Friday, February 24, 2012

ဆန်-ပိုးမထိုးတဲ့နည်း

မိတ်ဆွေတို့ ဆန်လှောင်ထားရင် ဆန်-ပိုးမတက်၊ ပိုးမထိုးအောင် ကျွန်တော်တို့ရဲ့ ရှေးလူကြီးသူမများ ထားရစ်ခဲ့တဲ့နည်းကို လက်ဆင့်ကမ်းလိုက်ပါရစေ။
နည်းကား ခက်ခက်ခဲခဲ မဟုတ်ပါ။ လှောင်ထားသော ဆန်ထဲသို့ ဒိုး-ထည့်ထားပါ။
တစ်နည်း-ဆန်ထဲသို့ သြဇာရွက် ထည့်ထားပါ။
တစ်နည်း-ထင်းရှူးဆီ ထည့်ထားပါ။ 
ဆန်ထဲသို့ လုံးဝ ပိုးမတက်စေပါဘူး။


မှတ်ချက်။ ။ ဆန်ထဲ ထည့်ရာတွင် ဆန်အနည်းအများ အလိုက်အထိုက်ကြည့်၍ ဉာစ်ဖြင့် ယှဉ်ချိန်ပြီး ထည့်ထားသင့်ပါသည်။

လမင်းအိမ် (ဝကုန်း)


စန္ဒကူး-Side ရဲ့ အဆိုအရ ငရုတ်သီးခြောက် ထည့်ပါ။ တစ်နည်း-ကြက်သွန်နီ ထည့်ပါ-တဲ့။  
ကျေးဇူးတင်ပါသည်။ 

1 comment:

စန္ဒကူး said...

ကူးကူးစမ်းဖူးတာက.. ငရုတ်သီးခြောက်ထည့်တာ.. ဒါမှမဟုတ် ကြက်သွန်နီ ထည့်ထားတာ ဆန်ပိုးမတက်ဘူး..
တက်နေတဲ့ပိုးတွေတောင် ကြက်သွန်နီထည့်ထားရင် အကုန်ထွက်လာကုန်တယ်။။