဲ့ကတော့ နံနက်ပိုင်း မည်သည့်အစာမှ မစားမီ ကျော်ကြေဆေးကို သံပရာရည်နြ့ သောက်စေပါတယ်။ နေ့လယ်ပိုင်းမှာ ကြက်လည်ဆံဆီးဆေး ၅-ပြားကို ရေနွေးနဲ့ တိုက်ပါတယ်။ အစားအစာ စားပြီးတိုင်မှာ “သဗ္ဗရောဂမူလံ အဇိဏ္ဏံ”ဆိုတဲ့ မာဂဓဆရာကြီးများရဲ့ အဆိုအမိန့်အတိုင်း စားသမျှအစာ မကြေကျက်လို့ ရောဂါဖြစ်ရတဲ့အတွက် စားသမျှအစာောကကျက်ဖို့ ပါစက အစာကြေအစာဖျက်ဆေးကို လက်ဖက်ရည်ဇွန်းတဇွန်းခန့် ရေနွေး သို့မဟုတ်-ရေကျက်အေးနဲ့ တိုက်ပါတယ်။
မွန်းလွဲချိန် နေ့ ၂-နာရီခန့်မှာ သမားကိုင် ဆီးဆေးကို ရေကျက်အေးနဲ့ တိုက်ပါတယ်။ ညနေ ၄-နာရီခန့် ညစာမစားမီ ဓာတ်ညှိဆေးကို လက်ဖက်ရည် တဇွန်းခန့် ရေအေးနဲ့ တိုက်ပါတယ်။ လိမ်းဆေးအနေနဲ့ အနုမြူလိမ်းဆေး-ကို သံပရာရည်နဲ့ဖျော်ပြီး ညအိပ်ရာဝင်ချိန်မှာ ဆီးခုံ၊ လိင်တံ၊ လိင်ဥအကြား လိမ်းစေပါတယ်။
တိုင်းရင်းဆေး အမှတ်များနဲ့ ကုသမယ်ဆိုရင် ဆေးအမှတ် ၂၁-ဆီးဆေးဖြူကို နံနက်တကြိမ် နေ့လယ်တကြိမ် တနေ့ ၂-ကြိမ် တိုက်ရပါမယ်။ နံနက်ပိုင်း ၈-နာရီခန့်မှာ ဆီးဆေးဖြူ လက်ဖက်ရည် တဇွန်းခန့် ဆန်ဆေးရည်နဲ့ တိုက်ပြီး နေ့လယ် ၁၂-နာရီခန့်မှာ ဆီးဆေးဖြူ လက်ဖက်ရည်တဇွန်းခန့်ကို ထန်းရည် သို့မဟုတ်-ကြခတ်ဝါးပြုတ်ရည် သို့မဟုတ်-သံပရညာရည်ချိုချဉ်ကို ဆားအနည်းငယ်ထည့်ပြီး တိုက်ရပါမယ်။
ည အိပ်ရာဝင်ချိန်မှာတော့ ဆေးအမှတ် ၉-ဆီးဒူလာဆေး၊ သို့မဟုတ်- ဆေးအမှတ် ၁၀-ဆီးရွှင်ဝမ်းနုတ်ဆေး သို့မဟုတ်-ဆေးအမှတ် ၁၂-စက္ခုပါလ ဝမ်းပုပ်ချဆေး တမျိုးမျိုးကို လက်ဖက်ရည်ဇွန်းတဇွန်းခန့် ဝမ်းအခြေအနေကိုကြည့်၍ ရေအေးနဲ့ တိုက်ရပါမယ်။
လိမ်းဆေးအနေနဲ့ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၄၇-ခုနစ်ပါး ဆေးဝါးလေးအမှုန့်ကို နှမ်းဆီနဲ့ မပျစ်မကျဲဖျော်ပြီး ဆီးခုံ အခက်လိင်တံ၊ လိုင်ဥအကြေား လိမ်းပေးရမှာဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အတိုင်း စားဆေး၊ လိမ်းဆေးများနဲ့ ကုသမယ်ဆိုရင် ကျောက်တည်ရောဂါဟာ တဖြည်းဖြည်း သက်သာပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။
*****
* ဆီးရောဂါဝေဒနာရှင်များအတွက် ဆေးနည်းတခု ပညာဒါနပြုပေးပါဦး
* ဆီးပူညောင်းကျရောဂါ ရိဖြူရိနီရောဂါ သက်သာပျောက်ကင်းစေတဲ့ ဆေးနည်းတခု ပြောပြပေးပါမယ်။
ဆီးပူညောင်းကျရောဂါ ရိဖြူရိနီ ရောဂါ သက်သာပျောက်ကင်းဆေး
၁။ ကြွေပုပ် ၈ပဲသား
၂။ လိပ်ကျောက်ဆူး ၈ပဲသား
၃။ ပင်လယ်ရေမျြုပ် ၈ပဲသား
၎။ အလိုကျူ ၁ကျပ်သား
၅။ နွယ်ချို ၁ကျပ်သား
၆။ ကြသု ၁ကျပ်သား
၇။ သိန္ဓော ၂ကျပ်သား
၈။ ဆားပုပ် ၂ကျပ်သား
၉။ ဇဝက်သာ ၂ကျပ်သား
၁၀။ မင်းကိုကာ ၅ကျပ်သား
၁၁။ ပွေးကိုင်း ၈ကျပ်သား
(ဆေး ၁၁-မျိုး ဆေးအချိန် ၂၃-ကျပ်နှင့် ၈ပဲသား)
အထက်ပါဆေးများ စုပေါင်းအမှုန့်ပြုလုပ်ပြီး လေလုံပုလင်းနှင့် ထားပါ။ တကြိမ်လျှင် လက်ဖက်ရည်ဇွန်း တဇွန်းခန့် နံနက်-နေ့လယ်-ညနေ တနေ့ ၃-ကြိမ် အုန်းစိမ်းရည်နဲ့ သောက်ပါ။
ဆီးအိမ်နဲ့ ကျင်ချောင်းအတွင်း အပူငြိမ်းစေပြီး ကျင်ချောင်းအတွင်း ပိတ်ဆို့နေသော မလ(အညစ်အကြေး)များ စင်ကြယ်စေပါတယ်။ ကျောက်ကပ်ကို အပူငြိမ်းစေရုံမက ဆီးပူညောင်းကျရောဂါ၊ ရိဖြူရိနီရောဂါများကို သက်သာပျောက်ကင်းစေပါတယ်။
* ခုလို ဆီးရော၈ါနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ပြောကြားပေးတဲ့ ဆရာ ဦးလှိုင်မြင့်-အား ကျေးဇူးအထူးတင်ရှိပါကြောင်း---
မြောင်းမြ မောင်ယဉ်တင့်
(နက္ခတ္တ ၂၀၀၉-ဇွန်လ)

Saturday, December 17, 2011
ဒုဗ္ဗစ သိက္ခာပုဒ်
အမှုသည်---အရှင်ဆန္န။
အမှု---ဆုံးမသည်ကို မနာခံမှု။
အရှင်ဆန္န အပြောရခက်ပုံ။ ။ ဘုရားရှင်၏ ဖွားဖက်တော်ဖြစ်သော အရှင်ဆန္နသည် အခြားရဟန်းတို့က “ဤမည်သောအမှုကို မပြုနှင့်, မအပ်ပါဘူး”ဟု ပြောဆိုဆုံးမသောအခါ ထိုရဟန်းတို့ကို ဤသို့ ပြန်ပြောလေ့ ရှိ၏။
“တပည့်တော်ရဲ့ ဘုရား၊ တပည့်တော်ရဲ့ တရား၊ တပည့်တော်ရဲ့ အရှင့်သားတော်သည် တရားတော်ကို ထိုးထွင်း၍ သိထားတာဖြစ်တယ်၊ လေမုန်တိုင်းကြီး တိုက်လာသည့်အခါ မြက် ထင်း သစ်ရွက် အမှိုက်သရို က်
တွေကို တနေရာ၌ ဖယ်ရှားလိုက်သလို, တောင်ပေါ်မှ စီးကျလာသော မြစ်ရေသည် မှော်သေး မှော်ညှင်းတို့ကို တနေရာ၌ ဖယ်ရှားလိုက်သလို၊ ထို့အတူ ကိုယ်တော်တို့တတွေကို တပည့်တော်က ဖယ်ရှားနိုင်တယ်၊ ကိုယ်တော်တို့က တပည့်တော်ကို ပြောစရာ ဆိုစရာလို့ မှတ်နေကြသလား, တပည့်တော်ကသာ ကိုယ်တော်တို့ကို (မတော်တာရှိလျှင်) ပြောရ ဆိုရ ဆုံးမရမှာ”...ဤသို့ ပြန်၍ ပြောလေ့ရှိ၏။
ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ် ပါဠိတော်။ ။ ဘိက္ခုပနေဝ ဒုဗ္ဗစဇာတိကော ဟောတိ ဥဒ္ဒေသပရိယာပန္နေသု သိက္ခာပဒေသု၊ ဘိက္ခူဟိ သဟဓမ္မိကံ ဝုစ္စမာနော အတ္တာနံ အဝစနီယံ ကရောတိ၊ မာ မံ အာယသ္မန္တော ကိဉ္စိ အဝစုတ္ထ ကလျာဏံ ဝါ ပါပကံ ဝါ၊ အဟမ္ပာယသ္မန္တေ န ကိဉ္စိ ဝက္ခာမိ ကလျာဏံဝါ ပါပကံ ဝါ၊ ဝိရမထာယသ္မန္တော မမ ဝစနာယာတိ၊ သော ဘိက္ခု ဘိက္ခူဟိ ဧဝမဿ ဝစနီယော၊ မာယသ္မာ အတ္တာနံ အဝစနီယံ အကာသိ၊ ဝစနီယမေဝ အာယသ္မာ အတ္တာနံ ကရောတု၊ အာယသ္မာပိ ဘိက္ခူ ဝဒတု သဟဓမ္မေန၊ ဘိက္ခူပိ အာယသ္မန္တံ ဝက္ခန္တိ သဟဓမ္မေန၊ ဧဝံ သံဝဍ္ဎာ ဟိ တဿ ဘဂဝတော ပရိသာ, ယဒိဒံ အညမညဝစနေန အညမညဝုဋ္ဌာပနေနာတိ၊ ဧဝဉ္စ သော ဘိက္ခု ဘိက္ခူဟိ ဝုစ္စမာနော တထေဝ ပဂ္ဂယှေယျ၊ သော ဘိက္ခု ဘိက္ခူဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗော တဿ ပဋိနိဿဂ္ဂါယ၊ ယာဝတတိယဉ္စေ သမနုဘာသိယမာနော တံ ပဋိနိဿဇ္ဇေယျ၊ ဣစ္စေတံ ကုသလံ၊ နော စေ ပဋိနိဿဇ္ဇေယျ၊ သံဃာဒိသေသော။
သိက္ခာပုဒ် မြန်မာပြန် အကျဉ်း။ ။ ရဟန်းဖြစ်ပါလျက် ပါတိမောက်၌ (ဝိနည်းပါဠိတော်၌) အကျုံးဝင်ကုန်သော သိက္ခာပုဒ်ဆိုင်ရာဝယ် အပြောခက် အဆိုခက် ဖြစ်နေအံ့၊ ရဟန်းတို့က သိက္ခာပုဒ်ဖြင့် ပြောဆိုဆုံးမလျှင် မိမိကိုယ်ကို သူများ အဆုံးအမခံမည့်သူ မဟုတ်ကြောင်း ပြန်၍ပြောအံ့၊
ပြောပုံကား...“အရှင်ဘုရားတို့...တပည့်တော်ကို ကောင်းကောင်ဆိုးဆိုး ဘာကိုမျှ မပြောကြပါနဲ့၊ တပည့်တော်ကလည်း အရှင်ဘုရားတို့ကို ကောင်းတာဖြစ်စေ, ဆိုးတာဖြစ်စေ ဘာကိုမျှ ပြောလိမ့်မည်မဟုတ်၊ တပည့်တော်ကို ပြောခြင်း ဆိုခြင်းမှ ရှောင်ကြပါ”
ဤသို့ ပြန်ပြောအံ့၊ ထိုအဆုံးအမခက်သောရဟန်းကို အခြားရဟန်းတို့က ပြောရမည်မှာ-
”အရှင်သည် ကိုယ့်ကိုယ်ကို မပြောရ မဆိုရသူ မလုပ်ပါနဲ့၊ အရှင်ကလည်း ရဟန်းတို့ကို သိက္ခာပုဒ်ဖြင့် (မတော်တာရှိလျှင်) ပြောပါ၊ ရဟန်းတို့ကလည်း သိက္ခာပုဒ်ဖြင့် အရှင့်ကို ပြောပါလိမ့်မည်၊
ဤသို့ အချင်းချင်း ပြောဆိုကြခြင်း (အာပတ်သင့်လျှင်) အာပတ်မှထအောင် အချင်းချင်း ကူညီကြခြင်းကြောင့်သာ ထိုဘုရားရှင်၏ တပည့်ပရိသတ်သည် ဤအခြေအနေတိုင်အောင် တိုးတက်ကြီးပွားလာရပါသည်၊ (တပါးနှင့်တပါး ပြောခွင့် ဆိုခွင့် ဆုံးမခွင့် မရ၍ မပြောကြ မဆုံးမကြလျှင် ဆုတ်ယုတ်ကုန်ပါလိမ့်မည်-ဟူလို)

ဤသို့ ရဟန်းတို့က ပြောပါလျက် (အပြောအဆို မခံလိုခြင်းဟူသော) သူ့ဝါဒကို မစွန့်ဘဲ ချီးမြှောက်နေသေးလျှင် ထိုရဟန်းကို သံဃာအလယ်သို့ အတင်းဆွဲခေါ်၍ ဉတ်ကမ္မဝါစာဖြင့် ဆုံးမရမည်၊ ထိုသို့ ဆုံးမ၍ သူ့ဝါဒကို စွန့်လျှင် ကောင်း၏၊ မစွန့်လျှင် တတိယကမ္မဝါစာ အဆုံး၌ သံဃာဒိသေသ်အာပတ် သင့်သည်။
မှတ်ချက်။ ။ ယခုခေတ်၌ များသောအားဖြင့် တိုက်ကို၎င်း, ကျောင်းကို၎င်း အုပ်ချုပ်နေကြသော တိုက်အုပ် ကျောင်းထိုင်ပုဂ္ဂိုလ်များသည် တိုက်ရှိသံဃာ ကျောင်းရှိသံဃာများကို မပြောဝံ့ မဆုံးမဝံ့ကြတော့၊ လက်အောက် သံဃာများသည်လည်း အတော်များများက ထိုတိုက်အုပ် ကျောင်းထိုင်ကို မှီခိုအားထားလို၍ လာရောက်နေထိုင်ကြသည်မဟုတ်, နေရာရရုံလောက်ကို ရည်ရွယ်၍ လာရောက်နေထိုင်ကြခြင်း ဖြစ်၏၊ စာသင်ခြင်းကိစ္စကိုမူ သင့်တော်ရာပုဂ္ဂိုလ်ထံ (အခြားကျောင်း အခြားတိုက်မှာဖြစ်စေ) သွားရောက် သင်ယူကြလေသည်။ ထိုကဲ့သို့ အချင်းချင်း မှီခိုအားထားခြင်း မရှိကြသောကြောင့်လည်း ပြောဆိုဆုံးမဖို့ မလွယ်ကူကြတော့ချေ၊ ဤကား မြို့စာသင်တိုက်များ၌ များသောအားဖြင့် ဖြစ်နေပုံတည်း။
ထိုကဲ့သို့ ဖြစ်နေမှုကြောင့် “ဧဝံ သံဝဍ္ဎာ ဟိ တဿ ဘဂဝတော ပရိသာ၊ ယဒိဒံ အညမညဝစနေန =အချင်းချင်း ပြောဆိုဆုံးမလာခြင်းကြောင့်သာ ဘုရားရှင်၏ ပရိသတ်သည် ဤအခြေအနေတိုင်အောင် သီလ သမာဓိ ပညာအားဖြင့် ကြီးပွားတိုးတက်လာရပါသည်”ဟူသော စကားနှင့် ပြောင်းပြန်ဖြစ်ကာ “အချင်းချင်း မဆုံးမနိုင်သောကြောင့် ဘုရားသာသနာတော်ကြီးသည် ဤအခြေအနေတိုင်အောင် သီလ သမာဓိ ပညာအားဖြင့် ဆုတ်ယုတ်လာခဲ့ရပါသည်”ဟု ငြီးငြူရသောခေတ်သို့ ရောက်လုနီးပါး ဖြစ်နေရပါသည်၊ ဤအခြေအနေကို တမျိုးတမည်ပြောင်းအောင် လက်ရှိဆရာတော်ကြီးများနှင့် အစိုးရကသာ မပြုပြင်နိုင်ပါလျှင် ဤသာသနာတော်သည် မြန်မာနိုင်ငံတော်တွင် ဤအခြေအနေမျှပင် တည်တံ့ဖို့ ခဲယဉ်းပါလိမ့်မည်။
အရှင်ဇနကာဘိဝံသ-ဘာသာပြန်ဆို ရေးသားအပ်သော
ဘုရားဥပဒေတော်ကြီး-စာမျက်နှာ ၅၁-မှာ ကူးယူဖော်ပြသည်။
Friday, December 16, 2011
ကလတက် (သို့မဟုတ်) အုန်းမောင်း ပြုလုပ်ပုံ
ရှေးလူကြီးများရဲ့ စကားတခု ရှိပါတယ်။ “အသစ် ဘယ်လိုကောင်းကောင်း အဟောင်းကိုတဲ့ တလည်လည်”လို့ ကြားဖူးပါတယ်။ ဒီနေ့ခေတ်ကြီးဟာ အလွန်လျင်မြန်တဲ့ အရှိန်အဟုန်နဲ့ တိုးတက်နေပါတယ်။ မယုံကြည်နိုင်လောက်အောင်ဘဲ တိုးတက်ပြောင်းလဲနေတာကို ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒါပေမယ့် အသစ်တွေ ကောင်းသလို အဟောင်းကိုလဲ မေ့မထားသင့်ဘူးလို့ ယူဆမိပါတယ်။
ယောက်ျားတို့အတွက် သင်္ဘောရွက်
ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး-လို့ ဆိုရိုးစကား ရှိပါတယ်။
စာရေးသူတို့ ယောက်ျားတွေ တော်တော်များများ ဖြစ်တတ်တဲ့ ဝေဒနာတမျိုးပါ။ စာရေးသူဟာ မကြာခဏ ဆီးနည်း၊ ဆီးအောင့်၊ ကျောက်ကပ်ရောင်ခြင်း ဖြစ်တတ်ပါတယ်။
ဆီးအောင့်ပါများပြီး ကပ်ပယ်အိတ်ပါ ရောင်လာတတ်ပါတယ်။ လက်သီးဆုတ်လောက်အထိ ရောင်လာပြီး ထိုင်ထ လမ်းလျှောက်ရင် အောင့်ပြီး ခံရခက်တာကို ဖြစ်ဖူးသူတိုင်း သိကြမှာပါ။ အလေးအပင် မ,မိရင်လဲ ဖြစ်တတ်ပါတယ်။
တနေ့မှာ စာရေးသူလဲ ကပ်ပယ်အိတ်ပါရောင်ပြီး လမ်းတောင် မလျှောက်နိုင်ပါဘူး။ ဆေးထိုးတော့လဲ သက်သာပေမယ့် အရောင်က မကျဘူး ဖြစ်နေပါတယ်။
ဒီလိုနဲ့ တနေ့မှာ (ကိုကြည်နိုင်)ဆိုတဲ့ မိတ်ဆွေနဲ့ တွေ့တုန်း သူဖြစ်တုန်းက ပအိုဝ်းတိုင်းရင်းသား မိတ်ဆွေပြောတဲ့ ဆေးမြီးတိုနည်းကြောင့် သက်သာ ပျောက်ကင်းခဲ့တဲ့နည်းကို ပြောပြပါတယ်။
စာရေးသူလဲ သူပြောတဲ့နည်းလေးကို သုံးကြည်တာ သက်သာပျောက်ကင်းခဲ့လို့ အခု တင်ပြပေးလိုက်ပါတယ်။
* သင်္ဘောရွက် အကြမ်းရွက်ကို မီးနဲ့ ကျွမ်းအောင်ကင်ပြီး ရေနွေးဖြူ ပူပူထဲ ခြွေထည့်ပြီး
ရေနွေးကြမ်းသောက်ပန်းကန် နှစ်လုံးစာလောက်ကို တနေ့ သုံးကြိမ် သောက်ပေးရပါတယ်။
ခါးလွန်းခြင်း မရှိဘဲ သောက်လို့ ကောင်းပါတယ်။
သင်္ဘောရွက် အနုကိုတော့ မီးအုံးကင်ပြီး ထမင်းစားတဲ့အခါ တို့စရာလို စားပေးရပါတယ်။
၂-ရက်လောက် စားပြီးတဲ့အခါ သက်သာလာပါတယ်။ ၅-ရက်လောက် သုံးပြီးတော့ သက်သာပျောက်ကင်းသွားပါတယ်။
ဦးဌေးနိုင်-မန့်စတိုး (ရွှေညောင်ဈေး)
(နက္ထတ္တ ၂၀၀၉-ဇွန်)

အထက်လှန် အောက်လျှော
အထက်လှန် အောက်လျှော ဖြစ်ခဲ့သော်
အချို့က--- အုန်းဆီကို ကြေးဇွန်းတွင်ထည့်၍ ဖယောင်းမီးဖြင့် ဆူပွက်အောင် ချက်ပြီး အအေးခံ၍ ခပ်နွေးနွေး တိုက်ရသည်ဟု ဆိုပါသည်။
အချို့က---ဗျူးမြစ်အနုကို ကိုယ့်လက်နှင့် တဆစ်တိုင်းဖြတ်ပြီး ဝါးစားလျှင် ပျောက်သည်ဟု ဆိုသည်။
(အရသာမှာ ဖန်ချဉ် ဖြစ်သည်)
အချို့က---အစာလည်း ဆေး၊ ဆေးလည်း အစာ ဆိုသည့်အတိုင်း
ရခိုင် ငှက်ပျောသီးအမှည့်ကို ကျွေးခြင်းပင် ဖြစ်သည်။
(သြ-သု) ဆရာ ဦးမြင့်သိဏ်း-မအူပင်မြို့
(နက္ခတ္တ ၂၀၀၉-ဇွန်)

ခူနာပျောက်ကြောင်း ဆေးနည်းကောင်း
ဆေးနည်းမှာ---
၁။ ဥသျှစ်ရွက် ၃-ကျပ်သားခန့်
၂။ မုရိုးရွက် ၃-ကျပ်သားခန့်
၃။ မိုးနံရွက် ၃-ကျပ်သားခန့်
၎။ ထမင်း အနည်းငယ်
အထက်ဖော်ပြပါ လေးမျိုးကို ရောပြီး စေးနေအောင် ကြိတ်ပါ။ ပြီးမှ အနာပေါ် အုံလိုက်ပါ။ ပတ်တီး စည်းထားပါ။ မိုးလင်းရင် ပြန်ဖြေ။
ဤနည်းအတိုင်း ဆေးကို အသစ်ထပ်ကြိတ်ပြီး သုံးရက်ခန့် အုံပေးပါ။ အသားနုတက်ရင် ခွေးတောက်မြစ် အခြောက်အား အမှုန့်ပြုလုပ်၍ အနာပေါ် ဖြူးထားပေးရုံပါပဲ။
ဤဆေးနည်းကို ယုံကြည်စိတ်ချစွာ အသုံးပြုရင် ပျောက်ကင်းစေမယ့် ဆေးတလက်ပါ။ အသားစွဲ ခူနာပေါက်ကြသူတိုင်း ဤဆေးနည်းဖြင့် သက်သာပျောက်ကင်းနိုင်ကြစေသတည်း။
မဟူရာ(ဧရာဝတီ) ကသာ

ငုမြစ်နှင့် အသည်းကြီး ရောဂါ
ငုပင်အမြစ် လက်တဆစ်ခန့်ကို
ရေစင်အောင်ဆေး၍
ထန်းလျက်သုံးခဲနှင့်
သုံးခွက်တခွက်တင် ကျိုကာ
မကြာခဏ သောက်ပေးရန်ပင် ဖြစ်ပါသည်။
Thursday, December 15, 2011
ဂရင်ဂျီနာ လိပ်ခေါင်းအတွက် ဆေးတလက်
အဲဒီအနာတွေဟာ အပူအပုပ်ကြောင့် ပေါက်တာ၊ ပေါက်လိုက်ရင်လဲ ချက်ကောင်းချည်းပဲ။
ပိစပ် မဲဇလီ အစွမ်းထက်သည်
ဆေးနည်း---
၁။ ပိစပ်ပင် ပဉ္စငါးပါး
၂။ ပွေးမဲဇလီရွက် မနုမရင့်
၃။ ပျားရည် စစ်စစ်။
၁။ ပိစပ်ပင် ပဉ္စငါးပါး
၂။ ပွေးမဲဇလီရွက် မနုမရင့်
၃။ ပျားရည် စစ်စစ်။
Wednesday, December 14, 2011
တရားထိုင်ခြင်း
တရာစခန်းဝင်ပြီး တရားဓမ္မကျင့်ကြံကြိုးကုတ် အားထုတ်ကြမယ့်သူတွေအနေနဲ့ တရားထိုင်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ ဖြစ်ခြင်း-ပျက်ခြင်းဆိုတဲ့ မမြဲတဲ့ အနိစ္စသဘောကို သိမြင်နိုင်ရုံသာမက ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်ပါကြောင်း ကျန်းမာရေးရှုထောင့်ကနေ ဖော်ပြပေးလိုက်ပါတယ်။
ဘာကြောင့် ငိုတာလဲ
နှုတ်ခမ်းတွေ တုန်ယင်လာမယ်၊ မျက်လုံးတွေက နီရဲစိုစွတ်လာမယ်၊ ပြီးရင် မျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး မျက်ရည်တွေ စီးမကျလာအောင် ထိန်းထားမယ်။ ဒီနည်းနဲ့ မျက်ရည်တွေကို မထိန်းထားနိုင်ရင်တော့ ငိုတယ်ဆိုတာ ဖြစ်လာပါပြီ။
Friday, December 9, 2011
(၆) အရှင်ဘဒ္ဒိယမထေရ်အကြောင်း သိကောင်းစရာ
ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဥစ္စာကုလိကာနံ ယဒိဒံ ဘဒ္ဒိယော ကာဠိဂေါဓာယ ပုတ္တော။ (အံ-၁၊ ၂၃)
မြတ်သောအမျိုး၌ ဖြစ်ကုန်သော ဘုရားရှင်၏ တပည့်ရဟန်းတို့တွင် အမြတ်ဆုံးဖြစ်သည်၊ အမှန်စင်စစ်က ရှေးဆုတောင်း၏ အစွမ်းအာနုဘော်အားဖြင့် အစဉ်အတိုင်း ဘဝငါးရာတို့တိုင်တိုင် မင်းမျိုး၌ဖြစ်၍ မင်းဖြစ်ခဲ့ရသောကြောင့် အမျိုးမြတ်သူတို့တွင် “အမြတ်ဆုံးအရာ”ကို ရရှိလေသည်။ (အံ-ဋ္ဌ-၁၊ ၁၅၀၊ ၁၅၁)
အရှင်ဘဒ္ဒိယမထေရ်အလောင်း ရှေးဆုတောင်း ---
အရှင်ဘဒ္ဒိယအလောင်းတော်သည် ပဒုမုတ္တရ ဘုရားရှင်လက်ထက်တော်ဝယ် စည်းစိမ်ကြွယ်ဝသော အမျိုး၌ဖြစ်၍ ဘုရားရှင်က မြတ်သောအမျိုး၌ဖြစ်ကုန်သော ရဟန်းတို့တွင် အမြတ်ဆုံးဧတဒဂ်ရာထူး၌ထားသော ရဟန်းတပါးကို တွေ့မြင်ရ၍ ထိုရဟန်းတို့သို့ အမျိုးမြတ်သောအရာ၌ အမြတ်ဆုံးရာထူးရရန် ခုနစ်ရက်ပတ်လုံး အလှူကြီးပေး၍ ဆုတောင်းခဲ့လေသည်။အမျိုးမြတ်ရာ ဧတဒဂ်ပါ---
အရှင်ဘဒ္ဒိယသည် မည်းနက်သောအဆင်းရှိသော ဂေါဓာအမည်ရှိသော သာကီဝင်မင်းသမီး၏သား ဖြစ်၏။ သူ၏မိခင်သည် သာကီဝင်မင်းသမီးတို့တွင် အရွယ်အားဖြင့် အကြီးဆုံးဖြစ်သည်။ (သာကီဝင်မင်းမျိုး၏ ထုံးတမ်းစဉ်လာမှာ အသက်ကြီးသူကို အရိုအသေ ပေးကြရသည်, အသက်ကြီးသူကို “မြတ်သည်”ဟု ယူဆကြသည်။)အရှင်ဘဒ္ဒိယသည်သာ (မြင့်မြတ်သူ မိခင်၏ သားဖြစ်၍ မင်းဖြစ်ထိုက်စေကာမူ) သာကီဝင်မျိုး၌ ရထိုက်သော မင်းအဖြစ်ကို ပယ်စွန့်၍ ရဟန်းပြုသောကြောင့်မြတ်သောအမျိုး၌ ဖြစ်ကုန်သော ဘုရားရှင်၏ တပည့်ရဟန်းတို့တွင် အမြတ်ဆုံးဖြစ်သည်၊ အမှန်စင်စစ်က ရှေးဆုတောင်း၏ အစွမ်းအာနုဘော်အားဖြင့် အစဉ်အတိုင်း ဘဝငါးရာတို့တိုင်တိုင် မင်းမျိုး၌ဖြစ်၍ မင်းဖြစ်ခဲ့ရသောကြောင့် အမျိုးမြတ်သူတို့တွင် “အမြတ်ဆုံးအရာ”ကို ရရှိလေသည်။ (အံ-ဋ္ဌ-၁၊ ၁၅၀၊ ၁၅၁)
(၅) အရှင်အနုရုဒ္ဓါအကြောင်း သိကောင်းစရာ
ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ယဒိဒံ အနုရုဒ္ဓေါ။ (အံ-၁၊ ၂၃)
အရှင်အနုရုဒ္ဓါ အလောင်း သူကြွယ်က “အရှင်ဘုရားတို့...ဒိဗ္ဗစက္ခုအဘိညာဏ်၏ ရရန်အကြောင်း ပရိကံကောင်းမှုကား အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်လေ၏။
ရဟန်းသံဃာတော် အရှင်မြတ်များက “ဒါယကာ...ဆီမီးအလှူကို ပေးလှူရန် သင့်ပေ၏”ဟု မိန့်တော်မူကြ၏။
ထို့ကြောင့် သူကြွယ်သည် ဆီမီးတိုင် ထောင်ပေါင်းများစွာ လှူဒါန်းလေ၏။ (အံ-ဋ္ဌ-၁၊ ၁၄၄)
အရှင်အနုရုဒ္ဓါမထေရ်အလောင်း ရှေးဆုတောင်း---
လွန်လေပြီးသော ကမ္ဘာတသိန်းထက်၌ ပဒုမုတ္တရဘုရားရှင် ပွင့်တော်မူစဉ်က အရှင်အနုရုဒ္ဓါအလောင်းတော်သည် အမည်မထင်ရှားသော သူကြွယ်တဦး ဖြစ်ခဲ့လေသည်။ တနေ့သောအခါ သူကြွယ်သည် တရားနာရန်ကျောင်းတိုက်သို့ သွားရောက်ခိုက်ဝယ် ဘုရားရှင်က ရဟန်းတပါးကို ဒိဗ္ဗစက္ခုအဘိညာဉ်ရသောအရာဝယ် ဧတဒဂ်ဘွဲ့ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ မိမိလည်း ထိုဧတဒဂ်ဘွဲ့မျိုး ပုဂ္ဂိုလ်ဖြစ်ပါမူကား ကောင်းလေစွာ့ဟု စိတ်အကြံဖြစ်ပြီးလျှင် ခုနစ်ရက်တိုင်တိုင် ဘုရားအမှူးရှိသော သံဃာတော်အား ကြီးစွာသော အလှူဒါနကို ပေးလှူပြီးလျှင် ခုနစ်ရက်မြောက်နေ့၌ အလွန်မွန်မြတ်သော အဝတ်သင်္ကန်းတို့ကို လှူဒါန်းလျက် ဒိဗ္ဗစက္ခုအဘိညာဉ်ရသော ရဟန်းတို့တွင် အမြတ်ဆုံး ဧတဒဂ်ဘွဲ့ရ ပုဂ္ဂိုလ် ဖြစ်ရပါလို၏-ဟု ဆုတောင်းခဲ့လေသည်။ ဒိဗ္ဗစက္ခုအဘိညာဏ် ရရန်ပရိကံ ကောင်းမှုကံ---
ပရိနိဗ္ဗာန်စံတော်မူပြီးသော ပဒုမုတ္တရဘုရားရှင်၏ ရွှေစေတီတော်အနီးရှိ ရဟန်းသံဃာတော်သို့ ချဉ်းကပ်လျက် အရှင်အနုရုဒ္ဓါ အလောင်း သူကြွယ်က “အရှင်ဘုရားတို့...ဒိဗ္ဗစက္ခုအဘိညာဏ်၏ ရရန်အကြောင်း ပရိကံကောင်းမှုကား အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်လေ၏။
ရဟန်းသံဃာတော် အရှင်မြတ်များက “ဒါယကာ...ဆီမီးအလှူကို ပေးလှူရန် သင့်ပေ၏”ဟု မိန့်တော်မူကြ၏။
ထို့ကြောင့် သူကြွယ်သည် ဆီမီးတိုင် ထောင်ပေါင်းများစွာ လှူဒါန်းလေ၏။ (အံ-ဋ္ဌ-၁၊ ၁၄၄)
Thursday, December 8, 2011
(၄) အရှင်မဟာကဿပမထေရ်အကြောင်း သိကောင်းစရာ
ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဓုတဝါဒါနံ (ဓုတင်္ဂဓရာနံ ကတ္ထစိ) ယဒိဒံ မဟာကဿပေါ။ (အံ-၁၊ ၂၃)
ထို့နောက် ဘုရားရှင်၏အနီးသို့ ပြန်လာ၍ “ရှင်တော်မြတ်ဘုရား...မဟာနိသဘထေရ်ကို အိမ်တွင်းသို့ ပင့်ပါသော်လည်း အရှင်မြတ်သည် မဝင်လိုပါ။ ထိုမထေရ်မြတ်မှာ အရှင်ဘုရားတို့၏ ဂုဏ်ကျေးဇူးထက် သာလွန်သော ဂုဏ်ကျေးဇူးများ ရှိပါသလားဘုရား”ဟု မေးမြန်းလျှောက်ထားလေသည်။
ဘုရားရှင်တို့၏သန္တာန်တော်၌ ဂုဏ်ကျေးဇူးကို ဝန်တိုမှုတရား-ဟူ၍ လုံဝမရှိပါ (ဗုဒ္ဓါနဉ္စ ဝဏ္ဏမစ္ဆေရံ နာမ နတ္ထိ)၊ သို့ဖြစ်၍ ဘုရားရှင်က “ဒါယကာ...ငါတို့သည် ဆွမ်းကိုငံ့၍ အိမ်၌ ထိုင်နေကြကုန်၏၊ နိသဘမထေရ်ကား ဤသို့ ထိုင်၍ ဆွမ်းကို ငံ့လင့်မှု အလင်းပင် မပြုချေ၊ ငါတို့သည် ရွာနီးကျောင်း၌ နေထိုင်ကြကုန်၏။ နိသဘထေရ်ကား တောကျောင်း၌သာ
နေလေ့ရှိ၏။ ငါတို့သည် အမိုးရှိသောကျောင်း၌ နေထိုင်ကြကုန်၏။ နိသဘထေရ်ကား ဟင်းလင်းအပြင် လွင်တီးခေါင်၌ သာလျှင် နေလေ့ရှိ၏” ဟု မထေရ်မြတ်၏ ဂုဏ်ကျေးဇူးများကို အကျယ် ဟောကြားတော်မူလေသည်။
ဝေဒေဟဥပါသကာသည် အတိုင်းထက်အလွန် သဒ္ဓါကြည်ညိုဖြစ်ကာ ခုနစ်ရက်တိုင်တိုင် ဆွမ်းအလှူကြီးပေးပြီးနောက် ခုနစ်ရက်မြောက်နေ့မှာ ဘုရားအမှူးရှိသော ရဟန်းအပေါင်အား တိစီဝရိတ်တစုံစီ လှူဒါန်းဆက်ကပ်ပြီးလျှင် မဟာနိသဘ မထေရ် ရအပ်သော ရာထူးကဲ့သို့ ဓုတင်အရာ၌ အမြတ်ဆုံး ဧတဒဂ်ရာထူးကို တောင်းဆုချွေခဲ့လေသည်။
ဥရုဝေလကဿပ, နဒီကဿပ, ဂယာကဿပ, ကုမာရကဿပ-ဟူသော ဤငယ်ကုန်, အလွန်ငယ်ကုန်သော မထေရ်တို့ကို စွဲ၍ ကြီးမြတ်တော်မူသောကြောင့် “မဟာကဿပ”ဟု ခေါ်သည်။
မှတ်ချက်။ ။ ဗာကုလထေရ်သည် ကိုယ်တိုင် ဓုတင်ကျင့်တော်မူ၏။ သူတပါးတို့အား ဓုတင်ကို ဟောကြားတော် မမူချေ။
ဥပနန္ဒထေရ်သည် ကိုယ်တိုင်တော့ ဓုတင်မကျင့်၊ သူတပါးတို့အားသာ ဓုတင်ကို ဟောကြားတော်မူသည်။
မဟာကဿပထေရ်ကား ကိုယ်တိုင်လည်း ဓုတင်ကျင့်၍ သူတပါးတို့အား ဟောကြားတော်မူလေသည်။(အံ-ဋ္ဌ-၁၊ ၁၂၆၊ ၁၂၇)
အရှင်မဟာကဿပမထေရ်အလောင်း ရှေးဆုတောင်း---
အရှင်မဟာကဿပ အလောင်းတော်သည် ပဒမုတ္တရဘုရားလက်ထက်တော်ဝယ် ဟံသာဝတီမြို့၌ ကုဋေရှစ်ဆယ်ကြွယ်ဝသော ဝိဒေဟမည်သော သူကြွယ်ဖြစ်ခဲ့လေသည်။ တနေ့သောအခါ ကျောင်းတော်သို့ သွားစဉ် ဘုရားရှင်က မဟာနိသဘမည်သော မထေရ်ကို “ဓုတင်အရာ၌ အမြတ်ဆုံး=ဧတဒဂ်ရာထူး” ချီးမြှင့်တော်မူတာ ကြားသိရ၍ ကြည်ညိုစိတ်ဖြစ်ပေါ်လာသောကြောင့် နက်ဖြန်အတွက် ဘုရားအမှူးရှိသော ရဟန်းသံဃာအား ဆွမ်းဖိတ်ခဲ့လေသည်။ ဝေဒေဟဥပါသကာသည် နောက်နေ့ဝယ် ဘုရားရှင်နှင့် ရဟန်းသံဃာတော်တို့အား ဆွမ်းဆက်ကပ်နေသောအခါတွင် ဆွမ်းခံကြွလာသော မဟာနိသဘထေရ်ကို မြင်၍ သပိတ်တောင်းယူကာ အိမ်တွင်းသို့ ပင့်ခေါ်သော်လည်း မထေရ်မြတ်က “ဒါယကာ အိမ်တွင်းသို့ဝင်၍ နေထိုင်ရန် အပ်စပ်လိမ့်မည်မဟုတ်”ဟု ပြောဆိုတော်မူလေသည်။ ဥပါသကာသည် သပိတ်အပြည့် ဆွမ်းထည့်၍ မထေရ်မြတ်အား ဆက်ကပ်လှူဒါန်းလေသည်။ထို့နောက် ဘုရားရှင်၏အနီးသို့ ပြန်လာ၍ “ရှင်တော်မြတ်ဘုရား...မဟာနိသဘထေရ်ကို အိမ်တွင်းသို့ ပင့်ပါသော်လည်း အရှင်မြတ်သည် မဝင်လိုပါ။ ထိုမထေရ်မြတ်မှာ အရှင်ဘုရားတို့၏ ဂုဏ်ကျေးဇူးထက် သာလွန်သော ဂုဏ်ကျေးဇူးများ ရှိပါသလားဘုရား”ဟု မေးမြန်းလျှောက်ထားလေသည်။
ဘုရားရှင်တို့၏သန္တာန်တော်၌ ဂုဏ်ကျေးဇူးကို ဝန်တိုမှုတရား-ဟူ၍ လုံဝမရှိပါ (ဗုဒ္ဓါနဉ္စ ဝဏ္ဏမစ္ဆေရံ နာမ နတ္ထိ)၊ သို့ဖြစ်၍ ဘုရားရှင်က “ဒါယကာ...ငါတို့သည် ဆွမ်းကိုငံ့၍ အိမ်၌ ထိုင်နေကြကုန်၏၊ နိသဘမထေရ်ကား ဤသို့ ထိုင်၍ ဆွမ်းကို ငံ့လင့်မှု အလင်းပင် မပြုချေ၊ ငါတို့သည် ရွာနီးကျောင်း၌ နေထိုင်ကြကုန်၏။ နိသဘထေရ်ကား တောကျောင်း၌သာ
နေလေ့ရှိ၏။ ငါတို့သည် အမိုးရှိသောကျောင်း၌ နေထိုင်ကြကုန်၏။ နိသဘထေရ်ကား ဟင်းလင်းအပြင် လွင်တီးခေါင်၌ သာလျှင် နေလေ့ရှိ၏” ဟု မထေရ်မြတ်၏ ဂုဏ်ကျေးဇူးများကို အကျယ် ဟောကြားတော်မူလေသည်။
ဝေဒေဟဥပါသကာသည် အတိုင်းထက်အလွန် သဒ္ဓါကြည်ညိုဖြစ်ကာ ခုနစ်ရက်တိုင်တိုင် ဆွမ်းအလှူကြီးပေးပြီးနောက် ခုနစ်ရက်မြောက်နေ့မှာ ဘုရားအမှူးရှိသော ရဟန်းအပေါင်အား တိစီဝရိတ်တစုံစီ လှူဒါန်းဆက်ကပ်ပြီးလျှင် မဟာနိသဘ မထေရ် ရအပ်သော ရာထူးကဲ့သို့ ဓုတင်အရာ၌ အမြတ်ဆုံး ဧတဒဂ်ရာထူးကို တောင်းဆုချွေခဲ့လေသည်။
နောက်ဆုံးဘဝ၊ ရဟန်းပ၊ ဓုတဧတဒဂ်---
ထိုဆုတောင်းကြောင့်ပင် နောက်ဆုံးဘဝ ဂေါတမဘုရားရှင် လက်ထက်တော်ဝယ် အရှင်မဟာကဿပ အမည်တော်ဖြင့် “ကိလေသာကို ခါတွက်ကြောင်း ကောင်းမြတ်သော ဓုတင်ပဋိပတ် အကျင့်မြတ်ကို ကိုယ်တိုင်လည်း ကျင့်သုံး၍ သူတပါးတို့ကိုလည်း ဟောကြားပြသ ဆိုဆုံးမကြသော ဘုရားရှင်၏ တပည့်ရဟန်းတို့တွင် အမြတ်ဆုံး ဧတဒဂ်ရာထူး”ကို ရရှိတော်မူလေသည်။ (အံ-ဋ္ဌ-၁၊ ၁၂၆၊ ၁၄၃) ဥရုဝေလကဿပ, နဒီကဿပ, ဂယာကဿပ, ကုမာရကဿပ-ဟူသော ဤငယ်ကုန်, အလွန်ငယ်ကုန်သော မထေရ်တို့ကို စွဲ၍ ကြီးမြတ်တော်မူသောကြောင့် “မဟာကဿပ”ဟု ခေါ်သည်။
မှတ်ချက်။ ။ ဗာကုလထေရ်သည် ကိုယ်တိုင် ဓုတင်ကျင့်တော်မူ၏။ သူတပါးတို့အား ဓုတင်ကို ဟောကြားတော် မမူချေ။
ဥပနန္ဒထေရ်သည် ကိုယ်တိုင်တော့ ဓုတင်မကျင့်၊ သူတပါးတို့အားသာ ဓုတင်ကို ဟောကြားတော်မူသည်။
မဟာကဿပထေရ်ကား ကိုယ်တိုင်လည်း ဓုတင်ကျင့်၍ သူတပါးတို့အား ဟောကြားတော်မူလေသည်။(အံ-ဋ္ဌ-၁၊ ၁၂၆၊ ၁၂၇)
(၂-၃) အရှင်သာရိပုတ္တရာမထေရ်နှင့် အရှင်မဟာမောဂ္ဂလာန် မထေရ်တို့အကြောင်း သိကောင်းစရာ
ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ မဟာပညာနံ ယဒိဒံ သာရိပုတ္တော။ (အံ-၁၊ ၂၃)
ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဣဒ္ဓိမန္တာနံ ယဒိဒံ မဟာမောဂ္ဂလာနော။ (အံ-၁၊ ၂၃)
သရဒရသေ့သည် သူငယ်ချင်း သိရိဝဍ္ဎနထံသို့ သွား၍ အကျိုးအကြောင်းရှင်းပြသောအခါ သိရီဝဍ္ဎနသူကြွယ်လည်း ဘုရားအမှူးရှိသော ရဟန်းသံဃာအား အလှူကြီးပေးကာ အနောမဒဿီဘုရားရှင်၏ လက်ဝဲတော်ရံ အရှင်အနောမကဲ့သို့ “တန်ခိုးအရာ၌ အမြတ်ဆုံး အဂ္ဂသာဝက”ဆု တောင်းခဲ့လေသည်။
ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဣဒ္ဓိမန္တာနံ ယဒိဒံ မဟာမောဂ္ဂလာနော။ (အံ-၁၊ ၂၃)
မထေရ်မြတ်တို့အကြောင်း ရှေးဆုတောင်း---
လွန်ခဲ့သော တသင်္ချေနှင့် ကမ္ဘာတသိန်းထက်ဝယ် အရှင်သာရိပုတ္တရာအလောင်းတော်သည် သရဒလုလင်အမည်ဖြင့် ပုဏ္ဏား သူဌေးမျိုး၌ဖြစ်၍ အရှင်မောဂ္ဂလာန်အလောင်းတော်သည် သိရိဝဍ္ဎန အမည်ဖြင့် သူကြွယ်မျိုး၌ဖြစ်လေသည်။ သရဒလုလင်သည် စီးပွားဥစ္စာတို့ကို စွန့်လှူ၍ တောထွက်ကာ ရသေ့ရဟန်းပြုလျက် လောကီအဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးတို့ကို ရရှိခဲ့လေသည်။ သရဒရသေ့သည် မိမိတပည့်နှင့်တကွ အနောမဒဿီဘုရားအား သစ်သီးကြီးငယ် လှူဒါန်းခြင်း၊ ဘုရားရှင်နှင့် ရဟန်းတော်တသိန်းတို့အတွက် ထိုင်နေစရာ ပန်းအခင်းတို့ကို လှူဒါန်းကြပြီးလျှင် ဘုရားရှင်ဟောကြားတော်မူသော ဒေသနာတော်အဆုံး၌ တပည့်အားလုံးသည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြလေသည်။ သရဒရသေ့ကား အနောမဒဿီဘုရားရှင်၏ လကျာ်တော်ရံ အရှင်နိသဘကဲ့သို့ “ပညာအရာ၌ အမြတ်ဆုံး=အဂ္ဂသာဝက” ဆုတောင်းခဲ့လေသည်။သရဒရသေ့သည် သူငယ်ချင်း သိရိဝဍ္ဎနထံသို့ သွား၍ အကျိုးအကြောင်းရှင်းပြသောအခါ သိရီဝဍ္ဎနသူကြွယ်လည်း ဘုရားအမှူးရှိသော ရဟန်းသံဃာအား အလှူကြီးပေးကာ အနောမဒဿီဘုရားရှင်၏ လက်ဝဲတော်ရံ အရှင်အနောမကဲ့သို့ “တန်ခိုးအရာ၌ အမြတ်ဆုံး အဂ္ဂသာဝက”ဆု တောင်းခဲ့လေသည်။
နောက်ဆုံးဘဝ၊ ရဟန်းပ၊ ရကြဧတဒဂ်---
ထိုဆုတောင်းကြသည့်အတိုင်းပင် ဂေါတမဘုရားလက်ထက်တော်ဝယ် ဘုရားရှင်က အရှင်သာရိပုတ္တရာထေရ်ကို ဉာဏ်ပညာ ကြီးကြသည့် တပည့်ရဟန်းတို့တွင် အမြတ်ဆုံး=ဧတဒဂ်ရာထူး၌ ထားတော်မူ၍ အရှင်မဟာမောဂ္ဂလာန်ထေရ်ကို တန်ခိုးနှင့်ပြည့်စုံကြသည့် တပည့်ရဟန်းတို့တွင် အမြတ်ဆုံး=ဧတဒဂ်ရာထူး၌ ထားတော်မူလေသည်။ (အံ-ဋ္ဌ-၁၊ ၁၁၆၊ ၁၂၆)(၁) အရှင်ကောဏ္ဍညမထေရ်အကြောင်း သိကောင်းစရာ
ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝကာနံ ဘိက္ခူနံ ရတ္တညူနံ ယဒိဒံ အညာသိကောဏ္ဍညော။ (အံ-၁၊ ၂၃)
ရှေးဦးစွာ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်သော ရဟန်းတော်တပါးကို ရတ္တညူအရာ (ရဟန်းဝါအကြီးဆုံးအရာ)၌ အမြတ်ဆုံး-ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို ကြားသိရသော အရှင်ကောဏ္ဍညအလောင်း အမျိုးကောင်းသားသည် ဘုရားအမှူးရှိသော ရဟန်းတော်တသိန်းအား ခုနစ်ရက်ပတ်လုံး ဆွမ်းဆက်ကပ်ပြီး နောက်ဆုံးနေ့တွင် တိစီဝရိတ် သင်္ကန်းများကို လှူဒါန်းကာ “ရတ္တညူအရာ=ဧတဒဂ်ရာထူး” ကို ဆုတောင်းခဲ့လေသည်။
ကိုးဆယ့်တကမ္ဘာထက်၌ ပွင့်ထွန်းတော်မူသော ဝိပဿီဘုရားလက်ထက်တော်ဝယ် မဟာကာလအမည်ဖြင့် သူကြွယ်မျိုး၌ ဖြစ်သောအခါမှာလည်း ကောက်စပါး တကြိမ်တကြိမ် စိုက်ပျိုးရာ၌ ကိုးကြိမ်ကိုးကြိမ် အဦးအစအလှူ(အဂ္ဂဒါန) ပြုလုပ်ခဲ့လေသည်။
အရှင်ကောဏ္ဍညမထေရ်အလောင်း ရှေးဆုတောင်း---
ဤဘဒ္ဒကမ္ဘာမှ ပြန်ရေတွက်လျှင် လွန်ခဲ့သော ကမ္ဘာတသိန်းထက်၌ ပွင့်တော်မူသော ပဒုမုတ္တရဘုရားလက်ထက်တော်ဝယ်ရှေးဦးစွာ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်သော ရဟန်းတော်တပါးကို ရတ္တညူအရာ (ရဟန်းဝါအကြီးဆုံးအရာ)၌ အမြတ်ဆုံး-ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို ကြားသိရသော အရှင်ကောဏ္ဍညအလောင်း အမျိုးကောင်းသားသည် ဘုရားအမှူးရှိသော ရဟန်းတော်တသိန်းအား ခုနစ်ရက်ပတ်လုံး ဆွမ်းဆက်ကပ်ပြီး နောက်ဆုံးနေ့တွင် တိစီဝရိတ် သင်္ကန်းများကို လှူဒါန်းကာ “ရတ္တညူအရာ=ဧတဒဂ်ရာထူး” ကို ဆုတောင်းခဲ့လေသည်။
ကိုးဆယ့်တကမ္ဘာထက်၌ ပွင့်ထွန်းတော်မူသော ဝိပဿီဘုရားလက်ထက်တော်ဝယ် မဟာကာလအမည်ဖြင့် သူကြွယ်မျိုး၌ ဖြစ်သောအခါမှာလည်း ကောက်စပါး တကြိမ်တကြိမ် စိုက်ပျိုးရာ၌ ကိုးကြိမ်ကိုးကြိမ် အဦးအစအလှူ(အဂ္ဂဒါန) ပြုလုပ်ခဲ့လေသည်။
ဆုံးဘဝမူ၊ ရတ္တညူ၊ ရယူဧတဒဂ်---
ထို့ကြောင့် ဂေါတမဘုရားရှင်လက်ထက်တော်ဝယ် အရှင်ကောဏ္ဍညသည် အလုံးစုံသော တပည့်တို့ထက် အဦးအစ သစ္စာလေးပါးတရားကို သိတော်မူသောကြောင့် ထိုသိမြင်သည့် ရှည်လျားစွာသော အချိန်မှစ၍ ထိုညဥ့်အပိုင်းအခြားကို သိကြသည့် တပည့်ရဟန်းတို့တွင် အမြတ်ဆုံး ဧတဒဂ်ရာထူး၌ ထားတော်မူလေသည်။ (အံ-ဋ္ဌ-၁၊ ၁၀၅၊ ၁၁၅)ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရ်များ (၄၁)ပါး
ဧတဒဂ် (ဧတဒဂ္ဂ)ဟူသည် မိမိမိမိတို့၏(ကျွမ်းကျင်သော) အရာဌာန၌ အခြားသောပုဂ္ဂိုလ်တို့ထက် အထွတ်အထိပ်ရောက်သော, မြင့်မြတ်သော ပုဂ္ဂိုလ် (မိမိ မိမိဆိုင်ရာ ပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးပုဂ္ဂိုလ်)ဟု ဆိုလိုသည်။
တေ ဟိ ထေရာ အတ္တနော အတ္တနော ဌာနေ ကောဋိဘူတာတိပိ အဂ္ဂါ၊ သေဋ္ဌဘူတာတိပိ။ တသ္မာ ဧတဒဂ္ဂန္တိ ဧသာ ကောဋိ ဧသော သေဋ္ဌောတိ အယမေတ္ထ အတ္ထော။ (အံ-ဋ္ဌ၊ ၁-၉၆)
၁။ အရှင်ကောဏ္ဍည=ဝါတော်ကြီးရင့်ခြင်း၊ ရတ္တညူအရာ။
၂။ အရှင်သာရိပုတ္တရာ=ဉာဏ်ပညာကြီးခြင်း၊ မဟာပညာအရာ။
၃။ အရှင်မဟာမောဂ္ဂလာန်=တန်ခိုးဣဒ္ဓိပါဒ်ကြီးခြင်း။
၎။ အရှင်မဟာကဿပ=ဓုတင်ဆောင်ခြင်း။
၅။ အရှင်အနုရုဒ္ဓါ=ဒိဗ္ဗစက္ခုအဘိညာဉ်ရခြင်း။
၆။ အရှင်ဘဒ္ဒိယ=အမျိုးမြတ်ခြင်း။
၇။ အရှင်လကုဏ္ဍကဘဒ္ဒိယ=အသံသာခြင်း။
၈။ အရှင်ပိဏ္ဍောလဘာရဒွါဇ=ရဲတင်းသောစကားကို ဆိုခြင်း။
၉။ အရှင်ပုဏ္ဏ=ဓမ္မကထိကအရာ တရားဟောကြားခြင်း။
၁၀။ အရှင်ကစ္စာန=အကျဉ်းကို အကျယ်ဟောခြင်း။
၁၁။ အရှင်စူဠပန္ထက=မနောမယအဘိညာဉ် ဖန်ဆင်းခြင်း, ရူပါဝစရဈာန်အရာ၌ လိမ္မာကျွမ်းကျင်ခြင်း။
၁၂။ အရှင်မဟာပန္ထက=အရူပဈာန်မှထ၍ ရဟန္တာဖြစ်ခြင်း၊(အရူပါဝစရဈာန်အရာ၌ လိမ္မာကျွမ်းကျင်ခြင်း)
၁၃။ အရှင်သုဘူတိ=အပြစ်မရှိသောနေခြင်းနှင့် အလှူခံထိုက်ခြင်း။
၁၄။ အရှင်ခဒိရဝနိယရေဝတ=တောရဆောက်တည်ခြင်း။
၁၅။ အရှင်ကင်္ခါရေဝတ=ဈာန်ဝင်စားခြင်း။
၁၆။ ကောဠိဝိသနွယ်ဖွား အရှင်သောဏ=လုံ့လဝီရိယကြီးခြင်း။
၁၇။ ကုဋိကဏ္ဏမည်ရ အရှင်သောဏ=အဟောအပြောကောင်းခြင်း။
၁၈။ အရှင်သီဝလိ=လာဘ်ပေါများခြင်း။
၁၉။ အရှင်ဝက္ကလိ=သဒ္ဓါတရားလွန်ကဲခြင်း။
၂၀။ အရှင်ရာဟုလာ=သိက္ခာသုံးပါး ကျင့်ဆောင်ခြင်း။
၂၁။ အရှင်ရဋ္ဌပါလ=သဒ္ဓါ၍ ရဟန်းပြုခြင်း။
၂၂။ အရှင်ကုဏ္ဍဓာန(ကောဏ္ဍဓာန)=စာရေးတံမဲ ပဌမရယူခြင်း။
၂၃။ အရှင်ဝင်္ဂီသ=ဖွဲ့ဆိုသီကုံးမှု၌ ဉာဏ်ပဋိဘာန်ရှိခြင်း။
၂၄။ အရှင်ဥပသေန=ကြည်ညိုဖွယ်ရာ ဖြစ်ခြင်း။
၂၅။ အရှင်ဒဗ္ဗ=သံဃာတော်များအတွက် နေရာချထားခြင်း။
၂၆။ အရှင်ပိလိန္ဒဝစ္ဆ=နတ်တို့ချစ်မြတ်နိုးခြင်း။
၂၇။ အရှင်ဒါရုစိရိယ=လျင်မြန်စွာ ထိုးထွင်းသိခြင်း=ခိပ္ပါဘိညာ။
၂၈။ အရှင်ကုမာရကဿပ=ဆန်းကြယ်စွာ တရားဟောခြင်း။
၂၉။ အရှင်မဟာကောဋ္ဌိက=ပဋိသမ္ဘိဒါလေးပါး ရခြင်း။
၃၀။ အရှင်အာနန္ဒာ=အကြားအမြင်များခြင်း, သတိကောင်းခြင်း, ဉာဏ်ကောင်းခြင်း, လုံ့လကြီးခြင်း, လုပ်ကျွေးပြုစုခြင်း=ဤငါးချက်။
၃၁။ အရှင်ဥရုဝေလကဿပ=အခြံအရံများခြင်း။
၃၂။ အရှင်ကာဠုဒါယီ=ဆွေတော်မျိုးတော်တို့ကို ကြည်ညိုစေခြင်း။
၃၃။ အရှင်ဗာကုလ=ကျန်းမာရေးနှင့် ပြည့်စုံခြင်း၊(အနာရောဂါ ကင်းခြင်း)
၃၄။ အရှင်သောဘိတ=ပုဗ္ဗေနိဝါသအဘိညာဏ်။
၃၅။ အရှင်ဥပါလိ=ဝိနည်းဆောင်ခြင်း။
၃၆။ အရှင်နန္ဒက=ဘိက္ခုနီတို့အား ဆုံးမခြင်း။
၃၇။ အရှင်နန္ဒ=ဣနြေ္ဒစောင့်ခြင်း။
၃၈။ အရှင်မဟာကပ္ပိန=ရဟန်းများအား ဆုံးမခြင်း။
၃၉။ အရှင်သာဂတ=တေဇောဓာတ်သမာပတ်၌ ဝင်စားခြင်း။
၄၀။ အရှင်ရာဓ=ဒေသကဘုရားရှင်အား ဒေသနာဉာဏ်အဆင့်ဆင့် ပွင့်စေခြင်း။
၄၁။ အရှင်မောဃရာဇ=ခေါင်းပါးသောသင်္ကန်းကို ဆောင်ခြင်း။

Sunday, December 4, 2011
ပင်လယ်စာစား သတိထား
ပင်လယ်ထွက်အစားအစာ (ပင်လယ်စာ)များအနက် အဆိပ်အတောက်ဖြစ်နိုင်သည့်အစာ မြောက်များစွာ ရှိ၏။ ယခင်ကဆိုလျှင် ပင်လယ်ထွက်အစားအစာများကို ကမ်းရိုးတန်းဒေသများတွင်နေထိုင်ကြသူများသာ စားသောက်လေ့ရှိကြသဖြင့် ပင်လယ်စာကြောင့် အဆိပ်သင့်ခြင်းသည် ကမ်းရိုးတန်းဒေသများအတွက်သာ
ပြဿနာဖြစ်ခဲ့၏။ သို့သော် ခေတ်မီနည်းစနစ်များဖြင့် သားငါးများကို တာရှည်ခံအောင် သိမ်းဆည်း သယ်ပိုးနိုင်ပြီဖြစ်ရာ ပင်လယ်နှင့်ဝေးလံသည့် ဒေသများ၌လည်း ပင်လယ်စာ များကို လူအများ စားသုံးနိုင်ကြပြီဖြစ်ပေသည်။ ပင်လယ်စာ (Sea Foods)များကိုသာ သီးသန့်ချက်ပြုတ် ရောင်းချသည့် ဆိုင်များလည်း ခေတ်စားလာနေပြီဖြစ်ရာ ပင်လယ်စာနှင့်ပတ်သက်သည့် အန္တရာယ်များကို လူတိုင်း သိထားသင့်ပေသည်။

Saturday, December 3, 2011
အသက်ရှူခြင်း
အသက်ရှင်နေထိုင်လျက်ရှိကြသော လူအားလုံးတို့သည် “အသက်ရှူခြင်း လုပ်ငန်းကို မလွဲမသွေ လုပ်ဆောင်လျက် ရှိကြသည်၊ “အသက်ရှူခြင်း”ကို အကြမ်းအားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုပါလျှင် “ခန္ဓာကိုယ်သည် လိုအပ်သော အောက်ဆီဂျင်ကို ရယူ၍ မလိုအပ်တော့သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စွန့်ပစ်ခြင်း” ဖြစ်ပါသည်။
လူတယောက်သည် လေထဲမှ အောက်ဆီဂျင်ကို ရယူသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လေထဲသို့ပင်
ပြန်လည်စွန့်ပစ်သည်။ ငါးတကောင်သည် ယင်း၏ ပတ်ဝန်းကျင်ဖြစ်သော ရေထဲမှ အောက်ဆီ၈ျင်ကို ရယူ၍ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရေထဲသို့ပင် စွန့်ပစ်၏။ လူသည် အသက်ရှူရန် အဆုတ်တစုံကို အသုံးပြုသည်။ ငါးသည် ပါးဟက်ကို သုံးသည်။
ဖားတကောင်သည် ကုန်းပေါ်၌နေစဉ် လေထဲမှ အောက်ဆီဂျင်ကို ရယူနိုင်ပြီး ရေထဲ၌ နေစဉ် ရေမှ
အောက်ဆီဂျင်ကို ရယူနိုင်သည်။ ဖားသည် လေမှ အောက်ဆီဂျင်ကို ရယူရန် အဆုတ်ကိုသုံး၍
ရေမှ အောက်ဆီဂျင် ရယူရန် အရေပြားကို အသုံးပြုလေသည်။ သို့အတွက် ဖားသည် ကုန်း၌၄င်း၊ ရေ၌၄င်း၊ အသက်ရှူနိုင်စွမ်း ရှိသည်။ သို့သော် လူသည် ရေ၌ အသက်မရှင်နိုင်.၊ ငါးသည်လည်း ကုန်း၌ အသက်မရှင်နိုင်ချေ။
အောက်ဆီဂျင် ရယူ၍ ကာဗွန်ဒိုင်အောက်ဆိုဒ် စွန့်ပစ်ခြင်းကို “အသက်ရှူခြင်း”ဟု ယေဘုယျသဘောအားဖြင့် ဆိုနိုင်သော်လည်း ထိုအဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ပြီးပြည့်စုံခြင်း မရှိသေးပေ။ အမှန်စင်စစ် အောက်ဆီဂျင်ကို တိုက်ရိုက်အသုံးပြုသည်မှာ ကလာပ်စည်းခေါ် ဆဲလ်များပင်ဖြစ်၏။ ထိုအတူ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စွန့်ပစ် ကြသည်မှာလည်း ကလာပ်စည်းများပင် ဖြစ်၏။ အဆုတ်မှ ကလယ်စည်းများသို့ အောက်ဆီဂျင်ရောက်စေ
ရန်နှင့် ကလာပ်စည်းများမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အဆုတ်ထံ ရောက်စေရန် “သွေးလှည့်ပတ်ခြင်း”ဖြင့် ပို့ဆောင်ပေးရသေးသည်။
သို့ဖြစ်ရာ အသက်ရှူခြင်းတွင်--
၁။ အဆုတ်မှ အောက်ဆီ၈ျင်ရယူခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် စွန့်ပစ်ခြင်း။
၂။ အဆုတ်နှင့် သွေးအကြား အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဖလှယ်ခြင်း။
၃။ အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ကို သွေးမှသယ်ဆောင်ပေးခြင်း။
၎။ ကလာပ်စည်းနှင့် သွေးအကြား အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဖလှယ်ခြင်း။
၅။ ကလာပ်စည်းများမှ အောက်ဆီဂျင်ရယူ၍ ကာဗွန်ဒိုင်အောက်ဆိုဒ် စွန့်ပစ်ခြင်းဟူ၍ အဆင့်ငါးဆင့် ပါဝင်သည်။
လူတယောက်၏ အသက်ရှူနှုန်းသည် တမိနစ်လျှင် ၁၀-ကြိမ်မှ ၁၈-ကြိမ်ကြားတွင် ရှိရမည်ဖြစ်သည်။ ကလေးငယ်များ၏ အသက်ရှူနှုန်းသည် လူကြီးများထက် မြန်သည်။ မွေးကင်းစ ကလေးငယ်တဦးသည် တမိနစ်တွင် အကြိမ် ၄၀-မျှ အသက်ရှူကြောင်း တွေ့ရပါသည်။
လူတယောက်သည် တကြိမ်အသက်ရှူလျှင် လေ ၅၀၀-စီစီမျှသည်။ ထို့ကြောင့် တမိနစ်လျှင် ပျှမ်းမျှ အသက်ရှူနှုန်း “၁၂”ကြိမ်ရှိပါက အဆုတ်နှင့် လေထုကြား လေဖလှယ်မှုမှာ တမိနစ်အတွင်း ခြောက်လီတာမျှ ရှိမည်ဖြစ်၏။ လူတယောက်၏ အဆုတ်တစုံသို့ လေအပြည့်ဖြည့်ကြည့်ပါက စုစုပေါင်း ခြောက်လီတာမျှပင် ဆန့်ဝင်ကြောင်း တွေ့ရပါမည်။
ကလာပ်စည်းများ အသက်ရှင်နေနိုင်ရေးအတွက် အဓိက လိုအပ်သည်မှာ အောက်ဆီဂျင်ဖြစ်သည်။
အောက်ဆီဂျင် မရှိလျှင် ကလာပ်စည်းများ အသက်မရှင်နိုင်။ တနည်းဆိုရသော် လူတို့ အသက်မရှိနိုင်။ ထိုအောက်ဆီဂျင်ကို လေထုမှ ရယူပေးရ၏။ လေထုတွင် အောက်ဆီဂျင် ပါဝင်မှုမှာ ၂၀-ရာခိုင်နှုန်းခန့် ဖြစ်ပါသည်။ လေထု၏ဖိအားကို ၇၆၀-မီလီမီတာ ပြဒါး (760-mm Hg) ဟု သတ်မှတ်သည်။ ထို့ကြောင့် လေထုရှိ အောက်ဆီဂျင်၏ ဖိအားပမာဏမှာ ၁၅၅-မီလီမီတာ ပြဒါးခန့် ဖြစ်သည်။
သွေးတွင် အောက်ဆီဂျင်ပါဝင်မှုကို ကြည့်ပါလျှင် သွေးလွှတ်ကြော၌ရှိသောသွေး (Arterial Blood)တွင် ၁၉.၈ စီစီ ရာခိုင်နှုန်းရှိပါသည်။ ဆိုလိုသည့် အဓိပ္ပါယ်မှာ ၁၀၀-စီစီမျှသော သွေးများ ကလာပ်စည်းသို့ ရောက်ရှိ သွားသောအခါ (၁၉.၈-၁၅.၂) ၄.၆ စီစီမျှသော အောက်ဆီဂျင်ကို ကလာပ်စည်းများမှ ရယူလိုက်နိုင်သည်။ ခန္ဓာကိုယ်၌ တမိနစ်အတွင်း သွေးလှည့်ပတ်မှုပမာဏမှာ ၅.၅ လီတာခန့် ရှိပါသည်။ အထက်ပါကိန်းဂဏန်းများအရ တွက်ချက်ကြည့်ပါမူ လူတယောက်သည် တမိနစ်လျှင် ၂၅၀-စီစီမျှသော အောက်ဆီဂျင်ကို သုံးစွဲလျက် ရှိသည်။
အောက်ဆီဂျင်သည် ကလာပ်စည်းများ၏ လုပ်ငန်းများအတွက် အရေးကြီးပါသည်။ ကလာပ်စည်းများသည် လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် စွမ်းအင်လိုအပ်သည်။ စွမ်းအင်ရရန် ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း နှင့် အဆီတို့ကို ဖြိုခွဲရမည်ဖြစ်၏။ ထိုသို့သော လုပ်ငန်းများအတွက် အောက်ဆီဂျင်သည် အဓိကလိုအပ်သော ပစ္စည်းဖြစ်သည်။ ဇီဝဖြစ်စဉ်များသည် အဓိက အညစ်အကြေးအဖြစ် ကာဘွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်ပေးသည်။ ကာဘွန်ဒိုင်အောက်ဆိုဒ်ကို သွေးမှပင် သယ်ဆောင်၍ အဆုတ်မှတဆင့် စွန့်ပစ်ပေးရ၏။
အောက်ဆီဂျင်ကို သယ်ယူရာတွင် သွေး၏ ရေတွင် ပျော်ဝင်လျက်သော်၎င်း၊ သွေးနီဥများတွင် ရှိသော ဟေမိုဂလိုဘင် Haemoglobin နှင့် ပေါင်းစပ်၍သော်၎င်း သယ်ဆောင်ခြင်း ဖြစ်၏။ အဓိကအားဖြင့် ဟေမိုဂလိုဘင်နှင့် ပေါင်းစပ်၍သယ်ပါသည်။ သွေးအားနည်း (Anaemia) သူတယောက်တွင် အောက်ဆီဂျင် သယ်ယူပို့ဆောင်မှု စွမ်းအား ညံ့ဖျင်းသွားကြသည်။ သို့အတွက် ကလာပ်စည်းများသည် လုံလောက်သော အောက်ဆီဂျင်ကို မရရှိနိုင်ကြတော့ပေ။ အောက်ဆီဂျင် လုံလောက်စွာ မရရှိမှုကြောင့် မူးဝေခြင်း၊ မောပန်းခြင်း၊ နွမ်းနယ်ခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်း၊ ရင်တုန်ခြင်း စသည့် ဝေဒနာလက္ခဏာများ ခံစားကြရနိုင်ပါသည်။
အဆုတ်ရောဂါ၊ နှလုံးရောဂါ၊ အလွန်အကျွံ သွေးအားနည်းခြင်း၊ သတိလစ်မေ့မျောခြင်းတို့ဖြင့် ဆေးရုံသို့
ရောက်ရှိလာသော လူနာအများအား အောက်ဆီဂျင်ပေး၍ ကုသရတတ်သည်ကို စာဖတ်သူများ မြင်တွေ့ဖူးကြပါလိမ့်မည်။ အောက်ဆီဂျင်သည် မည်၍မည်မျှ အရေးကြီးသည် ဆိုခြင်းကို အားလုံးနားလည်ကြပြီး ဖြစ်ပါသည်။
ခန္ဓာကိုယ်အတွက် အောက်ဆီဂျင်ကို ရယူပေးလျက်ရှိသော “အဆုတ်”တစုံမှာ အခြား လုပ်ငန်း တာဝန်ပေါင်းများစွာ ရှိနေသေးသည်ကို ဗဟုသုတအဖြစ် တင်ပြချင်ပါသည်။
၁။ အဆုတ်သည် ခန္ဓာကိုယ် အပူချိန် ထိန်းညှိရာတွင်လည်း ပါဝင်ပါသည်။ အထူးသဖြင့် ဤတာဝန်မှာ တိရစ္ဆာန်များတွင် ပို၍ အရေးကြီးသည်။ (Thermal Balance)
၂။ အဆုတ်သည် ခန္ဓာကိုယ်၌ ရေမျှတမူရှိစေရန် ထိန်းသိမ်းခြင်းနှင့်လည်း စပ်ဆိုင်ပါသည်။ နေ့စဉ် အဆုတ်တစုံမှာ ၃၀၀-စီစီမျှသောရေဆုံးရှုံးမှု ရှိနေပါသည်။ (Water Balance)
၃။ အဆုတ်သည် ခန္ဓာကိုယ်၏ ခုခံကာကွယ်ရေးစနစ်တွင်လည်း ပါဝင်သည်။ လေထုထဲမှ ပါလာသော
ရောဂါပိုးမွှားများကို ကာကွယ်တာဆီးပေးနိုင်စွမ်း ရှိသည်။ ခန္ဓာကိုယ် နေရာအနှံ့အပြားမှ သွေးကြောထဲတွင် ပါလာနိုင်သော သွေးခဲ အစအနများကို ဦးနှောက်သို့ ရောက်ရှိမသွားစေရန် စစ်ယူပေးပါသည်။ (Protective Function)
၎။ ခန္ဓာကိုယ်၌ လိုအပ်သော ဓာတ်ပစ္စည်း တချို့ကို တည်ဆောက်ထုတ်လုပ်နိုင်စွမ်း ရှိပါသည်။ (Synthetic Function)
၅။ ခန္ဓာကိုယ်မှ ထွက်ရှိသော ပစ္စည်းတချို့ကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပါသည်။ (Metabolic Function)
၆။ အဆုတ်တစုံသည် အခြားသောလုပ်ငန်းများ လုပ်နိုင်ပါသေးသည်။ အသေးစိတ် ဖော်ပြရန် မလွယ်ကူသဖြင့် ချန်လှပ်ထားခဲ့ခြင်း ဖြစ်ပါသည်။
လူတိုင်း အသက်ရှင်ရန် အသက်ရှူနေကြရသည်။ အသက်ရှူခြင်းနှင့် ပတ်သက်၍ ထူးခြားမှု တခုကို ဆက်လက်တင်ပြလိုပါသည်။ အသက်ရှူရန် နံရိုးများ (Ribs) ကြားရှိ ကြွက်သားများ၊ ဝမ်းခေါင်းသား (Diaphragm) နှင့် အခြားကြွက်သား အချို့က လုပ်ဆောင်ပေးရသည်။ အထက်ဖော်ပြပါ ကြွက်သားများသည် အလိုအလျောက် မသိစိတ် (Invountary) (Automatic) လုပ်နိုင်သကဲ့သို့ ဆန္ဒစိတ် (သိစိတ်) Voluntary) လည်း ပြုလုပ်နိုင်ကြသည်။ သာမန်အားဖြင့် အသက်ရှူခြင်းသည် အလိုအလျောက် ဖြစ်နေသော
ဖြစ်စဉ်တခုသာ ဖြစ်သည်။ အသက်ရှူခြင်းသည် အလိုအလျောက် မသိစိတ်နှင့် စိတ်ဆန္ဒ (သိစိတ်) နှစ်မျိုးစလုံး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်မှာ ထူးခြားသည့် ဖြစ်စဉ်တခု ဖြစ်လေသည်။
ဒေါက်တာ အေးကျော် (ဇီဝကမ္မ)
Friday, December 2, 2011
ကြိုတင်သိထားနိုင်သော ဆီးကျိတ်ကင်ဆာ
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ မြို့တော်ဝန် မစ္စတာရူဒီဂူလီယာနီသည် လက်ရှိသမ္မတကတော် မစ္စဟယ်လာရီကလင်တန်နှင့် အထက်လွှတ်တော် အမတ်နေရာအတွက် ယှဉ်ပြိုင်ရန် စိုင်းပြင်းလျက်ရှိသည်။ သူ၏ဖခင်မှာ ဆီးကျိတ်ကင်ဆာရောဂါဖြင့် အသက် ၇၃-နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ ထိုရောဂါသည် မျိုးရိုးလိုက်တတ်သဖြင့် အသက် ၄၀-ကျော်ကာလများမှစတင်၍ ရောဂါ၏သဲလွန်စ ရှိမရှိ စစ်ဆေးသင့်ကြောင်း အကြံပေးသဖြင့် နှစ်စဉ်အစစ်ဆေးခံခဲ့သည်။ သမ္မတလောင်း ဖြစ်ခဲ့ဖူးသော ဘော့ပ်ဒိုးလ်၊ ပင်လယ်ကွေ့ စစ်ပွဲကြီးအတွင်းက နာမည်ကြီးခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း နော်မာန်ရှဝပ်စ်ကော့ပါ၊ အဆိုတော် ဟယ်ရီဘီလာဖွန်တီတို့သည်လည်း ထိုသို့ ကြိုတင်စစ်ဆေးကာ သိရှိခဲ့ကြသည်။ ထိုအခါ လိုအပ်သော ကုသမှုများ အလျင်အမြန်ခံယူခဲ့ကြသဖြင့် အသက်ချမ်းသာရာ ရခဲ့ကြောင်း မစ္စတာရူဒီ ကောင်းစွာသိထား သည်။ ထို့ကြောင့်လည်း မှန်မှန်အစစ်ဆေးခံခဲ့သည်။ ယခုနှစ် မေလ ၂၈-ရက်နေ့က သူသည် အသက် ၆၅-နှစ်ပြည့်ခဲ့သည်။ ထိုအချိန်မတိုင်မီမှာပင် သူ့တွင် ဆီးကျိတ်ကင်ဆာရောဂါ စတင်ဖြစ်ပွားနေပြီ ဖြစ်ကြောင်း သိရသည်။ မစ္စတာရူဒီကဲ့သို့ပင် အမေရိကန်အမျိုးသား ၁၈၀၀၀၀-ဦးခန့်မှာ နှစ်စဉ် ထိုရောဂါရရှိကြောင်း အသိပေးခံနေကြရသည်။ သို့ရာတွင် ဆီးကျိတ်ကင်ဆာရောဂါသည် စောစီးစွာ သိထားပါက လိုအပ်သောကုသမှုများ ခံယူလျှင် အသက်ချမ်းသာရာ ရနိုင်ကြောင်းသိရသည်။
မစ္စတာရူဒီအတွက် သင့်တင့်မည့် ကုသနည်းများကို သူ၏ဆရာဝန်က ကြံဆနေကြသည်။ အကြောင်းမှာ ကုသမှုတိုင်းတွင် ကောင်းကျိုးရှိသကဲ့သို့ ဆိုးကျိုးများလည်း ယှဉ်တွဲနေသဖြင့် အသင့်တော်ဆုံး ကုသမှုကို စဉ်းစားပေးရသည်။ ပထမဦးစားပေး စဉ်းစားသည့်နည်းလမ်းမှာ ထိုဝက်သစ်ချသီးအရွယ် ဆီးကျိတ်ကို ခွဲစိတ်ထုတ်ယူလိုက်ခြင်းပင် ဖြစ်သည်။ သို့သော် ထိုနည်းမှာ လိင်စွမ်းဆောင်မှုတွင် အခက်အခဲ ဖြစ်စေခြင်း သို့မဟုတ်-ဆီးမထိန်းနိုင်ခြင်းများ ဖြစ်စေတတ်သည်။ ဆရာဝန်များက အတတ်နိုင်ဆုံး ထိုသို့မဖြစ်ရန် ကြိုးစားအားထုတ်ကြမည်ဟု သိရသည်။ သို့သော် မည်မျှကျွမ်းကျင်သည့်ဆရာဝန်ဖြင့် ခွဲစိတ်စေကာမူ အနည်းဆုံး ယာယီအားဖြင့် ပန်းသေ၊ ပန်းညှိုးခြင်း ဖြစ်နိုင်ခြေမှာ ၃၀-ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရသည်။
ဒုတိယနည်းမှာ ဓာတ်ရောင်ခြည်ဖြင့် ကုသနည်းဖြစ်ပြီး ခွဲစိတ်ကုသမှုကဲ့သို့ပင် ထိရောက်သည်။ ခွဲစိတ်ကုသ အပြီး ထိုနည်းဖြင့်လည်း ဆက်လက်ကုသလေ့ရှိသည်။ စွမ်းအားမြင့်သော ဓာတ်ရောင်ခြည်ကြောင့် ဆီးကျိတ်အား ထိခိုက်နိုင်သလို ဆီးမထိန်းနိုင်ခြင်း၊ ပန်းညှိုးခြင်းများလည်း ဖြစ်တတ်ပါသည်။
တတိယနည်းမှာ နိုက်ထရိုဂျင်အရည်ဖြင့် ထိုကင်ဆာဆဲလ်များကို အေးခဲသွားစေပြီး ဆီးထဲမှ စွန့်ထုတ်ခြင်းနည်း ဖြစ်သည်။ ထို့ပြင် ဟော်မုန်းဖြင့် ကုသသည့်နည်းလည်းရှိသည်။ ယောက်ျားဟော်မုန်းများကို တားဆီးထားလိုက်ခြင်းဖြင့် ဆီးကျိတ်၏ကြီးထွားမှုကို ရပ်တန့်စေခြင်းဖြစ်သည်။ ထိုနည်းမှာ အခြားနည်းများ ဖြင့်လည်း တွဲဘက်အသုံးပြုနိုင်ပြီး အထူးသဖြင့် ပြန့်ပွားနေသော ကင်တာဆဲလ်များအား နှိမ်နင်းရာတွင် သုံးလေ့ရှိသည်။
မစ္စတာရူဒီအတွက် အသင့်တော်ဆုံးနည်းလမ်းဖြင့် ကုသမည်ဖြစ်သည်။ မည်သို့ဆိုစေ ကောင်းစွာကျန်းမာလာမည်ဖြစ်ပြီး သူ၏မဲဆွယ်စည်းရုံးပွဲများကိုလည်း ပြန်လည်ပြုလုပ်နိုင် မည် ဖြစ်ကြောင်း သူ၏ဆရာဝန်များက ပြောကြား ကြသည်။
မိဘမျိုးရိုးများတွင် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားခဲ့ဖူးပါက အနည်းဆုံး အသက် ၄၅-နှစ်အရွယ် အမျိုးသားတိုင်း ထိုရောဂါ ရှိ-မရှိ ကြိုတင်စစ်ဆေးထားသင့်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံတွင် လူမည်းအမေရိကန် တို့သည် လူဖြူတို့ထက် ၃၄-ရာခိုင်နှုန်း ပိုမိုဖြစ်ပွားလျက်ရှိသည်။ အမေရိကန်ကင်ဆာအသင်းကြီး၏ ထုတ်ပြန်ချက်အရ ၁၉၉၆-ခုနှစ်က ထိုရောဂါဖြင့် လူ ၄၀၀၀၀-သေဆုံးခဲ့ပြီး ၁၉၉၈-ခုနှစ်က ၃၈၀၀၀-ဦး၊ ယခု ၂၀၀၀-ပြည့်နှစ်တွင် ၃၂၀၀၀-ဦး သေဆုံးနိုင်ကြောင်း သိရသည်။ ကြိုတင်သိထားသူများမှာ ကုသမှုအချိန်မီရကြ၍ အသက်ချမ်းသာရာရခဲ့ကြသည်။ ထိုရောဂါဖြစ်-မဖြစ် PSA(Prostate Specific Antigen) စစ်ဆေးနိုင်သည်။ ထိုအင်ဇိုင်းကို သွေးထဲတွင် တွေ့ရှိခြင်းဖြင့် ဆီးကျိတ်မှာ ကင်ဆာဆဲလ်များကြောင်း အမြှေးအိတ်ပေါက်ကာ သွေးအတွင်းရောက်ရှိနေကြောင်း ပြသနေခြင်းဖြစ်သည်။ ထိုသို့စစ်ဆေးနိုင်သဖြင့် အမေရိကန်နိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၃၉၀၀၀-အနက် ၂၇၀၀၀-ကို အသက်ကယ်နိုင်ခဲ့သည်။ ထို့ပြင် အနည်းဆုံးတနှစ်လျှင် တကြိမ်ခန့် စအိုမှ စစ်ဆေးခြင်း ပြုလုပ်သင့်သည်။ ပျော့ပျောင်း၍
ရော်ဘာကဲ့သို့ ဖြစ်နေရမည့် ဆီးကျိတ်သည် မာ၍ ကြယ်သီးအရွယ်ဖြစ်နေပါက ဆီးကျိတ်တွင် ကင်ဆာဖြစ်နေကြောင်း သိရမည်ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာ့ နိုင်ငံအသီးသီးတွင် ထို PSA စမ်းသပ်နည်းမှာ အထူးခေတ်စားနေပါသည်။ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း ဆီးကျိတ်ကင်ဆာဖြင့် သေဆုံးနိုင်မည့်သူ လူဖြူ ၁၆-ရာခိုင်နှုန်း၊ လူမည်း ၁၁-ရာခိုင်နှုန်းခန့်ကို ကယ်နိုင်ခဲ့သည်။
ဆီးကျိတ်---
ဆီးကျိတ်သည် ဝမ်းဗိုက်အောက်ပိုင်း ဆီးအိမ်အောက်ခြေလည်တိုင်တွင် ဆီးအိမ်၏ အဝ ကျင်ချောင်းကို ပတ်ထားသည်။ နီညိုရောင်ရှိ၍ ဝက်သစ်ချသီးအရွယ် အလေးချိန် ၁၅-ဂရမ်ခန့်ရှိသည်။ အချို့က ဗာဒံသီး အရွယ်ခန့်ဟု ဆိုကြသည်။ ဆီးကျိတ်သည် အဖိုမျိုးပွားအင်္ဂါအတွက် အရေးကြီးသော အဖိုဂလင်းဟုလည်း
ခေါ်နိုင်သည်။ သုက်ရည်သိုလှောင်ထားရာ အင်္ဂါဖြစ်ပြီး ဝှေးစေ့များက သန်း ၂၀၀-မျှသော ဖိုမျိုးပွားဆဲလ် (Sperm) များ ထုတ်ပေးသောအခါ ဆီးကျိတ်မှ ထိုသုက်ရည်ကို ထုတ်ပေးရသည်။ ထိုအရည်ဖြင့် မျိုးပွားဆဲလ်များအားပျော်စေပြီး၊ မ ယောနိလမ်းကြောင်းရှိ အက်စစ်ဓာတ်များကို သမသွားစေသည်။ ထို့နောက် သုက်ရည်က ကြားခံရည်အဖြစ် မျိုးပွားဆဲလ်များကို မမျိုးဥထဲရောက်ရှိစေရန် ဆောင်ရွက်ပေးသည်။ ထိုသုက်ရည်တွင် ပရိုတိန်းဓာတ်များ၊ အင်ဇိုင်းများ၊ အဆီများနှင့် သကြားများ ပါဝင်သဖြင့် သုက်ပိုးများကို အားဖြည့်ပေးသကဲ့သို့လည်း ဖြစ်သည်။
ဆီးကျိတ်တွင် အဖုသုံးခုပါဝင်၍ အမြှေးအိတ်ဖြင့် ဖုံးအုပ်ထားသည်။ ကျင်ချောင်းသည် အလယ်အဖုလုံးကို ဖြတ်သန်းသွားသည်။ အသက်ကြီးလာသဖြင့် ဝှေးစေ့ဟော်မုန်းများ ထုတ်လုပ်မှု ကျဆင်းလာသောအခါ ဆီးကျိတ်သည် အရွယ်ကြီးလာတတ်သည်။ ဒုက္ခပေးနိုင်လောက်သည်အထိ ကြီးထွားလာသော ဆီးကျိတ်မှာ အသက် ၅၀-နှစ်တွင် ၂၀-ရာခိုင်နှုန်း၊ အသက် ၇၀-နှစ်တွင် ၅၀-ရာခိုင်နှုန်း၊ အသက် ၈၀-နှစ်တွင် ၈၀-ရာခိုင်နှုန်းရှိသည်ဟု သိရသည်။
သင်းကွပ်ထားသူများတွင်မူ ကြီးထွားမှုမရှိကြောင်း တွေ့ရသည်။ ရိုးရိုးဆီးကျိတ်ကြီးခြင်းထက် ကင်ဆာဖြစ်ပွားမှုကြောင့် ကြီးထွားနေခြင်းသည် အလွန်အန္တရာယ်ကြီးသည်။ ဆီးကျိတ်ကင်ဆာရောဂါဖြင့် ဆေးရုံရောက်သူ ၂၀-ဦးတွင် ၁၉-ဦးမှာ ခွဲစိတ်ကုသရန် အချိန်နှောင်းနေတတ်ကြောင်း သိရသည်။ အသက် ၅၀-နှစ်အရွယ်တွင် ဆီးကျိတ်ကင်ဆာရောဂါဖြစ်ရန် ၅-ရာခိုင်နှုန်း၊ အသက် ၇၀-နှစ်တွင် ၅၀-၅၅-ရာခိုင်နှုန်း အလားအလာရှိသည်။ မျိုးရိုးလိုက်၍လည်း ဖြစ်တတ်သည်။ ဖော်ပြခဲ့သည့်အတိုင်း ကြိုတင်စမ်းသပ်စစ်ဆေးပြီး သိရှိရပါက ကောင်းစွာပျောက်ကင်းအောင် ကုသနိုင်သည့်ခေတ် ရောက်နေပြီ ဖြစ်သည်။
“ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး”ဆိုသည့်အတိုင်း ယောက်ျားများအတွက် ဆီးနှင့်ပတ်သက်သော ရောဂါဘယများ ထူပြောတတ်သည်။ အထူးသဖြင့် ဆီးကျိတ်မှာ ဖိုမျိုးပွားအင်္ဂါ ဖြစ်သော်လည်း ဆီးလမ်းကြောင်းတွင် တည်ရှိရာ ဆီးနှင့်ပတ်သက်သော ရောဂါဟုဆိုလျှင်လည်း ဆိုနိုင်ပါသည်။ နိုင်ငံအသီးသီးတွင် ထိုရောဂါကို ကုသမှုထက် ကြိုတင်စစ်ဆေးခြင်း၊ ကာကွယ်ခြင်းများ ပြုလုပ်လျက်ရှိနေပြီ ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် လူ့အသက်ပေါင်းများစွာ ချမ်းသာရာ ရနေပြီလည်း ဖြစ်သည်။
ထို့ကြောင့် ---
၁။ အသက် ၄၀-ကျော်သူတိုင်း နှစ်စဉ် သွေးစစ်ဆေးခြင်း PSA လုပ်သင့်သည်။
၂။ စအိုမှ စစ်ဆေးခြင်းကိုလည်း တနှစ်လျှင် တကြိမ် (သို့) နှစ်ကြိမ်ခန့် စစ်ဆေးသင့်သည်။
၃။ ဆေးလိပ်၊ အရက်၊ လက်ဖက်ရည်၊ ကော်ဖီတို့ကို သင့်တင့်သောအတိုင်းအတာအထိသာ သုံးဆောင်သင့်သည်။
၎။ ဆေးဆိုးထားသော အစားအစာများ၊ မီးကင် ကျပ်တင်ထားသော အသား ငါးများ၊ ထပ်တလဲလဲ ကြော်ထားသော ဆီချက်များဖြင့် ချက်ပြုတ်ထားသည့် အစားအစာများ၊ ကြာရှည်စွာ သိုလှောင်ထားနိုင်ရန် စီမံထားသော အစားအစာများကို စားသုံးခြင်းမှ ရှောင်ကြဉ်သင့်သည်။
ယခုအခါ ထိုသွေးစစ်ဆေးခြင်းကို ကျွန်တော်တို့နိုင်ငံတွင်လည်း လုပ်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းရရှိပါသည်။ အဆိုပါ PSA စမ်းသပ်ခြင်းကို ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းကြီးတချို့တွင် စမ်းသပ်စစ်ဆေးနေပြီဖြစ်သည်။ ကျွန်တော်တို့နိုင်ငံတွင် မှန်မှန်ဆေးစစ်ခံခြင်း၊ ဆရာဝန်မျးနှင့် တိုင်ပင်ဆွေးနွေးခြင်း စသည်များ လုပ်လေ့လုပ်ထ မရှိကြပါ။ အထူးသဖြင့် ထိုဆီးကျိတ်ကင်ဆာ
ရောဂါသည် ယောက်ျား ၆-ယောက်တွင် ကင်ဆာရောဂါဖြစ်လျှင် တယောက်မှာ ထိုရောဂါဖြစ်တတ်ကြောင်း သိရသည်။ ဖြစ်ပွားမှုနည်းသည်ဟုလည်း မဆိုင်နိုင်ပါ။ ထူးခြားသည်မှာ ထိုရောဂါသည် အခြားကင်ဆာရောဂါ များကဲ့သို့ ပျံ့နှံ့မှု မမြန်၊ နှေးကွေးသည်ဟုဆိုသည်။ ထို့ကြောင့် မကြီးထွား မပျံ့နှံ့မီ ကြိုတင်စစ်ဆေးသိရှိ ထားနိုင်လျှင် ထိရောက်စွာကုသခြင်းဖြင့် ပျောက်ကင်းနိုင်သည့် အလားအလာကောင်းရှိသည်။ ဆီးကျိတ်သည် ရော်ဘာကဲ့သို့ မမာ မပျော့ ဖြစ်သည်။ မိမိ၏ လိင်တံအရင်းကို စမ်းကြည့်၍ ကြယ်သီးကဲ့သို့ မာနေပြီဆိုလျှင် ဆရာဝန်ထံ အမြန်သွားသင့်ပြီဖြစ်သည်။ အထက်ဖော်ပြပါကဲ့သို့ ကြိုတင်စစ်ဆေးခြင်းတို့သည် အမှန်တကယ်အကျိုးရှိ၍ အမျိုးသားများအတွက်လည်း ထိုရောဂါအန္တရာယ်ဆိုးကြီးမှ လွတ်မြောက်နိုင် ပါကြောင်း ရေးသားလိုက်ရပေသည်။
ဒေါက်တာ မြင့်သန်း(ညောင်လေးပင်)
Ref: Time, 22.5.2000.

Thursday, December 1, 2011
သက်ရှည်ကျန်းမာလိုလျှင်
ကျွန်တော်တို့ မြန်မာလူမျိုးတွေက ပထမအရွယ် ပညာရှာ၊
(ငယ်စဉ်ပညာပြည့်စုံသည့် အသက် ၂၀-၂၅ နှစ်ခန့်အထိ)
ဒုတိယအရွယ် ဥစ္စာရှာ၊
(ပညာစုံပြီးနောက် ကြင်ဖော်ရ၊ ဥစ္စာစီးပွားရှာရသည့် အသက် ၂၀-၂၅နှစ်ခန့်မှ အလုပ်အနားယူသည့် အသက် ၆၀-၆၅ နှစ်ခန့်အထိ)
တတိယအရွယ် တရားရှာ၊
(အလုပ်မှအနားယူသည့် အသက် ၆၀-၆၅-နှစ်ခန့်မှ သေဆုံးစသည့် အသက်အရွယ်အထိ)
ဟူ၍ ယေဘုယျပိုင်းခြားထားလေ့ရှိကြသည်။
ထိုအရွယ်တွင် ပညာပြည့်စုံအောင် သင်ကြားကြရသည်။ အလုပ်အကိုင်ရှာရသည်။ အိမ်ထောင်ပြုရသည်။ ထိုမှလွန်သော် အလုပ်လုပ်ရသည်။ ရှာဖွေစုဆောင်းရသည်။ အလုပ်မှ အနားယူသည့် အသက် ၆၀-၆၅ နှစ်ခန့် အရွယ်ကို ဒုတိအရွယ် (Middle Age) ဟု ခေါ်ကြသည်။ ထိုအရွယ်၏ နောက်ပိုင်းကို သက်ကြီးရွယ်အို (Old Age) သို့မဟုတ်-အထက်တန်း နိုင်ငံသား (Senior Citizen) ဟု ခေါ်ကြသည်။
ဂုဏဝုဍ္ဎိ ဝယဝုဍ္ဎိ ဖြင့် ပြည့်စုံသော အတွေ့အကြုံ အမြော်အမြင် အသိပညာ လုပ်ရည်ကိုင်ရည် ပြည့်ဝသော အားဖြင့် အရိုအသေပေး အခွင့်အရေးပေးခံရသည်။ ယခုအခါ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင်သာမက ဖွံ့ဖြိုးဆဲနိုင်ငံများမှာပင် ထိုသက်ကြီးရွယ်အိုများ၏ သေနှုန်းမှာကျဆင်းနေကြောင်း သိရသည်။
ဆေးသိပ္ပံဆိုင်ရာ တိုးတက်မှုများ၊ ဆေးစွမ်းကောင်များ၊ ကျန်းမာသက်ရှည်ရေးအတွက်
နေထိုင်စားသောက်မှုများ လက်ခံကျင့်သုံးလာကြ၍ ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် အသက် ၆၅-နှစ်အထက် သက်ကြီးရွယ်အိုများတွင် ထိုသို့သက်ရှည်ကျန်းမာရေးအတွက် နည်းလမ်းကောင်းများ လေ့လာထားချက်ကို တင်ပြလိုပါသည်။
ရုတ်တရက် နှလုံးသွေးကြော ပိတ်ခြင်း---Acute Myocardial Infarction)
ထိုရောဂါဖြင့် သေဆုံးသူဦးရေ၏ ၈၄-ဒသမ ၇-ရာခိုင်နှုန်းမှာ အသက် ၆၅-နှစ်ကျော် သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။
အယ်လ်ဇိုင်းမားရောဂါ (သူငယ်ပြန်ခြင်း)
သက်ကြီးရွယ်အို ၁၀-ဦးလျှင် တဦး၊ အသက် ၈၅-နှစ်ကျော်သူများ၏ ထက်ဝက်နီးပါးမှာ ထိုရောဂါ ဖြစ်ပွားလျက် ရှိသည်။
နှလုံးခုန်မမှန်ခြင်း ( Arrythmia)
အသက် ၆၅-နှစ်နှင့် ၈၅-နှစ်ကြား လူအိုများ၏ ၇၀-ရာခိုင်နှုန်း ဖြစ်ပွားနေသည်။
ကင်ဆာရောဂါ---
ရင်သားကင်ဆာဖြစ်သူ အမျိုးသမီးများ၏ ၇၇-ရာခိုင်နှုန်းမှာ အသက် ၅၀-နှစ်လွန်အရွယ်များ ဖြစ်သည်။
အူမကြီးကင်ဆာ ဖြစ်ပွားနှုန်းမှာ အသက် ၆၅-နှစ်နှင့်အထက် လူအိုများသည် အသက် ၅၀-၆၄-နှစ်အရွယ်မျာထးက် ခြောက်ဆမျှ ပိုမိုပါသည်။ နှစ်စဉ် ထိုရောဂါရှင် လူနာအသစ်များ၏ ၇၃-ရာခိုင်နှုန်းသည် အသက် ၆၅-နှစ်နှင့် အထက် လူအိုများ ဖြစ်ပါသည်။
အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားနှုန်းမှာ အမျိုးသားများ အသက် ၆၀-နှစ်မှ ၇၉-နှစ်ကြားရှိသူ ၁၅-ဦးလျှင် တဦးနှုန်း၊ ထိုအရွယ် အမျိုးသမီး ၂၅-ဦးလျှင် တဦးနှုန်း၊ အမျိုးသား အမျိုးသမီး အားလုံး အသက် ၄၀-မှ ၅၉-နှစ်အရွယ်များတွင် အမျိုးသား ၇၅-ဦးလျှင် တဦးနှုန်း၊ အမျိုးသမီး ၁၀၃-ဦးလျှင် တဦးနှုန်း ဖြစ်သည်။
ဆီးကြိတ်ကင်ဆာ ရောဂါရှင်များ၏ ၈၀-ရာခိုင်နှုန်းကျော်မှာ အသက် ၆၀-ကျော်အရွယ် အမျိုးသားများ ဖြစ်သည်။
အတွင်းတိမ် ဖြင်ခြင်း---
အသက် ၂၅-နှစ်မှ ၆၄-နှစ်အရွယ်ရှိသူတို့၏ ၅၀-ရာခိုင်နှုန်းမှာ မျက်စိတွင် တိမ်ရှိနေတတ်ကြပြီး အသက် ၆၅-နှစ်ကျော်လောက်မှ မျက်စိမှုန်သည့်လက္ခဏာများ ပြတတ်ကြသည်။ အသက် ၇၅-နှစ် အရွယ်တိုင်းတွင် အတွင်းတိမ်ရှိလေ့ရှိကြောင်း သိရသည်။ အသက် ၇၅-နှစ်မှ ၈၅-နှစ်အရွယ် အမေရိကန်နိုင်ငံသားတို့၏ ၅၀-ရာခိုင်နှုန်းခန့် မျက်စိမှုန်ခြင်း၊ မျက်စိကွယ်ခြင်းတို့မှာ ထိုရောဂါကြောင့်ပင် ဖြစ်သည်။
နာတာရှည်ချောင်းဆိုးရင်ကျပ်ခြင်း---
အသက် ၄၅-နှစ်ကျော်သူများတွင် အဖြစ်များကြောင်း တွေ့ရသည်။ နာတာရှည်ရောဂါစာရင်းတွင် နံပါတ် ၇-နေရာချိတ်ပါသည်။
နှလုံးပျက်စီးခြင်း---
(Congestive Geart Failure)
ဆေးရုံတင် ကုသရသော သက်ကြီးရွယ်အိုအများစုမှာ ထိုရောဂါကြောင့်ဖြစ်သည်။
ဆီးချိုရောဂါ---
ဆီးချိုရောဂါရှင်များ၏ ထက်ဝက်ခန့်မှာ အသက် ၅၅-နှစ်ကျော်များဖြစ်သည်။ အသက် ၆၅-နှစ်ကျော်(၆ ဒသမ ၃သန်း)၏ ၁၈ဒသမ ၄-ရာခိုင်နှုန်းမှာ ဆီးချိုရောဂါရှင်များဖြစ်သည်။ အသက် ၂၀-မှ ၇၄-နှစ်ကြား အမေရိကန် တို့၏ မျက်စိကွယ်ရခြင်း အဓိကအကြောင်းရင်းမှာ ဆီးချိုရောဂါကြောင့် ဖြစ်သည်။
ရေတိမ်ဖြစ်ခြင်း---
လူအိုများ၏ ၆-ရာခိုင်နှုန်းမှာ ထိုရောဂါဖြစ်ပွားလျက်ရှိသည်။ အမေရနိကန် ရှစ်သောင်းခန့် မျက်စိကွယ်ရသည်မှာ ထိုရေတိမ်ရောဂါကြောင့်ဖြစ်ပြီး အများအပြားမှာလည်း ထိုရောဂါရရန် လွယ်ကူနေပါသည်။ အကြောင်းမှာ မိမိတွင် ရေတိမ်ရှိနေကြောင်း မသိရှိခြင်း၊ မစမ်းသပ် မစစ်ဆေးမိခြင်းများ ကြောင့်သည်ဟု ဆိုပါသည်။
သွေးတိုးရောဂါ---
အမျိုးသမီး အသက် ၇၅-နှစ်အရွယ်များ၏ လေးပုံသုံးပုံကျော်နှင့် ထိုအရွယ် အမျိုးသားများ၏ ၆၄-ရာခိုင်နှုန်းမှာ သွေးတိုးရောဂါရှင်များဖြစ်သည်။
ဆီးမထိန်းနိုင်ခြင်း---
လူအိုများ ၁၀-ဦးလျှင် တဦးနှုန်း ဖြစ်ပွားသည်။
ပန်းသေပန်းညှိုးခြင်း---
အမျိုးသား လူအိုများ၏ ၁၅-ရာခိုင်နှုန်းမှ ၂၅-ရာခိုင်နှုန်းတွင် ဖြစ်ပွားသည်။
အဆစ်အမြစ် ကိုက်ခဲရောင်ရမ်းခြင်း---
အမျိုးသား အသက် ၄၅-နှစ်ကျော်အရွယ်များ၊ အမျိုးသမီး အသက် ၅၄-နှစ်ကျော်သူများ ဖြစ်ပွားလေ့ရှိသည်။ ထိုရောဂါရှင် ၈၀-ရာခိုင်နှုန်းမှာ ကောင်းစွာသွားလာလှုပ်ရှားနိုင်ခြင်း မရှိကြပါ။
အရိုးပွခြင်း---
ရောဂါရှင် ၈၀-ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်သည်။ အမျိုးသမီး အသက် ၅၀-ကျော် နှစ်ဦးလျှင် တဦး၊ ထိုအရွယ် အမျိုးသား ရှစ်ဦးလျှင် တဦး ထိုရောဂါကြောင့် အရိုးကျိုးခြင်း ဖြစ်နေရပြီး နှစ်စဉ် ၁-ဒသမ ၅-သန်းခန့် ဖြစ်ပွားလျက်ရှိသည်။ သုံးသိန်းခန့်မှာ ပေါင်ရိုး၊ တင်ပါးဆုံရိုး ကျိုးခြင်းများဖြစ်နေသည်။
ပါကင်ဆင်ရောဂါ (သွက်ချာပါဒ ရောဂါ)---
အသက် ၆၀-နှစ်နှင့် အထက် လူ ၁၀၀-လျှင် တဦးနှုန်း ဖြစ်ပွားသည်။
ဆီးကြိတ်ရောင်ရမ်းခြင်း---
အသက် ၆၀-နှင့်အထက် အမျိုးသားများ၏ ထက်ဝက်ကျော်၊ အသက် ၇၀-နှင့် ၈၀-နှစ်ကြား အမျိုးသားများ၏ ၉၀-ရာခိုင်နှုန်းမှာ ထိုရောဂါဖြစ်ပွားလျက်ရှိသည်။
လေးဖက်နာအသွင်တူ အဆစ်အမြစ် ရောင်ရောဂါ-(Rheumatoid Arthritis)---
အမျိုးသမီးများမှာ အမျိုးသားများထက် သုံးဆမျှဖြစ်ပွားပြီး အသက် ၂၅-နှစ်နှင့် ၅၀-နှစ်အကြားတွင် စတင်ဖြစ်ပွားတတ်သည်။ လေးဖက်နာရောဂါကဲ့သို့ အဆစ်ကလေးများမှာ ရောင်ရမ်းနာကျင်လာပြီး ကာလကြာမြင့်ပါက အဖုအလုံးကလေးများ ထိုအဆစ်တို့တွင် ဖြစ်လာတတ်သည်။
လေဖြတ်ခြင်း---
လေဖြတ်သူ၏ သုံးပုံနှစ်ပုံမှာ အသက် ၆၅-နှစ်ကျော် အရွယ်များဖြစ်သည်။ ထိုအရွယ်တွင် လေဖြတ်ပါက သာမန်အရွယ်ထက် သေဆုံးမှု ခုနစ်ဆမျှ များပြားသည်။
အထက်ပါလေ့လာမှုများအရ သက်ကြီးရွယ်အိုများ၏ ရောဂါဖြစ်ပွားနှုန်း၊ သေဆုံးနှုန်းများ
လျော့ကျသွားကြောင်း သိရသည်။ ဆေးသိပ္ပံ ပညာရှင်များ၊ ဆေးဝါးထုတ်လုပ်သူများသည် အပြင်းအထန် ကြိုးစားဆောင်ရွက်နေခဲ့မှုကြောင့် ဆေးဝါးအသစ်များလည်း ဖော်ထုတ်နိုင်ခဲ့သည်။ အဆစ်ရောင်ရောဂါများ အတွက် ဆေး ၂၅-မျိုး၊ အဆုတ်ရောဂါများအတွက် ၁၈-မျိုး၊ ဆီးချိုရောဂါအတွက် ၁၉-မျိုး၊ အရိုးပွခြင်းအတွက် ၁၈-မျိုး၊ အယ်လ်ဇိုင်းမားရောဂါအတွက် ၁၉-မျိုး၊ ပါကင်ဆင်ရောဂါအတွက် ၁၀-မျိုးတို့ကို ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။ ၂၀-ရာစုအဝင်က အမေရိကန်တို့၏ ပျမ်းမျှသက်တမ်းမှာ ၄၆-နှစ်သာရှိခဲ့သော်လည်း ယခု ၂၁-ရာစုအဝင်တွင် ၇၃-နှစ်မျှ ရှိလာပြီဖြစ်သည်။ လူ့ခန္ဓာကိုယ်သည် ကောင်းမွန်စွာထိန်းသိမ်းနိုင်ပါက (ဇာတာမှာပါသကဲ့သို့) သက်တမ်း ၁၂၀-နှစ်ခန့်အထိ ရှိနိုင်ကြောင်း သုတေသီတို့ဆိုကြသည်။ အောက်ဖ်ာပြပါ အချက်အလက်တို့နှင့် ကိုက်ညီအောင် နေထိုင်နိုင်ပါက ယခုလက်ရှိလူသားတို့သည် ရှေ့ရာစုနှစ်အဝင်အထိပင် မီနိုင်သေးကြောင်း သိရပါသည်။
၁။ နေ့စဉ် ဗီတာမင်စီ ၃၀၀-မီလီဂရမ်ခန့် စားသုံးလျှင် ၅ -ဒသမ ၅-နှစ် ပိုအသက်ရှည်မည်။
၂။ သွေးအတွင်းရှိ အဆီဓာတ်ကို ၂၀၀-အောက်တွင်ထိန်းထားနိုင်ပါက ၅-ဒသမ ၅-နှစ်။
၃။ အဆီပိုများကို နေ့စသ် ၃၀၀-ကယ်လိုရီအထိ ဖြုန်းပစ်နိုင်လျှင် ၂-သို့ဟုတ် ၃-နှစ်။
၎။ အပေါင်းအသင်း အဖွဲ့အစည်းများနှင့် လွတ်လပ်စွာ ဆက်ဆံလုပ်ကိုင်လျှင် ၄-ဒသမ ၅-နှစ်။
၅။ အိမ်တွင်နေစဉ် အငြိမ်မနေဘဲ သွားလာလှုပ်ရှားနေတတ်လျှင် ၂-ဒသမ ၅-လ။
၆။ တပတ်လျှင် နှစ်မိုင်ခန့် ပြေးလျှင် ၈-ဒသမ ၇-နှစ်။
၇။ ဆေးစစ်ခြင်းကို မှန်မှန်ပြုလုပ်လျှင် ၂-နှစ်မှ ၃-နှစ်။
၈။ ကားဖုန်းမဆက်လျှင် (ခေါ်ဆိုမှုတခုကို မပြုလုပ်လျှင် ၄၅-စက္ကန့် အသက်ပိုရှည်မည်။
၉။ အစာအိမ်ရောဂါကို ပျောက်ကင်းအောင်ကုသလျှင် ၂-ဒသမ ၃-နှစ်။
၁၀။ သားသမီးများကို ထိန်းကျောင်းအုပ်ချုပ်ရခြင်းမှ လွတ်ကင်းလျှင် ၄-နှစ်။
၁၁။ သွေးပေါင်ချိန် (အောက်သွေး) ကို ၉၀-အောက်တွင် ထိန်းထားနိုင်လျှင် ၅-နှစ်။
၁၂။ တပတ်လျှင် အသားသုံးကြိမ်ထက် ပို၍မစားလျှင် ၉-နှစ်။
၁၃။ ဘုရား၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ ဗလီတို့သို့ သွားလေ့ရှိလျှင် ၇-နှစ်မှ ၁၄-နှစ်။
၁၄။ ဆေးလိပ်မသောက်လျှင် ၅-နှစ်။
၁၅။ အခြားသူ၏ ဆေးလိပ်အေငွေ့ကို မရှူရှိုက်တတ်လျှင် ၁-နှစ်။
၁၆။ ကျေးလက်တောရွာများတွင် နေထိုင်လျှင် ၁-လမှ ၈-လ။
၁၇။ Fast Food အသင့်ချက်ပြုတ် စားသုံးရသော အစားအစာတို့ကို မစားသုံးတတ်လျှင် လာမည့် နှစ် ၂၀-အတွင်း သေဆုံးနိုင်မှုကို ၁၃-ရာခိုင်နှုန်းခန့် လျော့နည်းစေမည်။
၁၈။ မိမိကိုယ်ကို ယုံကြည်အားကိုးတတ်လျှင် ၂-နှစ်။
၁၉။ မိမိနှင့် သင့်တင့်သော ကိုယ်အလေးချိန် ထိန်းနိုင်လျှင် ၁-ဒသမ ၇-နှစ်။
၂၀။ လေးလံထိုင်းမှိုင်းမှုမရှိဘဲ အမြဲ သွက်လက်တက်ကြွတတ်လျှင် ၅-နှစ်မှ ၁၀-နှစ်။
၂၁။ မိမိမသိသည်ကို မေးမြန်းမှတ်သားတတ်လျှင် ၅-နှစ်အထက်။
၂၂။ မိမိအလုပ်ကို ငြီးငွေ့ခြင်းမရှိလျှင် ၂-ဒသမ ၆-နှစ်။
၂၃။ သင့်တင့်သော အားကစား လှုပ်ရှားလျှင် ၂၅-ရက်။
၂၄။ မွေးနေ့ပွဲ နှစ်စဉ်လုပ်လျှင် မွေးနေ့လုပ်ပြီးတိုင်း လပေါင်းများစွာ အသက်ပိုရှည်နိုင်မည်ဖြစ်ကြောင်း အမေရိကန်သုတေသီတို့က အဆိုပြုထားသည်။
လူတိုင်း အသက်ရှည်ရှည် ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် သန့်ရှင်းသော ရေ, လေ, အစားအစာ, ပတ်ဝန်းကျင် စသည့် အခြေခံကောင်းများ ရှိသင့်သည့်အပြင် သင့်တင့်သော နေထိုင်သွားလာနိုင်ရေးသည်ပါ အရေးကြီးပေသည်။ ကျန်းမာရေးနှင့်ညီညွတ်သော အထက်ပါအချက်အလက်များကို သိရှိနားလည်လျက် ကျင့်သုံးနေထိုင်ပါက ကျွန်တော်တို့ မြန်မာလူမျိုးများလည်း ဘိုးဘွားသက်ရှည်များ၊ ကျန်းမာသန်စွမ်းသော လူငယ်များ ဖြစ်လာနိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။
ဒေါက်တာ မြင့်သန်း (ညောင်လေးပင်)
Ref: Health Care Bulletin (Jan-2000, The Square)

Subscribe to:
Posts (Atom)