Thursday, May 3, 2012

အနာလုံး အနာအကျိတ် ကြေပျက် သက်သာ ပျောက်ကင်းစေသော စည်းဆေး


အနာလုံး အနာကျိတ် အပူဖု အပူကျိတ် ဝက်ခြံဖု ကြပ်ဖု သွေးစု အနာလုံးများကို ကြေပျက်သက်သာ ပျောက်ကင်းစေသော စည်းဆေးတစ်လက် တင်ပြအပ်ပါသည်။
ဤစည်းဆေးသည် အပေါ်ယံအရေပြားကို လောင်စားစေတတ်သည်မှအပ မည်သည့် ဘေးထွက်ဆိုးကျိုးမှ မရှိပါ။


ဝေဒနာကြီးသော အဖုအကျိတ်များကိုသာ တပတ်၊ ဆယ်ရက်အထိ စည်းပေးရပါသည်။ အတော်အတန် အဖု အကျိတ် အနာလုံးကို မကြာမီ ကြေပျက်သက်သာပျောက်ကင်းစေပါသည်။

လိုအပ်သော ဆေးအမည်---
၁။ မီးတောက်အရက် (၁၅)ကျပ်သား
၂။ နှမ်းဆီစစ်စစ် (၁၅)ကျပ်သား
၃။ မိဿလင်ဥ (၁၅)ကျပ်သား
၎။ ငရုတ်ကောင်းစေ့ (၅)ကျပ်သား
၅။ ဖုံးမသိန် (၁)ကျပ်သား
၆။ ပရုတ် (၁)ကျပ်သား

အထက်ပါ ဆေးအမည်များမှ မိဿလင်ဥနှင့် ငရုတ်ကောင်းကို ထုထောင်းထည့်ပြီး သမအောင် မွှေပါ။ ပုလင်းတွင် ထည့်ပြီး ဆေးလိမ်းမည့်အခါတိုင်း နာနာလှုပ်ပြီး လိမ်းပါ။
ဆေးကို ဂွမ်းစတွင် သုတ်လိမ်းယူပြီး အနာလုံး၊ အဖု၊ အကျိတ်၊ အခဲအပေါ် စည်းပေးထားပါ။ တစ်နေ့ နှစ်ကြိမ်မှ သုံးကြိမ်ထိ လဲ၍ စည်းပေးနိုင်သည်။ အဖု အကျိတ် မှန်သမျှ ကြေပျက်သက်သာ ပျောက်ကင်းသွားစေနိုင်ပါသည်။

မှတ်ချက်။ ။ ဆေးရည်ကို မျက်စိထဲ မဝင်စေရပါ။ မသောက်ရပါ။ လိမ်းဆေး စည်းဆေး သက်သက် ဖြစ်ပါသည်။

(နတ်မောက် ကောင်းမွန်မြင့်)

No comments: