Tuesday, December 4, 2012

လစဉ် ဟောစာတမ်း (ဒီဇင်ဘာလ ၂၀၁၂-ခု)

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( နိုဝင်ဘာလ ၂၀၁၂ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 402-359-3085 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။

 ( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ ရင်းနှိးတဲ့မိတ်ဆွေရဲ့  အနှောက်အယှက်ကလေးတွေ တွေ့မြင်တယ်၊ သတိထားပါ။ ဒီလမှာ အနီရောင်နှင့် အနက်ရောင်ကို ဝတ်ချင်းမရှာင်ကြဉ်ပါ။ 

ကျန်းမာရေး=အညံ့မြင်တယ်၊ ခါးအောက်ပိုင်းနှင့် ဒူးခေါင်းကို ထိခိုက်မိတတ်တယ်၊ ကိုက်ခဲနေတတ်တယ်။


ယတြာ=မွေးနေ့မှာ ရွက်လှ ၂-ညွန့်ကို ဘုရားလှူ၍ ဂုဏ်တော်ပုတီး စိပ်ပြီး လိုရာဆုတောင်းပါ။ 
*****************************************************************************
( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေက လုပ်သလောက် အရာမရောက် ဖြစ်နေတတ်တယ်၊
အာက်လက်ငယ်သားတွေရဲ့ တ်ာလှန်တာတွေလဲ တွ့ရတတ်တယ်၊ ပင်ပန်းသလောက် အကျိုးသက်ရောက်မှုက နည်းနေတတ်တယ်။ 
ကျန်းမာရေး=ခါးအောက်ပိုင်းတွေ ကိုက်ခဲနေတတ်တယ်။
ယတြာ=နှင်းဆီ ၃-ပွင့် ဘုရားလှူပြီး မွေးနေ့မှာ သက်သတ်လွှတ်စားပါ။
*******************************************************************************
( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်ပြေတတ်ပါတယ်၊ လာဘ်လာဘတွေလဲ ကောင်းတယ်၊ ဆုံးပြီးသားတွေ
ပန်ရတတ်တယ်၊ မျက်နှာပွင့်သလို ပြောတိုင်းလဲ ပီးတတ်တယ်။
ကျန်းမာရေး=သင့်ရုံပါပဲ။   
ယတြာ=မွေးနေ့မှာ ယပ်-လှူပါ၊ အဓိဋ္ဌာန်ဖြင့် ဂုဏ်တော်ပုတီး ၉-ပတ် စိပ်ပါ။

 ********************************************************************************
( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ ရင်းနှီးတဲ့ မိတ်ဆွေရဲ့ အထင်လွှဲမှုကြောင့် လုပ်ငန်း ထိခိုက်တတ်တယ်၊ အပြောအဆို ဆင်ခြင်ပါ၊ အိမ်တွင်းရေးလဲ မသာမယာ ဖြစ်တတ်တယ်။
ကျန်းမာရေး=ဦးခေါင်းနဲ့ဝမ်းရေ ဥပါဒ်ပေးမယ်။ 
ယတြာ=ပေါက်ပေါက် ပြောင်းဖူး ၁၉-ပွင့် ဘုရားလှူပါ၊ မွေးနေ့မှာ သက်သတ်လွှတ် စားပါ။ 

*******************************************************************************
( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ  စိတ်အေးအေးထားပါ၊ ဟိုဟိုဒီဒီ မပြောင်းချင်ပါနဲ့၊ ပြောင်းရွှေ့ရန် မသင့်သေးပါ၊ မိတ်ဆွေကောင်းရဲ့ ကူညီပံ့ပိုးမှုလဲ မကြာခင် ရတတ်ပါတယ်။ ပြတ်တောက်နေတဲ့ လုပ်ငန်းတွေ အဆင်ပြေပါလိမ့်မယ်။ ငွေကြေး ငတိထားပါ။
ကျန်းမာရေး=ညံ့နေတယ်၊သွေးနြ့ ပတ်သက်လို့ ဥပါဒ်ပေးတတ်တယ်။
ယတြာ=မွေးနေ့မှာ သစ္စာပန်း ၇-ပွင့်ကို ဘုရားလှူ၍ လိုရာဆု တောင်းပါ။


********************************************************************************
( စနေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ တိုးတက် ကောင်းမွန်နေတတ်တယ်၊ ပြောတိုင်းလဲ ဖြစ်တတ်တယ်၊ 
မျက်နှာပွင့်သလို ငွေဝင်တွေလဲ ကောင်းတယ်၊ မမျှောင်လင့်ဘဲ ဆုံးပြီးသားငွေ ပြန်ရတတ်တယ်။
အချစ်ရေး အိမ်ထောင်ရေး ကောင်းတယ်။


ကျန်းမာရေး=သင့်တယ်။ 
ယတြာ=နဂါးရုံ ဘုရားမှာ ထန်းလျက် ၁၀-ခဲကို စက္ကူနဲ့ ထုပ်၍လှူပါ၊ အဓိဋ္ဌာန် ပုတီးစိပ်ပါ။ 
********************************************************************************
( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်တွေ ထွေရာလေးပါး ရှုပ်ွေးနေပြီး မိတ်ဆွေကောင်းရဲ့ ကူညီစောင်မမှုကို ခံရသလို ငွေကြေးလဲ အဆင်ပြေတတ်တယ်။
ကျန်းမာရေး=သင့်ပါတယ်။ အိမ်တွင်းရေး ညံ့တယ်။   
ယတြာ=မွေးနေ့မှာ ကော်ဖီတစ်ခွက် နှင့် ကိတ်မုန့်တစ်ချပ် ဘုရားလှူ၍ လိုရာဆုတောင်းပါ။ 



အားလုံး ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments: