Wednesday, May 30, 2012

ဝိပဿနာတရား အားထုတ်ရတာ အင်မတန် ကျေးဇူးများပါတယ်

ဝိပဿနာဆိုတာကတော့ ဘုရားကိုယ်တော်တိုင် ဘုရားအဖြစ် ရောက်အောင် အားထုတ်ခဲ့တဲ့ တရားပဲ။ 
ဥပါဒါနက္ခန္ဓာ ငါးပါး၊ ရုပ်နာမ်တရားတွေရဲ့ ဖြစ်မှု, ပျက်မှုတွေကို သိအောင် အားထုတ်ရတယ်။
အဲဒီနည်းအတိုင်း အခု မဟာစည်ဟောဂီတွေဟာ ဒီအတိုင်းပဲ အားထုတ်နေကြပါတယ်။
ဒီတရားကို မြတ်စွာဘုရားက မဟာသတိပဋ္ဌာန်တရားတော် ဆိုပြီး ဟောကြားထားပါတယ်။
အဲဒီ ဒေသနာတော်မှာလာတဲ့အတိုင်းပဲ မြင်တိုင်း, ကြားတိုင်း, နံတိုင်း, စားတိုင်း, တွေ့ထိတိုင်း, ကြံသိတိုင်း
ဒွါရခြောက်ပါး၌ ထင်လာသမျှတွေကို သတိနဲ့ သိအောင် ရှုမှတ်ရပါတယ်။ ပြည့်ပြည့်စုံစုံ အားထုတ်နိုင်လို့ ရှိယင်ဖြင့် အင်မတန် ကျေးဇူးများပါတယ်။


မဟာစည် ဆရာတော်ကြီး

No comments: