Sunday, April 29, 2012

သွေးတိုးအတွက် ဆေးနည်း

လူအတော်များများမှာ အသက်အရွယ် ရလာတဲ့အခါ များသောအားဖြင့် သွေးတိုးရောဂါ ဖြစ်လေ့ရှိတတ်ကြပါတယ်။ စာရေးသူကိုယ်တိုင် ခေါင်းတွေကိုက်ပြီး ဇက်ကြောတွေ တက်လို့ ဆေးခန်းသွားပြတဲ့အခါ သွေးတိုးရှိနေကြောင်းကို ပထမဆုံး သိရပါတယ်။
သွေးတိုးဝေဒနာရှင်များအနေနဲ့ မိမိကိုယ်တိုင် အလွယ်တကူ ဖော်စပ်ပြီး စားသုံးနိုင်တဲ့ ဆေးနည်းတစ်ဖုံကို စာရေးသူကိုယ်တိုင် ဖော်စပ်စားသုံးခဲ့ပြီးမို့ သွေးတိုးဝေဒနာရှင်များအတွက် ကိုယ်ချင်းစာစိတ်ထားပြီး ဖော်ပြပေးလိုက်ပါတယ်။

စတုမဓူ ယိုတစ်မျိုး

နတ်မောက်မြို့ ဘုရားကြီးကျောင်းတိုက်မှ တောင်ဖီလာဆရာတော် ဦးဇနပတိ-နှင့် အတူ ချက်လုပ်ခဲ့ဖူးသော “စတုမဓူယို” ချက်နည်း တင်ပြလိုပါသည်။
စတုမဓူ ချက်ဆေး-ဟု ခေါ်လျှင်လည်း ရနိုင်ပါသည်။ ယိုကဲ့သို့ ပေါင်မုန့်စသည်တို့နှင့် သုတ်စားနိုင်သဖြင့် “စတုမဓူယို”ဟု တင်ပြရခြင်း ဖြစ်ပါသည်။


လိုအပ်သော ဆေးအမည်များမှာ---
၁။ သကြားဖြူ
၂။ ပျားရည်စစ်စစ်
၃။ နှမ်းဆီ
၎။ ဆီဦးထောပတ်
အထက်ပါ ဆေးအမည် လေးမျိုးကို ကြွေဇလုံကြီးထဲတွင် အလေးချိန် ဆတူထည့်၍ ဒန်အိုးကြီးထဲတွင် ရေထည့်ပြီး ဆေးဇလုံကို အပေါ်တင်၍ အဖုံးဖုံးကာ ရေနွေးငွေ့ဖြင့် နှစ်နာရီမှ သုံးနာရီထိ ချက်ရပါသည်။


လေနာရောဂါ၊ ရင်ဘတ်နာ၊ အားနည်း ပိန်လှီချည့်နဲ့သူများ၊ ပထဝီသွေးပျက်နေသော လူနာများနှင့် သင့်တော်ပြီး တစ်နေ့လျှင် ဟင်းသောက်ဇွန်း တစ်ဇွန်း မှန်မှန် စားပေးရပါမည်။ လိုသလို ချင့်၍ ဆေးကို တိုး၍ စားနိုင်ပါသည်။


နတ်မောက်-လှမြင့်သစ်

Saturday, April 28, 2012

တောင်ဖီလာ ဆရာတော်ကြီး ရွတ်ဆိုတော်မူသော အန္တရာယ်ကင်း မင်္ဂလာဂါထာတော်

သာလွန်မင်းတရားကြီး၏ မင်းဆရာဖြစ်သော 
မဟာတိပိဋကာလင်္ကာရ ဘွဲ့တံဆိပ်တော်ရ
တောင်ဖီလာဆရာတော်ကြီး 
အရှင်မုနိန္ဒဃောသ
တစ်နေ့ သုံးကြိမ် ရွတ်ဆိုတော်မူသော 
အန္တရာယ်ကင်း မင်္ဂလာဂါထာတော် 

Thursday, April 26, 2012

နိုင်ငံရပ်ခြားမှ ဘာသာပြန် ဟာသများ

ကျွေးမယ်ဆိုရင် နှိုးပါဗျာ---
လေယာဉ်ခရီးတစ်ခုတွင် လေယာဉ်ပျံ ပျံသန်းနေစဉ် လေမုန်တိုင်းနှင့်တွေ့၍ လေယာဉ်ပျံ မငြိမ်သက်သောကြောင့် အစားအစာကျွေးမည့် အစီအစဉ်ကို ရွှေ့ဆိုင်းထားရ၏။
လေယာဉ်ပျံ ပုံမှန်ပျံသန်းနိုင်ပြီဖြစ်သောကြောင့် အစားကျွေးရန် စီစဉ်ကြသောအခါ ခရီးသည် တော်တော်များများသည် အိပ်ပျော်နေသည်ကို တွေ့ရ၏။ ခရီးသည်တစ်ဦးကမူ အင်္ကျီကျယ်သီးတွင် စာရေးထားသော စာရွက်တစ်ရွက်ကို ချိတ်၍ အိပ်ပျော်နေသည်ကို တွေ့ရ၏။ စာရွက်ပေါ်၌ ရေးထားပုံမှာ 
“စားစရာကျွေးရင် နှိုးပါဗျာ”တဲ့
================

ဒူးရင်းသီး နှင့် အာလူးများ

ကြော်ငြာ မကပ်ရ။
အမှိုက် မပစ်ရ။
ပန်း မခူးရ။
မြက်ခင်းပေါ် မနင်းပါနဲ့။
ပိုက်ဆံ မပေးပါနဲ့။
ဆေးလိပ် မသောက်ရ။

Wednesday, April 25, 2012

နိုးကြွနေသော ဇာတိမာန်

မန်းမြို့ကို ခါတစ်ခေါက်
ရောက်ခဲ့လို့ ပျော်မိတယ်၊
ဘုရားစုံ လယ်ကာဖူး
ကြည်နူးစရာကွယ်။
လက်ရာမြောက် ဆန်းတစ်ကြယ်
ခံ့ထည်ဝါ အလွန်ပေါ၊
တတ်ပညာ အစွမ်းထက်
တွေးလျက် အံ့သြ။
ကျုံးပတ်လည် ကြာတွေသင်း
စီးဆင်းကြ ရေကြည်လင်၊
နီကြင်ကြင် မြမြို့ရိုး
ပြအိုး ပစ္စယင်။
နယ်ချဲ့တို့ ရက်စက်ဉာဉ်
တို့ဘုရင် နန်းမှာချ၊
ဆွေးမပြေ တွေးကာကြည့်
ဇာတိမာန်ကြွ။

ဇာနည်

Tuesday, April 24, 2012

မြတ်ဘုရား ရွှေတိဂုံ

မြန်မာတို့ ဂုဏ်ဆောင်
ရွှေတောင်ကြီး တင်စား၊
သိင်္ဂုတ္တရ ကုန်းပေါ်
ပျော်စံတဲ့ ဘုရား။

ကောင်းကင်က ပြာပြာ
တိမ်မိလ္လာ ဖွေးဖွေး၊
ရွှေတောင်ကြီး ပနံရ
သပ္ပါယ်စွလေး။

ရွှေတောင်ကြီး အလယ်ခံ
စေတီရံ ပတ်လည်ဝိုင်း၊
အရှေ့တောင် ထိုအရပ်က
ညောင်အို ခါးကိုင်း။

ဘုရားလေးဆူ
မျက်နှာမူ ထိုလေးရပ်၊
ကကုသန် ကဿပ
ဂေါတမ ကောဏာဂုံ ဗုဒ္ဓရှင်မြတ်။

ပြည်နိဗ္ဗာန် 
အာရုံခံ တန်ဆောင်း၊
တရားသံ ချိုသာသာနဲ့
အေးရိပ်ဆာကျောင်း။


ဆည်းလည်းသံ ချိုလွင်
ဝေဟင်ထက် ဟိုအနား၊
ရွှေထီးတော် ဘုံအမြင့်
လေဝင့်တိုင်းကြား။


ဘုရားရင်ပြင်
စုံလင်တဲ့ လူစု၊
နေ့ညကွယ် ပန်းဆီမီး
ဆည်းကပ်လှူပြု။


အရှေ့ အနောက် တောင် မြောက်
တည်ဆောက်တဲ့ စောင်းတန်း၊
မြန်မာ့ရိုးရာ ပန်းချီပန်းပု
ရေးထုပုံဆန်း။


မြန်မာတို့ ဗိသုကာ
အနုပညာစံထား၊
ကမ္ဘာ့အလယ် ဂုဏ်တင့်လို့
ဝင့်ထည်တကား။


မင်းရွှေမင်း (အင်းစိန်)

ခရီးဖော်

ခရီးတစ်ခု သွားမည်ပြုသည်
ယခုပင်လား နက်ဖြန်လားဟု 
ပိုင်းခြားရေရာ မမှန်းသာလည်း 
သေချာတိကျ ထိုလမ်းမသို့
မုချမသွေ လှမ်းရချေအံ့။

လှမ်းခဲ့ပါသော် 
အဖော်တစ်သင်း ဆွေခပင်းနှင့် 
မိတ်ရင်းဆွေချာ ဉာတကာတို့ 
လိုက်ပါနိုင်မည် မဟုတ်ချေ။

အမိအဖ သားလှသမီး ချစ်ဇနီးတို့ 
ခရီးသွားရာ ထိုဒေသာသို့
လိုက်ပါနိုင်မည် မဟုတ်ချေ။


ကိုယ်ပိုင်ဆိုင်ရာ များလှစွာသော 
ဥစ္စာပစ္စည်း အသီးသီးလည်း 
ခရီးသွားရာ ထိုဒေသာသို့
ပါသွားနိုင်မည် မဟုတ်ချေ။


သတိတမံ အသိဉာဏ်နှင့်
ဝေဖန်ပိုင်ပိုင် သုံးသပ်နိုင်ခဲ့
ကိုယ်တိုင်လျှင်ပြု မြတ်ကောင်းမှုသာ
ကိုယ့်နောက်ပါဟု 
စိတ်မှာဆင်ခြင် တရားယှဉ်ကာ 
ကြိုတင်ပြင်ဆင် ရတော့မည်။
ခရီးဖော်ကို တွေ့လေပြီ။


မောင်မောင်မိုးအောင်

Thursday, April 12, 2012

လစဉ် ဟောစာတမ်း (ဧပြီလ ၂၀၁၂)

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( မတ်လ ၂၀၁၂ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-450-0272 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။

Sunday, April 1, 2012

ခရီးဆောင်သေတ္တာတွင်း အဝတ်ထည့်နည်း

(၁) လေးသောအရာများ (ဖိနပ်၊ ဂျင်းဘောင်းဘီစသည်) တို့ကို အောက်ဆုံးတွင် ထားပါ။
(၂) အဝတ်အစားများကို ပလပ်စတစ်အိတ်ဖြင့် ထည့်၍ ခါးလယ်မှ ခေါက်ထည့်ပါ။
(၃) ကုတ်အင်္ကျီများကို ပြောင်းပြန်လှန်၍ ကိုယ်ထည်အတိုင်း ခေါက်ထည့်ပါ။ ဘောင်းဘီများကို ခေါက်ရိုးအတိုင်း ခေါက်ထည့်ပါ။
(၄) အရောင်ရှိသော တစ်ရှူးစက္ကူများ သေတ္တာထဲ မထည့်ပါနဲ့၊ စွန်းတတ်သည်။
(၅) ဆြယ္တာအက်ႌမ်ားကို လိပ္ထည့္ပါ။ နေရာကျဉ်းပြီး တွန့်ကျေခြင်းကို ရှောင်နိုင်မည်။ လည်စီးများနှင့်  ဝါဂွမ်းထည်များကိုလည်း အလားတူလုပ်ပါ။
(၆) အလှ၏ပစ္စည်းများကို ပုလင်းသေးများဖြင့် ထည့်ပါ။ 
(အပြန်ခရီးတွင် အိတ်မဆန့်တော့သည့် အခါတွင် ချန်ထားခဲ့နိုင်သည်)
(၇) လက်ကိုင်အိတ်အတွင်း ခြေအိတ်နှင့် အောက်ခံဘောင်းဘီများ ထည့်ပါ။ နေရာမကုန်မည့်အပြင် လက်ကိုင်အိတ်ကိုလည်း ပုံမပျက်အောင် ကာကွယ်ပေးသည်။

ပထမအရွယ်၏ တတိယ ဝေဒနာ

လူလတ်ပိုင်းဖြစ်သည့် ၅၀-ပတ်ဝန်းကျင်တွင် လူတို့သည် စိတ်ပြဿနာကို ခံစားရတတ်သည်။ ဘဝသည် အဓိပ္ပါယ်မရှိဟု ထင်ခြင်းမျိုး၊ ဘဝကို ညည်းငွေ့ခြင်းမျိုး၊ ဘဝသည် လမ်းလွဲနေသည်ဟု ခံစားနေရခြင်းမျိုး ဖြစ်၏။ ကော်နယ်တက္ကသိုလ်၏ လေ့လာချက်အရ ၂၆%သော လူလတ်ပိုင်းတို့သည် ထိုကဲ့သို့ ခံစားရလေ့ရှိသည်ဟု သိရသည်။ ထိုအခါမျိုးတွင် အများအားဖြင့် အလုပ်ကို ထွက်ပစ်ခြင်းမျိုး၊ အချစ်ရေး ရှုပ်ထွေးခြင်းမျိုးများ ဖြစ်လေ့ရှိသည်။ ထိုစိတ်ဝေဒနာ၏ လက္ခဏာများမှာ----
(၁) အခြားသူများအတွက် မိမိ၏အချိန်နှင့် ငွေ သုံးစွဲရခြင်းကို စိတ်ပျက်မိခြင်း။
(၂) အိမ်ထောင်ဖက်အပေါ်တွင် လိင်တပ်မက်မှု ကျဆင်းခြင်း။
(၃) အလုပ်ကို မကျေမနပ်ဖြစ်ခြင်း။
(၄) ငယ်စဉ်က သီချင်းများကို ပြန်နားထောင်လိုခြင်း။
(၅) အနာဂါတ်အတွက် စိတ်သောက ရောက်ခြင်း။
(၆) လမ်းကြောင်းမှားပေါ် ရောက်နေသည်ဟု ခံစားခြင်း။
(၇) ဘဝတွင် အချိန်မှမရှိတော့ဟု ကြောက်လန့်လာခြင်းတို့ ဖြစ်သည်။

စိတ်ပညာရှင် လင်ဒါအယ်ဒါစတိုင်းက ထိုကဲ့သို့ လူလတ်ပိုင်း စိန်ကျခြင်း ကြုံတွေ့လာလျှင် စိတ်လိုက်မာန်ပါ မလုပ်ပါနှင့်ဟု ဆိုသည်။ ဘဝတွင် ဘာတွေလိုနေသည်ကို စိတ်အေးအေးဖြင့် စဉ်းစား၍ ယင်းတို့ကို ခြေလှမ်းစိပ်စိပ်ဖြင့် ဖြေးဖြေးချင်း ရယူဖို့ ကြိုးစားပါ၍လည်း အကြံပြုသည်။ "အချို့က အပြေးလေ့ကျင့် မာရသွန်တွင် ဝင်ပြေးခြင်းကဲ့သို့သော လုပ်ဆောင်မှုများဖြင့် ကုစားလေ့ရှိကြသည်။ ငါ လုပ်နိုင်သေးတယ်၊ ငါ့မှာ ကျန်သေးတယ်၊ ငါ မအိုသေး"ဟု သက်သေပြခြင်းဖြင့် ကုစားခြင်းပင် ဖြစ်သည်။

ငြင်းခုံနည်း နိဿယည်း

(၁) တစ်ဖက်သားစိတ်ဆိုးနေသော အချိန်ကို ရှောင်ပါ။ သင်ပြောလိုသောအရာသည် တစ်ဖက်သားထံ "ပေါက်"မည်မဟုတ်၍ ဖြစ်သည်။ ထိုအခါမျိုးတွင် နားထောင်ရုံသာ နားထောင်ပါ။
(၂) တစ်ဖက်လူ၏ နေရာတွင် ဝင်ကြည့်ပါ။
(၃) ကြိုင်တင်ပြင်ဆင်ခွင့်ရလျှင် သင်ပြောလိုသော အဓိကအချက် သုံးချက်ကို စာဖြင့်ရေးထားပါ။
(၄) တစ်ကြိမ်လျှင် အကြောင်းအရာတစ်ခုကိုသာ တင်ပါ။ အပြုသဘောနှင့်တင်ပါ။
(၅) သင့်အမြင်ကို ပြောမည့်အစား မေးခွန်းများမေးပါ။ စိတ်ဝင်စားကြောင်း ပြရမည်။
(၆) တစ်ဖက်သားကို ကိုယ်ချင်းစာသည့် ဟန်ပန်အမူအရာ ယူထားပါ။ တစ်ဖက်သားရပ်သည့် ထိုင်သည့်ပုံမျိုး မသိမသာ ပြောင်းရပ်ပါ။ တစ်ထက်သား၏ လက်ဟန်ခြေဟန်များကို မသိမသာ အတုခိုးပါ။
(၇) တစ်ဖက်သား၏ ကြံရွယ်ချက်အစစ်ကို ရှားပါ။ 
ဥပမာ-မိတ်ဆွေတစ်ဦးက သင့်ကို မတွေ့ရဘူးဟု ပြောသော်လည်း အမှန်တကယ်တွင် သူက သင့်ကို မနာလိုနေခြင်း ဖြစ်နိုင်သည်။

အမြင်လှည့်စားမှု ဖန်ခွက်ပုနှင့် ဖန်ခွက်ရှည်

ဖန်ခွက်နှစ်လုံးရှိသည်။ တစ်ခွက်က ပုပုဝိုက်ဝိုက်။ တစ်ခွက်က မြင့်မြင့်ကျဉ်းကျဉ်း။ 
သို့သော် ဖန်ခွက်နှစ်လုံးအတွင်း ထည့်နိုင်သည့် အရည်ထုထည်ပမာဏသည် တူညီသည်။ 
အီလီနွိုက် တက္ကသိုလ်တွင် စမ်းသပ်ချက်အရ ဖန်ခွက်ရှည်ဖြင့် သောက်လျှင် ပိုများသည်ဟု ထင်ကြောင်း တွေ့ရသည်။ 
အကြောင်းမှာ လူ့မျက်လုံးသည် အကျယ်ထက် အမြင့်ကို ပို၍ အာရုံစိုက်နိုင်သောကြောင့် ဖြစ်သည်။ 
သို့ဖြစ်၍ အရည်သောက် လျှော့ချင်လျှင် ဖန်ခွက်မြင့်ကိုသုံး၍ အရည်များများ သောက်လိုပါက ဖန်ခွက်ပုကို သုံးသင့်သည်။

နေ့လည်စာ စားပြီး ငိုက်တတ်သူများအတွက်

- လမ်းလျှောက်ပါ။ နေရောင်အောက်တွင် လျှောက်လျှင် ပိုကောင်းသည်။ နေရောင်ခြည်သည် မျက်စိအတွင်းဝင်သောအခါ ထိုင်းမှိုင်းစေတတ်သည့် မယ်လင်တိုနင်ဓာတ် ထုတ်မှုကို နှေးကွေးစေသည်။ အခန်းကို လင်းလင်းချင်းချင်း ထားပါ။
- အခန်းတွင်း၌ အပင်ငယ်ထားပါ။ (အပင်ငယ်သည် အောက်ဆီဂျင် ထုတ်ပေး၍ လေထုထဲမှ အညစ်အကြေးများကို စုပ်ယူပေးသည်)
- တက်ကြွစေသည့် တေးဂီတကို နားထောင်ပါ။ 

အညောင်းထိုင်များသူအတွက် လေ့ကျင့်ခန်းများ

(၁) ပက်လက်အိပ်ပါ။ ဒူးကွေးထားပါ။ ခြေဖဝါးကို ကြမ်းပေါ်တွင် အပြားလိုက် ချထားပါ။
- လက်ချောင်းများကို ကျောရိုးအောက်သို့ သွင်းပါ။ ကျောရိုးအနည်းငယ် ခုံးလာမည်။
- ဝမ်းဗိုက်အောက်ပိုင်း ကြွက်သားများကို အနည်းငယ်တင်း၍ ခြေဖဝါးတစ်ဖက်ကို ရှေ့သို့ရွှေ့ပါ။ ပြီးလျှင် မူလနေရာသို့ ပြန်ထားပါ။

(၂) အထက်ပါ အနေအထားအတိုင်း ပက်လက်လှန်ပါ။ သင့်လက်များကို တင်ဆုံရိုးအောက်သို့ သွင်းပါ။ ဒူးတစ်ဖက်ကို ဘေးသို့ ဖြေညှင်းစွာ ကျပါစေ။ တင်ဆုံရိုးကို တည်ငြိမ်စွာထားပါ။ ပြီးလျှင် ဒူးကို မူလနေရာသို့ ပြန်ထားပါ။

(၃) ဘေးတစ်စောင်း လှဲအိပ်ပါ။ ခေါင်းကို လက်မောင်းပေါ် တင်ထားပါ။ ဒူးများကို ၉၀%ကွေးထားပါ။ ဝမ်းဗိုက်အောက်ပိုင်း ကြွက်သားများကို ကြုံ့၍ အသက်အောင့်ထားပါ။ ဒူးတစ်ဖက်ကို အပေါ်သို့ ၁၀-စက္ကန့်မျှ မ,ထားပါ။
အထက်ပါ လေ့ကျင့်ခန်းများကို ခြေတစ်ဖက်လျှင် ခြောက်ကြိမ်စီ လေ့ကျင့်ပေးပါ။

လှပစွာ လမ်းလျှောက်နည်း

-ခေါင်းမော့ထားပါ
-သင့်ပခုံးများ သဘာဝအတိုင်း လျှော့ကျသွားသည်အထိ သင့်လည်ပင်းကို ဆန့်တန်းပါ။ 
(သင်သည် သင့်ခေါင်းထိပ်မှ ကြိုးနှင့်ဆွဲထားသော ရုပ်သေးရုပ်တစ်ရုပ်ဖြစ်သည်ဟု သဘောထားပါ)
-တောင့်တင်းနေသော ပခုံးများသည် လမ်းလျှောက်ပုံကို အကျည်းတန်စေသည်။ သို့အတွက် ပခုံးများကို ဖြေးညှင်းစွာမြှင့်ပြီး ရှေ့ဖက်သို့ကိုင်းခြင်းနှင့် နောက်ဖက်သို့ လှန်ခြင်း လေ့ကျင့်ခန်းကို လေ့ကျင့်ပေးပါ။
-ကျောကိုဖြောင့်မတ်စေရန် အသက်ပြင်းပြင်းရှည်ရှည် ရှူပေးပါ။
-ဝမ်းဗိုက်ကို ရှပ်ထားပါ။
-တင်ပါးကြွက်သားများကို တင်းခြင်း လျှော့ခြင်းကို လေ့ကျင့်ခန်းကို ၂၅-ကြိမ်မျှ ပြုလုပ်ပါ။
-လမ်းလျှောက်သည့်အခါ လှမ်းသည့်ခြေကိုသာ ကွေးပါ။ ထေက်ထားသည့်ခြေပေါ်တွင် တစ်ကိုယ်လုံး အလေးချိန် ရှိပါစေ။