နတ်မောက်မြို့နယ် သရက်ပင်ရွာသို့ ရောက်ရှိစဉ် ကျောင်းထိုင်ဆရာတော် ဦးကေတုမာလာ-မှ မိန့်တော်မူသော သာသနာပြုလုပ်ငန်းများ အောင်မြင် ထွန်းလင်းစေရန် ချီးမြှင့်လိုက်သော ပုတီးစိပ်ကို တင်ပြလိုက်ပါသည်။
ဒီပုတီးစိပ်ဟာ လိုရာပြည့်စုံ ခရီးရောက် ပေါက်မြောက်စေတယ်၊ အထူးသဖြင့် သာသနာပြုနေသူများ ပိုမိုပြီး စိပ်သင့်တဲ့ ပုတီးစိပ်ပါပဲ။
ဘုရားတည်၊ ကျောင်းဆောက်၊ သိမ်အလှူများ အောင်မြင်ခဲ့သူတွေဟာ ဒီဂါထာကို လက်မလွတ် ပုတီးစိပ်ခဲ့ကြတာ တွေ့မြင်ကြားသိရတယ်။
ဘုန်းကြီး ဘုရားတည်စဉ်ကလဲ ဒီပုတီးစိပ် ဂါထာကို မပြတ်စိပ်ခဲ့ပါတယ်။ ဂါထာက တိုတိုလေးပါပဲ။
“ နမော ဗုဒ္ဓါယ သိဒ္ဓံ”
ဆိုပြီး ပုတီးတစ်လုံးချရမယ်။ (၁၀၈)လုံး ပုတီးကုံးနဲ့ တစ်နေ့ သုံးပတ်ကနေ ကိုးပတ်အထိ မိမိနိုင်နင်းသလို စိပ်နိုင်ပါတယ်။
အဓိဋ္ဌာန်စိပ်ပြီးရင် ပိုမိုပြီး လျင်လျင်မြန်မြန် ထိရောက်စွာ အောင်မြင်စေပါတယ်။
အောင်မြင်တိုးတက်ကြပါစေ။
နတ်မောက် လှမြင့်သစ်
(နက္ခတ္တ-၂၀၀၆-၃)

No comments:
Post a Comment