Wednesday, January 25, 2012

ဘုရားငါးဆူ အန္တရာယ်ကင်း ဂါထာတော်

ကကုသန္ဓော ကောဏာဂမနော၊ ကဿပေါ ဂေါတမော မုနိ။
မေတ္တေယျော ပဉ္စ ဗုဒ္ဓါ တေ၊ သီသေ မေ သေန္တု သဗ္ဗဒါ။
ဧတေသံ အာနုဘာဝေန၊ ယက္ခာ ဒေဝါ မဟိဒ္ဓိကာ။
သဗ္ဗေပိ သုခိတာ ဟောန္တု၊ မမ မိတ္တာ သဟာယကာ။


ဂါထာအနက်---
ကကုသန္ဓော-ကကုသန် မြတ်စွာဘုရားသည်၎င်း၊
ကောဏာဂမနော-ကောဏာဂုံ မြတ်စွာဘုရားသည်၎င်း၊
ကဿပေါ-ကဿပမြတ်စွာဘုရားသည်၎င်း၊
ဂေါတမော-ဂေါတမမြတ်စွာဘုရားသည်၎င်း၊
မေတ္တေယျော-မေတ္တေယျမြတ်စွာဘုရားသည်၎င်း၊ 
ပဉ္စ-ငါးဆူကုန်သော၊ တေဗုဒ္ဓါ-ထိုမြတ်စွာဘုရားတို့သည်၊ မေ-အကျွန်ုပ်၏၊ သီသေ-ဦးခေါင်းရတနာ မြတ်အင်္ဂါ အထက်၌၊ သဗ္ဗဒါ-အခါခပ်သိမ်း၊ သေန္တု-ကိန်းအောင်းမွေ့လျော် တည်နေတော်မူနိုင်ကြပါစေကုန်သတည်း။


ဧတေသံ-ထိုဘုရားငါးဆူတို့၏၊ အာနုဘာဝေန-တန်ခိုးတော် မေတ္တာတော် အာနုဘော်တော်အားဖြင့်၊ မဟိဒ္ဓိကာ-ကြီးသောတန်ခိုးရှိကြကုန်သော၊ သဗ္ဗေပိ-အလုံးစုံလည်း ဖြစ်ကုန်သော၊ ယက္ခာ-ဘီလူးတို့သည်၎င်း၊ ဒေဝါ-နတ်အပေါင်းတို့သည်၎င်း၊ သုခိတာ-ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်သည်၊ ဟောန္တု-ဖြစ်ကြပါစေကုန်သတည်း။


မမ-အကျွန်ုပ်၏၊ မိတ္တာ-အဆွေအမျိုးတို့သည်၎င်း၊ သဟာယကာ-အဖော်သဟဲတို့သည်၎င်း၊ သုခိတာ-ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်သည်၊ ဟောန္တု-ဖြစ်ကြပါစေကုန်သတည်း။


ဤဂါထာတော်အား အမြဲရွတ်ဖတ် ဘုရားရှိခိုးပါက ရန်သူများသည်ပင်လျှင် မိမိ၏ မိတ်ဆွေ၊ အလုပ်အကျွေး ဖြစ်လာတတ်ပါသည်။ အရေးကြုံလာလျှင် ဤဂါထာကို ဘုရားရှေ့တော်မှောက်၌ အနည်းဆုံး(၇)ခေါက် ရွတ်ဆို၍ ထုံး၊ ပန်း စသည်တို့ကို ဆောင်ထားပါက ဓား၊ သေနတ်များကိုပင် ပြီး၍ အန္တရာယ်များ မရှိနိုင်ဘဲ ရန်သူတို့ မမြင်နိုင်ခြင်း၊ မြင်သော်လည်း အကြံမမြောက်နိုင်ခြင်း ဖြစ်တတ်ပါသည်။


No comments: