Friday, November 2, 2012

လစဉ် ဟောစာတမ်း ( နိုဝင်ဘာလ ၂၀၁၂ )

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( နိုဝင်ဘာလ ၂၀၁၂ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 402-359-3085 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။

 ( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်အကိုင်လေးတွေ ညံ့နေတယ်၊ အခက်အခဲတွေလဲ တွေ့ရတတ်တယ်၊ ငွေကြေး သတိထားပါ၊ ကျန်တာလေး ထပ်ကုန်သွားမယ်၊ 

ကျန်းမာရေး=သွေးကိုအကြောင်းပြုပြီး ရောဂါ ဥပါဒ်ပေးမယ်။

ယတြာ=မွေးနေ့မှာ သက်သတ်လွတ်စား၍ ငါး သက်စေ့ လွှတ်ပါ။ 
*****************************************************************************
( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်အကိုင် ပြောင်းရွှေ့ခြင်း မသင့်သေးပါ။ လက်ရှိအလုပ်ကိုပဲ မှေးပြီး လုပ်နေသင့်တဲ့အချိန် ဖြစ်တယ်။ ငွေကြေး သောက များနေမည်။
ကျန်းမာရေး=မကြာခဏ ခေါင်းကိုက်နေတတ်သည်။

ယတြာ=အသက်ကြီးသော လူမမာကို ဆေးဘိုး လှူဒါန်းပါ။

*******************************************************************************
( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ လုပ်တိုင်းဖြစ် ပြောတိုင်းဖြစ်လို့ လူတွေက ချစ်ခင်နေကြတယ်၊ အများက လေးစားသလို ငွေကြေးလဲ ဝင်နေတတ်တယ်၊ လူချစ်လူခင်များမဲ့ အချိန် ဖြစ်တယ်၊ အချိန်မဖြုန်းပါနဲ့။ 
ကျန်းမာရေး=သင့်တယ်။  
ယတြာ=ကြာပန်း ကြာဖူး ဘုရားလှူ၍ လိုရာဆု တောင်းပါ။

 ********************************************************************************
( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ အလုပ်တွေ ကောင်းသလောက် အနှောက်အယှက်တွေ တွေ့နေရတတ်တယ်၊ သတိထားရန်မှာ အထက်လူကြီးက အထင်လွှဲမှားမှု ခံရတတ်တ်၊ လုပ်ငန်း တိုးတက်တာမျိုး ရာထူးတိုးတက်တာမျိုးလဲ ကြုံရတတ်တယ်။ 
ကျန်းမာရေး=အရေပြားမှာ ဥပါဒ်ပေးတတ်တယ်။
ယတြာ= တနင်္ဂနွေနေ့မှာ ဆီမီး သက်စေ့လှူ၍ အဓိဋ္ဌာန်ပုတီး စိပ်ပါ။

*******************************************************************************
( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ နှောင့်နှေးမယ်၊ အောက်လက်ငယ်သား တပည့်တပန်းတွေရဲ့ ပက်ကော့ကလန် ပြောဆိုမှုတွေ ခရတတ်တယ်၊ အလုပ်မှာ ပြဿနာလေးတွေ ကြုံရတတ်တယ်။ 
ကျန်းမာရေး=ညံ့တယ်၊ အိမ်ထောင်ရေး တကျက်ကျက် ဖြစ်တတ်တယ်။

ယတြာ=စနေနေ့ ၁၀-နာရီမှာ ဘုန်းကြီးကို ဒန်ပေါက်တထုပ် လှူပါ။

********************************************************************************
( စနေ )
မိတ်ဆွေ ဒီလထဲမှာ အထက်လူကြီး ဆရာသမားလို ပုဂ္ဂိုလ်တွေရဲ့ ကူညီစောင့်ရှောက်မှုတွေ ခံရတတ်တယ်၊ ရာထူး ဂုဏ်ထူးတွေ တိုးတက်မယ်၊ လွတ်လပ်သူများ သတိထားပါ အိမ်ထောင်ကျတတ်တယ်၊ လာဘ်လာဘတွေ ရွှင်နေတတ်တယ်။

ကျန်းမာရေး=သင့်ရုံပါပဲ။ 
ယတြာ=အင်္ဂါနေ့မှာ ဆီထမင်း ၅-ပွဲကို အုန်းသီးမထည့်ဘဲ ဘုရားမှာ လှူပါ။
********************************************************************************
( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်ပြေတတ်ပါတယ်၊ အလုပ်သစ် အကိုင်သစ်တွေတောင် စ,ရ လုပ်ရတတ်တယ်၊ လာဘ်လာဘတွလဲ ကောင်းတယ်၊ အိမ်ထောင်ရေး သင့်တယ်။ 
ကျန်းမာရေး=အားလုံး သင့်တယ်။   
ယတြာ=ကြာပန်း ကြာဖူး အဖြူရောင် ဘုရားမှာ လှူပါ၊ ဂုဏ်တော်ပုတီး ၉-ပတ် စိပ်ပါ။ 


အားလုံး ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments: