Monday, January 2, 2012

ကပြောင်းကပြန်

သီရိတို့ သူငယ်ချင်းတွေထဲမှာ ယောက်ျားလေး ၂-ယောက်ပါတယ်။ ယောက်ျားလေးဖြစ်လို့ နေရာတကာ ဦးဆောင်လိမ့်မယ် မထင်နဲ့။ အမြဲတမ်း ရေသာခို အပျင်းကြီးတယ်။ ကျောင်းကအပြန် ကားတွေတားရင်လည်း သီရိတို့ မိန်းကလေးပဲ။ မုန့်ဆိုင်ထိုင်လို့ စားပွဲထိုးခေါ်လည်း သီရိတို့ပဲ။ ကျောင်းလခသွင်းတာတို့၊ စာအုပ်ထုတ်တာတို့ ဆိုရင်လည်း သီရိတို့ မိန်းကလေးပဲ။ ဒီတော့ သီရိရဲ့ သူငယ်ချင်းက အမြင်ကတ်ကတ်နဲ့ ကွန်ပျူတာ စာရိုက်ပြီး စာသင်ခန်းထဲမှာ ကပ်ထားလိုက်တယ်။

“နွဲ့နွဲ့နောင်းနောင်း ယောက်ျားကောင်း၊ ဖျတ်ဖျတ်လတ်လတ် မိန်းမမြတ်။
ယဉ်ယဉ်ကျေးကျေး ယောက်ျားလေး၊ ကျားကျားလျားလျား မိန်းမသား-တဲ့။

No comments: