Monday, January 2, 2012

မှားချက်က နာ

ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာကို မုံရွာက ဧည့်သည်တွေက သားလည်ပတ်တယ်။ ရွာခံက ဧည့်သည်တွေကို လိုလေသေးမရှိအောင် ဧည့်ခံပါတယ်။ ထမင်းစားချိန်ရောက်တော့ အိမ်ရှင်က “သူငယ်ချင်း ထမင်းစားချင်ရင် စားနှင့် ငါ ကြက်ရှာသွားလိုက်ဦးမယ်”လို့ ပြောပြီး ထွက်သွားတယ်။ 
ဧည့်သည်ကလည်း ထမင်းစားချင်ပေမယ့် ကြက်ရှာသွားတဲ့ အိမ်ရှင်ကိုင် စောင့်နေတာပေါ့။ ဟင်းမရှိလို့ ကြက်ရှာသွားတယ် ထင်ပြီး စောင့်နေတယ်။ အတော်ကြီး ကြာသွားတော့ မစောင့်နိုင်တော့ဘဲ စားနှင့်တယ်။ ညနေ မစောင်း-တစောင်းကြမှ အိမ်ရှင် ပြန်ရောက်လာတယ်။ ဧည့်သည်က မင်းကွာ ဒုက္ခရှာလို့ ငါက ရှိတဲ့ဟင်းနဲ့ စားနိုင်ပါတယ်ကွ။ ဒါနဲ့ မင်းကြက်ရှာသွားတာ ဘယ်မလဲ ကြက်က” လို့ မေးတယ်။ ဒီတော့ အိမ်ရှင်က အူကြောင်ကြောင်နဲ့ ပြန်ပြောတယ်။


”ဟ...ငါသွားတဲ့ ကြက်ရှာက ဒီရွာရဲ့ ဟိုဘက်က ကြက်ရှာရွာကွ” တဲ့။

No comments: