ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( မတ်လ ၂၀၁၂ )
ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-450-0272 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။
( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်တွေအဆင်ပြေပြီး ဝင်ငွေတွေလဲ မျှော်လင့်တာထက် ပိုနေလိမ့်မယ်။ အချိန်မဖြုန်းပါနဲ့ လုပ်ငန်းသစ်တွေ စရတော့မယ်။ သတိထားရန်မှာ မိမိအိမ်ထောင်ဘက်က ပြဿနာ ရှာလိမ့်မယ်။
ကျန်းမာရေး=ခါးနဲ့ ခြေထောက် နာကျင်ကိုက်ခဲလိမ့်မယ်။
ယတြာ= ကြာပန်း ကြာဖူးကို မွေးနံထောင့်မှာလှူ၍ အဓိဋ္ဌာန်ပုတီး ၉-ပတ်စိပ်ပါ။

*****************************************************************************
( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်ကောင်းသလောက် ဝင်ငွေတွေလဲ ကောင်းနေတတ်တယ်။ ဆရာသမားလို ပုဂ္ဂိုလ်ကြီးတွေနဲ့ အထက်လူကြီးတွေက ကြည့်ကြလိမ့်မယ်။ လွတ်လပ်သူဆိုရင် အိမ်ထောင်ဖက် တွေ့ရတတ်တယ်။
ကျန်းမာရေး=သင့်ပါတယ်။
ယတြာ= ဥပုသ်နေ့တိုင်း သက်သတ်လွတ်စား၍ အဓိဋ္ဌာန်ပုတီး စိပ်ပါ။
*******************************************************************************

( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်ပြေပြီး ချဲ့ထွင်သလောက် ငွေအဝင်အထွက်က ပိုများနေလိမ့်မယ်။ အိုးအိမ်သော်၎င်း၊ အလုပ်အကိုင်သော်၎င်း၊ ပြောင်းရွှေ့ရလိမ့်မယ်။

ကျန်းမာရေး= အရေပြားမှာ အနာလေးတွေ ပေါက်တတ်တယ်။
ယတြာ= ဗုဒ္ဓဟူးနေ့တိုင်း လက်ဖက်သုပ်ကို ဆွမ်းတော်ကပ်ပါ။

********************************************************************************
( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ အလုပ်တွေလုပ်ရတာ အခက်တွေ့နေတတ်တယ်။ သည်းခံပါ။ ဟိုပြောင်း ဒီပြောင်း မလုပ်ပါနဲ့။ ပိုဆိုးလိမ့်မယ်။ ဖြေရှင်းစရာ ပြဿနာတွေ ကြုံရလိမ့်မယ်။ အိမ်ထောင်ရေး လုံးဝ အဆင်မပြေသေးပါ။
ကျန်းမာရေး= ခါးအောက်ပိုင်းနဲ့ ခြေထောက်များ နာကျင်ကိုက်ခဲလိမ့်မယ်။
ယတြာ= သပြေ ၅-ညွန့်၊ ဂန့်ဂေါ် ၂-ညွန့် ဘုရားလှူပါ။
ယတြာ= သပြေ ၅-ညွန့်၊ ဂန့်ဂေါ် ၂-ညွန့် ဘုရားလှူပါ။
*******************************************************************************
( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ သတိထားပါ။ အများပြောတိုင်း မယုံပါနဲ့၊ အလုပ်တွေက တပိုင်းတစနဲ့၊ လူယုံမိရင် မှားတတ်တယ်။ အိမ်တွင်းရေးလဲ အဆင်မပြေ ဖြစ်လိမ့်မယ်။
ကျန်းမာရေး= ဦးခေါင်း ကိုက်လိမ့်မယ်။
ယတြာ= မွေးနေ့မှာ အိမ်ကဘုရား ရေသပ္ပါယ်၍ အဓိဋ္ဌာန်ပုတီး သက်စေ့ စိပ်ပါ။
********************************************************************************
ယတြာ= မွေးနေ့မှာ အိမ်ကဘုရား ရေသပ္ပါယ်၍ အဓိဋ္ဌာန်ပုတီး သက်စေ့ စိပ်ပါ။
********************************************************************************
( စနေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အောင်မြင်မှုရသလို လာဘ်လာဘတွေ ရွှင်နေလိမ့်မယ်။ ဝါသနာပါရင် ထီထိုးပါ။ ထီပေါက်လိမ့်မယ်။ မမျှော်လင့်ဘဲ ငွေတွေ ဝင်တတ်တယ်။
ကျန်းမာရေး= ဦးခေါင်းနဲ့ ဝမ်းရေ ဥပါဒ်ပေးသလို ခြေထောက်တွေလဲ ကိုက်တတ်တယ်။

ယတြာ= စနေနေ့မှာ ဒံပေါက်တစ်ထုပ် ဆွမ်းတော်တင်၍ လိုရာဆု တောင်းပါ။
********************************************************************************
( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ သတိထားပါ။ ပင်ပန်းသလောက် အကျိုးမရှိ ဖြစ်နေလိမ့်မယ်။ ဒါကြောင့် ဟိုပြောင်းရမလို ဒီပြောင်းရမလို မလုပ်ပါနဲ့။ ပိုဆိုးလိမ့်မယ်။ အိမ်ထောင်ဘက်ကလဲ ပြောဆိုရတာ အဆင်မပြေ ဖြစ်နေလိမ့်မယ်။
ကျန်းမာရေး= မကြာခဏ ခါးအောက်ပိုင်းနဲ့ ဒူး, ဖနောင့် နာတတ်တယ်။
ယတြာ= ဂန့်ဂေါ်ပန်း ၉-ညွန့် ဘုရားလှူ၍ ဂုဏ်တော် ပုတီး ၉-ပါတ် စိပ်ပါ။
ယတြာ= ဂန့်ဂေါ်ပန်း ၉-ညွန့် ဘုရားလှူ၍ ဂုဏ်တော် ပုတီး ၉-ပါတ် စိပ်ပါ။
ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်
No comments:
Post a Comment