Tuesday, January 24, 2012

ပဋ္ဌာန်း ၂၄-ပစ္စည်း

၁။ ဟေတု ပစ္စယော။
အမြစ်မှဖြစ်၍ ကျေးဇူးပြုသောတရား။
* (၁) လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟ၊ ဤဟိတ် ၆-ပါးက ဟေတုပစ္စည်း။
ယှဉ်ဘက် နာမ်နှင့် စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ်က ပစ္စယုပ္ပန်။
ပစ္စည်းဆိုတာက အကြောင်းတရား၊ ပစ္စယုပ္ပန်ဆိုတာက အကျိုးတရား။



၂။ အာရမ္မဏ ပစ္စယော။
အာရုံဖြစ်၍ ကျေးဇူးပြုသောတရား။
* (၂) အာရံ ၆-ပါးက အာရမ္မဏပစ္စည်း၊ 
အာရုံပြုတဲ့ စိတ်နာမ်က ပစ္စယုပ္ပန်။ 

၃။ အဓိပတိ ပစ္စယော။
အကြီးအကဲဖြစ်၍ ကျေးဇူးပြုသောတရား။
* (၃) လွန်ကဲသော ဆန္ဒ, ဝီရိယ, စိတ်, ပညာ ဤလေးပါးတွင် တပါးပါးက အဓိပတိပစ္စည်း။
ယှဉ်ဘက် နာမ်နှင့်စိတ္တဇရုပ်က ပစ္စယုပ္ပန်။
 (၄) အလေးပြုခံရတဲ့ အာရုံက အာရမ္မဏာဓိပတိ ပစ္စည်း၊ 
အလေးပြုတဲ့ စိတ်နာမ်က ပစ္စယုပ္ပန်။

၎။ အနန္တရ ပစ္စယော။
အခြားမဲ့ဖြစ်၍ ကျေးဇူးပြုသောတရား။
၅။ သမနန္တရ ပစ္စယော။
ကောင်းစွာ အခြားမဲ့ဖြစ်၍ ကျေးဇူးပြုသောတရား။
* (၅)  ရှေးရှေး စိတ်နာမ်များက အနန္တရ, သမနန္တရ, နတ္ထိ, ဝိဂတ ပစ္စည်း။
နောက်နောက် စိတ်နာမ်များက ပစ္စယုပ္ပန်။


၆။ သဟဇာတ ပစ္စယော။
ပြိုင်တူဖြစ်၍ ကျေးဇူးပြုသောတရား။
၇။ အညမည ပစ္စယော။
အပြန်အလှန် ကျေးဇူးပြုသောတရား။
၈။ နိဿယ ပစ္စယော။
မှီရာဖြစ်၍ ကျေးဇူးပြုသောတရား။
* (၆) နာမ်တရားများ အချင်းချင်း၊ မဟာဘုတ် ၄-ပါး အချင်းချင်း၊ ပဋိသန္ဓေစိတ်နှင့် ဝတ္ထုရုပ် အချင်းချင်း၊ 
သဟဇာတ, အညမည, နိဿယ ပစ္စည်း, ပစ္စယုပ္ပန်။
* (၇) စိတ်နာမ်များက သဟဇာတ နိဿယ ပစ္စည်း။
စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ်က ပစ္စယုပ္ပန်။
* (၈) မဟာဘုတ် ၄-ပါးက သဟဇာတ နိဿယ ပစ္စည်း။
ဥပါဒါရုပ်က ပစ္စယုပ္ပန်။
* (၉) မျက်စိ, နား, နှာ, လျှာ, ကိုယ်နှင့် ဝတ္ထုရုပ်တို့က နိဿယပစစည်း။
မြင်တာ, ကြားတာ, နံတာ, စားတာ, ထိတာ, သိတာက ပစ္စယုပ္ပန်။


၉။ ဥပနိဿယ ပစ္စယော။
အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုသောတရား။
* (၁၀) စွဲမှီရာ ရှေးကာလ စိတ်နာမ်များက ပကတူပနိဿယ ပစ္စည်း။
စွဲမှီ၍ဖြစ်သော နောက်ကာလ စိတ်နာမ်များက ပစ္စယုပ္ပန်။
* (၁၁) ဥတု, ဘောဇဉ်, ပုဂ္ဂိုလ် နေရာစသည်က ပကတူပနိဿယ ပစ္စည်း။
၎င်းတို့ကိုစွဲမှီ၍ ဖြစ်သော စိတ်နာမ်များက ပစ္စယုပ္ပန်။
(အာရမ္မဏူပနိဿယ, အနန္တရူပနိဿယ တို့မှာ နံပါတ် (၄-၅) အပိုဒ်နှင့် တူပြီ)


၁၀။ ပုရေဇာတ ပစ္စယော။
ရှေးဦးစွာ ဖြစ်နှင့်၍ ကျေးဇူးပြုသောတရား။
* (၁၂) မျက်စိ စသော မှီရာရုပ် ၆-ပါးက ဝတ္ထုပုရေဇာတ ပစ္စည်း။
မြင်မှုစသော ရုပ်နာမ် ၆-ပါးက ပစ္စယုပ္ပန်။
* (၁၃) အဆင်း စသော အာရုံ ၅-ပါးက အာရမ္မဏ ပုရေဇာတပစ္စည်း။
မြင်မှုစသော ရုပ်နာမ် ၅-ပါးက ပစ္စယုပ္ပန်။


၁၁။ ပစ္ဆာဇာတ ပစ္စယော။
နောက်မှဖြစ်၍ ကျေးဇူးပြုသောတရား။
* (၁၄) နောက်မှဖြစ်ပေါ်လာသော စိတ်နာမ်များက သဟဇာတပစ္စည်း။
ရှေးကဖြစ်နှင့်သော တစ်ကိုယ်လုံးက ပစ္စယုပ္ပန်။


၁၂။ အာသေဝန ပစ္စယော။
အထုံပါ၍ ကျေးဇူးပြုသောတရား။
* (၁၅) ရှေးရှေး ဇောက အာသေဝနပစ္စည်း။
နောက်နောက် ဇောက ပစ္စယုပ္ပန်။


၁၃။ ကမ္မ ပစ္စယော။
ပြုမှုဖြစ်၍ ကျေးဇူးပြုသောတရား။
* (၁၆) စေတနာက ကမ္မပစ္စည်း။
ယှဉ်ဘက်နာမ်နှင့် စိတ္တဇ ပဋိသန္ဓေကမ္မဇရုပ်က ပစ္စယုပ္ပန်။
(၁၇) ကုသိုလ်, အကုသိုလ် စေတနာက နာနက္ခဏိက ကမ္မပစ္စည်း။
အကျိုးဝိပါက်က ပစ္စယုပ္ပန်။


၁၄။ ဝိပါက ပစ္စယော။
အကျိုးဖြစ်၍ ကျေးဇူးပြုသောတရား။
* (၁၈) ဝိပါက်စိတ်နာမ်က ဝိပါကပစ္စည်း။
ယှဉ်ဘက်နာမ်နှင့် စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ်က ပစ္စယုပ္ပန်။


၁၅။ အာဟာရ ပစ္စယော။
အားသစ်ပေး၍ ကျေးဇူးပြုသောတရား။
* (၁၉) သြဇာရုပ်က အာဟာရပစ္စည်း။
တစ်ကိုယ်လုံးက ပစ္စယုပ္ပန်။
(၂၀) ဖဿ, စေတနာ, ဝိညာဉ်က အာဟာရပစ္စည်း။
ယှဉ်ဘက် နာမ်နှင့် စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ်က ပစ္စယုပ္ပန်။

၁၆။ ဣန္ဒြိယ ပစ္စယော။
အုပ်စိုး၍ ကျေးဇူးပြုသောတရား။
* (၂၁) မျက်စိ, နား, နှာ, လျှာ, ကိုယ် ဤကိုယ်ငါးပါက ဣန္ဒြိယပစ္စည်း။
မြင်မှုစသော စိတ်နာမ်ငါးပါးက ပစ္စယုပ္ပန်။
(၂၂) ဇီဝိတခေါ် အသက်ရုပ်က ဣန္ဒြိယပစ္စည်း။
တွဲဘက်ကမ္မဇရုပ်က ပစ္စယုပ္ပန်။
(၂၃) ဇီဝိတခေါ် အသက်နာမ်နှင့် စိတ်, ဝေဒနာ, သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ, ဤရှစ်ပါးက ဣန္ဒြိယပစ္စည်း။
ယှဉ်ဘက်နာမ်နှင့် စိတ္တဇရုပ်, ပဋိသန္ဓေ ကမ္မဇရုပ်က ပစ္စယုပ္ပန်။


၁၇။ ဈာန ပစ္စယော။
ရှု၍ ကျေးဇူးပြုသောတရား။
* (၂၄) ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတ၊ ဤ ဈာနင်ငါးပါးက ဈာနပစ္စည်း။
ယှဉ်ဘက်နာမ်နှင့် စိတ္တဇရုပ်, ပဋိသန္ဓေ ကမ္မဇရုပ်က ပစ္စယုပ္ပန်။


၁၈။ မဂ္ဂ ပစ္စယော။
ရောက်စေ၍ ကျေးဇူးပြုသောတရား။
* (၂၅) မိစ္ဆာဒိဋ္ဌိ, သမ္မာဒိဋ္ဌိ စသော မဂ္ဂင်တရားကိုယ် ၉-ပါးက မဂ္ဂပစ္စည်း။
ယှဉ်ဘက် နာမ်နှင့် စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ်က ပစ္စယုပ္ပန်။


၁၉။သမ္ပယုတ္တ ပစ္စယော။
ယှဉ်၍ ကျေးဇူးပြုသောတရား။
* (၂၆) စိတ် စေတသိက် အချင်းချင်း သမ္ပယုတ္တပစ္စည်း၊ ပစ္စယုပ္ပန်။


၂၀။ ဝိပ္ပယုတ္တ ပစ္စယော။
မယှဉ်ပဲကျေးဇူးပြုသောတရား။
* (၂၇) စိတ်နာမ်များက ဝိပ္ပယုတ္တ ပစ္စည်း။
စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ်က ပစ္စယုပ္ပန်။
(၂၈) ပုရေဇာတဝိပ္ပယုတ်မှာ ဝတ္ထုပုရေဇာတနှင့် တူပြီ၊ ပစ္ဆာဇာတဝိပ္ပယုတ်မှာ ပစ္ဆာဇာတနှင့် တူပြီ။


၂၁။ အတ္ထိ ပစ္စယော။
ရှိဆဲဖြစ်၍ ကျေးဇူးပြုသောတရား။
၂၂။ နတ္ထိ ပစ္စယော။
မရှိမူ၍ ကျေးဇူးပြုသောတရား။
၂၃။ ဝိဂတ ပစ္စယော။
ချုပ်ကင်း၍ ကျေးဇူးပြုသောတရား။
၂၄။ အဝိဂတ ပစ္စယော။
မချုပ်ကင်းမူ၍ ကျေးဇူးပြုသောတရား။
* (၂၉) အတ္ထိ, အဝိဂတတို့မှာ သဟဇာတ, ပုရေဇာတ, ပစ္ဆာဇာတ, ရုပ်အာဟာရ, ရုပ်ဇီဝိတိန္ဒြိယနှင့် တူပြီ။
(၃၀) နတ္ထိ, ဝိဂတတို့မှာ အနန္တရနှင့် တူပြီ။
(၁၃၂၁-ခု ဝါတွင်းသုံးလပတ်လုံး ဟောသည်။ အချို့ဆောင်ပုဒ်၌ သုတနည်းသူတို့ သိလွယ်, မှတ်လွယ်ရုံမျှ ပြထားသည်။ အတိအကျ အပြည့်အစုံကား မဟုတ်)။

မဟာစည် ဆရာတော်

No comments: