Friday, June 1, 2012

လစဉ် ဟောစာတမ်း (ဂျွန်လ ၂၀၁၂)

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( မတ်လ ၂၀၁၂ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-450-0272 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။

 ( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ လာဘ်လာဘတွေ မမျှော်လင့်ဘဲ ဝင်သလို စန်းတွေလဲ ပွင့်နေတတ်တယ်။ အိမ်ထောင်ရှိရင် သတိထားပါ။ လုပ်ငန်းတွေ တိုးတက်သလို ဖြစ်နေမယ်။ 
ကျန်းမာရေး=ဂရုစိုက်ပါ။ ဦးခေါင်းနဲ့ ဝမ်းရေ ဒုက္ခပေးသလို မျက်စိလဲ အားနည်းတတ်တယ်။ 
ယတြာ=ကြာပန်း ဖြစ်စေ၊ ကြာဖူးဖြစ်စေ ဘုရားလှူပါ။ ဂုဏ်တော်ပုတီး စိပ်ပါ။ 
*****************************************************************************
( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်ပြေသလို စိတ်ညစ်စရာတွေလဲ မမျှော်လင့်ဘဲ ရောက်လာတတ်တယ်။ အိမ်တွင်းရေးတွေလဲ မပျော်မပိုက် ဖြစ်နေတတ်တယ်။ 
ကျန်းမာရေး=ခြေထောက် နာတာတို့, ခါးနာတာတို့ ဖြစ်တတ်တယ်။ 
ယတြာ=သိမ်ကို သွားတဲ့လမ်းမှာ သဲခင်းပေးပါ။ သက်သတ်လွတ်စားပြီး အဓိဋ္ဌာန်ပုတီး စိပ်ပါ။ 
*******************************************************************************
( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ တလွဲတချော်ဖြစ်သလို ငွေကြေးတွေလဲ အခက်အခဲ တွေ့မယ်။ ဖြေရှင်းစရာ ပြဿနာပေါ်တတ်လို့ သတိထားပါ။ 
ကျန်းမာရေး=သွားကိုက်သွားနာ ဖြစ်တတ်သလို သွေးနဲ့ပတ်သက်ပြီး သတိထားပါ။ 
ယတြာ=ဥပုသ်နေ့တိုင်း သက်သတ်လွတ်စားပြီး ဂုဏ်တော်ပုတီး ၉-ပါတ်စိပ်ပါ။ 
 ********************************************************************************
( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ လုပ်သလောက် လွဲချော်သလို လုပ်သလောက် မှားတတ်တယ်။ မြေကိစ္စ အမွေကိစ္စတွေလဲ သတိထားပါ။ အိမ်ထောင်ရေး အချစ်ရေးတွေလဲ ညံ့နေတတ်တယ်။ 
ကျန်းမာရေး=မကြာမခဏ ခေါင်းကိုက်လိမ့်မယ်။ 
ယတြာ=အိမ်က ဘုရားကို ကော်ဖီ တစ်ခွက်နဲ့ ကိတ်မုန့် ၉-ချပ်လှူပြီး ဂုဏ်တော်ပုတီး စိပ်ပါ။

*****************************************************************************
( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်အကိုင် အဆင်ပြေသလို နေရာကောင်းတွေလဲ ရတတ်တယ်။ နာမည်ဂုဏ်သတင်းတွေ ထင်ပေါ်လာမယ်။ ငွေကတော့ဝင်သလောက် ထွက်နေတတ်တယ်။ အချစ်ရေး ကောင်းပါတယ်။ 
ကျန်းမာရေး=အကြီးအကဲ နေထိုင်မကောင်း ဖြစ်တတ်တယ်။ 
ယတြာ=မွေးနေ့တိုင်း သက်သလတ်လွတ်စားပြီး ဂုဏ်တော်ပုတီးစိပ်ပါ။ 
********************************************************************************
( စနေ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်အကိုင်တွေ ညံ့တယ်။ အလုပ်လုပ်ရတာ အခက်အခဲ တွေ့ရတတ်တယ်။ သတိထားရန်မှာ နာမည် ဂုဏ်သတင်းတွေ ညှိုးတတ်တယ်။ အချစ်ရေး ကောင်းပါတယ်။ 
ကျန်းမာရေး=နည်းနည်း ညံ့တယ်။
ယတြာ=နာနတ်ယို ဘုရားလှူပါ။ မွေးနေ့ သက်သတ်လွတ် စားပါ။ 
 ********************************************************************************
( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်ပြေသလို ပြောင်းရွှေ့ဘို့လဲ မြင်တယ်။ နာမည်ဂုဏ်သတင်းတွေ ကျော်ကြားမယ်။ အချစ်ရေး ကောင်းတယ်။
ကျန်းမာရေး=ခြေထောက် နာတတ် မျက်တတ်တယ်။ 
ယတြာ=တနင်္လာနေ့မှာ အမွှေးနံ့သာနဲ့ ဘုရားမှာ ရေသပ္ပါယ်ပြီး အဓိဋ္ဌာန်ပုတီး စိပ်ပါ။ 

၇-ရက် သားသမီးအပေါင်း ကျန်းမာပြီး ချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments: