Sunday, January 22, 2012

ကျားမှန်လျှင် အားသေန်စေရမည်

သွားပါများ ခရီးရောက်၊
မေးပါများ စကားရ၊
ဆိုသည့် မောင်ပေါက်ကျိုင်းထုံး နှလုံးမူ၍ အလုပ်အားလပ်သည့်တစ်နေ့တွင် ကျွန်တော်၏ တပည့်တဦးဖြစ်သော မောင်ရင်မွှေး နေထိုင်သည့် ရွာသစ်ကြီးသို့ ရောက်သွားခဲ့သည်။

ကျွန်တော် ရောက်သွားသောအခါ မောင်ရင်မွှေးက ဝမ်းသာအားရ ကြိုလေသည်။ ထို့နောက် မောင်ရင်မွှေးမှ သူ၏ဖခင် အဘ ဦးသူငယ်၊ မိခင် ဒေါ်အုံးသင်တို့နှင့် မိတ်ဆက်ပေးပါသည်။
အဘ ဦးသူငယ်နှင့် အမေ ဒေါ်အုံးသင်တို့မှာ ကျေးလက်နေသူများ ပီပီ ရိုးသားပွင့်လင်းပြီး လှိုက်လှဲဖော်ရွှေလျက် ဧည့်ဝတ်ကျေပွန်ပါသည်။ နေ့လယ်စာ စားသောက်ပြီး၍ ရေနွေးကြမ်းဝိုင်းတွင် ထိုင်မိကြသောအခါ အဘ ဦးသူငယ်က---

ငါ့တူကို ကြုံတုန်း ဆေးနည်းတစ်ခု လက်ဆောင်ပေးလိုက်ဦးမှပဲ...
ဟုတ်ကဲ့ ပေးပါ အဘ။
ဒီလိုကွဲ့ ပြောရမှာတော့ အားနာစရာကြီး၊ ဒါပေမယ့် မမြင်ဝံ့ ဆေးဆရာ-ဆို မဟုတ်လား။ ဒီတော့ မင်းက ငယ်ပေမယ့် ဂုဏ်ပုဒ်ကရှိနေတော့ လေးစားရမှာပေါ့။ မရိုမသေကွယ် ယောက်ျားရောဂါပျောက်တဲ့ ဆေးနည်းလေး ပေးချင်တာကွယ့်။

ပွင့်ပွင့်လင်းလင်းသာ ပြောပါ အဘ ရပါတယ်။ 

ယောက်ျားတွေရဲ့ အားမှာ သေတယ်၊ ညှိုးတယ် ဆိုတာ ရှိတယ်။ သေတာတော့ အဘ လက်တွေ့ မဟုတ်လို့ မပြောတတ်ဘူး။ ပန်းညှိုးတာဆိုရင်တော့ ဆေးတစ်ခွက်, နှစ်ခွက် သောက်ရုံနဲ့တင် သက်သာသွားပြီး ယောက်ျားပီသသွားတာ အဘ သိရတယ်ကွယ့်။ 


ကျွန်တော် စိတ်ဝင်စားပါတယ် အဘ၊ ပြောပါ၊
ဆေးနည်းက လွယ်လွယ်လေးပါ။
ထန်းနို့ခြောက်နဲ့ နွားနို့ အစိမ်း ရောသောက်တဲ့ နည်းပါပဲ။ 

လုပ်ပုံလုပ်နည်းနဲ့ အချိုးအစားကို ရှင်းပြပါဦး အဘ?
အေး...ထန်းပင်က ထန်းနို့ခြောက်ကို နုပ်နုပ် စဉ်းပြီး အမှုန့်ထောင်းရမယ်။ ထန်းနို့ခြောက် အမှုန့် ဟင်းစားဇွန်း (၃)ဇွန်းကို နွားနို့အစိမ်း (၂၅)ကျပ်သား ရောမွှေပြီး တစ်နေ့ တစ်ကြိမ် တစ်ထိုင်တည်းနဲ့ ကုန်အောင်
သောက်ရမယ်။
(၃)ရက်လောက် ဆက်သောက်ပြီးရင် အားကောင်းမောင်းသန် ယောက်ျားကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်။
ဟုတ်ကဲ့ အဘ၊  ဒီဆေးနည်းဟာ ယောက်ျားတွေအတွက် အကျိုးပြုတဲ့အတွက် ကျားမှန်ရင် အားသန်ဖို့ ကြေညာပေးလိုက်ပါ့မယ်။
ထို့နောက် ကျွန်တော်သည် အဘ ဦးသူငယ်တို့ မိသားစုအားနှုတ်ဆက်ကာ ပြန်လာခဲ့ပါတော့သည်။
(ဆေးနည်းပြောပြသော ရွာသစ်ကြီးမှ အဘ ဦးသူငယ်-အား ဤ စာဖြင့် ကန်တော့ပါ၏)။

အေးဆွေ (ပန်းတောင်း)
(နက္ခတ္တ ၂၀၀၆-၃)

No comments: