Friday, January 27, 2012

နမော တဿ ကွန်ချာ

ပါဠိ---
၁။ နမော တဿ ဘဂဝတော၊
၂။ နမော တဿ အရဟတော၊
၃။ နမော တဿ သမ္မာသမ္ဗုဒ္ဓဿ၊
၎။ နမော တဿ ဘဂဝတော အရဟတော၊
၅။ နမော တဿ ဘဂဝတော သမ္မာသမ္ဗုဒ္ဓဿ၊
၆။ နမော တဿ အရဟတော သမ္မာသမ္ဗုဒ္ဓဿ၊
၇။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။


အနက်---
၁။ ဘဂဝတော-ဘုန်းတော် ကြီးမြတ်တော်မူသော၊ တဿ-ထိုမြတ်စွာဘုရားအား၊ နမော-ရှိခိုးပါ၏။
၂။ အရဟတော-ရန်အောင်မြင်ပြီးသော၊ တဿ-ထိုမြတ်စွာဘုရားအား၊ နမော-ရှိခိုးပါ၏။
၃။ သမ္မာသမ္ဗုဒ္ဓဿ-သဗ္ဗညုတဉာဏ် သယမ္ဘူဉာဏ်ရှင် ဖြစ်တော်မူသော၊ တဿ-ထိုမြတ်စွာဘုရားအား၊ နမော-ရှိခိုးပါ၏။
၎။ ဘဂဝတော-ဘုန်းတော် ကြီးမြတ်တော်မူသော၊ အရဟတော-ရန်အောင်မြင်ပြီးသော၊ တဿ-ထိုမြတ်စွာဘုရားအား၊ နမော-ရှိခိုးပါ၏။
၅။ ဘဂဝတော-ဘုန်းတော် ကြီးမြတ်တော်မူသော၊ သမ္မာသမ္ဗုဒ္ဓဿ-သဗ္ဗညုတဉာဏ် သယမ္ဘူဉာဏ်ရှင် ဖြစ်တော်မူသော၊ တဿ-ထိုမြတ်စွာဘုရားအား၊ နမော-ရှိခိုးပါ၏။
၆။ အရဟတော-ရန်အောင်မြင်ပြီးသော၊ သမ္မာသမ္ဗုဒ္ဓဿ-သဗ္ဗညုတဉာဏ် သယမ္ဘူဉာဏ်ရှင် ဖြစ်တော်မူသော၊ တဿ-ထိုမြတ်စွာဘုရားအား၊ နမော-ရှိခိုးပါ၏။
၇။ ဘဂဝတော-ဘုန်းတော် ကြီးမြတ်တော်မူသော၊ အရဟတော-ရန်အောင်မြင်ပြီးသော၊ သမ္မာသမ္ဗုဒ္ဓဿ-သဗ္ဗညုတဉာဏ် သယမ္ဘူဉာဏ်ရှင် ဖြစ်တော်မူသော၊ တဿ-ထိုမြတ်စွာဘုရားအား၊ နမော-ရှိခိုးပါ၏။


ဤ နမော တဿ ကွန်ချာကို ပြောပြခဲ့သော အဖွား ဒေါ်အေးမြင့်-တို့ မိသားစုသည် တစ်အိမ်သားလုံး ငါးပါးသီလ မြဲအောင် နေကြသည်၊ အိမ်ကဘုရားကို ဆွမ်းကပ်ရာမှာ ဘုန်းကြီးများ ဆွမ်းပင့်ကပ်သလိုမျိုး ထမင်းစားပွဲကြီးနဲ့ နေ့တိုင်း ကပ်သည်၊ ဆွမ်း သုံးပန်းကန်၊ ရေတော် သုံးခွက်၊ အမွှေးတိုင် သုံးတိုင်၊ လက်သုပ်ပါဝါ သုံးထည်၊ မီး သုံးတိုင်၊ လက်ဆေးရေ၊ ထွေးခံ စသည်ပြင်ဆင်ပြီး ထိပ်က မြတ်စွာဘုရား
နေရာထိုင် အခင်း၊ ဘုရားရဲ့ ဘယ်ဘက်က အရှင်သီဝလိ နေရာထိုင် အခင်း၊ ဘုရားရဲ့ ညာဘက်က အရှင်ဥပဂုတ္တ နေရာထိုင် အခင်း ခင်းပြီးကပ်ပါသည်။ သဗ္ဗဇယ ဂါထာတော်ကို ရွတ်ပြီး သက်တော်ထင်ရှား ပုဂ္ဂိုလ်တွေအမှတ်နဲ့ ယပ်တစ်ချောင်းနဲ့ ယပ်ခတ်ပေးနေပါသည်။ ၁၀-မိနစ်လောက်ကြာသောအခါ ဆွမ်းပွဲတွေ စွန့်ပြီး သစ်သီးကပ်လှူပါသည်။ ရေနွေးကြမ်း၊ လက်ဖက်သုပ် စသည် ကပ်လှူပါသည်။ 


နေ့စဉ်နေ့တိုင်း ဓမ္မစကြာရွတ်၊ ဂုဏ်တော်ပုတီး အနုလုံ ပဋိလုံ စိပ်၊ နမော တဿ-ကွန်ချာကို ပုတီး ၉-ပတ် စိပ်ပါသည်-တဲ့။

ဆန်းဝင်း-အောင်မြေ
(နက္ခတ္တ-၂၀၀၆-၃)
အကျဉ်းချုပ် တင်ပြသည်-မော်လူး။


No comments: