Thursday, April 26, 2012

နိုင်ငံရပ်ခြားမှ ဘာသာပြန် ဟာသများ

ကျွေးမယ်ဆိုရင် နှိုးပါဗျာ---
လေယာဉ်ခရီးတစ်ခုတွင် လေယာဉ်ပျံ ပျံသန်းနေစဉ် လေမုန်တိုင်းနှင့်တွေ့၍ လေယာဉ်ပျံ မငြိမ်သက်သောကြောင့် အစားအစာကျွေးမည့် အစီအစဉ်ကို ရွှေ့ဆိုင်းထားရ၏။
လေယာဉ်ပျံ ပုံမှန်ပျံသန်းနိုင်ပြီဖြစ်သောကြောင့် အစားကျွေးရန် စီစဉ်ကြသောအခါ ခရီးသည် တော်တော်များများသည် အိပ်ပျော်နေသည်ကို တွေ့ရ၏။ ခရီးသည်တစ်ဦးကမူ အင်္ကျီကျယ်သီးတွင် စာရေးထားသော စာရွက်တစ်ရွက်ကို ချိတ်၍ အိပ်ပျော်နေသည်ကို တွေ့ရ၏။ စာရွက်ပေါ်၌ ရေးထားပုံမှာ 
“စားစရာကျွေးရင် နှိုးပါဗျာ”တဲ့
================
 သေချာရဲ့လား---
ခင်ပွန်းဖြစ်သူက ဇနီးကို ဆံပင်အလှပြင်ဆိုင်တွင် ထားခဲ့ပြီးနောက် ပြီးစီးပါက ဖုန်းဆက်၍ ခေါ်ရန် မှာခဲ့၏။ ဇနီးဖြစ်သူက ဖုန်းဆက်လိုက်သောအခါ အခြားယောက်ျားတစ်ယောက်က “ဟဲလို”ဟု ပြန်ထူးလိုက်သောကြောင့် အံ့အားသင့်သွားရ၏။ သို့ရာတွင် အဆက်အသွယ်ရပြီဟု ထင်လိုက်သောကြောင့် ဆက်ပြောလိုက်၏။
“ကျွန်မကို လာခေါ်ပါတော့”
ထိုပုဂ္ဂိုလ်က ပြန်ဖြေလိုက်သည်။
“သေချာရဲ့လား ကလေးမ၊ အခု ဒီနေရာက မစ်ချယ်ရဲ့ အသုဘစီစဉ်ရေးဌာနကပါ။ 
===============
အရင်ငှက်ပဲ ဖြစ်ရမယ်---
မူကြိုကျောင်းတစ်ကျောင်းတွင် ဆရာမတစ်ဦးက ကလေးငယ်များကို ပုံပြောပြရလေ့ရှိ၏။ ဆရာမဖြစ်သူသည် မိခင်နှင့်ကွဲသွားသော ငှက်ကလေးတစ်ကောင်က
“ခင်ဗျား ကျွန်တော့်မိခင်လား”ဟု မေးရင်း မိခင်ပျောက် ရှာပုံတော်ဖွင့်ပုံကို အသံနေအသံထားနှင့် ပြောပြလိုက်၏။


နောက်တစ်နေ့တွင် အခြားငှက်ပုံပြင်တစ်ပုဒ်ကို အသံနေအသံထားနှင့် ပြောပြသောအခါ ကလေးတစ်ယောက်က ထပြောလိုက်၏။
“အခုပြောတဲ့ ငှက်ကလေးဟာ မနေ့က ငှက်ပဲ ဖြစ်ရမယ်”
“မဟုတ်ပါဘူးကွယ်၊ ဒါက နောက်တစ်ကောင်ပါ”
“အသံချင်းတူနေလို့ ငှက်တစ်ကောင်တည်း ဖြစ်ရမယ် ဆရာမ”
===============
ပိုအကျိုးရှိအောင် အသုံးပြုမယ်---
ဝန်ထမ်းဘဝနှင့် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ပြီးနောက် ပင်စင်ယူသွားသော ဝန်ထမ်းတစ်ယောက်သည် ဇနီးနှင့်တိုင်ပင်၍ အိမ်တစ်လုံးကို ဈေးကြီးကြီးပေးကာ ဝယ်လိုက်ကြ၏။ နောက်ဆုံးအရစ်ကို ငွေပေးချေပြီးနောက် အငြိမ်းစား ဇနီးမောင်နှံက အိမ်ရောင်းချသူအား ထိုငွေများကို မည်သို့ မည်ပုံ အသုံးပြုမည်နည်းဟု မေးလိုက်၏။


ထိုပုဂ္ဂိုလ်က
“စိတ်ချပါဗျာ၊ ကျုပ်ကတော့ အခုခင်ဗျားတို့ သုံးလိုက်တာမျိုးထက် ပိုပြီးအကျိုးရှိအောင် အသုံးပြုသွားမှာပါဗျာ”ဟု ဖြေလိုက်လေ၏။
===============
ဘယ်သူက အသက်ပိုကြီးသလဲ---
ခရစ္စမတ်ကာလတွင် ဦးလေးနှင့် ဒေါ်ဒေါ်တို့ထံ အလည်လာသော တူမလေး “ဂျပ်စတင်း”က အဒေါ်ဖြစ်သူကို မေးလိုက်၏။
“ဒေါ်ဒေါ်၊ ဘိုးဘိုးနဲ့ ဘွားဘွား ဘယ်သူက အသက်ပိုကြီးသလဲ ဟင်”
အဒေါ်ဖြစ်သူက ဖြေလိုက်၏။
“ဘိုးဘိုးက အသက်ပိုကြီးတာပေါ့၊ တူမကြီးက ဘာဖြစ်လို့ မေးရတာလဲ”
ဤတွင် ဂျပ်စတင်းက စိတ်ရှုပ်သွားပုံရသော မျက်နှာထားနှင့် ပြန်ပြောလိုက်ပုံက-
“ဘိုးဘိုးက အသက်ပိုကြီးတယ်ဆိုရင် သူက ဘာဖြစ်လို့ ဘွားဘွားပြောတဲ့စကားကို လိုက်နာရတာလဲ”


ဟာသဂျပိုး

No comments: