Tuesday, December 25, 2012

မသေချာသော မနက်ဖြန်

                                                                                                                                         သာမန်အားဖြင့် တွေးကြည့်မည် ဆိုလျှင် မနက်ဖြန်ဆိုသော ခရီးကား မဝေးဟု ထင်ရသည်။
 သေသေချာချာ တွေးဆ ကြည့်ပါက တစ်နေ့ တာ ၂၄-နာရီ ကုန်ဆုံးမှသာ နောက်တစ်နေ့ မနက်ဖြန် ဆိုသော နေ့ သို့ ရောက်ရှိမည်။ မိနစ်ဖြင့် ရေတွက် လျှင် မိနစ်ပေါင်း ၁၄၄၀၊ စက္ကန့် ဖြင့် ဆိုလျှင် စက္ကန့် ပေါင်း ၈၆၄၀၀- ကြာပေမည်။ တမလွန် ခရီးဆိုသည်ကား ကွေးသောလက်ကို မဆန့် ခင် ဆန့် သောလက်ကို 
မကွေးခင် မျက်စိ တစ်မှိတ် လျှပ်တစ်ပြက် အတွင်း စက္ကန့် ပိုင်းတွင်ပင် ချက်ချင်း ရောက်ရှိနိုင်သော ခရီးဖြစ်သည်။ ထို့ ကြောင့် မနက်ဖြန် ခရီး အဝေးကြီး၊ တမလွန် ခရီး အ လွန် နီးပေသည်။ သို့ ဖြစ်၍ မည်သည့် အလုပ်ကိုပဲလုပ်လုပ် ယနေ့ ပြီးနိုင်သော ကိစ္စများကို မနက်ဖြန်သို့ မရွှေ့ ဘဲ ပြုလုပ်လျှင် အ ကောင်းဆုံးဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် မနက်ဖြန် ဆိုသည်မှာ မသေချာ၍ ဖြစ်သည်။                                              မသေချာသော မနက်ဖြန် အတွက် စာရေးသူ၏ ကိုယ်တွေ့ ဖြစ်ရပ်မှန် အချို့ ကို တင်ပြပါမည်။ မိမိမှာ ပဲခူးတိုင်း ဒေသကြီး၊ ပေါက်ခေါင်းမြို့ ရှိ မြန်မာ့သစ်လုပ်ငန်း၊ အမှတ်(၈၃)သစ်စက်တွင် စက်ရုံမှူး တာဝန် ထမ်းဆောင်နေချိန် ဖြစ်သည်။ ထိုအချိန်က သစ်စက် အနီးရှိ ဖန်ခါးပင်ရွာ၊ ဘုန်းတော်ကြီး ကျောင်းတွင်
ကျောင်းထိုင်နေသော ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တသီလဝံသကို အမှူးထားလျက် သံဃာတော်များအား ကထိန်သင်္ကန်း ကပ်လှူရန် စီစဉ်ထားသည်။ ကထိန်သင်္ကန်း ကပ်မည့်နေ့ မှာ ၂၀၀၃-ခှုနှစ် ၊နိုဝင်ဘာလ ၁-ရက်နေ့ ဖြစ်သည်။ ကထိန်သင်္ကန်း မကပ်မီ တစ်ရက်အလို ညနေခင်းတွင် သစ်စက်ခြံဝန်း၌ အလှူအတွက် ကျွေးမွေး လှူဒါန်းရန် စာရေးသူနှင့်အတူ သစ်စက် ဝန်ထမ်း မိသားစုများက ချက်ရေးပြုတ်ရေး စီစဉ်နေကြသည်။ထိုသို့ ဆောင်ရွက်နေစဉ် ဝန်ထမ်း တစ်ဦးမှာ ခြေလှမ်းသုတ်သုတ်ဖြင့် မိမိထံ ရောက်လာသည်။    ထိုသူက“ဆရာခင်ဗျား၊ ဖန်ခါးပင် ဆရာတော်ကြီး အခုပဲ ပျံလွန်တော်မူသွားပြီ”ဟု သတင်းလာပို့ သည်။ ထို့ ကြောင့် စာရေးသူ ဘုန်းကြီးကျောင်းသို့ သုတ်ခြေတင်ကာ လိုက်ပါသွားသည်။ တွေ့ လိုက်ရသည့် မြင်ကွင်းကား တကယ်ပင် ပျံလွန်တော် မူသွားခြင်းပင်။ သေခြင်းတရား ဟူသည်ကား မြန်ဆန်လွန်းပါလားဟု သံဝေဂ ရမိသည်။ ဆရာတော်မှာ သက်တော် ၆၀-ပင် မပြည့် သေးပေ။                                                                                                                                                            ကထိန်သင်္ကန်း ကပ်မည့်နေ့ တွင် ပေါက်ခေါင်းမြို့ ၊ပညာဇောတာရုံကျောင်းတိုက်မှ မြို့ နယ်သံဃနာယက ဆရာ တော် ဘဒ္ဒန္တနန္ဒဝံသကို ပင့်ဖိတ်၍ ကျောင်းရှိ သံဃာတော်များ အပါအဝင် ပင့်သံဃာ ၅၃-ပါးတို့ အား ကထိန်သင်္ကန်း ကပ်လှူ ခဲ့ သည်။ ဖန်းခါးပင် ဆရာတော်မှာကား မနက်ဖြန် ဆိုသောနေ့ ထိ မစောင့်နိုင်ခဲ့ပေ။တမလွန် ခရီးသို့ အမြန် သွားခဲ့လေပြီ။ဤအချက်အ လက်ကား ပထမ အဖြစ်အပျက်ပါ။ 

                                                                                                                           ဒုတိယ အဖြစ်အပျက်မှာ ၁၉၈၉-ခုနှစ်က ဖြစ်သည်။ စာရေးသူသည် ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင် နေချိန်ဖြစ်သည်။ တစ်ရက်သော နေ့ တစ်နေ့ တွင် စာရေးသူသည် မိမိ အထက် အရာရှိ တစ်ဦးနှင့်အတူ ရန်ကုန်ရုံးချုပ်သို့ ဌာနဆိုင်ရာ ရုံး ကိစ္စဖြင့် လာကြသည်။ ရန်ကုန်သို့ ရောက်ပြီး နောက်တစ်နေ့ 
နေ့ လယ် ၁၂-နာရီ အချိန်၌ မြန်မာ့ သစ်လုပ်ငန်း ရုံးချုပ်တွင် တွေ့ ဆုံရန် ချိန်းထားကြသည်။ စာရေးသူသည် ထိုနေ့ တွင် သတ်မှတ်ချက်၌ ရောက်ရှိပြီး သူ့ အလာကို စောင့်နေသည်။သို့ သော် လည်း နေ့ လယ် ၂-နာရီ အထိ အထက်အရာရှိသည် ရောက်မလာ။ထိုအခါ စာရေးသူက သူနေထိုင်သည့် အိမ်သို့ ဖုန်းလှမ်းဆက် လိုက်သည်။ ဖုန်းကိုင်သည့် အမျိုးသမီး တစ်ဦးက ငိုသံပါကြီးဖြင့် ထိုအရာရှိသည် ယမန်နေ့ ညကပင် ဆုံးသွားရှာပြီဟု
 ပြောသည်။       မိမိ နားနှင့် ဆတ်ဆတ်ကြား၍သာ ယုံလိုက်ရသည်။ထို့ ကြောင့် စာရေးသူသည် သူ့ အိမ်သို့ အပြေးအလွှား လိုက်သွား သည်။သေဆုံးသည်မှာ အမှန်ပါ။အလောင်းကတော့ ဆေးရုံကြီး အအေးခန်းမှာ ရှိနေသည်။သူ့ မှာ မိမိနှင့် ချိန်းထားသော နေ့  တွင် ရုံးချုပ်သို့ မလာရောက် နိုင်ခဲ့ပေ။မသေချာသော မနက်ဖြန်၏ ဒုတိယ အဖြစ်အပျက်ပင်။                                                      

   တတိယ အဖြစ်အပျက်ကား ၁၉၇၂-ခုနှစ်၊ဩဂုတ်လ ၁၆-ရက်နေ့ ။စာရေးသူသည် စစ်တွေမြို့ တွင် တာဝန်ထမ်းဆောင် နေချိန်က ဖြစ်သည်။အချိန်အားဖြင့် နှစ်ပေါင်း၄၀-ခန့် ကြာမြင့်ခဲ့ ပေပြီ။ အချိန်တွေ ဘယ်လောက်ပဲ ကြာညောင်းသော်လည်း စာ ရေးသူ မေ့မရနိုင်သော အဖြစ်အပျက်မှာ အိပ်မက်ပမာ ခံစားခဲ့ ရသည်။                                                                                                          စာရေးသူသည် ထိုအချိန်က အလုပ်လုပ်ရင်း ပြင်ပ ဝိဇ္ဇာစာမေးပွဲကို ရန်ကုန် တက္ကသိုလ်တွင် လာရောက် ဖြေဆိုရသည်။ ဩဂုတ်လ ၁၆-ရက်နေ့ တွင် မိမိနှင့်အတူ စာမေးပွဲ ဖြေဆိုကြမည့် သူများမှာ စစ်တွေမြို့ မှ ဗိုင့်ကောင့်လေယာဉ်(ယခုတော့ မရှိ တော့)ဖြင့် ရန်ကုန်မြို့ သို့ တိုက်ရိုက် သွားကြသည်။စာရေးသူတို့ ၏ မိတ်ဆွေ အပေါင်းအသင်းများထဲမှ ကျောင်းဆရာမ တစ်ဦးမှာ ကျောက်ဖြူမြို့  ဆရာအတတ်သင် သိပ္ပံတွင် သင်တန်းတက်နေသည်။သင်တန်းဆင်းသော်လည်း စစ်တွေမြို့ သို့ ပြန်မလာ။ ရန်ကုန် မြို့ သို့ ပြင်ပ ဝိဇ္ဇာ စာမေးပွဲ ဖြေဆိုရန် ကျောက်ဖြူမြို့ မှ သွားမည်ဖြစ်ပါသည်။                                                                                                                      ထို ဩဂုတ်လ ၁၆-ရက်နေ့ မှာပင် ကျောင်းဆရာမသည် ကျောက်ဖြူ-သံတွဲ-ရန်ကုန်လေယာဉ် ခရီးစဉ် ဖြစ်သော ဒါကိုတာလေယာဉ်(ယခုတော့ မရှိ)ဖြင့် လိုက်ပါသွားသည်။ထိုလေယာဉ်သည် ကျောက်ဖြူမြို့ မှ သံတွဲမြို့ သို့ အလျင်သွားသည်။သံတွဲ  မြို့ မှ ခရီးသည်များကို တင်ဆောင်ကာ ရန်ကုန်မြို့ သို့ ခရီးဆက်မည်
 ဖြစ်သည်။                                                                                                            ဩဂုတ်လ ၁၇-ရက်နေ့ တွင် ရခိုင်ပြည်နယ်မှ စာမေးပွဲ ဖြေရန်လာသူများသည် ရန်ကုန် တက္ကသိုလ်တွင် သတင်းပို့ ရန် တွေ့ ဆုံကြပြီးနောက် နေ့ လယ်စာ အတူတူ စားရန် စီစဉ် ထားကြသည်။ဩဂုတ်လ ၁၇-ရက်နေ့ တွင် စာမေးပွဲ ဖြေဆိုမည့် သူ များအားလုံး ရောက်ရှိလာကြသည်။သို့ သော် နေ့ လယ် ၁၁-နာရီထိ အဆိုပါ ကျောင်းဆရာမသည် ရောက်ရှိမလာ။လေယာဉ်ခရီး စဉ်လည်း ရှိသည်။ ထိုနေ့ တွင် လေယာဉ်မှာ ကျောက်ဖြူမှ နေ့ လယ် ၃-နာရီကျော်တွင် ထွက်ခွာ သွားပြီဆိုသည်ကိုလည်း ကြိုပြီး သတင်းရထားသည်။သူ့ အနေဖြင့် ရန်ကုန် တက္ကသိုလ်သို့ မလာနိုင်စရာ အကြောင်း မရှိပေ။ထို့ ကြောင့် စာရေးသူသည် သံတွဲလေဆိပ်သို့ ဖုန်းဆက်ကြည့်သည်။ 
                                                                                                                                 မယုံနိုင်သော စကား မိမိ နားမှာ ကြားရသည်ကား ဝမ်းနည်း ကြေကွဲစရာ၊အံ့ဩစရာနှင့်
သောက ဝေဒနာတွေပါ ဖြာဖြာ ဝေခဲ့ ရသည်။ မနေ့ က ညနေ ငါးနာရီကျော်၌ သံတွဲမြို့ မဇင် လေဆိပ်မှ လေယာဉ်တက်သွားပြီး မိနစ်ပိုင်း အတွင်းမှာပင် စက်ချွတ် ယွင်းကာ ပင်လယ်ပြင်ထဲသို့ ပျက်ကျသွားခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။မိမိတို့ မှာ ယူကျုံးမရ၊လွမ်းတသသ ခံစားခဲ့ရသည်။ သေခြင်းထူးသော ကျောင်းဆရာမ တစ်ဦး၏ ဖြစ်ရပ်ကား ဝမ်းနည်း ကြေကွဲစရာ ကောင်းလှပါဘိ။    
 ဩဂုတ်လ ၁၇-ရက်နေ့ ၊မနက်ဖြန် တွေ့ ကြရအောင်ဟု ချိန်းဆိုခဲ့သော ရန်ကုန်တက္ကသိုလ်နယ်မြေသို့ 
ကံဆိုးသူ ကျောင်း ဆရာမလေး ခြေမချနိုင်ခဲ့ပေ။ဩဂုတ်လ ၁၆-ရက်နေ့ တွင် မိုးတွင်းကာလ မှောင်ရီပျိုးစ အချိန်တွင် ကမ်းမမြင်၊လမ်းမမြင် ပင် လယ်ပြင်၌ သူ့ ဘဝကို ရေစုန် မျောခဲ့ ရလေပြီ။                                  လူဖြစ်လာလျှင် တစ်နေ့ နေ့ တော့ သေရပေမည်။မည်သည့်နေ့ တွင် သေရမည်။မည်သည့် အချိန်တွင် သေရမည်။ မည် သည့် နေရာတွင်သေရမည်။မည်သည့် ရောဂါ ဝေဒနာနှင့် မည်ကဲ့သို့ သေရမည်။သေပြီးလျှင် မည်သည့် ဘုံဘဝသို့ ရောက်မည် ကို မည်သူမျှ ကြိုမသိကြပေ။                                                                                                                                   
 သေခြင်းတရားနှင့် ပတ်သက်၍ မြတ်စွာဘုရားက “သာဝတ္တိမြို့ မှ ဝိဋဋူဘမင်းနှင့် စစ်သည်များသည် ဤအစိရဝတီမြစ်၌ သေဆုံးကြကုန်၏။သူဌေးသမီး ပဋာစာရီ၏ သားကြီးသည် ဤအစိရဝတီမြစ်၌ မျောပါသွား၍ သားငယ်သည် စွန်တစ်ကောင် ချီ သွားသဖြင့် ပျောက်ဆုံး သွားလေသည်။ဗာရာဏသီမြို့ မှ သင်္ဘောဖြင့်
 ရောက်ရှိလာသော ဗာရာဏသီ သူဌေးကြီးသည် ခုနစ်ရက် ပြည့်လျှင် ဤအစိရဝတီမြစ်၌ သေဆုံးမည်ကို မသိရှာဘဲ နေသဖြင့် မြတ်စွာဘုရားရှင် ပြုံးတော်မူသည်။ထို့ နောက် မြတ်စွာဘုရား က ညီတော်အာနန္ဒာအား“
လူဆိုသည်မှာ ဤနေ့ သေမည်လား၊မနက်ဖြန် သေမည်လား ဆိုသည်ကို မသိနိုင် သေမင်းနှင့်လည်း
 သေမည့်ရက်ကို အချိန်းအချက် ပြုလုပ်မထားကြ၊ မသေခင် ကြိုတင်၍ ပြုလုပ်သင့်သည်မှာ ကုသိုလ်တရားသာ ဖြစ်၏”ဟု မိန့်  တော် မူခဲ့သည်။ထို့ ကြောင့် မသေချာသော မနက်ဖြန်သည် လက်ရှိ ပစ္စုပ္ပန် ကာလလောက် စိတ်မချရပေ။                                                                      
အချုပ်အားဖြင့် ဆိုရလျှင်ညကုသိုလ်ကောင်းမှုများကို ဆောင်ရွက်ကြရာတွင် နေ့ ရွှေ့ ၊ ညရွှေ့ ၊ မနက်ဖြန်ရွှေ့ ၊ ဟိုနေ့ ရွှေ့ ၊ သည်နေ့ ရွှေ့  ရွှေ့ မနေကြဘဲ ယနေ့ ယခု ချက်ချင်း လက်ငင်း ဆောင်ရွက်ကြပါမှ စိတ်ချရမည် ဖြစ်ပေသည်။ထို့ ကြောင့် အချိန်ရှိ ခိုက် လုံ့ လစိုက်ကာ ကုသိုလ် တရားတို့ ကို ပွားများ အားထုတ် ဆောင်ရွက် သွားကြပါစို့ ဟု တိုက်တွန်း နှိုးဆော်လိုက်ပါသည်။                   တွန်းအား                                                                                                                                                                       မြတ်မင်္ဂလာ--------၂၀၁၂-ခုနှစ်၊ဧပြီလ                                                     

No comments: