ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( မတ်လ ၂၀၁၂ )
ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-450-0272 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။
( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ မမျှော်လင့်တဲ့ဆီက ငွေတွေ ဝင်လာတတ်တယ်၊ လုပ်ငန်းတွေလဲ အဆင်ပြေတယ်၊ အိမ်ထောင်ရေး အချစ်ရေး အဆင်ပြေတတ်တယ်၊
ကျန်းမာရေး=ညောင်းညာကိုက်ခဲတွေ ကြီးနေလိမ့်မယ်၊
ယတြာ=ဆီမီးသက်စေ့ လှူပါ၊ ဂုဏ်တော်ပုတီးစိပ်ပါ။

*****************************************************************************
( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ မျှော်လင်ထားတာတွေ ဖြစ်လာလိမ့်မယ်၊ မိတ်ဆွေဟောင်းတွေနဲ့လဲ ပြန်လည် ဆုံတွေ့ရတတ်တယ်၊ ဆုံးပြီဟု ထင်ထားသော ငွေကြေးပစ္စည်းလဲ ပြန်လည် ရရှိတတ်တယ်။
ကျန်းမာရေး=သင့်ပါတယ်။
ယတြာ=အိမ်ရာ ရွှေ့အိပ်ပြီး ဗုဒ္ဓေါဂုဏ်တော်ကို ပုတီးစိပ်ပါ။
*******************************************************************************

( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ ငွေတွေ အဝင်ကောင်းသလို ထွက်တာတွေလဲ များနေလိမ့်မယ်၊ လုပ်ငန်းတွေလဲ အဆင်ပြေနေလိမ့်မယ်၊ အိုးအိမ်နေရာ ပြောင်းရွှေ့ရတတ်တယ်။

ကျန်းမာရေး=အကြီးအကဲ သတိထားပါ။ နေထိုင်မကောင်း ဖြစ်တတ်တယ်။
ယတြာ=မွေးနေ့တိုင်း သက်သတ်လွတ်စား၍ အရဟံ ပုတီးကို စိပ်ပါ။
********************************************************************************

( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ အပြောင်းအရွှေ့ သတိထားပါ၊ ဖြစ်နိုင်လျှင် မပြောင်းပါနဲ့၊ လုပ်ငန်းတွေ အဆင်မပြေသလို အောက်လက်ငယ်သားတွေရဲ့ ဆန်ပကျင်တော်လှန်တာတွေ ခံရတတ်တယ်၊ အိမ်တွင်းရေး အဆင်မပြေပါ။
ကျန်းမာရေး= ခါးအောက်ပိုင်းတွေ နာကျင် ကိုက်ခဲတတ်တယ်။
ယတြာ=ဗုဒ္ဓေါ ဂုဏ်တော်ကို ပုတီးစိပ်ပါ၊ မွေးနေ့မှာ သက်သတ်လွတ် စားပါ။
ယတြာ=ဗုဒ္ဓေါ ဂုဏ်တော်ကို ပုတီးစိပ်ပါ၊ မွေးနေ့မှာ သက်သတ်လွတ် စားပါ။
*******************************************************************************
( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်သစ်တွေ မလုပ်သင့်ပါ၊ အပြောင်းအရွှေ့ မကောင်းသေးပါ၊ ကြာသပတေးနံနဲ့ ပတ်သက်လို့ စကားများရတတ်တယ်၊ အိမ်ထောင်ဘက်ကလဲ အထင်လွဲနေတတ်တယ်။
ကျန်းမာရေး=ဦးခေါင်း ကိုက်လိမ့်မယ်။
ယတြာ= မွေးနေ့မှာ လက်ဖက်သုပ် ဘုရားလှူပါ။
********************************************************************************
ယတြာ= မွေးနေ့မှာ လက်ဖက်သုပ် ဘုရားလှူပါ။
********************************************************************************
( စနေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အောင်မြင်သလို လာဘ်လာဘတွေလဲ ရွှင်နေတတ်တယ်၊ ထီတွေ ဘာတွေလဲ ပေါက်တတ်တယ်၊ အချစ်ရေး အိမ်ထောင်ရေး ကောင်းပါတယ်။
ကျန်းမာရေး=ကျန်းမာရေး ဂရုစိုက်ပါ။ ဦးခေါင်းနဲ့ ဝမ်းရေ ဒုက္ခပေးသလို ခြေထောက်တွေလဲ ကိုက်တတ်တယ်။
ယတြာ=နဂါးရုံဘုရားမှာ ထန်းလျက် ၁၁-ခဲ ဘုရားလှူပါ၊ အဓိဋ္ဌာန်ပုတီးစိပ်ပါ။
ကျန်းမာရေး=ကျန်းမာရေး ဂရုစိုက်ပါ။ ဦးခေါင်းနဲ့ ဝမ်းရေ ဒုက္ခပေးသလို ခြေထောက်တွေလဲ ကိုက်တတ်တယ်။
ယတြာ=နဂါးရုံဘုရားမှာ ထန်းလျက် ၁၁-ခဲ ဘုရားလှူပါ၊ အဓိဋ္ဌာန်ပုတီးစိပ်ပါ။
********************************************************************************
( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ အားလုံး အဆင်ပြေနေလိမ့်မယ်၊ အလုပ်သစ်တွေ စ,ရသလို ငွေဝင်တွေလဲ ကောင်းတတ်တယ်၊ သတိထားရန်မှာ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ပြဿနာကြုံတတ်တယ်။
ကျန်းမာရေး=သင့်ပါတယ်။
ယတြာ=ကြာပန်းကို ဘုရားလှူ၍ လိုရာ ဆုတောင်းပါ။
ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments:
Post a Comment