ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( မေလ ၂၀၁၂ )
ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-450-0272 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။
( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ ခရီးယာယီ သွားရတတ်တယ်။ အကျိုးရှိတဲ့ခရီးတွေပါ။ ငွေကြေးလာဘ်လာဘတွေလဲ ကောင်းနေတယ်။ မျှော်လင့်ထားတာတွေ ဖြစ်လာတတ်တယ်။ စန်းပွင့်တယ်။
ကျန်းမာရေး=ကောင်းပါတယ်။
ယတြာ=အင်္ဂါနေ့တိုင်း နှင်းဆီ ၅-ပွင့် ဘုရားလှူပါ။

*****************************************************************************
( အင်္ဂါ )
မိတ်ဆွေ
ဒီလထဲမှာ အလုပ်အကိုင် အဆင်ပြေတယ်ဆိုပေမဲ့ အထက်လူကြီးတွေရဲ့ အထင်လွဲမှုကို ခံရတတ်တယ်။ သတိထားရန်မှာ အလွန်ရင်းနှီးတဲ့မိတ်ဆွေရဲ့ အထင်လွဲမှုကို ခံရတတ်သလို နေရာကောင်းလဲ ရတတ်တယ်။
ကျန်းမာရေး=ဆွေမျိုး နေထိုင်မကောင်း ဖြစ်မယ်။
ယတြာ=မွေးနေ့တိုင်း ဆီမီး ၈-တိုင် ဘုရားလှူပါ။ အဓိဋ္ဌာန်ပုတီး စိပ်ပါ။
*******************************************************************************

( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ ရုတ်တရက် မမျှော်လင့်ဘဲ ငွေတွေဝင်တတ်တယ်။ မျက်နှာပွင့်နေတတ်တယ်။ အိမ်ထောင်ရှိရင် သတိထားပါ။ လုပ်သမျှတွေ အောင်မြင်နေတတ်တယ်။

ကျန်းမာရေး=မျက်စိ သတိထားပါ။
ယတြာ=ကြာပန်းဖြစ်စေ, ကြာဖူးဖြစ်စေ ဘုရားလှူပါ။

********************************************************************************
( ကြာသပတေး )
မိတ်ဆွေ
ဒီလထဲမှာ လုပ်ငန်းတွေ ထိခိုက်တတ်တယ်။ လုပ်သမျှ လွှဲမှားနေတတ်တယ်။ ငွေကြေးလဲ အခက်ကြုံရတတ်တယ်။ လုပ်ဖော်ကိုင်ဘက်ချင်း စိတ်ဝမ်းကွဲလိမ့်မယ်။
ကျန်းမာရေး=ညံ့တယ်။
ယတြာ=အကြော် ၂-ရွက်တွင် ၁-ရွက်ကို ဆုတောင်းစာရေးပြီး ဖန်ခွက်ထဲထည့် ဘုရားလှူပါ။
ယတြာ=အကြော် ၂-ရွက်တွင် ၁-ရွက်ကို ဆုတောင်းစာရေးပြီး ဖန်ခွက်ထဲထည့် ဘုရားလှူပါ။
*******************************************************************************
( သောကြာ )
မိတ်ဆွေ
ဒီလထဲမှာ အလုပ်တွေ အဆင်ပြေသလို ပြောသမျှတွေလဲ အောင်မြင်တယ်။ ငွေကြေးချမ်းသာသူရဲ့ ကူညီစောင်မမှုတွေ ခံရတတ်တယ်။
ကျန်းမာရေး=သင့်တယ်။
ယတြာ=ဘုရားရင်ဘတ် ရွှေချပါ။ မွေးနေ့ သက်သတ်လွတ်စားပါ။
********************************************************************************
ယတြာ=ဘုရားရင်ဘတ် ရွှေချပါ။ မွေးနေ့ သက်သတ်လွတ်စားပါ။
********************************************************************************
( စနေ )
မိတ်ဆွေ
ဒီလထဲမှာ ကိုယ့်ငွေတွေ လက်လွန်နေတတ်တယ်။ အလုပ်အကိုင်တွေလဲ ပြောင်းရွှေ့ချင်သလို ဖြစ်တတ်တယ်။ အိမ်တွင်းရေး မသာယာသလို မပျော်ပိုက်ဘဲ ဖြစ်နေတတ်တယ်။
ကျန်းမာရေး=သွားကိုက် သွားနာ ဖြဟ်တတ်သလို သွေးနဲ့ပတ်သက်လို့ ဥပါဒ်ပေးတတ်တယ်။

ယတြာ=ထီးနီ ၁၀-လက် ဘုရားလှူပါ။
********************************************************************************
( တနင်္ဂနွေ )
မိတ်ဆွေ
ဒီလထဲမှာ လုပ်ငန်းတွေ အဆင်ပြေလာလိမ့်မယ်။ ဝင်ငွေလဲ ကောင်းတယ်။ ဆရာသမားလို အကြီးအကဲရဲ့ ကူညီမစမှု ခံရတတ်တယ်။
ကျန်းမာရေး=သင့်တယ်။
ယတြာ=နှင်းဆီ ၅-ပွင့် ဘုရားလှူပြီး လိုရာဆုတောင်းပါ။
ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments:
Post a Comment