လိုရာခရီးတခုကို ရောက်အောင်သွားတဲ့ နေရာမှာ ဘယ်လိုပုံစံနဲ့ပဲ သွားသွား၊ ဘေးရန်ကင်းပြီး အချိန်တိုတိုနဲ့ ရောက်သွားဖို့သာ အဓိကပါ။ ရောဂါဝေဒနာများကို ကုသတဲ့နေရာမှာလည်း ထို့အတူပါပဲ။
အနယ်နယ်အရပ်ရပ်ကို လေ့လာရေးခရီး သွားတဲ့အခါ စီးနင်းလိုက်ပါရတဲ့ သင်္ဘော၊ ရထား၊ ခေတ္တ နားနေတဲ့ သင်္ဘောဆိပ်၊ ဘူတာရုံ စတဲ့ နေရာများမှာ လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ် မျိုးစုံနဲ့ တွေ့ကြုံရလေ့ရှိပါတယ်။
တစ်ခါတစ်ရံ စကားစပ်မိကြရာက အဲဒီပုဂ္ဂိုလ်များက မိမိတို့ သုံးစွဲဖူးတဲ့ ဆေးနည်းတို့ကို
ပြောပြသွားတတ်ကြပါတယ်။
သူတို့ ရောဂါဝေဒနာ သက်သာပျောက်ကင်းလို့ ဝမ်းမြောက်ဝမ်းသာနဲ့ တဆင့် ဖြန့်ဖြူးပေးကြတာပါပဲ။ အခု ဖော်ပြမယ့် ငှက်ဖျားပျောက်ဆေးနည်းဟာလည်း ရဟန်းတော်တစ်ပါးက ချီးမြှင့်လိုက်တာပါ။
တိတိကျကျ ပြောရရင်တော့ ပန်းတောင်းမြို့နယ် သစ်ဆိပ်ကုန်းရွာ၊ သစ်ဆိပ်ကုန်းကျောင်းက ဆရာတော် ဦးပညာစာရ-က ချီးမြှင့်လိုက်တာပါ။
ဆရာတော်ရဲ့နည်းက အခုဖော်ပြမယ့် ပစ္စည်းများနဲ့ ဟင်းချက်စားရတဲ့နည်း ဖြစ်ပါတယ်။
(၁) ကြက် (အိမ်ကြက်) ၃၅-ကျပ်သား (ပံ့သကူသား)
(၂) ကြက်သွန်နီ-ဖြူ (ငရုတ်ကောင်း ထောင်းပြီး ထည့်ပါ)
(၃) တောအရက် စစ်စစ် ၄၀-ကျပ်သား၊ (သို့) အဝက်သား။
ချက်တဲ့အခါ ရေမထည့်ရပါ။ ဆီထည့်ပြီး ဆီပြန်ချက်ရပါမယ်။ ဒီဟင်းကို ငှက်ဖျား မပျောက်မချင်း သုံးလေးနပ် စားသွားဖို့ပါပဲ။
လေ့လာသူတဦး
Monday, February 27, 2012
Friday, February 24, 2012
ဝါးနက်ရွက်လည်း အစွမ်းထက်
ဆေးနည်း---
ဝါးနက်ရွက် လက်တဆုပ်ခန့်ကို သန့်စင်သော အိုးတစ်လုံး၌ သင့်လျော်ရုံ ရေထည့်၍ ပြုတ်ပါ။ ထို့နောက် အရည်ကို အအေးခံပြီး သကြားအနည်းငယ် ထည့်၍ ရေသောက်သလို မကြာခဏ သောက်ပေးရပါမည်။
ပျောက်ကင်းသော ရောဂါ---
အသားအရေ ဝါခြင်း၊ မျက်လုံး ဝါခြင်း၊ ဆီးဝါခြင်း၊ ဆီးနည်းခြင်း။
ညွန့်တလူ (ဝါးခယ်မ)

ကျေးလက်တောရွာဓလေ့ မြန်ကောင်းပျောက်သည့် မြန်မာ့အယူအဆများ
၁။ အိုးများ ပြောင်အောင် တိုက်နည်း---
မီးဖိုချောင်သုံး အိုးခွက်ပန်ကန်များ အသုံးပြုပြီး ရေဆေးမရအောင် ဂျေး(ချေး)များ၊ အိုးမဲများ၊ ပေနေပါက ဖွဲပြာနဲ့ ဆပ်ပြာရော၍ တိုက်ကြပါတယ်။
ကျေးလက်တောရွာမှာ ဆန်စက်တွေကထွက်တဲ့ ဖွဲပြာ အလွယ်တကူ မရနိုင်ပါဘူး။ ဒီတော့ အိုးခွက်များ ပြောင်စင်အောင် တောရွာတွေမှာ အများဆုံးရှိတဲ့ သဖန်းမွေးစုတ် (အကိုင်းကို ဆေးရိုးစဉ်း၍ သောက်ရသော ဆေးရိုးပင်ဟုလည်း ခေါ်သည်)

အသံမပြုသော အမျိုးသမီး ရောဂါများ
မြန်မာအမျိုးသမီးတွေဟာ အရှက်အကြောက်ကြီးသူများပီပီ မိမိခံစားနေရတဲ့ ရောဂါဝေဒနာကို ဆရာဝန်ထံမှာ ပြသရမှာ အင်မတန် ဝန်လေးတတ်ကြပါတယ်။ ဘာမှမပြောပလောက်တဲ့ ဝေဒနာဟာ ထုတ်ဖော်ပြောရမှာ ရှက်ကြတဲ့အတွက် ကြီးကျယ်တဲ့ရောဂါအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။
ဆန်-ပိုးမထိုးတဲ့နည်း
မိတ်ဆွေတို့ ဆန်လှောင်ထားရင် ဆန်-ပိုးမတက်၊ ပိုးမထိုးအောင် ကျွန်တော်တို့ရဲ့ ရှေးလူကြီးသူမများ ထားရစ်ခဲ့တဲ့နည်းကို လက်ဆင့်ကမ်းလိုက်ပါရစေ။
နည်းကား ခက်ခက်ခဲခဲ မဟုတ်ပါ။ လှောင်ထားသော ဆန်ထဲသို့ ဒိုး-ထည့်ထားပါ။
တစ်နည်း-ဆန်ထဲသို့ သြဇာရွက် ထည့်ထားပါ။
တစ်နည်း-ထင်းရှူးဆီ ထည့်ထားပါ။
ဆန်ထဲသို့ လုံးဝ ပိုးမတက်စေပါဘူး။
မှတ်ချက်။ ။ ဆန်ထဲ ထည့်ရာတွင် ဆန်အနည်းအများ အလိုက်အထိုက်ကြည့်၍ ဉာစ်ဖြင့် ယှဉ်ချိန်ပြီး ထည့်ထားသင့်ပါသည်။
လမင်းအိမ် (ဝကုန်း)
စန္ဒကူး-Side ရဲ့ အဆိုအရ ငရုတ်သီးခြောက် ထည့်ပါ။ တစ်နည်း-ကြက်သွန်နီ ထည့်ပါ-တဲ့။
ကျေးဇူးတင်ပါသည်။

Thursday, February 23, 2012
ဆီးချိုပျောက်နည်း တစ်ခု
အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခုကို တွေ့ရခြင်း ဖြစ်ပါသည်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရွှေလှံဗိုကျောင်းတွင် ဝါတွင်းဝါပ သီတင်းနေ့တိုင်း ဥပုသ်သည်များကတော့ လွတ်လပ်ရေးကြိုးပန်းခဲ့ကြသည့် ဦးတင်မြ၊ ဦးညီနှင့် စာရေးသူတို့ ဖြစ်ကြပါသည်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရွှေလှံဗိုကျောင်းတွင် ဝါတွင်းဝါပ သီတင်းနေ့တိုင်း ဥပုသ်သည်များကတော့ လွတ်လပ်ရေးကြိုးပန်းခဲ့ကြသည့် ဦးတင်မြ၊ ဦးညီနှင့် စာရေးသူတို့ ဖြစ်ကြပါသည်။
ဝမ်းချုပ်ခြင်းအတွက် အစာလည်း-ဆေး
ကျုပ်တို့ရွာက မြို့နဲ့ အလှမ်းဝေးပြီး အသွားအလာ ခက်ခဲတယ်။ ရွာမှာ ဆေးရုံ ဆေးခန်း မရှိဘူး။ အနီးဝန်းကျင်ရွာ ဆိုတာလည်း အတော်ဝေးပါတယ်။ ဆေးရောင်းတဲ့ဆိုင်လည်း မရှိဘူး။ ဗိန္ဓောဆေးဆရာဆိုတာလည်း တခါတရံမှ ရောက်လာတတ်တယ်။ တော်ရုံရောဂါတွေလောက်နဲ့ မြို့ကို မသွားပြနိုင်ကြပါဘူး။
မုတ်ခါး နဲ့ သံပရာ အူကျနာပျောက်ဆေး
ကျွန်တော် ငယ်စဉ်က ဘီအေအေ အားကစားကွင်း (ယခု အောင်ဆန်း အာကစားကွင်း) တွင် လက်ဝှေ့နည်းပြဆရာ မစ္စတာ-ဘာဝါ သင်ကြားပြသသော (နဂါး) လက်ဝှေ့အသင်း (Naga Boxing Club) တွင် လက်ဝှေ့ပညာ သင်ကြားခဲ့ပါသည်။
သားသမီး ဝေးလိုသောသူများအတွက် အစွမ်းထက် ထိကရုံးပင်
ကျွန်တော်တို့ ငယ်စဉ်က ထိကရုံးပင်လေးတွေကို တွေ့လျှင် အရွက်တွေကို လက်နှင့် တို့ကစားလိုက်ပါက ထိကရုံးအရွက်များသည် ပြန့်နေရာမှ အရွက်များ ကပ်သွားပြီး ပိတ်သွားကြသည်။ ဤသည်ကို ကျွန်တော်တို့က ကစားစရာကဲ့သို့ ယူဆပြီး ကစားခဲ့ကြသည်။
နှလုံးရောဂါသမားများအတွက် အုန်းနို့ခေါက်ဆွဲ
နှလုံးရောဂါရှိသူများ ဆိုရင် ဆရာဝန်တွေက သွေးထဲမှာ အဆီဓာတ်တွေ များနေသလားဆိုတာ တိုင်းတတ်ကြပါတယ်။
အထူးသဖြင့် နှလုံးသွေးကြောကျဉ်းနေပြီလို့ ဆိုရင်တော့ ငတ်ပြီသာ မှတ်ပါတော့။ အထူးသဖြင့် အဆီတွေပေါ့။
အဆီထဲမှာမှ အုန်းနို့၊ အုန်းဆီ ဆိုရင် ပိုပြီးရှောင်ရပါတယ်။ အုန်းနို့နဲ့ အုန်းဆီဟာ တိရစ္ဆာန်တွေရဲ့ အဆီတွေနဲ့ ဓာတ်သဘာဝချင်း ပိုပြီးနီးစပ်တာမို့ ခန္ဓာကိုယ်ထဲကို ပိုပြီးရောက်လွယ်တယ်။

Tuesday, February 21, 2012
သစ်ပင်ခုတ်လျှင် သတိယှဉ်
လူ့လောကကြီးတွင် သစ်ပင်များသည် မရှိမဖြစ်သော အခန်းကဏ္ဍမှ ပါဝင်ပေသည်။ အိမ်ဆောက်ခြင်း၊ အိမ်ထောင်ပရိဘောဂများ ပြုလုပ်ခြင်း၊ အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ခြင်းအပြင် လောင်စာအဖြစ် ထင်းပြုလုပ်ကာ သုံးစွဲကြရပေသည်။ ဤကဲ့သို့ အိမ်၊ ပရိဘာဂ အသုံးအဆောင် ထင်များ ရရှိအောင် သစ်ပင်ကို ခုတ်လှဲ အသုံးပြုကြရပေသည်။
မိုးညှင်း သမ္ဗုဒ္ဓေ စေတီတော်-မှ ထူးခြားသော နေရာများ
မိုးညှင်း သမ္ဗုဒ္ဓေစေတီတော်ကြီးကား မြန်မာနိုင်ငံအတွင်းရှိ စေတီပုထိုးများထဲတွင် ဗိသုကာလက်ရာ အမြောက်ဆုံး စေတီတော်ကြီးတစ်ဆူ ဖြစ်သည်။
သမ္ဗုဒ္ဓေ စေတီတော်ကြီး အတွင်းအပြင်၌ရှိသော စေတီတော်ပေါင်းမှာ (မြရွှေငွေ စိတ်သီးဆောင်း သမ္ဗုဒ္ဓေ ရုပ်ပွားပေါင်း) ဟူသော သမိုင်းလင်္ကာအရ (၅၈၂၃၆၃) ဆူ ရှိပါသည်။
သမ္ဗုဒ္ဓေ စေတီတော်ကြီး အတွင်းအပြင်၌ရှိသော စေတီတော်ပေါင်းမှာ (မြရွှေငွေ စိတ်သီးဆောင်း သမ္ဗုဒ္ဓေ ရုပ်ပွားပေါင်း) ဟူသော သမိုင်းလင်္ကာအရ (၅၈၂၃၆၃) ဆူ ရှိပါသည်။
Sunday, February 12, 2012
တာရှည်လတ်ဆတ်သော သံပရာသီးများ ဖြစ်အောင် ထားသိုနည်း
သံပရာသီးများကို ဈေးချိုချို၊ ဈေးပေါပေါရသည့်အချိန်တွင် ဝယ်ယူထားပြီး တာရှည် အထားခံ၍ လတ်ဆတ်အောင် သိုလှောင်ထားတတ်ကြပါသည်။
ရေခဲသေတ္တာ ရှိသူများ၊ ရေခဲအလွယ်တကူ ဝယ်ယူရရှိသော မြို့ကြီးများတွင် ရေခဲဘူး၌ သိုလှောင်ထားသည်ကို တွေ့မြင်ရဖူးပါသည်။
ယခုနည်းမှာ အိမ်တိုင်း၊ နေရာဒေသမရွေး သိုလှောင်ထားနိုင်သောနည်း ဖြစ်၍ တင်ပြလိုက်ပါသည်။
စိမ်းစိမ်းစိုစို လတ်ဆတ်သော သံပရာသီးများကို ဝယ်ယူပါ။ ထို့နောက် အဖုံးအပိတ်ပါသော တစ်လုံးချိုင့်ထဲတွင် သန့်စင်သော ရေကို ထည့်ပြီး သံပရာသီးများကို ရေပေါ်ထည့်၍ အဖုံးကို ပိတ်ထားပါ။
ခုနစ်ရက် တစ်ကြိမ် ရေသန့်ကို လဲပေးပါ။ ရက်လရှည်ကြာ သိုလှောင်ထားခံသည့်အပြင် သံပရာသီးမှ ယခုချက်ချင်း ခူးယူသကဲ့သို့ လတ်လတ်ဆတ်ဆတ် အသုံးပြုနိုင်မည် ဖြစ်ပါသည်။
ထိုသို့ ထုတ်ယူ အသုံးပြုသော သံပရာသီးများ ပိုလျှံနေလျှင် ပန်းကန်ပြားတွင် ပိုသော သံပရာသီးကို ထည့်၍ ဖန်ခွက်အဝကျယ်နှင့် လေလုံအောင် အုပ်ထားပါ။ ပုပ်သိုးခြင်း မရှိဘဲ လတ်လတ်ဆတ်ဆတ် အသုံးပြုနိုင်မည် ဖြစ်ပါသည်။
စာရေးသူ၏ နေအိမ်တွင် လက်တွေ့အသုံးပြုနေသော နည်းလမ်းများ ဖြစ်၍ တင်ပြလိုက်ပါသည်။
နတ်မောက် မျိုနော်

ဝဲနှင်းခူ အစို သက်သာပျောက်ကင်းစေသော ဆေးနည်း
ကျွန်တော် ပညာလှူပါမည်။ ကျွန်တော်လှူမည့် ပညာသည် ဝဲနှင်းခူအစို သက်သာပျောက်ကင်းစေသော ဆေးနည်းပင် ဖြစ်ပါသည်။ ဤဆေးသည် ဟင်းသီးဟင်းရွက် ဖြစ်ပါသည်။ လူသားများ၏ ခြေသလုံးတွင် ပေါက်တတ်သော ဝဲနှင်းခူအစိုကို ရွှေဖရုံရွက် မီးရှို့ပြာချပြီး ၄င်းပြာကို အုန်းဆီနှင့် ဖျော်စပ်၍ လူးလိမ်းပေးခြင်းပင် ဖြစ်ပါသည်။
ဆေးကုဆေးလိမ်းခ မယူဘဲ ကုသခဲ့ခြင်းကြောင့် ရောဂါသက်သာပျောက်ကင်းကြသူ မနည်းတော့ပါ။
ဤစာပိုဒ်ကို ဖတ်ရှုမိသူမှတဆင့် ဝဲနှင်းခူရှိသူအား နည်းစနစ်တဆင့် ပြောပြစေလိုပါသည်။
ဤဆေးနည်းဖြင့် ကျွန်တော်၏ ခြေထောက်မှ ဝဲနှင်းခူ အစိုအား ကုသပေးသူ အဒေါ်အား အမြဲကန်တော့ပါသည်။
သူ၏နာမည်ကို မသိလိုက်ရတော့ပါ။
အားလုံး ကျန်းမာရွှင်လန်းပါစေ
AI ဆရာရွှေ (စစ်ပြန်)

ဗိုလ်ချုပ် မွေးနေ့
ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဗိုလ်ချုပ်မွေးနေ့ ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်
သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား ….
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်
မိခင် ဒေါ်စုသား ….
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့ မမေ့အား
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့ မမေ့အား
Subscribe to:
Posts (Atom)