Monday, May 14, 2012

ကွှဲ-နွား မွေး ခူနာ သက်သာပျောက်ကင်းစေနည်း

ကျွဲ-နွားများတွင် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါတစ်မျိုးမှာ ခူရောဂါပင် ဖြစ်သည်။ မွေးခူ လျှာခူ-ဟူ၍ အမျိုးမျိုးရှိရာ မွေးခူရှိသည့် နွားများ သစ်ပင်နှင့် နွားချည်တိုင်တို့အား ပွတ်တိုက်လေ့ရှိခြင်း၊ လျှာခူရှိသည့် နွားတို့မှာ ချည်ထားသည့် ကြိုးတို့အား ကိုက်ဖြတ်လေ့ရှိတတ်ခြင်းပင် ဖြစ်သည်။

ခူရောဂါတို့မှာ ဘယ်ခူရောဂါရှိသည့် နွားမဆို ဝယ်သူတို့ ရှောင်ကြဉ်တတ်ကြသည်။ နွားများ၊ ခူရောဂါကြောင့် အမွေးများမှာ ကျွတ်လျက် အသွေးအရောင်ပျက်ခြင်း၊ ခူပိုးမှ နွားများ၏ အသွေးအသားတို့အား စုပ်ယူခြင်း ခံရသဖြင့်  ဝ,သင့်သလောက် မဝ၊ အားအင်ချည့်နဲ့ ပိန်ချုံးကာ လုပ်ငန်းခွင် ခိုင်းစေရာတွင် မောပန်းလွန်းခြင်းတို့လည်း ဖြစ်တတ်သည်။


စာရေးသူတို့အိမ်တွင် မွေးထားသည့် ခိုင်းနွားတစ်ကောင် ခူစွဲ၍ သုံးနှစ်, လေးနှစ်တိုင် မပျောက်ဘဲရှိရာ သူပြောငါပြောနဲ့ ငါးညှီရေ သုတ်လိမ်းပေးလျှင် ရသည်ဆိုသဖြင့် ငါးညှီရေ လိမ်းပေးသော်လည်း ခဏသာ ပျောက်ကင်းခဲ့သည်။ ပိုးမသေ၍ လုံးဝ စက်စင်အောင် မပျောက်ကင်းခဲ့။ အတူထားသည့် နွားများကိုပင် ကူးစက်လာသည်ကို တွေ့ရှိရပါသည်။


ထိုကဲ့သို့ ခူစွဲသည့် နွားအား သက်သာပျောက်ကင်းခဲ့သည့် နောက်ဆုံး ဆေးနည်းမှာ ယနေ့ကာလတွင် အလွန်နာမည်ကြီးလှသည့် ဘီအီးအရက်ဆီအား ညအိပ်ရာဝင်ချိန်တွင် ခူစွဲသည့် နေရာတဝိုက် မှန်မှန် သုတ်လိမ်းပေးပါက မွေးခူနာ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ 


ကိုသက်ရှည်

1 comment:

Mary Grace said...

Hi looks so impressive and interesting blogs, come and visit us back too:
http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog