Saturday, January 21, 2012

သင် သာသနာပြုလိုသော်

ကျွန်တော်သည် သာသနာပြုလုပ်ငန်းကို တတောင့်တနေရာမှ နိုင်ရာဝန် ထမ်းကာ သာသနာပြုနေသူ ဖြစ်ပါသည်။ သာသနာပြုအလုပ်ကို မိမိ၏အသွေးအသားကဲ့သို့  တန်ဖိုးထားကာ ဗုဒ္ဓသာသနာတော်ကြီး အရှည်တည်တံပစေရေး အရှည်တွေးကာ သာသနာံဝန် ထမ်းနေသူလည်း ဖြစ်ပါသည်။ 


သာသနာတော်ကို အထူးကြည်ညိုကာ သာသနာအစစ်အမှန် ပြန့်ပွားရေးအတွက် ကိုယ်ကျိုးစွန်း ဆောင်ရွက်နေရာတွင် အနှောင့်အယှက် အခက်အခဲ များစွာနှင့် ကြုံဆုံရတတ်ပါသည်။
သို့ပါသော်လည်း ဖြစ်ပေါ်လာသည့် စိတ်အနှော်င့အယှက်များကို မိမိ တရားအားထုတ်စဉ် စိတ်ကမ္မဋ္ဌာန်းမှတ်နည်း အလေ့အကျင့်အရ မှတ်ဖျောက် ချေဖျက်ကာ တစိတ်ချင်း တစိတ်ချင်းကို ဖြေရှင်းယူရပါသည်။


အကျိုးဆက်ကား သာသနာပြု အလုပ်လုပ်ရင်း စိတ်ကမ္မဋ္ဌာန်းများ ပိုင်နိုင်လာပြီး သမာဓိများ တိုးတက်ရင့်ကျက်လာခြင်းပေတည်း။ စိတ်ကမ္မဋ္ဌာန်းအပြင် သတိပဋ္ဌာန်တရား လေးဘပါးလာ ကာယာနုပဿနာ သတိပဋ္ဌာန်၊ ဝေဒနာနုပဿနာ သတိပဋ္ဌာန် ဟူသည့် အကွေးအဆန့် လှုပ်ရှားမှုများ၊ ဝေဒနာများကိုလည်း မလွတ်တမ်း မှတ်နေခြင်း ဖြစ်ပါသည်။


ဤသို့ စကားချီ အကျယ်ချဲ့နေခြင်းမှာ အကြောင်းရှိပါသည်။ ကျွန်တော်သည် ၏အကြောဘုရင်” အမည်ဖြင့် လေဖြတ်ရောဂါ၊ အကြောရောဂါများကို ကုသနေသူ ဖြစ်ပါသည်။ ကုသရသည့် ငွေဖြင့် သာသနာပြု လုပ်ငန်း အထောက်အပံ့ ပြုနေသူလည်း ဖြစ်ပါသည်။


ကျွန်တော့်အကြောင်းကို ၂၀၀၅-ခု နိုဝင်ဘာလထုတ် နက္ခတ္တရောင်ခြည် မဂ္ဂဇင်းတွင် ပါလာသောအခါ အနယ်နယ်အရပ်ရပ်ရှိ သာသာနအရေး စိတ်ဝင်စားသူများထံမှ အကြံတောင်းခံစာများ ရောက်ရှိလာပါသည်။
ဆွာမြို့မှ စာတိုက်မှူး ဦးခင်မောင်ဌေး-ကဲ့သို့ သာသနာပြုရန်ဝါသနာထုံသူများက သာသနာပြုရန် အကြံပြုစာ ပြန်ကြားစေလိုပါကြောင်း တောင်းခံလာကြပါသည်။


ဦးခင်မောင်ဌေးနှင့်တကွ သာသနာပြုလိုသူများအား မိမိဘဝ ဖြစ်စဉ်နှင့် ယှဉ်တွဲကာ သာသနာ့အကျိုး ရည်မျှော်ကိုးပြီး ဤစာကို ရိုးရှင်းစွာ တင်ပြရခြင်း ဖြစ်ပါသည်။
မိမိစာကို ဖတ်ရှုရသဖြင့် တစုံတယောက်သောသူသည် သာသနာအကျိုး သယ်ပိုးလိုစိတ် ပေါ်ပေါက်ခဲ့လျှင် ကောင်းလေစွ-ဟု ရည်ရွယ်ရေးသားရပါသည်။


ကျွန်တော်သည် မဟာစည်နည်းဖြင့် တရား စတင် အားထုတ်ပါသည်။ သာသနာတော်တွင် သီလ၊ သမာဓိ၊ ပညာ-ဟူ၍ သိက္ခာသုံးရပ်ရှိရာ သီလကို မကျိုးမပေါက်၊ မပျောက်မကျားရအောင် ဆောက်တည်ရပါသည်။
ဗောဓိပက္ခိယ (၃၇)ပါးတွင် အဝင်အပါဖြစ်သည့် ဗိုလ်ငါးပါး၏ ထိပ်ဆုံးအင်္ဂါ ယုံက်ြညမှု(သဒ္ဓါ)ကို အပြည့်အဝ အခြေခံကာ စတင် အားထုတ်ရပါသည်။


တရားအားထုတ်စဉ် အောက်ခြေပိုင်းသည် ဒုံးပိုင်း-ဟုခေါ်သည့်အတွက် ဆင်ခြင်စဉ်းစားနေရန် မလိုပါ။ လိုအပ်သည်ကို တတ်သိ နားလည်သည့် ဆရာက လမ်းညွှန်ပေးပါမည်။
သင့်အား အကြံပေးလိုသည်မှာ တရား အားမထုတ်မီ နံနက်တိုင်း ဘုရားရှင်ရှေ့တွင်---
“ဘုရားတပည့်တော်သည် သာသနာအကျိုးကို အသက်ထက်ဆုံး သယ်ပိုးမည့် သာသနာပြု ပုဂ္ဂိုလ် ဖြစ်ရပါလို၏”
ဟု ဆုတောင်းပါ။ သင့်အတွက် အပံ့အပိုး အမှန်ဖြစ်လာပါလိမ့်မည်။


မဟာစည်တရားတော်အရ ကျွန်တော်သည် ဉာဏ်စဉ်တရားနာခွင့် ရခဲ့ပါသည်။ တရားစခန်းမှ အိမ်အပြန် မိမိနားထဲမှာ စကားပြောသံ အတိုင်းသား ကြားနေရပါသည်။ စကားတွေကလည်း လက်ရှိအခြေအနေ အကြောင်းများကို လာပြောနေခြင်းပါ။


ဤနေရာတွင် တခုပြောလိုသည်မှာ ကျွန်တော်သည် ခေတ်ပညာတတ်တစ်ယောက် ဖြစ်ပြီး ယုတ္တိမတန်သည်ကို ယုံကြည်သူ မဟုတ်ပါ။ ပရလောကသားများနှင့်လည်း အဆက်အသွယ် မရှိပါ။ သို့ပါလျက် မည်သည့်အသံတွေပါနည်း။ ငါများ ကယောင်ချောက်ချား ဖြစ်နေပါသလား။
မဖြစ်နိုင်ပါ။ ဉာဏ်စဉ်တရား နာခဲ့သူ၏စိတ်သည် အလွန်သန့်ရှင်းစင်ကြယ်ပြီး အလွန်လည်း ခိုင်မာတည်ကြည်ကာ အမှားကင်းနေသူ ဖြစ်ပါသည်။


ကျွန်တော်သည် ကျောင်းပြန်ရောက်သည်နှင့် (မိမိသည် အိမ်မှာ မနေ, ကျောင်းမှာနေသည်) မေတ္တာပို့ချင်သည့် အာသီသ ပြင်းပြလာပါသည်။ လူတွေနဲ့ ရောနှောနေလိုစိတ်လည်း နည်းပါးနေသဖြင့် တဦးတည်း မေတ္တာပို့သည့် အလုပ်ကို နိုင်သလောက် လုပ်နေပါသည်။ ကြိမ်ရေကို တိုးကာတိုးကာ အစွမ်းကုန် ပြုလုပ်ပါသည်။


မေတ္တာပို့သည့် အလုပ်သည် မလုပ်ရ မနေနိုင်ဖြစ်လာပြီး စိတ်အစဉ်သည် အလွန်နူးညံ့သိမ်မွေ့လာပါသည်။ အေးချမ်းတည်ငြိမ်နေပြီး မျက်နှာပြင် အရေးအကြောင်းများပင် သိသာစွာ ပြောင်းလဲလာပါသည်။ နှုတ်ခမ်း နှစ်လွှာ တင်းတင်းစေ့နေပြီး ပြန့်ကားနေသော လက်သည်းခွံများလည်း အလိုလို ကုပ်လာပါသည်။ 
ကျွန်တော်သည် သိပ္ပံသမားပီပီ ထူးခြားမှုကို မြင်ရလေလေ ဘာဖြစ်လာဦးမည်နည်းဟူသော စူးစမ်းလိုစိတ်က ဆွဲခေါ်သွားကာထပ်တိုး အားထုတ်ရင်း တရားတော်၏ အတွင်းကျကျသို့ရောက်သွားသည် ထင်ပါသည်။


ကျေးဇူေးတ်ာရှင် ပဲခူးတိုင်း၊၊ ကဝမြို့နယ်၊ ကျားတက် ဆရားတော်ကြီးက
(၁) ကုသိုလ်
(၂) ဥစ္စာ
(၃) ပညာ 
တစ်ခုခု ရအောင်ယူ-ဟူသည့် မှာကြားချက်အရ ကုသိုလ်ယူလိုစိတ်များ တဖွားဖွား ပေါ်လာပါသည်။ ထို့ကြောင့်လည်း ရွာလယ်ရှိ အောက်ကျောင်းဆရာတော်ထံ ဝတ်ဖြည့်ရန် ဆုံးဖြတ်မိပါသည်။
ပထမနေ့ မထူးသေးပါ။ ဒုတိယနေ့မှာ နှိပ်နေမသော လက်ကလေးများ သူ့အလိုလို လှုပ်ရှားနေပါသည်။ဤသည်ပင် ကျွန်တော်၏ ရောဂါကုခြင်း အစပင်တည်း။


ကျွန်တော် အကျယ်ချဲ့ပြောနေခြင်းမှာ မိမိကဲ့သို့ တရားတော်ကို အလွန်ယုံကြည်ပြီး သာသနာအကျိုး သယ်ပိုးလိုသူအား သာသနာပြုလမ်းစဉ်အတွက် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များမှ စောင့်ရှောက်မှု ပေးကြခြင်းဆိုသည့် ကောက်ချက် ဆွဲနိုင်ရန် ဖြစ်သည်။
အကျဉ်းချုံးပြောရလျှင် ပုဂ္ဂိုလ်ထူးများ၏ အကူအညီဖြင့် ကျွန်တော်သည် အကြောဘုရင် အမည်ဖြင့် အကြောကုဆရာ ဖြစ်လာခြင်းပေတည်း။


မိမိတတ်သည့်ပညာဖြင့် သာသနာအကျိုးကို လွတ်လပ်စွာ သယ်ပိုးနိုင်ရန် ဝန်ထမ်းအလုပ်ဖြစ်သော ကျောင်းဆရာအလုပ်မှ ထွက်ကာ သာသနာအကျိုးကို အားကြိုးမာန်တက် သယ်ပိုးလျက်ရှိကြောင်း သိစေအပ်ပါသည်။

ဆောင်ရန်အတွက်ကား===ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးကို အထူး ချစ်စိတ် မွေးမြူပါ။ တရားအားမထုတ်မီတိုင်း သာသနာပြုရပါလို၏-ဟု ဆုတောင်းပါ။ 
ရှောင်ရန်အတွက်မူ===တရား အားထုတ်စဉ် တရားအာရုံသာ ထားပါ။ အခြားမည်သည့်အာရုံမျှ မဝင်ပါစေနဲ့။ မဆင်ခြင် မစဉ်းစားဘဲ ဆရာပြောသည့်အတိုင်း လိုက်နာပါ။


သင်သည် သာသနာပြုပုဂ္ဂိုလ် ဖြစ်မည့်သူ ဧကန်မှန်ပါစေ၊ 
သင်သည် သာသနာပြုပုဂ္ဂိုလ် အမှန်ဖြစ်လာပါလိမ့်မည်။ 
သာသနာအကျိုး သည်ပိုးမည့် ပုဂ္ဂိုလ်ထူး -ပုဂ္ဂိုလ်မြတ်များ ဆထက်ထမ်းပိုး တိုးတက် ပွားများနိုင်ကြပါစေ။


ဦးမင်းစံလှိုင်(အကြောဘုရင်)
(နက္ခတ္တ ၂၀၀၆-၃)

No comments: