ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( ဖေဖော်ဝါရီလ ၂၀၁၂ )
ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-450-0272 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။
( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်အကိုင်တွေ တပိုင်းတစနဲ့ ဟိုလိုလို ဒီလိုလိုနဲ့ပဲ အချိန်ကုန်နေလိမ့်မယ်။
အကြီးအကဲတွေရဲ့ နှောက်ယှက်ခံရမှု, လုပ်ငန်းပြောင်းရင် ဆုံးရှုံးရတတ်သည်။
ကျန်းမာရေး=ဦးခေါင်းကိုက်လိမ့်မယ်။
ယတြာ=အုဌ်နီခဲပေါ်တွင် ဆီးသီးရှစ်လုံးတင်၍ ရုက္ခစိုးအား လှူပါ။

*****************************************************************************
( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်ပြေသလို ဝင်ငွေတွေလဲ ကောင်းနေတတ်တယ်။ မျက်နှာပွင့်တယ်။
လူချစ်လူခင်များလိမ့်မယ်။ အိမ်ထောင်ရေး အဆင်မပြေဖြစ်မယ်။

ကျန်းမာရေး=သင့်ပါတယ်။
ယတြာ=မွေးနေ့မှာ ရေ-သက်စေ့၊ ယပ်-သက်စေ့ ဘုရားလှူပါ။

*******************************************************************************
( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ အလုပ်အကိုင် ရာထူးဌာနန္တရ တိုးတက်လိမ့်မယ်။ အထက်လူကြီးတွေရဲ့
ကူညီစောင့်မမှုတွေ ခံရလိမ့်မယ်။ ငွေတွေလဲ တသောသော ဝင်တတ်တယ်။ အချစ်ရေး
အိမ်ထောင်ရေး ကောင်းတယ်။
မိတ်ဆွေ ဒီလထဲမှာ အလုပ်အကိုင် ရာထူးဌာနန္တရ တိုးတက်လိမ့်မယ်။ အထက်လူကြီးတွေရဲ့
ကူညီစောင့်မမှုတွေ ခံရလိမ့်မယ်။ ငွေတွေလဲ တသောသော ဝင်တတ်တယ်။ အချစ်ရေး
အိမ်ထောင်ရေး ကောင်းတယ်။
ကျန်းမာရေး=သင့်ပါတယ်။
ယတြာ=ကိုကာ ကိုလာ ဗူးပေါ်တွင် ဆီမီးတိုင်ထွန်း၍ ဘုရားလှူပါ။

********************************************************************************
( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ အလုပ်တွေ အဆင်မပြေဖြစ်ပြီး စိတ်ညစ်စရာတွေ တွေ့ရတတ်တယ်။
အကြီးအကဲလို ပုဂ္ဂိုလ်တွေရဲ့ အနီးကပ်နှောက်ယှက်မှုကို ခံရလိမ့်မယ်။

ကျန်းမာရေး=ဦးခေါင်းနဲ့ ဝမ်းရေ ဥပါဒ်ပေးလိမ့်မယ်။
ယတြာ=ကြာဖူး နှစ်ပွင့်၊ စိန်ပန်း နှစ်ပွင့် ဘုရားလှူပါ။
ယတြာ=ကြာဖူး နှစ်ပွင့်၊ စိန်ပန်း နှစ်ပွင့် ဘုရားလှူပါ။
*******************************************************************************
( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်မပြေသလို ငွေအတွက် စိတ်သောက များနေရတတ်တယ်။
ငွေကြေးတွေလဲ ဆုံးပါးတတ်တယ်။ သတိထားပါ။ ဖြေရှင်းစရာတွေကြောင့် အလုပ်အကိုင် ထိခိုက်မယ်။

ကျန်းမာရေး=ညံ့နေတယ်။ အိမ်ထောင်ရေး အဆင်မပြေပါ။
ယတြာ=လပြည့် လကွယ် နေ့တိုင်း အဓိဋ္ဌာန်ဖြင့် သက်သတ်လွတ်စား၍ ဂုဏ်တော်ပုတီးစိပ်ပါ။
ယတြာ=လပြည့် လကွယ် နေ့တိုင်း အဓိဋ္ဌာန်ဖြင့် သက်သတ်လွတ်စား၍ ဂုဏ်တော်ပုတီးစိပ်ပါ။
********************************************************************************
( စနေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတိုးတက်တာမျိုး ရထူးတိုးတက်တာမျိုးတွေ ခံရတတ်တယ်။
လုပ်ငန်းတွေအတွက် လုပ်နေရတာ ပျော်နေလိမ့်မယ်။ ရွှေမျိုးအကြီးအကဲ ကျန်းမာရေး
နေထိုင်မကောင်း ဖြစ်တတ်တယ်။ အချစ်ရေး ကောင်းတယ်။
လုပ်ငန်းတွေအတွက် လုပ်နေရတာ ပျော်နေလိမ့်မယ်။ ရွှေမျိုးအကြီးအကဲ ကျန်းမာရေး
နေထိုင်မကောင်း ဖြစ်တတ်တယ်။ အချစ်ရေး ကောင်းတယ်။
ကျန်းမာရေး=သင့်ပါတယ်။
ယတြာ=လပြည့်နေ့တိုင်း အဓိဋ္ဌာန်ဖြင့် သက်သတ်လွတ်စား၍ ဂုဏ်တော်ပုတီးစိပ်ပါ။
ယတြာ=လပြည့်နေ့တိုင်း အဓိဋ္ဌာန်ဖြင့် သက်သတ်လွတ်စား၍ ဂုဏ်တော်ပုတီးစိပ်ပါ။
********************************************************************************
( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်လုပ်ရတာ အခက်အခဲတွေ့နေလိမ့်မယ်။ အနှောက်အယှက် အဖျက်အဆီး
တွေလဲ တွေ့ရတတ်တယ်။ နာမည်ဂုဏ်သတင်းတွေ ပျက်လိမ့်မယ်။

ကျန်းမာရေး=ညံ့နေတယ်။
ယတြာ=စနေနေ့မှာ ထီးနီ ၁၀-လက်လှူ၍ ဆုတောင်းပါ။
ယတြာ=စနေနေ့မှာ ထီးနီ ၁၀-လက်လှူ၍ ဆုတောင်းပါ။
ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်
No comments:
Post a Comment