Thursday, May 3, 2012

ဝဲနှင်းခူအစို သက်သာပျောက်ကင်းစေသော ဆေးနည်း

ကျွန်တော် ပညာလှူပါမည်။ 
ကျွန်တော်လှူမည့် ပညာသည် ဝဲနှင်းခူအစို သက်သာ ပျောက်ကင်းစေသော ဆေးနည်းပင်ဖြစ်ပါသည်။
ဤဆေးသည် ဟင်းသီးဟင်းရွက်ပင် ဖြစ်ပါသည်။
လူသားများ၏ ခြေသလုံးတွင်  ပေါက်တတ်သော ဝဲနှင်းခူအစိုကို ရွှေဖရုံရွက် မီးရှို့ပြာချပြီး ၄င်းပြာကို အုန်းဆီနှင့် ဖျော်စပ်၍ လူးလိမ်းပေးခြင်းပင် ဖြစ်ပါသည်။
ဆေးကုဆေးလိမ်းခ မယူဘဲ ကုသခြင်းကြောင့် ရောဂါသက်သာပျောက်ကင်းကြသူ မနည်းတော့ပါ။
ဤစာပိုဒ်ကို ဖတ်ရှုမိသူမှတဆင့် ဝဲနှင်းခူ ရှိသူအား နည်းစနစ်တဆင့် ပြောပြစေလိုပါသည်။
ဤဆေးနည်းဖြင့် ကျွန်တော့်၏ ခြေထောက်မှ ဝဲနှင်းခူ အစိုအား ကုသပေးသူ အဒေါ်အား အမြဲကန်တော့ပါသည်။ 
အားလုံးကျန်းမာရွှင်လန်းကြပါစေ။
(A.1 ဆရာရွှေ (စစ်ပြန်)

No comments: