Thursday, May 3, 2012

အသည်း ကျောက်တည်သူများအတွက် ကျီးအာရွက်


စာရေးသူ ရေးလိုသည့်အကြောင်းလေးကတော့ အသည်းကျောက်တည်ရောဂါအတွက် ဆေးနည်းလေးတစ်ခု ဖြစ်ပါတယ်။ ဒီဆေးသောက်လို့ ဘယ်လိုအန္တရာယ်မျိုးမှ မဖြစ်နိုင်ပါဘူး။ အစာလဲ ဆေး၊ ဆေးလဲ အစာဟုသာ သဘောထားပြီး သုံးစွဲသင့်ပါတယ်။


စာရေးသူ၏ မိတ်ဆွေတစ်ဦး အသည်းကျောက်တည်ရောဂါ ဖြစ်လာတော့ ဆာရာဝန်ဆီ ပြရပါတယ်။ ဓာတ်မှန်ရိုက်၊ အာထရာဆောင်း ရိုက်ကြည့်တော့ အသည်းကျောက်တည်ရောဂါ ဖြစ်နေတာ သေချာသွားပါတယ်။
ဆရာဝန်က ကျောက်အခြေအနေကိုကြည့်ပြီး လူနာကို ခွဲစိတ်ကုသရမည်ဖြစ်ကြောင်း ပြောကြားပါတယ်။ လူနာက ခွဲစိတ်ဖို့ရာ မတတ်နိုင်တာကြောင့် သောက်ဆေးနဲ့ပဲ ကုနေပါတယ်။

နောက်ဆုံး ဆေးကုသမှုကိုပါ မခံတော့ဘဲ သေချင်သေဆိုပြီး ဒီတိုင်းနေလိုက်ပါတယ်။ ဒီလိုနဲ့ အသည်းကျောက်တည်ရောဂါကို မြန်မာဆေးနဲ့ ပျောက်ဖူးတဲ့ မိတ်ဆွေတစ်ဦးက ဒီတိုင်းနေမဲ့အစား ဒီဆေးကို သောက်ကြည့်သင့်ကြောင်း အတင်းတိုက်တွန်းလို့ နောက်ဆုံး သဘောတူလိုက်ပါတယ်။
အဲဒီမိတ်ဆွေပေးတဲ့ ဆေးကို လနဲ့ချီပြီး မပျက်မကွက် နေ့စဉ်သောက်တာ အခုဆိုရင် ရောဂါမှာ သက်သာ ပျောက်ကင်းသွားတာကို ဝမ်းမြောက်ဖွယ် တွေ့ရပါတယ်။

စာရေးသူကလဲ လူနာမိတ်ဆွေကို ဆေးနည်းလဲမေး၊ ဆေးသောက်တုန်းက ထူးခြားချက်များကို မေးကြည့်ရာ မိတ်ဆွေက အောက်ပါအတိုင်း ပြောပြပါတယ်။ သောက်ရတဲ့ ဆေးကတော့---
ကျီးအာရွက် လက်တစ်ဆုပ်ကို ခူးပြီး ရေသန့်သန့်နဲ့ ဆေး၊ ငရုတ်ကောင်း ခုနစ်စေ့ကို စဉ်းတီတုံးပေါ်တင် ဓားမနဲ့ရိုက်ပြား၊ ကြက်သွန်ဖြူ ဥတစ်လုံးကိုလဲ ဓားနှင့်ရိုက်ပြားပြီး သုံးမျိုးပေါင်းကို အိုးသန့်သန့်မှာထည့်။ ရေသင့်အောင်ထည့်ပြီး ဆေးကျိုရပါတယ်။ ကြက်သွန်ဖြူ ကျက်လောက်တဲ့အချိန်မှာ ဆေးရည်ကို နံနက် တစ်ကြိမ်၊ ည တစ်ကြိမ် သောက်ရပါမယ်။

မှတ်ချက်။ ဥတစ်လုံးတည်း ရှိသော ကြက်သွန်ဖြူကို သုံးရမည်။ အမြွှာများစွာပါသော ဥတစ်လုံး မဟုတ်ပါ။

ဆေးရည်ကို လက်ဖက်ရည်အချို ပန်းကန်ဖြင့် နံနက်တစ်ကြိမ် ညတစ်ကြိမ် သောက်ရပါတယ်။ ကျီးအာရွက်ကိုလဲ နံနက်တစ်ဝက်၊ ညတစ်ဝက် စားရပါတယ်။
ဆေးတစ်ခါကျိုရင် တစ်ရက်ပဲ အပြီးသောက်ရပါမယ်။ ဒါကြောင့် ရေထည့်တဲ့အခါမှာ သောက်သုံးတဲ့ ပန်းကန်ရဲ့ အရွယ်အစားကို ကြည့်ပြီး သင့်ရုံ ရေထည့်ရပါမယ်။

ဒီနည်းအတိုင်း နေ့စဉ်သောက်သုံးရပါမယ်။ တလလောက်ကြာရင် ဆရာဝန်နဲ့ပြသပြီး ဓာတ်မှန် (သို့) အာထရာဆောင်း ရိုက်ကြည့်ပါ။ အတွင်းရှိ ကျောက်အခြေအနေကို ကြည့်ပါ။ မပျောက်သေးပါက ဆေးဆက်သောက်ပါ။
မိမိဖြစ်တဲ့ အချိန်ကာလ၊ ရောဂါအကြီးအသေး လိုက်ပြီး ဆေးစွဲသောက်ရပါမယ်။ မိတ်ဆွေရဲ့ ပြောပြချက်အရ ဒီဆေးသောက်ခြင်းဖြင့် ကျောက်က သေးသေးသွားကြောင်း၊ အခုဆိုရင် သက်သာ ပျောက်ကင်းနေပြီဟု ဝမ်းမြောက်ဝမ်းသာ ပြောပြပါတယ်။

ဒီလိုကျောက်သေးပြီး ကြေပျက်တာလဲ ဓာတ်မှန်ရိုက်ပြီး ပြန်စစ်လို့ သိရပါတယ်။ နေ့စဉ် ဆေးအသစ် ပြန်ပြန်ကျိုပြီး သောက်ရပါမယ်။
ဒီဆေးနည်းကို ယုံကြည်မည်ဆိုပါက ဝေဒနာရှင်များ သောက်ကြည့်သင့်ပါတယ်။ ဆေးမှာလဲ စားသုံးနေကျအစာဖြစ်လို့ ပူစရာမလိုပါ။ မိတ်ဆွေကိုယ်တိုင် နှစ်လလောက်သောက်ပြီး ရောဂါသက်သာပျောက်ကင်းလို့ နက္ခတ္တရောင်ခြည် မဂ္ဂဇင်းကတဆင့် ဖြန့်ဝေအသိပေးအပ်ပါတယ်။
ဝေဒနာရှင်အပေါင်း သက်သာပျောက်ကင်း ချမ်းသာနိုင်ကြပါစေရန် ရည်ရွယ်လျက်။

(သီရိ)

1 comment:

nwe kyi said...

မသီရီ...
may i know how the "Kyee Arr Ywet" does look like?
If you have a photo of that leaves, could you help to upload or kindly send to my mail?
nwenwe.kyi@pterisglobal.com
Thank you.