Thursday, May 3, 2012

အဖုအကျိတ်အတွက် ဆေးနည်း

ဤဆေးနည်းကို မိမိရဟန်း ၁၀-ဝါလောက်က အဂ္ဂမဟာပဏ္ဍိတ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသာသန-ထံမှ ရရှိခဲ့ပါသည်။ ဆရာတော်ကြီးသည် ဆေးမကုပါ။ အနှစ် ၄၀-ကျော် ဟံသာဝတီနည်းဖြင့် တရားပြပြီး သာသနာပြုသွားပါသည်။
သာသနာပြုနေစဉ် ပုဂ္ဂိုလ်တစ်ဦးမှ ဆေးနည်းနှင့် ဆေး ပေးလှူသွားသဖြင့် ရရှိထားကြောင်း ဆရာတော်ကြီး ပြောပြ၍ သိရပါသည်။

တရားအားထုတ်သည့် ယောဂီများ အထက်ပါရောဂါ ရကြောင်း ဆရာတော်ကြီးအား လာလျှောက်ထားလျှင် ဆရာတော်ကြီးမှ ဓာတ်ဆေးရည် အသုံးချပုံ ပြောပြီး ဆေးကို ပင်နီဆီလင် ပုလင်းလေးနှင့် ထည့်ပေးလိုက်ပါသည်။
ကျွန်ုပ်လည်း ဆရာတော်ကြီးထံမှာ သီတင်းသုံးစဉ် ယောဂီလူနာ လေးယောက် သက်သာပျောက်ကင်း သွားကြောင်း ကိုယ်တိုင်သိခဲ့ရ၍ စေတနာဖြင့် ဆေးနည်းကို တင်ပြ လှူဒါန်းအပ်ပါသည်။

ဆေးဖော်စပ်နည်း---
၁။ ကျောက်ချဉ် (၁၀)ကျပ်သား
၂။ ဒုတ္ထာ (၁၀)ကျပ်သား
၃။ ယမ်းစိမ်း (၁၀)ကျပ်သား
၎။ လက်ချား (၁)ကျပ်သား
၅။ ဇဝက်သာ (၁)ကျပ်သား
၆။ ဆေးဒန်း (၁)ကျပ်သား
၇။ သိန္ဓော (၁)ကျပ်သား
၈။ စိန်ဖြူ (၄)ပဲသား
၉။ စိန်နီမြင်းသွား (၁)ကျပ်သား
စုစုပေါင်း ဆေးချိန် (၃၅)ကျပ်သားနှင့် (၄)ပဲ သာဖြစ်ပါသည်။ 
၎င်းဆေးစုကို အမှုန့်ပြုပြီး ပေါင်းရည်ခံယူရပါမည်။


ဆေးဓာတ်ပေါင်းအိုး ပြုလုပ်ပုံနည်း---
ရှေးဦးစွာ မီးဖိုခွင်ပေါ်သို့ ဆေးရည်အိုးတင်ပါ။ ၄င်းဆေးရည်အိုးပေါ်မှ ပေါင်းအိုး ဆင့်တင်ပါ။ တစ်ဖန် ပေါင်းအိုးပေါ်မှာ သံသပိတ် သို့မဟုတ်-ရေအိုးတစ်လုံး ထပ်ဆင့်တင်ပါ။ အပေါ်ဆုံးအိုးမှာ ရေအပြည့်ထည့်ထားရပါမည်။ ရေကိုလည်း မကြာမကြာ လက်နှိုက်ကြည့်ရမည်။ လက်နှိုက်ကြည့်၍ မနှိုက်နိုင်လောက်အောင် ရေပူလာလျှင် ရေကိုခွက်နှင့် ခပ်သွန်ပြီး အသစ်လဲပါ။

၎င်းနည်း သုံးကြိမ်ထက်မနည်း ရေအသစ် လဲပေးရပါမည်။ အလယ်ပေါင်းအိုးထဲ အုတ်ခဲကျိုးထည့်၊ အုတ်ခဲကျိုးပေါ်မှ ကြွေပန်ကန်လုံး တင်ထားရပါမည်။ ဓာတ်ငွေ့အခိုးများ အပေါ်ဆုံး အိုးဖင်ထိပြီး ပန်ကန်လုံးထဲ ကျလာပါမည်။ ဓာတ်ငွေ့ရည်များ ထွက်မသွားနိုင်ရန် အောက်အိုးနှင့် အလယ်ပေါင်းအိုးကြား အလယ်ပေါင်းအိုးနှင့် အထက်ဆုံး အိုးကြားတို့ကို မြေနီနှင့်အဝတ် ဇော်မံထားရပါမည်။

ဒါမှ ဆေးဓာတ်ပေါင်းရည် အပြည့်အဝ ရပါမည်။ အနည်းဆုံး အာတာဝက်နီးပါး (ငှက်ပျောဖူးပုလင်း လေးပုံတစ်ပုံခန့်) ရပါမည်။
ဓာတ်ဆေးရည် ပင်နီဆီလင်ပုလင်း တစ်လုံးလောက်ဆိုလျှင် လူနာတစ်ယောက်အတွက် သက်သာပျောက်ကင်းနိုင်ပါသည်။

ဓာတ်ဆေးရည် အသုံးချနည်း---
၁။ ရှေးဦးစွာ လူနာ၏ ခန္ဓာကိုယ်ကို စလွယ်သိုင်း စုတ်ဖြင့် ၄င်းဆေးပေါက်ပေးပါ။
၂။ ၄င်းနောက် ရင်ဝမှနေ၍ ခန္ဓာကိုယ်တစ်ပတ်လည်အောင် ၄င်းဆေးကို စုတ်ဖြင့် ပေါက်ပေးပါ။ 
၃။ ၄င်းနောက် အနာရှိသည့် နေရာကို ကြက်ခြေခတ် စုတ်ဖြင့် ပေါက်ပေးပါ။
၎။ ၄င်းနောက် အနာကို လက်ယာရစ် စုတ်ဖြင့် ပေါက်ထိုးပေးပါ။ တစ်နေ့ နှစ်ကြိမ် ပေါက်ပေးပါ။

မှတ်ချက်။ ။ စလွယ်သိုင်းနှင့် ရင်စည်းကို တစ်နေ့တစ်ကြိမ်၊ (၃)ရက်ပြည့်အောင် ပေါက်ထိုးပေးပါ။ နောက် ထိုးစရာ မလိုပါ။ အနာကိုတော့ မပျောက်မချင်း တစ်နေ့ (၂)ကြိမ် ဆေးရည်ပေါက်ပေးပါ။

ဦးသီလာစာရ (အလုံကျောင်း ဆရာတော်) 

No comments: