Monday, July 2, 2012

လစဉ် ဟောစာတမ်း (ဂျူလိုင်လ ၂၀၁၂)

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( ဂျူလိုင်လ ၂၀၁၂ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-450-0272 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။

 ( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်တွေနဲ့ပတ်သက်လို့ စိတ်ညစ်စရာတွေ ပေါ်လာတတ်တယ်။ သတိထားပါ။ မျှော်လင့်မထားတဲ့ဆီက ငွေတွေ ဝင်လာတတ်တယ်။ ထီတွေဘာတွေလဲ ပေါက်တတ်တယ်။ ခရီးတွေလဲ သွားရတတ်တယ်။ 
ကျန်းမာရေး=ဦးခေါင်းနဲ့ဝမ်းရေ ဥပါဒ် ပေးတတ်တယ်။ 

ယတြာ=တနင်္လာနေ့မှာ ဘုရားရေသပ္ပါယ်ပြီး ကြာဖူးဖြစ်စေ၊ ကြာပန်းဖြစ်စေ ၂-ပွင့်လှူပြီး လိုရာ ဆုတောင်းပါ။
*****************************************************************************
( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အခက်အခဲတွေ့မယ်။ စိတ်ညစ်စရာတွေ ပေါ်လာတတ်တယ်။ အိမ်တွင်းရေးတွေ အဆင်မပြေ ဖြစ်တတ်တယ်။ အလုပ်မပြောင်းပါနဲ့ မကောင်းပါ။ 
ကျန်းမာရေး=ခါးနာတာ ခြေထောက်နာတာတို့ ဖြစ်တတ်တယ်။    
ယတြာ=ဂုဏ်တော်ကိုးပါး ပုတီးစိပ်ပြီး ဘုန်းကြီးကျောင်းသွား မြေချိုင့်မြေခွက်ကို ဖို့ပါ။ 

*******************************************************************************
( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ အလုပ်မှာ ပြဿနာပေါ်တတ်တယ်။ စိတ်ညစ်ရလိမ့်မယ်။ အိမ်ထောင်ရေးလဲ အိမ်ပူရဇာ ဖြစ်နေပြီး အဆင်မပြေတတ်ပါ။
ကျန်းမာရေး=သွားကိုက် သွားနာ ဖြစ်တတ်တယ်။ 

ယတြာ=လပြည့် လကွယ်နေ့တိုင်း သက်သတ်လွတ်စားပြီး ဂုဏ်တော်ပုတီးစိပ်ပါ။ 

 ********************************************************************************
( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ အလုပ်တွေ ပင်ပန်းသလို လုပ်သမျှတွေလဲ လွှဲချော်နေတတ်တယ်။ နာမည်ဂုဏ်သတင်းတွေ ညှိုးမှိန်နေမယ်။ ငွေကြေးတွေလဲ အထွက်များနေမယ်။
ကျန်းမာရေး=သွေးနဲ့ပတ်သက်လို့ ဥပါဒ်ပေးမယ်။ 

ယတြာ=မွေးနေ့တိုင်း သက်သတ်လွတ်စားပြီး ဂုဏ်တော်ပုတီးစိပ်ပါ။ 

*******************************************************************************
( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်သစ် အကိုင်သစ်တွေ လုပ်ရကိုင်ရတတ်တယ်။ လာဘ်လာဘတွေ ရွှင်နေတယ်။ မမျှော်လင့်တဲ့ဆီက ငွေဝင်လိမ့်မယ်။ 
ကျန်းမာရေး=သင့်ပါတယ်။ 
ယတြာ=ကြာပန်း ကြာဖူး ဘုရားလှူပြီး လိုရာဆုတောင်းပါ။ 
********************************************************************************
( စနေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်ပြေသလို ဝင်ငွေတွေလဲ ကောင်းလာတာပေါ့။ ခရီးတွေလဲ သွားလာရတတ်တယ်။ အိမ်တွင်းရေး အဆင်မပြေပါ။ တပည့်တပန်း သားသမီးတွေအတွက် စိတ်သောက ရောက်ရတတ်တယ်။ 

ကျန်းမာရေး=မျက်စိ အားနည်းမယ်။ မျက်စိ ဥပါဒ်ပေးမယ်။ 
ယတြာ=လပြည့် လကွယ်နေ့တိုင်း ကော်ဖီတစ်ခွက်နှင့် ကိတ်မုန့်ကို ဘုရားလှူပြီး လိုရာဆု တောင်းပါ။ 
********************************************************************************
( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ ပြောင်းရရွှေ့ရတတ်တယ်။ ဝင်ရမဲ့ငွေတွေလဲ မဝင်ဘဲ လုပ်ငန်းတွေ တပိုင်းတစနဲ့ စိတ်ညစ်ရတတ်တယ်။ ငွေအတွက် သောကများရတတ်တယ်။ 
ကျန်းမာရေး=မကြာခဏ ခေါင်းကိုက်တတ်တယ်။ 
ယတြာ=နှင်းပန်း ဇလပ်ပန်းကို ဘုရားလှူပြီး လိုရာဆုတောင်းပါ။

  
ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

1 comment:

Mary Grace said...

Hi looks so impressive and interesting blogs, come and visit us back too:
http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog