Saturday, February 4, 2012

သင်ရောက်ခဲ့ဘူးသော ဒေသများ

ငရဲကြီး ရှစ်ထပ်ကား ဤသို့တည်း။

၁။ သိဉ္ဇိုးငရဲကြီး နှစ်(၅၀၀)
လူနှစ်   ၉-သန်း   သိဉ္ဇိုးငရဲ တရက်
လူနှစ်   ၂၇၀-သန်း   သိဉ္ဇိုးငရဲ တလ
လူနှစ်   ၃၃၄၀-သန်း   သိဉ္ဇိုးငရဲ တနှစ်
လူနှစ်   ၁၆၂၀၀-သန်း   သိဉ္ဇိုးငရဲ တဘဝ။
(ဆောင်) အမျက်စောင်းမာန်၊ ရက်စက်ပြန်၊ ရောက်ရန် သိဉ္ဇိုးမှာ။

၂။ ကာလသုတ်ငရဲကြီး နှစ်(၁၀၀၀)
လူနှစ်   ၃-ကုဋေ ၆-သန်း   ကာလသုတ်ငရဲ တရက်
လူနှစ်   ၁၀၀-သန်း   ကာလသုတ်ငရဲ တလ
လူနှစ်   ၁၂၆၆-သန်း   ကာလသုတ်ငရဲ တနှစ်
လူနှစ်   ၁၂၉၆၀၀၀၀-သန်း   ကာလသုတ်ငရဲ တဘဝ။
(ဆောင်) သူတော်ရဟန်း၊ ပြောညှဉ်းပန်း၊ ဆဲခန်း ကာဠမှာ။ 

၃။ သင်္ဃာတငရဲကြီး နှစ်(၂၀၀၀)

လူနှစ်   ၁၄-ကုဋေ ၄-သန်း   သင်္ဃာတငရဲ တရက်
လူနှစ်   ၄၃၂-ကုဋေ ၄-သန်း   သင်္ဃာတငရဲ တလ
လူနှစ်   ၅၁၈၄-ကုဋေ ၄-သန်း   သင်္ဃာတငရဲ တနှစ်
လူနှစ်   ပကောဋိ ၁၀-ကုဋေ ၃၆၀၀၀၀-သန်း   သင်္ဃတာငရဲ တဘဝ။
(ဆောင်) သတ္တဝါအား၊ လေးနှင့်မျှား၊ သတ်ငြား ဃာတမှာ။  

၎။ စူဠရောရုဝငရဲကြီး နှစ်(၄၀၀၀)

လူနှစ်   ၅၇-ကုဋေ ၆-သန်း   စူဠရောရုဝငရဲ တရက်
လူနှစ်   ၁၅၄၈-ကုဋေ ၆-သန်း   စူဠရောရုဝငရဲ တလ
လူနှစ်   ၁၈၅၇၆-ကုဋေ ၆-သန်း   စူဠရောရုဝငရဲ တနှစ်
လူနှစ်   ပကောဋိ ၁၇-ကုဋေ, ၄၃၀၄၀၀၀-သန်း   စူဠရောရုဝငရဲ တဘဝ။
(ဆောင်) ဒါးခုတ်-ကပ်ဖိ၊ သေသောက်မိ၊ ရောက်ရှိရောရုဝ။ 
               သူ့မယား-လင်၊ ပြစ်မှားချင်၊ ရောင်လျှင် ရောရုဝ။


၅။ မဟာရောရုဝငရဲကြီး နှစ်(၈၀၀၀) 
လူနှစ်   ၂၉၁-ကုဋေ ၄-သန်း   မဟာရောရုဝငရဲ တရက်
လူနှစ်   ၉၆၂၄-ကုဋေ ၄-သန်း   မဟာရောရုဝငရဲ တလ
လူနှစ်   ၁၁၅၇၀၄-ကုဋေ ၄-သန်း   မဟာရောရုဝငရဲ တနှစ်
လူနှစ်   ပကောဋိ ၉၃-ကုဋေ ၅၆၃၂-သန်း   မဟာရောရုဝငရဲ တဘဝ။
(ဆောင်) ခိုးတိုက်ကောက်ကျသ်၊ ပစ္စည်းညှစ်၊ ရောက်လစ် ရောမဟာ။  

၆။  စူဠတာပန္နငရဲကြီး နှစ်(၁၆၀၀၀)

လူနှစ်   ၉၁၃-ကုဋေ ၄-သန်း   စူဠတာပန္နငရဲ တရက်
လူနှစ်   ၂၇၆၄၂-ကုဋေ ၄-သန်း   စူဠတာပန္နငရဲ တလ
လူနှစ်   ၃၃၁၇၀၄-ကုဋေ ၄-သန်း   စူဠတာပန္နငရဲ တနှစ်
လူနှစ်   ပကောဋိ ၅၃၀-ကုဋေ ၈၈၆၄-သန်း   စူဠတာပန္နငရဲ တဘဝ။
(ဆောင်) ပြည်ရွာ-မြို့ပြ၊ ဖျက်ဆီးကြ၊ အဓမ္မ တာပန္နာ။ 

၇။ မဟာတာပန္နငရဲကြီး နှစ်(၃၂၀၀၀)

လူနှစ်   ၃၉၈၅-ကုဏ္ဍေ ၆-သန်း   မဟာတာပန္နငရဲ တရက်
လူနှစ်   ၁၁၀၅၆၈-ကုဋေ ၆-သန်း   မဟာတာပန္နငရဲ တလ
လူနှစ်   ၁၃၂၆၈၁၆-ကုဋေ ၆-သန်း   မဟာတာပန္နငရဲ တနှစ်
လူနှစ်   ပကောဋိ ၄၂၄၅-ကုဋေ ၈၁၁၂-သန်း   မဟာတာပန္နငရဲ တဘဝ။
(ဆောင်) သဒ္ဓါ စေတနာ၊ မပါတိုက်ဖျက်၊ တရားပျက်၊ ရောက်ချက် မဟာတာ။  

၈။ အဝီစိငရဲကြီး အန္တရကပ် တကပ် ခံရ၏။

လူနှစ်   ၁၄၇၄၂-ကုဋေ ၄-သန်း   အဝီစိငရဲ တရက်
လူနှစ်   ၄၄၉၂၂၇-ကုဋေ ၄-သန်း   အဝီစိငရဲ တလ
လူနှစ်   ၅၃၉၁၂၆၄-ကုဋေ ၄-သန်း   အဝီစိငရဲ တနှစ်
လူနှစ်   ပကောဋိ ၃၃၅၀၄-ကုဋေ ၇၉၆၀၀-သန်း   အဝီစိငရဲ တဘဝ။
(ဆောင်) ပွဲကြည့်-ပွဲက၊ ဤနှစ်ဝ၊ ရောက်ရ ဝီစိသာ။ 
               ကံမှာပဉ္စိ၊ နိဒိဋ္ဌိနှင့်၊ အရိယူကံ၊ အာဏာလှန်၊ ရောက်ရန် ဝီစိမှာ။


အထက်ပါဌာနများကို ပြန်သွားလျှင် လွယ်ကူပါ၏ (အိမ်ပြီးစား - စားပြီးအိပ်) အဝိဇ္ဇာနှင့် အန္ဓပုထုဇဉ်ဘဝက ဘယ်တော့မှမလွတ်။

(ငရဲ-တိရစ္ဆာန်-ပြိတ္တာ-အသူရကာယ် ၄-ဘုံနှင့် အိုးစားကွဲလိုသည့် သိမှတ်စရာ အချက်များ)
ဝိပဿနရာ တရက်က ဖြေရှင်းပါလိမ့်မည်။ 
ကိုယ်တိုင် နာကြား ပွားများ အားထုတ်ကြကုန်လော့
သူတော်ကောင်း-သူမြတ်လောင်း အပေါင်းတို့။

No comments: