Saturday, September 29, 2012

လစဉ် ဟောစာတမ်း (အောက်တိုဘာလ ၂၀၁၂)

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( အောက်တိုဘာလ ၂၀၁၂ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 402-359-3085 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။

 ( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ ငွေကြေးလက်မလွန်စေရန် သတိထားပါ၊ ငွေနှင့်ပတ်သက်၍ အခက်အခဲ တွေ့ရတတ်တယ်၊ 
အချစ်ရေး အိမ်ထောင်ရေး ညံ့နေတတ်တယ်၊ မိတ်ဆွေစစ် လုပ်ဖော်ကိုင်ဖက် စိတ်ဝမ်းကွဲမယ်၊ 
ကျန်းမာရေး=ညံ့တယ်၊ အကိုက်အခဲ များမယ်။ ဦးခေါင်းနဲ့ဝမ်းရေ ဥပါဒ် ပေးတတ်တယ်။
ယတြာ=ဂုဏ်တော်များပွားများ မွေးနေ့မှာ သက်သတ်လွတ်စားပါ။ 
*****************************************************************************
( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အခက်အခဲတွေ့ပြီး မကောင်းသတင်းဆိုးတွေ အလွင့်ခံရတတ်တယ်၊ ကျန်တာလေးတွေ ထပ်ကုန်သွားမယ် သတိထားပါ။ 
ကျန်းမာရေး=မိမိရော အတူနေ အိမ်သားတွေပါ ညံ့နေတတ်တယ်၊ သွေးနဲ့ပတ်သက်လို့ ဥပါဒ် ပေးမယ်။ 
ယတြာ=ဘုန်းကြီးကျောင်းရှိ မြေချိုင့်ခွက်ကို အုန်းမှုတ်ခွက်နဲ့ ဖို့ပြီး လပြည့်လကွယ် နေ့တိုင်း သက်သတ်လွတ်စားပါ။
*******************************************************************************
( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ ပင်ပန်းသလောက် အကျိုးသက်ရောက်မှု နဲနေတတ်တယ်။ အစစအရာရာ 
တပိုင်းတစ ဖြစ်နေတတ်တယ်။ အချစ်ရေး အိမ်ထောင်ရေးတွေ ညံ့တယ်။
ကျန်းမာရေး=မကြာခဏ ခေါင်းကိုက်တတ်တယ်။ 
ယတြာ=မွေးနေ့မှာ ကော်ဖီတစ်ခွက်နဲ့ ကိတ်မုန့် ကိုးချပ် ဘုရားလှူပါ၊ အဓိဋ္ဌာန်ပုတီးစိပ်ပါ။ 

 ********************************************************************************
( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ တိုးတက်ပြီး ဆရာသမားလို အထက်လူကြီးတွေရဲ့ ကူညီစောင့်ရှောက်မှုကို 
ခံရလိမ့်မယ်။ အိမ်ထောင်ရှိသူများ သတိထားပါ။ အချစ်ရေးမှာ စမ်းပွင့်နေတတ်တယ်။
ကျန်းမာရေး=သင့်ပါတယ်။
ယတြာ= ဆင်းရဲနွမ်းပါးသူကို ခရီးစရိတ်လှူပါ၊ အိပ်ယာရွှေ့အိမ်ပြီး ဂုဏ်တော်ပုတီး ကိုးပတ်စိပ်ပါ။ 

*******************************************************************************
( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ ဖြစ်ချင်တာထက် ပျက်နေတာက များနေတတ်တယ်။ လုပ်ငန်းများလဲ အခက်အခဲနဲ့ ကြုံရတတ်တယ်။ အိမ်တွင်းရေးတွေ သတိထားပါ။ မသာမယာ ဖြစ်နေတတ်တယ်။ 
ကျန်းမာရေး=ခါး ခြေထောက် စတာတွေနဲ့ ဖြစ်တတ်တယ်။  
ယတြာ=ထန်းသီး ရေမျှော၍ ဘုရားခန်းကို သန့်ရှင်းရေး လုပ်ပါ။  မွေးနေ့နဲ့ လပြည့်လကွယ်နေ့တိုင်း သက်သတ်လွတ် စားပါ။
********************************************************************************
( စနေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်ပြေတတ်ပါတယ်။ ကူညီစောင်မသူတွေလဲ တွေ့ရတတ်တယ်။ လူအများပါးရဲ့ ကြည်ညိုလေးစားမှုတွေလဲ တနေ့တခြား ခံရတတ်တယ်။ အချိန်မဖြုန်းပါနဲ့၊ ကြိုးစားသလောက် အကျိုးရှိပါလိမ့်မယ်။
ကျန်းမာရေး=သင့်ရုံပါပဲ။ 
ယတြာ=ဘုရားမှာ ယပ်-သက်စေ့၊ ရေ-သက်စေ့ လှူပါ၊ အဓိဋ္ဌာန်ပုတီး စိပ်ပါ၊ မွေးနေ့မှာ သက်သတ်လွတ်စားပါ။ 
********************************************************************************
( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အခက်အခဲ တွေ့ပြီး စိတ်ညစ်စရာတွေလဲ ကြုံရလိမ့်မယ်။ 
သတိထားပါ ဖြေရှင်းစရာတွေလဲ ပေါ်လာတတ်တယ်။ ရတနာသုံးပါးကို မမေ့ပါနဲ့။
ကျန်းမာရေး=သွားသော်၎င်း၊ သွေးသော်၎င်း ဥပါဒ်ပေးနေလိမ့်မယ်။  
ယတြာ=သရက်ညွှန့်ဖြစ်စေ၊ သရက်သီးဖြစ်စေ ၈-ညွှန့်၊ ၈-လုံး ဘုရားလှူပြီး သက်သတ်လွတ် ၈-ရက်စားပါ။ 

ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments: